Switch Mode
နှစ်တစ်ရာကျင့်ကြံပြီးနောက်
Ongoing

နှစ်တစ်ရာကျင့်ကြံပြီးနောက်

Following a Hundred Years of Cultivation, I’m dying Before I Got Cheats, 百年修仙,我快死了金手指才来
Native LanguageChinese
View:? Views
7.2

ကျန်းချန်ရွှမ်သည် မသေမျိုးကျင့်ကြံရေး လောကသို့ မတော်တဆ ကူးပြောင်းသွားပြီး မသေမျိုးကျင့်ကြံရေး အမွေအနှစ်တစ်ခုကိုပါ မတော်တဆ ရရှိခဲ့သည်။ သို့သော်လည်း သူ၏ အရည်အချင်းမှာ လွန်စွာ နိမ့်ကျသဖြင့် နှစ်တစ်ရာခန့် ကြိုးစားပမ်းစား ကျင့်ကြံခဲ့သည့်တိုင် ချီသန့်စင်ခြင်းအဆင့်မှ မတက်သေးပေ။ နောက်ဆုံး သူစိတ်ဓာတ်ကျသွားချိန်မှာတော့ သူ့ဘဝကို အဆုံးသတ်ရန် သေမျိုးလောကသို့ တိတ်တဆိတ် ရောက်လာခဲ့သည်။ ထိုအချိန်မှာပဲ သူကာလကြာရှည် မျှော်လင့်နေခဲ့သည့် cheat system ကို ရရှိသွားတော့၏။

[မသေမျိုးကျင့်ကြံမှု နှစ်၁၀၀ အောင်မြင်မှုသက်တမ်း ရှိတဲ့ လက်ခံကိုယ်ကို ရှာဖွေတွေ့ရှိပါပြီ။ ဒါကတော့ သက်တမ်းတိုးစေနိုင်တဲ့ သက်ရှည်သစ်သီးပါ။]

[အခုပဲ နောက်ထပ်အောင်မြင်အောင်လုပ်ရမည့် တာဝန်အကြောင်း ထုတ်ပြန်လိုက်ပါပြီ။]

[ကျေးဇူးပြုပြီး အကြိမ်၁၀၀ တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်လိုက်ပါ။ ဤတာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ခြင်းဖြင့် အကြိမ်၁၀၀ တာဝန်ပြီးစီးမှုဆိုသည့် အောင်မြင်မှုဂုဏ်ပုဒ်နှင့်အတူ တာဝန်ချောမွေ့စွာ ပြီးစီးနိုင်မည့် အခွင့်အရေးတစ်ခုကိုပါ ရရှိနိုင်ပါမယ်။]

[ဒင်!]

[ကျင့်ကြံခြင်းနည်းစနစ်ကို အကြိမ် ၁၀၀ ပြီးမြောက်အောင် လေ့ကျင့်ပြီး ကျောက်စိမ်းအမွေအနှစ် ကျင့်ကြံခြင်းနည်းစနစ်၏ ပြီးပြည့်စုံသည့်အဆင့် အသိအမြင်ကို ရယူလိုက်ပါ။]

[စွမ်းအင်လေ့ကျင့်မှု အကြိမ် ၁၀၀ ပြီးမြောက်အောင် လုပ်ပြီး အခြေခံအရိုးတည်ဆောက်ပုံကို မြှင့်တင်လိုက်ပါ]

[အဆောင်လက်ဖွဲ့အကြိမ် ၁၀၀ အောင်မြင်အောင် ပြုလုပ်ပြီး…]

[အကြိမ် ၁၀၀ ဆေးလုံးသန့်စင်ပြီး…]

မည်မျှကြာသွားသည်မသိ။ ကျန်းချန်ရွှမ်တစ်ယောက် စနစ်ထံမှ ထပ်မံ အသိပေးချက်တစ်ခုကို ကြားလိုက်ရသည်။ သူ့ဖြစ်တည်မှုသက်သက်ကပင် မည်သူတစ်ဦးတစ်‌ယောက်မျှကျော်လွန်နိုင်စွမ်းမရှိသည့် အောင်မြင်ပြီး‌မြောက်မှု ဖြစ်နေပြီ ဖြစ်သဖြင့် နောက်ထပ် အောင်မြင်ပြီးမြောက်အောင် လုပ်ဆောင်စရာ မရှိတော့ပြီ ဟူ၏။

Bookmark
Followed 73 people

Read နှစ်တစ်ရာကျင့်ကြံပြီးနောက်

Vol. 34
Vol/Ch
Chapter Title
Release Date
Vol. 33 Vol. 32 Vol. 31 Vol. 30 Vol. 29 Vol. 28 Vol. 27 Vol. 26 Vol. 25 Vol. 24 Vol. 23 Vol. 22 Vol. 21 Vol. 20 Vol. 19 Vol. 18 Vol. 17 Vol. 16 Vol. 15 Vol. 14 Vol. 13 Vol. 12 Vol. 11 Vol. 10 Vol. 9 Vol. 8 Vol. 7 Vol. 6 Vol. 5 Vol. 4 Vol. 3 Vol. 2 Vol. 1

Comment

Leave a Reply

Options

not work with dark mode
Reset