သိုင်းလောကထဲလမ်းပတ်လျှောက်မယ့်စွေ့ဟုန်
Ongoing

သိုင်းလောကထဲလမ်းပတ်လျှောက်မယ့်စွေ့ဟုန်

Realizing This Is A Wuxia World After Cultivating For 300 Years, 修仙三百年突然发现是武侠
Native LanguageChinese
Released2021
Translator
View:? Views
7

စွေ့ဟုန်သည် ကမ္ဘာကူးပြောင်းလာခဲ့သူတ‌ယောက်ဖြစ်ပြီး သူနှင့်အတူပါလာသော စနစ်က သူရောက်ရှိနေသည့် ကမ္ဘာသည် ကျင့်ကြံသူအများအပြားရှိသော အထက်ကမ္ဘာတွင်ဖြစ်သည်ဟု ပြောခဲ့သည်။

ယခုရောက်ရှိနေသော ကမ္ဘာတွင် အင်မော်တယ် ဧကရာဇ်များကို ကောင်းကင်အနှံ့တွင် တွေ့ရမည်ဖြစ်ပြီး စွမ်းအားကြီးမကောင်းဆိုးဝါးများမှာလည်း ‌ကုန်းမြေတိုက်ကြီး အနှံ့အပြားတွင် ကျက်စားကြသည်။ထို တန်ခိုးစွမ်းအားကြီးမားသူများသည် ၎င်းတို့ စိတ်မကြည်လျှင် ကမ္ဘာကို ဖုန်တချက်ခါလိုက်သလို ဖျက်စီးနိုင်လိုက်သည် ဖြစ်သောကြောင့် စွေ့ဟုန်သည် သေးထွက်မတတ် ကြောက်ရွံ့နေမိခဲ့သည်။

ကံကောင်းစွာနှင့် စနစ်မှာ စွေ့ဟုန်ကို လက်ဆောင်ဟုဆိုကာ နှစ်သုံးရာတိတိ အန္တရာယ်မျိုးစုံမှ အကာအကွယ်ပေးနိုင်မည့် သီးသန့်ကမ္ဘာငယ်လေးတခုကို ဖန်တီးပေးခဲ့သည်။စွေ့ဟုန် ထိုကမ္ဘာငယ်လေးမျာ အပြင်မထွက်သရွေ့ မည်သည့်အန္တရာယ်မှ မကျရောက်နိုင်ပေ။

ထို့ကြောင့် သူ့လုံခြုံမှုအတွက် စွေ့ဟုန်သည် ရရှိသည့် နှစ်သုံးရာလုံးလုံး ကျင့်ကြံခြင်းကို မရပ်မနားပဲ ကျင့်ကြံခဲ့၏။

သူ ထိုသို့ ဂူအောင်းနေသော နှစ်သုံးရာလုံးလုံး သူရှိသော ကမ္ဘာငယ်လေးဆီသို့ ကမ္ဘာနှစ်ခုကြား လေဟာနယ်စွမ်းအင်များ မတည်မငြိမ် ပွတ်တိုက်မှု များကြောင့် လူအချို့မှာ နှစ်အနည်းငယ်ကြာတိုင်း ရောက်ရှိလာခဲ့ကြသည်။

ကိုရင်လေး ဘဝမှ သူဖုန်းစားဖြစ်ခဲ့ရပြီး လူသားများအားလုံးကို ကယ်တင်ကာ လောကကြီးကို ငြိမ်းချမ်းမှုကို ဆောင်ယူပေးချင်သည့် ကိုရင်လေးတပါးလဲ သူ့ဆီ ရောက်လာခဲ့ဖူးသည်။

အထက်တန်းစားမိသားစုမှ လူငယ်တယောက်သည် သူ့ကျင့်ကြံမှုများအားလုံးကို ဆုံးရှုံးကာ အမှိုက်ဘဝသို့ရောက်ခဲ့ရသည်။ ပတ်ဝန်းကျင်မှ ရက်ရက်စက်စက် လှောင်ပြောင်ခြင်းကို ခံစားနေရသော ထို ပါရမီရှင်သည်လည်း သူ့ဆီ‌ ရောက်လာခဲ့ဖူးပါသည်။

သူမ၏ ပျောက်ဆုံးနေသည့် အကိုကို ရှာဖွေချင်ခဲ့သည့် မင်းသမီးလေးတပါးရှိ၏။သေမျိုးကမ္ဘာမှ စွန့်ခွာပြီး အင်မော်တယ်များရှိသော အထက်ကမ္ဘာသို့ တက်ရမည့် အခွင့်အရေးကို စွန့်လွှတ်ကာ အကိုပြန်လာမည်ကိုသာ စောင့်မျှော်နေသော မင်းသမီးလေးမှာလဲ စွေ့ဟုန်ဆီသို့ ရောက်လာခဲ့ဖူးပါသည်။

မွေးရာပါ အားနည်းသည့် ရောဂါကို အစဉ်အမြဲခံစားနေရသော မိန်းကလေးတယောက်၊သူမ၏ ရည်ရွယ်ချက်မှာ လောကအနှံ့ခရီးထွက်ကာ ဆင်းရဲသားများနှင့် အားနည်းသူများကို ကူညီချင်သည်။ထိုမိန်းကလေးသည်လည်း စွေ့ဟုန်ရှိရာသို့ မျက်စိလည် လမ်းမှားကာ ရောက်လာခဲ့ဖူးပါ၏။

စွေ့ဟုန်သည် သူတို့အားလုံးနှင့် ရင်းနှီးခဲ့ပြီး သူတို့ သိသင့်သိထိုက်တာများကို သူတို့ နေထိုင်ရာ ကမ္ဘာများဆီသို့ မပြန်ခင် အချိန်အတောအတွင်း သင်ကြားပေးခဲ့သည်။

နှစ် သုံးရာကြာပြီးနောက်တွင်…သူ့အကာအကွယ်ကမ္ဘာ၏ အချိန်စေ့ခိုက်ဝယ် စွေ့ဟုန်၏ ကျင့်ကြံခြင်းမှာလည်း ရွှေအမြူတေအဆင့်တွင် တည်ငြိမ်သွားခဲ့ပြီ ဖြစ်လေတော့သည်။ထို့ကြောင့် အပြင်ကမ္ဘာသို့ သူ ပထမဦးဆုံးအကြိမ် ထွက်လာခဲ့ပါတော့သည်။

သူ လောကထဲသို့ ရောက်ရှိသည့်အချိန်တွင် သူသိလိုက်ရသည်က သူထင်သလို ကျင့်ကြံသူများ၏ ကမ္ဘာထဲသို့ ရောက်နေသည်မဟုတ်ပဲ။ရိုးရိုး အတွင်းအားကျင့်ကြံသော သိုင်းသမားများရှိသည့် ကမ္ဘာထဲတွင် ဖြစ်ကြောင်း သိလိုက်ရသောအခါ…..

Bookmark
Followed 11 people

Read သိုင်းလောကထဲလမ်းပတ်လျှောက်မယ့်စွေ့ဟုန်

Vol. 3
Vol/Ch
Chapter Title
Release Date
Vol. 2 Vol. 1

Comment

Leave a Reply

Options

not work with dark mode
Reset