မန်ဟိုဆိုတဲ့ ယွင်ကျဲစီရင်စုက စာပေသမားလေးဟာ ကျင့်ကြံသူအသစ်စုဆောင်းနေတဲ့အဖွဲ့နဲ့ တိုးပြီး ကျင်ကြံခြင်းလောကထဲ ဝင်ရောက်လာခဲ့ပါတယ်။ ကျင့်ကြံခြင်းနဲ့ပတ်သက်ရင် ဘာဆိုဘာမှမသိတဲ့ မန်ဟိုဟာ အားကြီးသူက အားနည်းသူကို အနိုင်ယူပြီး တောတွင်းဥပဒေစိုးမိုးနေတဲ့ ကျင့်ကြံခြင်းလောကမှာ ဘယ်လိုရှင်သန်မလဲ…။ ကျိုးပြည်ဆိုတဲ့ ဇနပုဒ်လေးက အညတရကျင့်ကြံသူလေး မန်ဟိုတစ်ယောက် နန်ရှန်းတိုက်ကြီးကို ဘယ်လိုလွှမ်းမိုးလိမ့်မလဲ…။ ကျင့်ကြံအဆင့်တက်ဖို့ ဆေးတွေဖော်စပ်ရတဲ့ မန်ဟို၊ နောက်ခံအင်အားမရှိတဲ့အတွက် တစ်ယောက်တည်း ရုန်းကန်ရတဲ့ မန်ဟို၊ စိတ်ဓာတ်ပြတ်သားပြီး ခေါင်းမာတဲ့ မန်ဟို၊ စကားနည်းပြီး သွေးအေးအေးနဲ့ ကလဲ့စားပြန်ချေတတ်တဲ့ မန်ဟို၊ ကံကြမ္မာအလှည့်အပြောင်းကြောင့် မိစ္ဆာချုပ်နှောင်သူဖြစ်လာတဲ့အခါ… ကျင့်ကြံခြင်းလောကကို ဘယ်လိုကိုင်လှုပ်လိမ့်မလဲ။
“ငါတစ်ခုခုလိုတာနဲ့ မိုးကောင်းကင်က ပေးဖို့လိုလိမ့်မယ်။ ငါမကြိုက်တာ တစ်ခုခုရှိရင်လည်း အဲ့ဒါဟာ မိုးကောင်းကင်အောက်မှာ မရှိတာကောင်းလိမ့်မယ်။ ငါ့နာမည်က မန်ဟို။ ကိုးဆက်မြောက် မိစ္ဆာချုပ်နှောင်သူ။ ငါ့ကံကြမ္မာကတော့… မိုးကောင်းကင်ကို မိစ္ဆာတစ်ကောင်လို ချုပ်နှောင်တာပဲ”
ဘာသာပြန်သူ၏အမြင်။ ။ ကောင်းကင်တံခါးကို ငါပိတ်မယ် စာစဥ်ဟာ မြှုပ်ကွက်တွေ၊ စိတ်ဝင်စားစရာနောက်ကြောင်းတွေနဲ့ ပြည့်နှက်နေတဲ့အတွက် သို့လောသို့လောနဲ့ တွေးတောရင်း ဖတ်ရှုရမှာ ဖြစ်ပါတယ်။ ရှန်းရှစာပေ ဂုရုကြီး Er gen ရဲ့ နာမည်ကြီးဝတ္ထုတစ်ပုဒ်ဆိုလည်း မမှားပါဘူး။ အစပိုင်းမှာ ဇာတ်လမ်းက အေးနေပေမယ့် တဖြေးဖြေး စိတ်ဝင်စားစရာကောင်းလာပြီး ဇာတ်ကောင်ရဲ့ လှုပ်ရှားရုန်းကန်ရမှုတွေကို မြင်ရမယ်။ နယ်မြေတစ်နေရာပြီးတစ်နေရာ ခြေဆန့်ပြီး လေ့လာနေတတ်တဲ့ ဇာတ်ကောင်ကို မြင်ရမယ်။ အူတက်အောင် ရယ်ရတဲ့အပိုင်းတွေပါမယ်။ အလွမ်းအဆွေးအခန်းတွေပါမယ်။ ဇာတ်ကောင်နဲ့အတူ လိုက်ပါစီးမျောရင်း ဇာတ်ကောင်နဲ့ တစ်သားတည်း ခံစားရမယ့်စာစဥ်ကောင်းတစ်ခုဖြစ်ပါတယ်။
fav