Switch Mode
ရှေးဟောင်းအင်မော်တယ်
Ongoing

ရှေးဟောင်းအင်မော်တယ်

Immortal of the Ages, 太古第一仙
Native LanguageChinese
Released2022
View:? Views
8.2

ယွမ်ရှောင်၏ဝိညာဉ်သည် သေဆုံးသွားပြီးနောက် ကောင်းကင်ဘုံများ၌ မြောလွင့်ကာ စူးစမ်းရှာဖွေသွားလာခဲ့ရာ သူ အသက်ဆယ့်ခြောက်နှစ်ကြာ နေထိုင်ခဲ့သော ကမ္ဘာကြီးမှာ ဧရာမသင်္ချိုင်းကြီးတစ်ခုနှင့် ဆင်တူနေသည်ကို တွေ့ရ၏။ ၎င်းအောက်တွင်ကား အကန့်အသတ်မရှိသော ပင်လယ်ကြီးအလား ကျယ်ပြောကာ ကြောက်မက်ဖွယ်ရာ အရှိန်အဝါများ ထုတ်လွှတ်နေသော ကြေးခေါင်းတလားကြီးတစ်ခုတည်ရှိနေသည်။ ဘီလီယံနှင့်ချီသော ဝိညာဉ်များသည် ထိုသင်္ချိုင်းမြေထဲ၌ မွေးဖွားဖြစ်တည်နေကြလေ၏။

ဧရာမအခေါင်းကြီးထဲ၌ အင်မော်တယ်တစ်ပါး၏ခန္ဓာကိုယ် တည်ရှိနေသည်။ သူ၏မျက်လုံးများမှာ ငရဲအလား နက်ရှိုင်းပြီး သူ့ပါးစပ်သည် မြစ်ဝါမြစ်နှင့်ဆင်တူကာ သူ၏ဆံပင်သည် ကြီးမြတ်သော နဂါးကိုယ်ထည်များအလား မြောလွင့်နေကြပြီး သူ့ခန္ဓာကိုယ်ကား မီလီယံနှင့်ချီသော တောင်တန်းများ ဖြစ်ကြပေသည်။ ဤနေရာ၌ မည်သည့်ရှေးဟောင်းအင်မော်တယ်တစ်ပါး အိပ်စက်အနားယူနေပါသနည်း။

ပျက်စီးပျောက်ကွယ်သွားတော့မည်ကို မလိုလားသော ယွမ်ရှောင်၏ဝိညာဉ်သည် ထိုအင်မော်တယ်၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ လောကနတ်ကျောက်တိုင်သည် သူ၏ဓားဖြစ်ကာ ကျယ်ပြောသော ကုန်းမြေများမှာ သူ၏ချိပ်စည်းများဖြစ်စေလျှက်… သူနှင့်သူ့ခေါင်းတလားသည် ကောင်းကင်ဘုံများသို့ စိန်ခေါ်ကျော်ဖြတ်လျှက် ဉာဏ်အလင်းများကို ရှာဖွေကာ အင်မော်တယ်လမ်းစဉ်ကို လျှောက်လှမ်းပေတော့သည်။

Bookmark
Followed 257 people

Read ရှေးဟောင်းအင်မော်တယ်

Vol. 8 Vol. 7 Vol. 6 Vol. 5 Vol. 4 Vol. 3 Vol. 2 Vol. 1

Comment

  1. Thura Naing says:

    waiting …………………………………………………………….

  2. raygroup2580 says:

    ဘယ်နေ့တင်မလဲ

Leave a Reply

Options

not work with dark mode
Reset