Switch Mode
ငါ့စေ့စပ်ပွဲဖျက်သိမ်းပြီးတဲ့နောက် ဩဇာကြီးမားတဲ့ဝန်ကြီးရဲ့ ရတနာလေးဖြစ်လာခဲ့တယ်
Ongoing

ငါ့စေ့စပ်ပွဲဖျက်သိမ်းပြီးတဲ့နောက် ဩဇာကြီးမားတဲ့ဝန်ကြီးရဲ့ ရတနာလေးဖြစ်လာခဲ့တယ်

After Retiring from Marriage, I became the Favorite of a Powerful Minister, 退婚后我成了权臣心尖宠
Native LanguageChinese
Released2021
Translator
View:? Views
8

စိုက်ပျိုးရေးပညာရှင် ရှစ်ချင်းလျို့သည် သေဆုံးသွားပြီးနောက် သူမ မျက်လုံးတစ်ဖန်ပြန်ဖွင့်လိုက်ချိန်တွင် ရှေးခေတ်က ရွာသူမိန်းကလေးတစ်ယောက်အဖြစ် ကူးပြောင်းသွားခဲ့ကြောင်း သိလိုက်ရပါသည်။

သူမရဲ့ ဇာတ်လမ်းကတော့ သူမရဲ့ မိသားစုက သူမကို ရောင်းစားခဲ့ပြီး လက်ရှိမှာတော့ အတင်းအကြပ် ခေါ်ဆောင်သွားဖို့လုပ်ရာမှ စတင်ခဲ့တာ ဖြစ်ပါတယ်။

သူမသည် သူတို့ထက် ပိုကြမ်းတမ်းခက်ထန်ပြီး ပြဿနာရှာသူများကို အရှုံးဖြင့် ငိုကြွေးစေခဲ့ကာ သူမ၏ အိမ်ထောင်ရေးကို ရုတ်သိမ်း‌ရန် အစပြုခဲ့ပြီး သူမကို ပံ့ပိုးပေးခဲ့ရသည်။

သူမသည် မိသားစုနှင့် ကွဲကွာပြီးနော် သတိမေ့မြောနေသည့် ပညာတော်သင် ရှောင်ဟန်ကျန့်ကို လက်ထပ်ရန် စတင်လုပ်ဆောင်ခဲ့သည်။

ရှစ်ချင်းလျို့သည် ပညာတော်သင်ရှောင်ရဲ့ ပျော့ညံ့သောမိခင်၊ အားနည်းသော မိခင်နှင့် အကျင့်စာရိတ္တကောင်းမွန်သော ညီငယ်တို့ကိုကြည့်ပြီး သူမ စိတ်ကျေနပ်စွာ မေးပွတ်လိုက်မိသည်။

ထိုအချိန်မှစ၍ သူမသည် မိသားစုကို ထောက်ပံ့ရန် အရေးကြီးသော တာဝန်ကို ထမ်းဆောင်ခဲ့ပြီး စိုက်ပျိုးမွေးမြူရေးကို ဆုပ်ကိုင်ကာ မိသားစုတစ်ခုလုံး ချမ်းသာလာစေရန် ကြိုးပမ်းနိုင်ခဲ့ပြီး နိုင်ငံ၏ အချမ်းသာဆုံး အမျိုးသမီးဖြစ်လာခဲ့သည်။

ရှောင်ဟန်ကျန့် နိုးလာသောအခါ ရေနစ်သေဆုံးသွား‌ခဲ့သော ညီဖြစ်သူမှာ အသက်ရှင်လျက်ရှိပြီး နာမကျန်းဖြစ်နေသည့် သူဌေးသားဖြင့် လက်ထပ်ရန် အတင်းအကြပ် ဆွဲခေါ်ခံခဲ့ရပြီး သေဆုံးသွားခဲ့ရသည့် ညီမဖြစ်သူမှာလည်း အိမ်တွင်ရှိနေဆဲဖြစ်သည်။ သူ့အတွက် ဆေးပင်ရှာဖွေဖို့ တောင်ပေါ်တက်သွားရာမှ သားရဲတိရိစ္ဆာန်အကိုက်ခံရပြီး သေဆုံးသွားခဲ့ရသော မိခင်ဖြစ်သူမှာလည်း အသက်ရှင်လျက်ရှိနေသေး၏။

အရေးကြီးတာက သူနိုးလာတဲ့အခါ သူ့မှာ အရည်အချင်းရှိပြီး ချောမောလှပတဲ့ ဇနီးတစ်ယောက်ပါ ရှိနေတယ်။

သူ့အမေနဲ့ ညီမငယ်၊ ညီငယ်တွေက ဒီဇနီးသည်လေးကို အားကိုးပြီး ချစ်ခင်ကြတယ်။

သူက ဇနီးလေးကိုကြည့်ပြီး “မင်းက မိသားစုကို ထောက်ပံ့နေတော့ ကိုယ်က ဘာလုပ်ရမလဲ” ဟု မေးခွန်းထုတ်မိသည်။

ဇနီးလေးက သူ့ကို “ရှင့်က ပန်းလေးလို လှပဖို့ တာဝန်ယူလေ။ ရှင် နန်းတွင်းစာမေးပွဲကို ဝင်ဖြေပြီး အရာရှိဖြစ်လာတဲ့အခါ ရှင်က ကျွန်မရဲ့ ကျောထောက်နောက်ခံ ဖြစ်လာလိမ့်မယ်။” ဟု ပြောခဲ့ပါသည်။

ရှောင်ဟန်ကျန့်ရဲ့ အေးစက်သောနှလုံးသားသည် ပြန်လည်အသက်ဝင်လာပြီး “ကောင်းပြီ” ဟုသာ ဆိုလိုက်ပါသည်။

ထိုအချိန်မှစ၍ သူသည် အင်္ကျီစကို ခေါက်တင်ပြီး အလုပ်ကြိုးစားခဲ့သည်။ ငယ်ရွယ်တဲ့ ပညာတော်သင်ဘဝကနေ ဩဇာအကြီးမားဆုံး ဝန်ကြီး ဖြစ်လာခဲ့သည်။

မြို့တော်ရှိလူတိုင်းက ရှောင်ဟန်ကျန့်ကို သူ့ရဲ့ ရွာသူဇနီးသည်နဲ့ကွာရှင်းဖို့ စောင့်မျှော်နေခဲ့ကြတယ်။ မရေတွက်နိုင်သော အမျိုးသမီးများသည် သူ့ကိုလက်ထပ်ပြီး သူ့ဇနီးသည်နေရာကို အစားထိုးဝင်လိုသော်လည်း သူက သူ့ဇနီးသည်အပေါ် ဆက်လက်ချစ်ခင်နေမြဲဖြစ်နေလိမ့်မည်ဟု မည်သူထင်မိပါ့မည်နည်း။

သူနိုးလာချိန်မှစလို့ သူ့ဇနီးသည်ဟာ သူ့ရဲ့ ဒီဘဝမှာ ကယ်တင်ခြင်းနတ်မိမယ်လေးဆိုတာ သူသိပါသည်။

Bookmark
Followed 173 people

Read ငါ့စေ့စပ်ပွဲဖျက်သိမ်းပြီးတဲ့နောက် ဩဇာကြီးမားတဲ့ဝန်ကြီးရဲ့ ရတနာလေးဖြစ်လာခဲ့တယ်

Vol. 11
Vol/Ch
Chapter Title
Release Date
Vol. 10 Vol. 9 Vol. 8 Vol. 7 Vol. 6 Vol. 5 Vol. 4 Vol. 3 Vol. 2 Vol. 1

Comment

Leave a Reply

Options

not work with dark mode
Reset