ကြယ်တာရာများကို ကျော်လွန်၍
Ongoing

ကြယ်တာရာများကို ကျော်လွန်၍

The Elysium Across Deep Space
Native LanguageChinese
View:? Views
8.0

ပြန့်ကျဲနည်းစနစ်များ၊ ကျမ်းစာများမှ ပျောက်ဆုံးသွားသော စာရွက်များမှာ ကမ္ဘာကြီး၏နေရာအနှံ့မှ ရှာဖွေတွေ့ရှိထားခြင်း ဖြစ်သည်။ ၎င်းတို့အား ‘ရှေးဟောင်းသိုင်းပညာများ’ ဟူ၍လည်း ခေါ်ပြီး လူသားမျိုးနွယ်ကို ပျက်စီးလုမတတ် စစ်ပွဲကြီးများထဲ၌ ကျန်ရစ်သော အကြွင်းအကျန်များလည်းဖြစ်ကြသည်။

တစ်ဘက်တွင် လူသားမျိုးနွယ်သည် အသစ်ပြန်လည်တည်ဆောက်ကာ ကြယ်များထံသို့ တက်လှမ်းနိုင်ခဲ့ကြလေသည်။

ရှေးဟောင်းပညာရပ် သုတေသီဌာနက ဝမ်ရှန်း ဟူသော ကျောင်းသားတစ်ဦးသည် သဘာဝလွန်လူသားများ၏ ပုံပြင်များနှင့် ကျင့်ကြံသူများ မသေမျိုးဖြစ်ခြင်းအကြောင်းများကို ဖတ်ရှုခဲ့ရသည်။ သို့သော်လည်း သိပ္ပံပညာတိုးတက်နေသောခေတ်တွင် မည်သူမျှ ထိုသို့သောဒဏ္ဍာရီပုံပြင်များကို အယုံအကြည်မရှိကြတော့ပါ။

အစစ်အမှန်ကြွယ်ဝချမ်းသာကာ ရူးသွပ်သူများသည်သာ ထိုဒဏ္ဍာရီများနောက်ကွယ်က လျှို့ဝှက်ချက်များကို ဖော်ထုတ်ရန် အိပ်မက်မက်နိုင်ကြပေသည်။

ပူးပေါင်းဆောင်ရွက်ခြင်းနှင့် လောဘ…

၎င်းသည် ရှေးဟောင်းပညာရပ်များကို သုတေသနပြုခြင်း၏ ခြေလှမ်းအစ ဖြစ်သည်။ သို့သော် ကမ္ဘာသစ်ကို တွေ့ရှိခြင်းနှင့်အတူ အသစ်တွေ့ရှိသော အတတ်ပညာအသစ်များကြောင့် ရှေးဟောင်းပညာရပ်များကို စူးစမ်းရှာဖွေခြင်းလုပ်ငန်းစဉ်များလည်း ရပ်တန့်သွားရသည်။

အင်မော်တယ်များသည် အစစ်အမှန်ပေလော။ လူသားမျိုးနွယ်သည် သေမျိုးခန္ဓာကိုယ်အတားအဆီးကို ကျော်ဖြတ်ကာ မသေမျိုးဖြစ်နိုင်ပါမည်လော။ ၎င်းသည် ဝမ်ရှန်း အမြဲတစေ ရှာဖွေနေသော မေးခွန်းတစ်ခု ဖြစ်သည်။ သူသည် ကြယ်များအလွန်သို့ ရောက်ရှိသည့်တိုင်အောင် ရှေးဟောင်းပညာရပ်များ၏လမ်းစဉ်ကို လျှောက်လှန်းရန် စိတ်ပိုင်းဖြတ်ထားလေတော့သည်။

Bookmark
Followed 47 people

Comment

  1. Hein Thu Rain says:

    မတင်သေးဘူးလားဗျ

  2. Hein Thu Rain says:

    တင်ပါဗျို့

Leave a Reply

Options

not work with dark mode
Reset