Series Lists

# Adult # Josei

၁၉၆၀ ခုနှစ်များဆီသို့

လင်းချင်းဟယ်သည် ဝတ္ထုဇာတ်လမ်းတစ်ပုဒ်ထဲသို့ ကူးပြောင်းလာခဲ့ပြီး အမြှောက်စာဇာတ်ကောင်တွေထဲက တစ်ယောက်ဖြစ်လာခဲ့သည်။ ထိုဝတ္ထုဇာတ်လမ်း၏အကြောင်းအရာနောက်ခံသည် ၁၉၆၀နှောင်းပိုင်း အစားစားချင်တိုင်းမစားနိုင် အဝတ်ဝတ်ချင်တိုင်းမဝတ်နိုင်သော အစားအစာ၊ အဝတ်အထည်ရှားပါးသောအချိန်ကို ဇာတ်အိမ်တည်ထားခဲ့သည်။ ထိုခေတ်အချိန်တွင် ကုန်ပစ္စည်းများဆင်းရဲချို့တဲ့ပြီး နေထိုင်မှုဘဝကလည်း ပျင်းရိငြီးငွေ့ဖွယ် ကောင်းလှသော်လည်း ထောက်ပံ့ရေးပစ္စည်းများ ပြည့်ကျပ်နေသော ကိုယ်ပိုင်နေရာလွတ် နယ်မြေတစ်ခုရှိသောကြောင့် ၎င်းသည် သူမအတွက်တော့ စိုးရိမ်စရာမဟုတ်ပေ။ သူမစိုးရိမ်နေသည့်အရာမှာ သူမမှန်ကန်စွာမှတ်မိသည်ဆိုပါက သူမ၏သားသုံးယောက်သည် အနာဂတ်တွင် ဗီလိန်ကြီးများဖြစ်လာမည်ဖြစ်ပြီး သူတို့ရဲ့ဖြောင့်မတ်ပြီးအေးစက်သောဖခင်ဖြစ်သူသည်…

# Action # Adventure

ကံကြမ္မာဖန်တတ်ပါ့လေ

မွေးဖွားလာကတည်းက ကံဆိုးမှုအပေါင်း ခညောင်းနေတဲ့ မင်းသား(၁၃) တစ်ယောက် ၁၆ နှစ်အရွယ်မှာ ချီဖောက်ပြန်မှု ၈၈ ကြိမ် ခံစားရပြီးတော့ သေဆုံးသွားခဲ့တယ်။ သူ မသေဆုံးခင်မှာ သူ သွားလိုက်တဲ့နေရာတိုင်း ကံဆိုးမှုတွေ သယ်ဆောင်လာတယ်လို့ နာမည်ကြီးပြီး လူတိုင်းဝေးဝေးက ရှောင်ကြတယ်။ သူ့အဖိုးတန်ငှက်လေးလည်း ရေကန်ထဲ ကျသွားပြီး သေဆုံးသွားခဲ့ရတယ်။ သူ့ဆေးဖက်ဝင် အပင်လေးလည်း ကလေးတစ်ယောက်ကြောင့် အမြစ်ကနေ ရှင်းခံလိုက်ရပြန်ရော…။…

# Action # Adventure

ကံကြမ္မာဖျက်ဆီးခြင်းဧကရာဇ်၏ ခရီးလမ်း

နတ်ဘုရားများ၊ နတ်ဆိုးများနှင့် မဟာဧကရာဇ်များ ရှိရာ ကမ္ဘာတစ်ခု၌ ပြန်လည်ဝင်စားပြီးနောက် ဝမ်ဝေ့တစ်ယောက် လောကဓံတရား ကြံ့ကြံ့ခိုင်ပြီး ကံကြမ္မာကို ထိန်းချုပ်နိုင်လာမှာလားဆိုတာ…။

# Action # Adventure

ကစားပွဲကမ္ဘာ

2190ခုနှစ်မှာတော့ Earth Online ဆိုသော MMORPG ဂိမ်းက ခေတ်စားလာခဲ့ပြီး လူတွေဟာဂိမ်းကစားရင်းနဲ့ပဲ အချိန်တွေကုန်ဆုံးလာခဲ့တယ်။ ဂိမ်းထဲမှ ကမ္ဘာကြီးဟာ လက်တွေ့ကမ္ဘာကြီးထက် ဆယ်ဆခန့်ပိုမိုကြီးမားပြီး ကစားသူတွေဟာ ထိပ်ဆုံးသို့ ရောက်ရှိရန်အတွက် ထူးခြားတဲ့ စွန့်စားခန်းတွေ၊ နယ်မြေတွေ တည်ထောင်ခြင်းတွေနဲ့ စစ်ပွဲများတိုက်ခိုက်ခြင်းတွေကို လုပ်ဆောင်ကြရပါတယ်။ ဂိမ်းထဲမှာ သေဆုံးသွားမယ်ဆိုရင်တော့ ကိုယ့်ရဲ့Level က ကျဆင်းသွားပြီး သုညကိုပြန်ရောက်သွားပါမယ်။ အိုးရန်ရှို ဟာ…

# Action # Adventure

ကမ္ဘာပျက်ကပ်ကြားက ဆေးခန်းလေး {BL}

သစ်သားစွမ်းရည်နဲ့ စိတ်စွမ်းရည်ကို ပိုင်ဆိုင်ထားသူ ဝမ်ချင်းလင်က အန္တရာယ်များတဲ့ အခြေအနေမှာ သူ့ဝမ်းကွဲဖြစ်သူရဲ့ ချောက်တွန်းမှုကို ခံခဲ့ရပြီး ဇွန်ဘီအုပ်ထဲ တွန်းချခံခဲ့ရတယ်။ သူက အကိုက်ခံရပြီးတော့ သူ့အဖွဲ့သားတွေက ထွက်ပြေးသွားကြလေတယ်။ သူက သေဖို့ နေရာကောင်းကောင်း ရှာဖို့ ဆုံးဖြတ်လိုက်တော့တယ်။ ဒါပေမဲ့ သူ မသေဘဲ သူ့ဘေးနားက ဇွန်ဘီများသာ သေဆုံးသွားကြတယ်။ ဝမ်ချင်းလင် “???” ဟုတ်တယ်၊ ဝမ်ချင်းလင်က…

# Action # Comedy

ကီးဘုတ်အင်မော်တယ်

မိုးကြိုးပစ်ခံရကာ ဘဝပြောင်းသွားသော ဇူအန်…။ လပြည့်မြို့တော်၏ လူပေါ်ကြော့တစ်ယောက်အဖြစ် နိုးထလာသည်။ သို့သော် စိုင်ကော်၍ ခြုံပေါ်ရောက်ဆိုသလို ချူကလန်မှ ထိပ်တန်းပါရမီရှင်အလှပဂေးသမီးပျိုလေးနှင့် မင်္ဂလာဆောင်ရသည်။ ဒန်…ဒန့်…ဒန်…။ ဘာလဲဟ…ငါက ကျင့်ကြံခြင်းလောကကို ဘဝကူးပြောင်းလာပေမဲ့ စွမ်းအင်ကျင့်ကြံဖို့ ပါရမီမပါဘူးတဲ့လား။ သောက်တလွဲကွာ…။ ဒါနဲ့ ငါ့ကို ဘာလိုလူတွေစိတ်ဆိုးနေပါလိမ့်…။ အဲ…နေပါဦး…ငါ့ သောက်ကျိုးနည်းမင်္ဂလာဦးညမှာ ငါက ဘယ်လိုလုပ်ပြီး ငါ့နှမဝမ်းကွဲအိပ်ရာထဲ ရောက်နေရတာလဲ။ ဇူအန်၏ စတင်ခြင်းက…

# Action # Adventure

ကောင်းကင်တံခါးကို ငါပိတ်မယ်

မန်ဟိုဆိုတဲ့ ယွင်ကျဲစီရင်စုက စာပေသမားလေးဟာ ကျင့်ကြံသူအသစ်စုဆောင်းနေတဲ့အဖွဲ့နဲ့ တိုးပြီး ကျင်ကြံခြင်းလောကထဲ ဝင်ရောက်လာခဲ့ပါတယ်။ ကျင့်ကြံခြင်းနဲ့ပတ်သက်ရင် ဘာဆိုဘာမှမသိတဲ့ မန်ဟိုဟာ အားကြီးသူက အားနည်းသူကို အနိုင်ယူပြီး တောတွင်းဥပဒေစိုးမိုးနေတဲ့ ကျင့်ကြံခြင်းလောကမှာ ဘယ်လိုရှင်သန်မလဲ…။ ကျိုးပြည်ဆိုတဲ့ ဇနပုဒ်လေးက အညတရကျင့်ကြံသူလေး မန်ဟိုတစ်ယောက် နန်ရှန်းတိုက်ကြီးကို ဘယ်လိုလွှမ်းမိုးလိမ့်မလဲ…။ ကျင့်ကြံအဆင့်တက်ဖို့ ဆေးတွေဖော်စပ်ရတဲ့ မန်ဟို၊ နောက်ခံအင်အားမရှိတဲ့အတွက် တစ်ယောက်တည်း ရုန်းကန်ရတဲ့ မန်ဟို၊ စိတ်ဓာတ်ပြတ်သားပြီး…

# Romance # Slice of Life

ကောင်းကင်ဘုံလယ်သမား

မတော်တဆ ယဲ့ရှောင်ချန်းသည် လောကသုံးပါး နတ်ဘုရားများရှေ့တွင် ကောင်းကင်ဘုံလယ်သမား (ရှန်းနုန်) ၏ မျိုးဆက်သစ် ဖြစ်လာခဲ့သည်။ လနတ်သမီး၏ ယုန်သည် သူ့ခြံမှ ထွက်ရှိသော မုန်လာဥနီကိုသာ စား‌သောက်သည်။ သူ့ခြံကနေ ထွက်တဲ့ မှော်ပဲစေ့တွေကနေ ကောင်းကင်ဘုံစစ်တပ်ကို ဖန်ဆင်းနိုင်သည်။ မကြာသေးမီက ထွက်ရှိခဲ့သော နဝမအဆင့် ကိုးဆယ့်‌ခြောက်ပါးရောဂါဝေဒနာပျောက်ကင်းစေသည့် ဆေးဝါးကို ဖော်စပ်ရန် လိုအပ်တဲ့ ပါဝင်ပစ္စည်းများကို သူ့ခြံကနေ ထောက်ပံ့ပေးခဲ့သည်။…

# Action # Adventure

ကောင်းကင်ဘုံအားဆန့်ကျင်၍

လူငယ်လေးရဲ့ ဒန်ထျန်ကတော့ ငယ်ကတည်းက ပိတ်ဆို့နေခဲ့တယ်။ သူဟာ လောကဓာတ်တွေ၊ သိုင်းပညာတွေ အကုန်လုံးကို သင်ယူနိုင်စွမ်း ရှိတယ်။ ဧကရာဇ်တွေ၊ စစ်ဘုရင်တွေ အင်အားကြီးမားလာပြီးတော့ မျိုးနွယ်စုတွေဟာ ထောင်သောင်းချီတဲ့ အရေအတွက်တွေကို စုစည်းပြီးတော့ ရင်ဆိုင်တိုက်ခိုက်ကြတယ်။ လူငယ်လေး မျက်လုံး ဖွင့်လိုက်တာနဲ့ လူတိုင်းဟာ သူ့ရဲ့တည်ရှိမှုကြောင့် ကျောချမ်းကြရတယ်…။ လူသားတွေက ငါ့အပေါ် မတရားဘူး…။ သန်းပေါင်းများစွာသော အလောင်းကောင်တွေဟာ မြေပြင်အနှံ…

# Action # Harem

ကျုပ်ကပါရမီရှင်

ရဲ့လင်းချန်သည် စာမေးပွဲများနှင့် မိဘများ၏ မျှော်လင့်ချက်များကြား၌ ရုန်းကန်နေရသော သာမန် အထက်တန်း ကျောင်းသားတစ်ဦး ဖြစ်သည်။ ထိုအရာများအားလုံးသည် ထူးဆန်းသော အိပ်မက်တစ်ခုမှ သူ နိုးလာပြီးနောက် ပြောင်းလဲသွားခဲ့ပြီး ပါရမီရှင် စနစ်အား ရရှိခဲ့ကြောင်း သိလိုက်ရသည်။ ထိုအချိန်မှစ၍ သူ့ဘဝ ပြောင်းလဲသွားခဲ့သည်။ စာအုပ်တစ်အုပ် ဖတ်ခြင်းမှနေ၍ ထိုစာအုပ်၌ ပါဝင်သည့် အကြောင်းအရာများကို သင်ယူလာနိုင်သည်။ သင်ခန်းစာများ သင်ကြားနေသည်ကို…

# Action # Martial Arts

ငရဲဘုံကိုးခုဧကရာဇ်

ခေတ်တစ်ခေတ်တည်းတွင်မွေးဖွာလာသောသူတို့အားလုံး၍ အင်အားအကြီးဆုံး အသန်မာဆုံးဖြစ်သော ငရဲဘုံကိုးခုဘုံဗိမာန်၏ ကောင်းကင်ဘုံ အရှင်သခင်သည် အရာအားခပ်သိမ်း၏ မြစ်ဖျားခံရာ ဇစ်မြစ်ဖြစ်သော အံ့ဖွယ် ရတနာကို လုယူထွက်ပြေးရင်း အသတ်ခံရကာ ကောင်းကင်ဘုံမှ ကျဆင်းလာခဲ့သည်။ သူသည် ရှစ်ဖုန့် ဟုခေါ်သော လူငယ်လေးအဖြစ် ပြန်လည်မွေးဖွားလာခဲ့ပြီး အတိတ်က သူ၏ မှတ်ဉာဏ်များကိုအားကိုးအားထား ပြုလျက် ပါရမီရှင်ပုဂ္ဂိုလ်တို့၏ အလောင်းတို့အား ဘယ်ညာစုပုံ၍ သူတို့၏ အရိုးနှင့်ဦးခွံတို့အား ချနင်းလျှောက်လမ်းကာ…

# Action # Comedy

ငရဲမှလာသောသူ

စကြဝဠာ၏ နတ်ဆိုးဧကရာဇ်သည် တစ်ဖန်ပြန်လည်ရှင်သန်လာ၏။ ရန်သူများက သူ့ရှေ့ ဒူးထောက်ခစားသင့်သည်။ မိန်းမချောလေးများကတော့ သူ့ရှေ့၌ လှဲလျောင်းနေသင့်၏။ “ငါက နတ်ဆိုးတစ်ကောင်ပဲ… ငါက နတ်ဘုရားတွေနဲ့ အင်မော်တယ်တွေကို ကျွန်ပြုလာတာ… မင်းတို့ ငါ့ကို အညံ့မခံဘူးဆိုရင် အတင်းအကြပ် အညံ့ခံလာအောင် ငါ လုပ်ရလိမ့်မယ်…” ယဲ့ဖန်…။

# Action # Adventure

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ

လုကျိုးက ကမ္ဘာလောကကြီးရဲ့ အသန်မာဆုံးနဲ့ သက်တမ်းအရင့်ဆုံး မိစ္ဆာဂိုဏ်းချုပ်ဖြစ်ဖို့ နိုးထလာပြီး သူ့မှာ ဆိုးယုတ်မှုတွေ ပြည့်နေတဲ့ နာမည်ဆိုးနဲ့ ကျော်စောတဲ့ တပည့် ကိုးယောက်ရှိနေတာကို သိလိုက်ရတယ်။ သူ့အကြီးဆုံးတပည့်က ဂိုဏ်းသားထောင်ကျော်ရှိတဲ့ ငရဲဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်ပြီး ဒုတိယ တပည့်ကတော့ နည်းနည်းလေး သဘောထားကွဲလွဲတာနဲ့ သူများကို သတ်ဖြတ်လေ့ရှိတဲ့ ဓားနတ်ဆိုးဖြစ်တယ်။ သူ့ကျင့်ကြံမှုအခြေခံမရှိဘဲ အဲဒီ မိစ္ဆာတပည့်တွေကို ဘယ်လို ထိန်းချုပ်ရမလဲ။…

# Action # Adventure

ငါလေးကကျင့်ကြံသူအတု

အခု  ‘ငါလေးက ကျင့်ကြံသူ အတု’ ဆိုတဲ့ စာစဉ်က ဝတ္ထုတစ်ပုဒ်အနေနဲ့ သာမက manga အနေနဲ့လည်း အောင်မြင်နေတဲ့ စာစဉ်တစ်ခုပါ။ ကိုယ်တွေနည်းတူ ကျင့်ကြံခြင်းခေတ်၊ တာအို စတာတွေကို ဝတ္တုတွေ၊ ရုပ်ရှင်တွေ၊ ကာတွန်းတွေကနေပဲ သိရှိထားတဲ့ ကောင်လေးတစ်ယောက်က အစစ်အမှန်နတ်ဘုရားတစ်ပါး လွှပြောင်းပေးအပ်တဲ့ (ဂျင်းထည့်တဲ့) စနစ်တစ်ခုကို လက်ခံရရှိပြီး multiverse မှာ ရှိနေတဲ့ ကောင်းကင်ဘုံပိုင်နက်ရှိ…

# Action # Adventure

တိတ်တဆိတ်ကျင့်ကြံသူ – ဟန်ကျွယ်

ထာဝရအသက်ကို ရယူလိုတဲ့အတွက် ပြဿနာတွေနဲ့ ဝေးရာမှာနေပြီး အေးအေးဆေးဆေး ကျင့်ကြံခဲ့ပေမဲ့ ပြဿနာတွေက အမြဲတမ်း တံခါးလာခေါက်တဲ့အတွက် အများအကျိုးကို ရှေးရှုပြီး ရန်သူတွေကို နှိမ်နင်းရာကနေ ရန်သူတွေ များလာခဲ့တာကြောင့် ကျိန်စာတိုက်ပြီး ပြဿနာဖြေရှင်းသူ –  ဟန်ကျွယ်။ ဟန်ကျွယ်ကို မြင်မြင်ချင်း ချစ်မိသွားခဲ့ပြီး ဟန်ကျွယ် အင်အားနည်းစဉ်မှာ ကျင့်ကြံဖို့ ရင်းမြစ်တွေ ရှာပေးခဲ့သူ၊ ရတနာတွေ့ရင်လည်း ဟန်ကျွယ်ကို အရင်ဆုံး…

# Action # Adventure

ထာဝရအသက်ရှည်လိုသော်

ဟူတောင်ကြီးအနီးရှိ ရွာလေးတစ်ရွာမှ ပိုင်ရှောင်ချန်းဆိုသော လူငယ်လေးတစ်ယောက်သည် မိဘနှစ်ပါး နာမကျန်းဖြစ်လျက် သေဆုံးသွားရသည်ကို မည်သို့မျှ မတတ်နိုင်ဘဲ ကြည့်နေခဲ့ရသည်။ မိဘနှစ်ပါး မသေဆုံးခင် ဘဝကို ပျော်ပျော်ရွှင်ရွှင်နှင့် အသက်ရှည်စွာနေရန် မှာကြားထားခဲ့မှုကြောင့် သူသည် စိတ်ညစ်မှုများကို ချုပ်တည်းကာ ဘဝကို ခပ်ပေါ့ပေါ့ဖြတ်သန်းနေခဲ့သည်။ တစ်နေ့တွင် ဘိုးဘွားအမွေဖြစ်သော အမွှေးတိုင်ကို တောင်ထိပ်တွင် ထွန်းလိုက်ရာမှ တန်ခိုးရှင်တစ်ယောက်နှင့် တွေ့ဆုံပြီး ဂိုဏ်းကြီးတစ်ဂိုဏ်းသို့ ရောက်သွားသောအခါ……

# Action # Adventure

ဒဏ္ဍာရီထဲကဖူရှင်း

အရှေ့ပင်လယ်၏ နယ်မြေများ ကစဉ့်ကလျားဖြစ်နေချိန်၌…။ ဧကရာဇ်ရီချင်နှင့် အရှင်ဒွန်ဟောင်တို့ ပေါ်ထွက်လာပြီး ကပ်ဘေးကြီးကို တားဆီးခဲ့၏။ သူတို့၏ အုပ်ချုပ်မှုအောက်၌ နယ်ပယ်အသီးသီးမှ နိုင်ငံများ တစ်စုတစ်စည်းတည်း ပေါင်းစီးသွားပြီး သူတစ်လူငါတစ်မင်း အုပ်ချုပ်နေသော ဘုရင်များလည်း ပြားပြားဝပ်သွားခဲ့သည်။ သို့သော်လည်း ဤသမိုင်းဝင်သူရဲကောင်း နှစ်ယောက်၏ ဒဏ္ဍာရီမှာ ဧကရာဇ်ရီချင် ရုတ်တရက် သေဆုံးသွားပြီးနောက်တွင် အကြီးအကျယ် ပြောင်းလဲသွား၏။ သမိုင်းမှတ်တမ်းများမှ ဧကရာဇ်ရီချင်၏ အမည်…

# Action # Adventure

ဓားဧကရာဇ်၏ ရုပ်ပုံလွှာ

တက္ကသိုလ်တက်တော့မည့် ကျောင်းသားလူငယ် တင်းဟောက်။ ပါတီပွဲနေ့မှာပဲ သေဆုံးသွားပြီး အဆုံးမဲ့ကုန်းမြေဟုခေါ်ဆိုသော ကျင့်ကြံခြင်းလောကဆီမှ တင်းဟောက်ဆိုသည့်ကောင်လေးတစ်ယောက်၏ ခန္ဓာကိုယ်ထဲ ကူးပြောင်းရောက်ရှိလာလေသည်။ ဝိညာဉ်ချင်းပေါင်းစည်းသွား၍ ဉာဏ်ရည်နှစ်ဆဖြစ်လာသော တင်းဟောက်။ တစ်သက်လုံးလေ့ကျင့်ခဲ့ပြီး အကြိမ်ကြိမ်ကျရှုံးခဲ့ရသော အခြေခံဓါးကွက် ဆယ့်ခြောက်ကွက်အား နာရီပိုင်းအတွင်း ကျင့်ကြံအောင်မြင်သွားလေ၏။ နှစ်ဆတိုးဉာဏ်ရည်ကြောင့် သိုင်းကွက်တွေကို မြင်ရုံနဲ့ မှတ်မိလာသည်။ သို့ပေမယ့် ဓါးခရီးသည်ဂိုဏ်းရဲ့ ဝင်ခွင့်စစ်ဆေးခြင်းကို အောင်မြင်ဖို့ကတော့ သူ၏ မွေးရာပါသွေးကြောကျဉ်းရောဂါကို ကုသမှရမည်။…

# Action # Adventure

နဂါးမင်းသား၏ကံကြမ္မာ

မွေးဖွားစဥ်တည်းက ကံကြမ္မာ ခိုးယူခြင်း ခံခဲ့ရသော ဇူယွမ်သည် တစ်ချိန်က လွန်စွာကြီးကျယ်ခမ်းနားခဲ့သည့် ကြီးမြတ်သော ဇူအင်ပါယာမှ မင်းသားတစ်ပါး ဖြစ်သည်။ ဇူယွမ်သည် ဘဝတလျှောက်လုံးတွင်လည်း သေစေနိုင်သော အဆိပ်ကြောင့် ပူပန်ကြောင့်ကြမှုများစွာနှင့် နေထိုင်ခဲ့ရသည်။ တစ်နေ့သောအခါ ကံတရားသည် စွမ်းအားကင်းမဲ့နေသော မင်းသား ဇူယွမ်အား လျှို့ဝှက်နယ်မြေ တစ်ခုထံ ရောက်ရှိစေခဲ့ပြီး အစိမ်းရောင်ဝတ်စုံ ဆင်မြန်းထားသော မိန်းမလှလေး… ခွေးပေါက်လေးနှင့် ဆင်တူသော…