အရှေ့ပင်လယ်၏ နယ်မြေများ ကစဉ့်ကလျားဖြစ်နေချိန်၌…။ ဧကရာဇ်ရီချင်နှင့် အရှင်ဒွန်ဟောင်တို့ ပေါ်ထွက်လာပြီး ကပ်ဘေးကြီးကို တားဆီးခဲ့၏။ သူတို့၏ အုပ်ချုပ်မှုအောက်၌ နယ်ပယ်အသီးသီးမှ နိုင်ငံများ တစ်စုတစ်စည်းတည်း ပေါင်းစီးသွားပြီး သူတစ်လူငါတစ်မင်း အုပ်ချုပ်နေသော ဘုရင်များလည်း ပြားပြားဝပ်သွားခဲ့သည်။
သို့သော်လည်း ဤသမိုင်းဝင်သူရဲကောင်း နှစ်ယောက်၏ ဒဏ္ဍာရီမှာ ဧကရာဇ်ရီချင် ရုတ်တရက် သေဆုံးသွားပြီးနောက်တွင် အကြီးအကျယ် ပြောင်းလဲသွား၏။ သမိုင်းမှတ်တမ်းများမှ ဧကရာဇ်ရီချင်၏ အမည် ဖယ်ထုတ်ခံခဲ့ရသကဲ့သို့ သူ၏ ရုပ်တု၊ ရုပ်ပုံများ အားလုံးလည်း ဖျက်ဆီးခံခဲ့ရသည်။ သူ၏ အမည်မှာ လူအများကြား မပြောကောင်းသော အရာတစ်ခုသဖွယ် ဖြစ်လာ၏။ အရှင်ဒွန်ဟောင်၏ ဒဏ္ဍာရီသမိုင်းကြောင်းများသာ လူအများကြား လက်ဆင့်ကမ်း ပျံ့နှံ့သွားခဲ့သည်။
နောင်ဆယ့်ငါးနှစ်အကြာတွင်တော့ ရီဖူရှင်းဆိုသည့် လူငယ်လေးတစ်ဦး ပေါ်ထွက်လာ၏။ သူ့ဘဝအမှန်ကို ရှာဖွေနေသော ဖူရှင်း၏ ဒဏ္ဍာရီမှာ သမိုင်းမှတ်တမ်းတစ်ရပ် ဖြစ်လာနိုင်လေမည်လား။