Switch Mode
နှောင်ဖွဲ့ခြင်းကင်းတန်ခိုးရှင်
Completed

နှောင်ဖွဲ့ခြင်းကင်းတန်ခိုးရှင်

Renegade Immortal, Tiên Nghịch, Xian Ni, 仙逆
Native LanguageChinese
Released2009
View:? Views
8.2

ဝမ်လင်းက သာမန်ရွာလေးတစ်ရွာရဲ့ လက်သမားမိသားစုက ဉာဏ်နည်းနည်းကောင်းတဲ့ ကောင်လေးတစ်ယောက်။ သူက သူ့မိဘတွေကို အရမ်းချစ်တယ်။ တနေ့သူ့ရဲ့ ဦးလေးတစ်ယောက်ကြောင့် သူက တန်ခိုးရှင်ဂိုဏ်းတစ်ခုကို ဝင်ရောက်ဖို့ ဖြစ်လာခဲ့တယ်။ သူ့မိဘတွေကလည်း သူ့သားကို အင်မော်တယ်တစ်ယောက် ဖြစ်စေချင်ကြတယ်။ ဒီတော့ သူလည်း တန်ခိုးရှင်ဂိုဏ်းထဲ ဝင်မယ်ပေါ့။ ဒါပေမဲ့ သူက ကျင့်ကြံခြင်းမှာ ဘာပါရမီမှ မပါလာခဲ့ဘူး။အဲတော့ ဂိုဏ်းကနေ နှင်ထုတ်ခံရတယ်။ အိမ်ကိုပြန်ရောက်လာတယ်။ ဒီတော့ ထုံးစံအတိုင်း ကျန်တဲ့ သူ့မိသားစုဝင်တွေက နှိမ်ကျတာပေါ့။ သူမိဘတွေကလည်း စိတ်တွေဆင်းရဲကြရတယ်။

ဒီတော့ သူက မခံနိုင်တော့ အင်မော်တယ်ဂိုဏ်းကိုမရရအောင် ဝင်မယ်ဆိုပီးအိမ်က ထွက်သွားတယ်။ နောက်ဆုံးတော့ သူ့ဦးလေး(၄)ရဲ့ အကြံအဖန်တချို့ကြောင့် သူ ဂိုဏ်းထဲဝင်နိုင်ခဲ့တယ်။ဒါပေမဲ့ အောက်ခြေကပဲ။ သူ့မှာ ဘာပါရမီမှ မပါခဲ့တော့ ကျင့်ကြံလို့လည်း အဆင်မပြေခဲ့ဘူး။  ကံကောင်းတာ တစ်ခုက သူက ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ ဆိုတဲ့ ရတနာတစ်ခုရခဲ့တယ်။ ဒီရတနာကြောင့်ပဲ သူက ကျင့်ကြံခြင်းလမ်းကို ဆက်လျှောက်နိုင်ခဲ့တယ်။

ဒါပေမဲ့သူက အင်မော်တယ်လမ်းကြောင်းကို လျှောက်ရင်း အရမ်းကြမ်းတမ်းတာ၊လူ့အသက်တွေကိုလည်း တန်ဖိုးတစက်မှမထားတာတွေကို သိလာခဲ့တယ်။ သူနဲ့လည်း ကျင့်ကြံခြင်းလမ်းကြောင်းက မအပ်စပ်ခဲ့ဘူး။ ဒါပေမဲ့ တနေ့မှာ သူ့ကို သတ်ဖို့ကြိုးစားခဲ့တဲ့ လူတစ်ယောက်ကို သူ ပြန်သတ်လိုက်တယ်။ အဲ့အချိန်ကစပြီး သူတို့မိသားစုတစ်ခုလုံးက ကပ်ဘေးတစ်ခုကျခဲ့ပြီး သူ့အဖေ၊အမေအပါအဝင် သူတို့ဝမ်မိသားစု တစ်စုလုံးက တန်ခိုးရှင်တစ်ယောက်ရဲ့ အမြစ်ဖြတ်သုတ်သင်ခြင်းကို ခံလိုက်ရတယ်။ သူကိုယ်တိုင်လည်း သေသွားခဲ့တယ်။ ဒါပေမဲ့ သူ့စိတ်ဝိညာဉ်ကတော့ သေဆုံးသွားခြင်းမရှိဘဲ သူနေတဲ့နိုင်ငံနဲ့ အလွန်ဝေးကွာတဲ့ နယ်မြေတစ်ခုကို ရောက်သွားပြီး နောက်တစ်ဖန်ခန္ဓာကိုယ်သစ်တစ်ခုကို ပြန်တည်ဆောက်ပြီး သူအရမ်းချစ်တဲ့ သူ့အဖေနဲ့အမေအတွက်၊ သူ့မိသားစုတစ်ခုလုံးအတွက် ပြန်လက်စားချေနိုင်ဖို့ ကျင့်ကြံခြင်းလမ်းကြောင်းကို အမုန်းတရားတွေ၊ ရက်စက်မှုတွေနဲ့ ဆက်လျှောက်ခဲ့တယ်။ ဒီလိုနဲ့ သူ့ရဲ့ တန်ခိုးရှင်လမ်းကြောင်းက အစပြုခဲ့ပြီး သူက နောက်ဆုံး စစ်မှန်တဲ့ တန်ခိုးရှင်တစ်ယောက် ဖြစ်လာမလားဆိုတာကတော့…။

ကျနော့်အမြင်အရ ဒီစာစဉ်မှာ ထူးခြားတာက မင်းသားက ကျင့်ကြံဖို့ဘာပါရမီမှ မပါလာဘူး။ သာမန်သေမျိုးတစ်ယောက် အနေနဲ့ဆိုရင်တော့ ဉာဏ်ရည် မဆိုးဘူး။ အခုထိ အရမ်းလည်း တော်မနေဘူး။ ဒါပေမဲ့ သူနဲ့ ကျင့်ကြံခြင်း အဆင့်တူထဲမှာတော့ ပြိုင်ဘက်ကင်းတယ်။ဒါကလည်း သူ့ပါရမီကြောင့်မဟုတ်ဘဲ သူ့ရဲ့ အလျော့မပေးတက်တဲ့စိတ်၊ သူ့မိဘတွေအတွက် ပြန်ပြီးကလဲ့စားချေလိုတဲ့စိတ်၊ သူ့ကံတရားက ကျင့်ကြံခြင်းနဲ့ ပတ်သတ်လို့ ကံကောင်းမှုတစ်ခု တွေ့ခဲ့လို့ပဲ။ ဒီတော့ ဒီစာစဉ်မှာက ပါရမီကို တွေ့ရမှာမဟုတ်ဘဲ မထင်မှတ်တဲ့ကံတရားကြောင့် လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားတွေ ပြောင်းလဲပြီး သူက ကျင့်ကြံခြင်းလမ်းကြောင်းကို အဆုံးထိဆက်လျောက်မလားဆိုတာကတော့…။

ဒီစာစဉ်မှာပါတဲ့ ကျနော်သဘောကျတဲ့ Dialogue တစ်ခုကိုလည်း အောက်မှာ ဖော်ပြလိုက်ပါတယ်။ “လူတစ်ယောက်က မွေးလာကတည်းက ဘယ်သူမှ ရက်စက်တက်ဖို့၊ ယုတ်မာဖို့၊ ရုန့်ရင်းကြမ်းတမ်းဖို့ မွေးလာခဲ့ကြတာ မဟုတ်ဘူး။ သူတို့ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကြောင့်သာ လူတွေက ပြောင်းလဲသွားခဲ့ရတာ…”

Bookmark
Followed 5913 people

Read နှောင်ဖွဲ့ခြင်းကင်းတန်ခိုးရှင်

Vol. 154
Vol/Ch
Chapter Title
Release Date
Vol. 153 Vol. 152 Vol. 151 Vol. 150 Vol. 149 Vol. 148 Vol. 147 Vol. 146 Vol. 145 Vol. 144 Vol. 143 Vol. 142 Vol. 141 Vol. 140 Vol. 139 Vol. 138 Vol. 137 Vol. 136 Vol. 135 Vol. 134 Vol. 133 Vol. 132 Vol. 131 Vol. 130 Vol. 129 Vol. 128 Vol. 127 Vol. 126 Vol. 125 Vol. 124 Vol. 123 Vol. 122 Vol. 121 Vol. 120 Vol. 119 Vol. 118 Vol. 117 Vol. 116 Vol. 115 Vol. 114 Vol. 113 Vol. 112 Vol. 111 Vol. 110 Vol. 109 Vol. 108 Vol. 107 Vol. 106 Vol. 105 Vol. 104 Vol. 103 Vol. 102 Vol. 101 Vol. 100 Vol. 99 Vol. 98 Vol. 97 Vol. 96 Vol. 95 Vol. 94 Vol. 93 Vol. 92 Vol. 91 Vol. 90 Chapters

Comment

  1. myatthit28022003 says:

    Good

  2. Zaw min oo says:

    အတော်လေးကောင်းပါတယ်

  3. Kkwer says:

    ထွက်လိုက်ရင်အစက ပြန်စနေလို့ ဘယ်လိုလုပ်ရမလည်း

    1. MM Xianxia says:

      Website ဝင်ဝင်ချင်း Homepage အောက်ဆုံးမှာ နောက်ဆုံးဖတ်ခဲ့တဲ့ history ရှိပါတယ်ခင်ဗျ။ အဲကနေ ဖတ်လက်စ ပြန်ဖတ်လို့ ရပါတယ်

  4. Aung Khine Soe says:

    nice

  5. Eizinzin Hmwe says:

    Great

  6. Waiwai says:

    မတင်ဘူးလား

  7. wailintun708 says:

    ဆက်မတင်တော့ဘူးလား

  8. Zin May says:

    အနက်ရောင် ဓါးလေးက ဘယ်ပျောက်သွားတာ

  9. naylinn.ygnmyanmar says:

    အပိုင်းတွေကိုဘယ်လိုရှာရမလဲ​ဗျ

  10. pigpain717 says:

    ကောင်းတယ်ဗျ ကြိုက်ပါတယ်

  11. Sitt Yan says:

    Vol45ကို ဘယ်လိုသွားရမလဲ

  12. hsonnyhtoon says:

    end chapter?

  13. tuntunwin.mdy338222 says:

    91ကနေ96ကိုကျော်သွားတယ်

  14. Anonymous says:

    Good 👍

    1. Anonymous says:

      ကြိုက်တယ်ဗျို့

      1. Anonymous says:

        like

Leave a Reply

အခြားဖတ်စရာများ

Options

not work with dark mode
Reset