Switch Mode
အင်မော်တယ်တစ်ဦးရဲ့ ဘဝမှတ်တမ်း
Ongoing

အင်မော်တယ်တစ်ဦးရဲ့ ဘဝမှတ်တမ်း

Fan Ren Xiu Xian Chuan, I Will Become an Immortal, Phàm Nhân Tu Tiên, RMJI, คัมภีร์วิถีเซียน, 凡人修仙传, 학사신공
Native LanguageChinese
Released2007
View:? Views
8

ရောင်းရင်းတို့ကို စာစဉ်ကောင်းတစ်ခု ချပြချင်ပါတယ်။ ဒီစာစဉ်က သာမန်လူသားတစ်ယောက်က  တန်ခိုးရှင်(အင်မောတယ်) တစ်ယောက် ဖြစ်လာဖို့ ခရီးနှင်မယ့် ဇာတ်လမ်းပါ။ ဒီခရီးမှာ သူဟာ အခက်အခဲ၊ အကြမ်းပတမ်း၊ လိမ်လည်ကောက်ကျစ်မှုတွေကို မရေမတွက်နိုင်အောင် ကျော်ဖြတ်ရမှာပါ။ ဒီဇာတ်လမ်းရဲ့  ဇာတ်လိုက်ကျော် ဟန်လိက ကျနော်တို့ တွေ့နေကျ၊မြင်နေကျ Mc တွေလို ရုပ်ချောပြီး ပါရမီ ပါလှတဲ့ကောင် မဟုတ်ဘူး။ ကျင့်ကြံခြင်းနဲ့ ပတ်သတ်လို့လည်း သာမညောင်ည ပါရမီလောက်သာ ရှိတဲ့ကောင်။ ဘာနောက်ခံမှလည်း ကြီးကြီးမားမား ရှိမနေဘူး။ ဒီတော့ ဟန်လိက ဉာဏ်အားကိုးတယ်။ သတိအားကိုးတယ်။ ဇွဲအားကိုးတယ်။ ဒီလို လူသားဆန်တဲ့ စိတ်ဓာတ်တွေနဲ့ သူဟာ ကျင့်ကြံခြင်းလမ်းကို လျှောက်မယ့်သူ။ ဒီစာစဉ်မှာ ဟန်လိရဲ့ အခက်အခဲမျိုးစုံ၊ အန္တရာယ်မျိုးစုံကို ဘယ်လိုဘယ်ပုံ ကျော်ဖြတ်မလဲ မြင်ရလိမ့်မယ်။ သူ့ရဲ့ မိတ်ဆွေအပေါ် ထားတဲ့ စိတ်ဓာတ်၊ ရန်သူတွေအပေါ်ထားတဲ့ သဘောထား ဒါတွေကိုလည်း ရောင်းရင်းတို့ မြင်ရလိမ့်မယ်။  ဒါပေမဲ့ သူဟာ အသက်တစ်ရာလောက်သာ နေထိုင်ရတဲ့ သေမျိုးသိုင်းလောက(ကျန်းဟူ)ရဲ့ သိုင်းဂိုဏ်းလေးတဂိုဏ်းရဲ့ မထင်မရှား ဆေးပညာသင် တပည့်လေး အဖြစ်ကနေ တန်ခိုးရှင်ဖြစ်လာတဲ့အထိ ဘယ်လိုဘယ်ပုံ ရှေ့ဆက်မလဲ။

ဇာတ်လမ်းဇာတ်အိမ် ခိုင်မာမှု (ဝါ) World Building တည်ဆောက်မှုဟာလည်း တသိမ့်သိမ့်၊ တအိအိ၊  ဖြေးဖြေးမှန်မှန်၊ ခိုင်ခိုင်မာမာနဲ့ တကယ်မိုက်ပါတယ်။ မိုက်ဆို ဒီဇာတ်လမ်းဟာ တရုတ်မှာ လူကြိုက်အများဆုံး ဖြစ်ခဲ့သလို၊ နိုင်ငံတကာမှာလည်း ပရိသတ်ခိုင်ခိုင်မာမာ ရထားပြီးကိုး။ စာစဉ်တစ်ခုဟာ Rating မြင့်မှ ကောင်းတာလို့ တထစ်ချ မသတ်မှတ်နိုင်ပေမယ့် ဒီလောက်ထိ တရုတ်မှာရော၊ နိုင်ငံတကာမှာရော ပေါက်ခဲ့တဲ့ စာစဉ်ဟာ အကြောင်းမဲ့သပ်သပ်တော့ မဟုတ်ဘူးလေဗျာ။ ဪ ဒီစာစဉ်က Animation လည်း ထွက်ထားပြီးပြီးဗျ။

ဇာတ်လမ်းအကျဉ်း။ ။ ရွာငယ်လေးမှ မထူးမခြား၊သာမန်သာ ဖြစ်သော ကောင်လေးတစ်ယောက်သည် ကျန်းဟူ(သိုင်းလောက)၏ ဂိုဏ်းတစ်ခုထဲ မထင်မှတ်ဘဲ ဝင်‌ရောက်နိုင်ခဲ့ပြီး ကံအခွင့်သင့်၍ တရားမဝင်တပည့်တစ်ယောက် ဖြစ်လာခဲ့သည်။။ ထိုဂိုဏ်း၌ သူသည် ခြေကုပ်ယူနိုင်မည်လော။ သူ၏ နိမ့်ပါးလှသော ပါရမီဖြင့် သူသည် ကျင့်ကြံခြင်းလမ်းကြောင်းပေါ် လျှောက်လှမ်းကာ အင်မောတယ်တစ်ယောက် အောင်အောင်မြင်မြင် ဖြစ်လာနိုင်မည်လော။

ဤစာစဉ်သည် နတ်ဘုရားများ၊ နတ်ဆိုးများ၊ မိစ္ဆာများကို ရင်ဆိုင်တိုက်ခိုက်မည့်၊ ကိုယ်ပိုင်တန်ခိုးရှင်လမ်းစဉ်ကို ရှာဖွေမည့် သာမန်လူသားတစ်ယောက်၏ အကြောင်းပင်။

Bookmark
Followed 258 people

Read အင်မော်တယ်တစ်ဦးရဲ့ ဘဝမှတ်တမ်း

Vol. 31 Vol. 30 Vol. 29 Vol. 28 Vol. 27 Vol. 26 Vol. 25 Vol. 24 Vol. 23 Vol. 22 Vol. 21 Vol. 20 Vol. 19 Vol. 18 Vol. 17 Vol. 16 Vol. 15 Vol. 14 Vol. 13 Vol. 12 Vol. 11 Vol. 10 Vol. 9 Vol. 8 Vol. 7 Vol. 6 Vol. 5 Vol. 4 Vol. 3 Vol. 2 Vol. 1

Comment

  1. rkar88026 says:

    ပုံမှန်လေးတင်ပေးပါဆရာရယ်
    တစ်ခါတင်ပြီးရင်တစ်လနှစ်လနားမသွားပါနဲ့

    1. holypyaesone says:

      တင်ပေးမှာပါဗျ

  2. rkar88026 says:

    မတင်တော့ဘူးလား
    ဆရာ

  3. Ye Win Aung says:

    ဆရာရေ နောက်ပိုင်းလေးတွေ တင်ပါအုံး

    1. U Win Cho says:

      တင်မှာပါဗျ။ နောက်ရက်ပိုင်းအတွင်း စာစဉ်ကို ပုံမှန်တင်ပေးတော့မှာပါ။

      1. Anonymous says:

        Free စာစဉ်တွေ ဘယ်တော့တင်မှာလည်း

      2. Than Htike Swe says:

        အသစ်ထွက်တာများရင် တင်ပေးလိမ့်မယ်ထင်တယ်

  4. MinZin says:

    ဆက်တင်ပေးပါအုံး

Leave a Reply

Options

not work with dark mode
Reset