Switch Mode
လက်ဖဝါးပြင်ထက်ကကမ္ဘာ
Completed

လက်ဖဝါးပြင်ထက်ကကမ္ဘာ

A World Worth Protecting
Native LanguageChinese
Author,
View:? Views
8.6

သက္ကရာဇ် ( ၃၀၂၉ ) ခုနစ်တွင် ကမ္ဘာကြီး၏နည်းပညာများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ နယ်နိမိတ်ကန့်သတ်ချက်များလည်း မရှိတော့ဘဲ ပြည်နယ်များအားလုံး စုစည်းလာရာ ပြည်ထောင်စုခေတ်သစ် စတင်လာလေသည်။

ထိုအချိန်တွင် မိုးကောင်းကင်အလွန်မှ ဓားကြီးတစ်စင်း ပျံသန်းလာကာ နေကို ထိုးစိုက်သွားခဲ့ပြီး ကမ္ဘာမြေတစ်လွှား ပြင်းထန်သော အငွေ့အသက်များ ဖြစ်တည်လာခဲ့၏။

ဓားအိမ်က ဟောင်းနွမ်းနေခဲ့ခြင်းကြောင့် ဖြစ်လိမ့်မည်။ ဓားကြီးက နေဝန်းကြီးကို စိုက်ဝင်သွားခဲ့ရာတွင် ဓားအိမ်မှ မရေမတွက်နိုင်သော အကျိုးအပဲ့များ ထွက်ပေါ်လာကာ စကြဝဋ္ဌာတစ်ခွင် လွင့်ပျံသွားခဲ့လေသည်။ ထိုအကျိုးအပဲ့လေးများသည် ကမ္ဘာမြေအနှံ့အပြားသို့ ကျရောက်လာခဲ့၏။

ကြေးညိုရောင်ဓားကြီးနှင့် ၎င်း၏ဓားအိမ်အကျိုးအပဲ့များ ရောက်ရှိလာခဲ့ခြင်းကြောင့် ကမ္ဘာမြေပေါ်တွင် အဆုံးအစမဲ့ စွမ်းအင် အရင်းအမြစ်တစ်ခု ရုတ်ချည်း ဖြစ်ပေါ်လာသည်။ ထိုစွမ်းအင် အရင်းအမြစ်ကို ဝိညာဥ်ချီဟု အမည်ပေးထားလိုက်ကြ၏။

ဝိညာဥ်ချီများက လေကဲ့သို့ဖြစ်ပြီး တချို့နေရာများတွင် လေးလံကာ တချို့နေရာများတွင်မူ ပေါ့ပါးသည်။ ပြည်ထောင်စုနှင့် တခြားစီရင်စုများသည် ဓားအကျိုးအပဲ့များကို တွေ့ရှိကာ ကျင့်ကြံခြင်း၊ ဆေးဖော်စပ်ခြင်း၊ ဝိညာဥ် ကျောက်တုံး သန့်စင်ခြင်းစသည့် ပညာရပ်များနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ ပိုမိုရရှိလာခဲ့ကြသည်။ ဓားအကျိုးအပဲ့များပေါ်မှ စကားလုံးများသည် ရှေးဟောင်းစကားလုံးများဖြစ်ရာ လူအများကြားတွင် ရှေးဟောင်းစာပေ ခေတ်စားလာခဲ့သည်။

ဝိညာဥ်ချီ ထွက်ပေါ်လာမှုသည် မူလကရှိနှင့်ပြီးသား စွမ်းအင်အရင်းအမြစ်များကို လျင်မြန်စွာ ပျောက်ကွယ်သွားစေပြီး လူများ၏နေထိုင်မှုပုံစံကို လုံးဝ ပြောင်းလဲသွားစေခဲ့သည်။ ဝိညာဥ်ကွန်ယက် ဖြစ်ပေါ်လာခဲ့ရုံမျှမက ဝိညာဥ်ချီသည်လည်း လူ့အဖွဲ့အစည်းတစ်ခုလုံးကို ကျင့်ကြံခြင်းလူ့အဖွဲ့အစည်းတစ်ခုအဖြစ်သို့် သွတ်သွင်းလိုက်သည်။ နှောင်းပိုင်းတွင် ထိုအခြင်းအရာကို ရှေးဦးဝိညာဥ်ခေတ်ဟု ခေါ်ကြလေသည်။

ဒီစာစဥ်က မူရင်းစာရေးဆရာ Ergen ရဲ့လက်ရာကောင်းတစ်ပုဒ် ဖြစ်သလို ထာဝရအသက်ရှည်လိုသော် စာစဥ်ရဲ့အဆက်လို့ပြောရင်လဲ ရပါတယ်။ ပိုင်ရှောင်ချန်းကို သဘောကျရင် ဒီစာစဥ်ကိုလဲ သဘောကျမှာပါ။ တစ်ခုရှိတာက ဒီစာစဥ်ထဲက မင်းသားက ရန်သူဆို ပိုင်ရှောင်ချန်းလို ညှာတာပေးလေ့ မရှိပါဘူး။ ဥာဏ်များတယ်။ အကွက်ချတယ်။ ကျန်တာက ပိုင်ရှောင်ချန်းနဲ့ တစ်ပုံစံတည်းပါပဲ။

Bookmark
Followed 1104 people

Read လက်ဖဝါးပြင်ထက်ကကမ္ဘာ

Vol. 104
Vol/Ch
Chapter Title
Release Date
Vol. 103 Vol. 102 Vol. 101 Vol. 100 Vol. 99 Vol. 98 Vol. 97 Vol. 96 Vol. 95 Vol. 94 Vol. 93 Vol. 92 Vol. 91 Vol. 90 Vol. 89 Vol. 88 Vol. 87 Vol. 86 Vol. 85 Vol. 84 Vol. 83 Vol. 82 Vol. 81 Vol. 80 Vol. 79 Vol. 78 Vol. 77 Vol. 76 Vol. 75 Vol. 74 Vol. 73 Vol. 72 Vol. 71 Vol. 70 Vol. 69 Vol. 68 Vol. 67 Vol. 66 Vol. 65 Vol. 64 Vol. 63 Vol. 62 Vol. 61 Vol. 60 Vol. 59 Vol. 58 Vol. 57 Vol. 56 Vol. 55 Vol. 54 Vol. 53 Vol. 52 Vol. 51 Vol. 50 Vol. 49 Vol. 48 Vol. 47 Vol. 46 Vol. 45 Vol. 44 Vol. 43 Vol. 42 Vol. 41 Vol. 40 Vol. 39 Vol. 38 Vol. 37 Vol. 36 Vol. 35 Vol. 34 Vol. 33 Vol. 32 Vol. 31 Vol. 30 Vol. 29 Vol. 28 Vol. 27 Vol. 26 Vol. 25 Vol. 24 Vol. 23 Vol. 22 Vol. 21 Vol. 20 Vol. 19 Vol. 18 Vol. 17 Vol. 16 Vol. 15 Vol. 14 Vol. 13 Vol. 12 Vol. 11 Vol. 10 Vol. 9 Chapters

Options

not work with dark mode
Reset