တိတ်တဆိတ်ကျင့်ကြံသူ – ဟန်ကျွယ်
Ongoing

တိတ်တဆိတ်ကျင့်ကြံသူ – ဟန်ကျွယ်

Top Tier Providence, Secretly Cultivate for a Thousand Years, Top-level Air Luck, Quietly Practiced For Thousands of Years, Đỉnh Cấp Khí Vận, Lặng Lẽ Tu Luyện Ngàn Năm, 顶级气运,悄悄修炼千年
Native LanguageChinese
Released2021
View:? Views
8

ထာဝရအသက်ကို ရယူလိုတဲ့အတွက် ပြဿနာတွေနဲ့ ဝေးရာမှာနေပြီး အေးအေးဆေးဆေး ကျင့်ကြံခဲ့ပေမဲ့ ပြဿနာတွေက အမြဲတမ်း တံခါးလာခေါက်တဲ့အတွက် အများအကျိုးကို ရှေးရှုပြီး ရန်သူတွေကို နှိမ်နင်းရာကနေ ရန်သူတွေ များလာခဲ့တာကြောင့် ကျိန်စာတိုက်ပြီး ပြဿနာဖြေရှင်းသူ –  ဟန်ကျွယ်။

ဟန်ကျွယ်ကို မြင်မြင်ချင်း ချစ်မိသွားခဲ့ပြီး ဟန်ကျွယ် အင်အားနည်းစဉ်မှာ ကျင့်ကြံဖို့ ရင်းမြစ်တွေ ရှာပေးခဲ့သူ၊ ရတနာတွေ့ရင်လည်း ဟန်ကျွယ်ကို အရင်ဆုံး ရွေးချယ်ခိုင်းသူ၊ ဟန်ကျွယ်ရဲ့ စကားတစ်ခွန်းနဲ့ သေခြင်းတရားကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရဲသူ – ရှင်းဟုန်ရွှမ်။

ဟန်ကျွယ်လို လောကီလောကုတ်ကိစ္စတွေ စိတ်မဝင်စားဘဲ အေးအေးချမ်းချမ်း ကျင့်ကြံလိုသူ၊ အေးအေးချမ်းချမ်း ကျင့်ကြံနိုင်ဖို့အတွက် သေမျိုးကမ္ဘာကနေ ကောင်းကင်ရုံးတော်၊ ကောင်းကင်ရုံး‌တော်ကနေ ဟန်ကျွယ်ဆီ ဆူးခင်းလမ်းလျှောက်ပြီး လာခဲ့သူ – လီယောင်။

ဟန်ကျွယ်ရဲ့ ပြုစုပြိုးထောင်မှုကြောင့် မြက်ပင်ကနေ လူသားအသွင် ပြောင်းလဲလာပြီး ဟန်ကျွယ်စကားကို မြေဝယ်မကျ နားထောင်သူ၊ ဟန်ကျွယ်ရဲ့ ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာ အများဆုံး နေထိုင်ခွင့်ရသူ – ဝူတောက်ကျန့်။

တာအိုပညာရှိတစ်ပါးရဲ့ ကိုယ်ပွားဖြစ်တာကြောင့် ဘယ်လောက်သေသေ ပြန်ရှင်သန်နိုင်သူ၊ အမြဲတမ်း အစော်ခံရပြီး ဒုက္ခတွေကို ခါးစည်းရင်ဆိုင်ရသူ၊ ဟန်ကျွယ်ကို အမြဲတမ်း အနိုင်လိုချင်တဲ့ – ကျိုးဖန်။

နတ်ရွှေကျီးကန်းမိသားစုရဲ့ နံပါတ်တစ် ပါရမီရှင်၊ ဟန်ကျွယ် လျှောက်ပြောတဲ့ပုံပြင်ကို အဟုတ်မှတ်ပြီး နတ်ရွှေကျီးကန်း မိသားစုဝင်တွေကို ပြောပြမိတာကြောင့် အနန္တကပ်ဘေးမှာ နတ်ရွှေကျီးကန်း မိသားစုကို နတ်ဆိုး ကောင်းကင်ရုံးတော် တည်ထောင်စေခဲ့သူ၊ နောက်ဆုံး ဟန်ကျွယ်ဆီမှာ လာကျင့်ကြံအားထုတ်တဲ့ – ကျန်းယီ။

ကောင်းကင်ဧကရာဇ်ရဲ့ လူယုံအဖြစ် နှစ်ပေါင်းများစွာ ဟန်ဆောင်ပြီး အနန္တကပ်ဘေးအတွက် အကွက်ချစီစဉ်သူ – တိထိုက်ပိုင် တစ်ဖြစ်လဲ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်။

စတဲ့ဇာတ်ကောင်တွေကို ပုံမှန်ရှန်းရှစာစဉ်တွေနဲ့ လုံးဝကွဲပြားခြားနားအောင် ပုံဖော်ဖန်တီးထားတဲ့ တိတ်တဆိတ် ကျင့်ကြံသူ – ဟန်ကျွယ် ဇာတ်လမ်းကို အခုပဲ စတင်ဖတ်ရှုလိုက်ပါ။

Bookmark
Followed 195 people

Read တိတ်တဆိတ်ကျင့်ကြံသူ – ဟန်ကျွယ်

Vol. 20
Vol/Ch
Chapter Title
Release Date
Vol. 19 Vol. 18 Vol. 17 Vol. 16 Vol. 15 Vol. 14 Vol. 13 Vol. 12 Vol. 11 Vol. 10 Vol. 9 Vol. 8 Vol. 7 Vol. 6 Vol. 5 Vol. 4 Vol. 3 Vol. 2 Vol. 1

Comment

  1. homelaystorageacc001 says:

    မျှော်နေတာ
    မြန်မြန်လေး တင်ပေးပါဗျ

    1. Anonymous says:

      မျှော်နေပါတယ်

    2. K says:

      go read in wow app bro d ka late nay tal

  2. Anonymous says:

    မျှော်နေပါတယ် ဖတ်လို့လဲကောင်းပါတယ် ကျေးဇူးပါ❤️

  3. Kent says:

    ထပ်တင်ပါအုံး

Leave a Reply

Options

not work with dark mode
Reset