Switch Mode

Series Lists

# Adult # Josei

၁၉၆၀ ခုနှစ်များဆီသို့

လင်းချင်းဟယ်သည် ဝတ္ထုဇာတ်လမ်းတစ်ပုဒ်ထဲသို့ ကူးပြောင်းလာခဲ့ပြီး အမြှောက်စာဇာတ်ကောင်တွေထဲက တစ်ယောက်ဖြစ်လာခဲ့သည်။ ထိုဝတ္ထုဇာတ်လမ်း၏အကြောင်းအရာနောက်ခံသည် ၁၉၆၀နှောင်းပိုင်း အစားစားချင်တိုင်းမစားနိုင် အဝတ်ဝတ်ချင်တိုင်းမဝတ်နိုင်သော အစားအစာ၊ အဝတ်အထည်ရှားပါးသောအချိန်ကို ဇာတ်အိမ်တည်ထားခဲ့သည်။ ထိုခေတ်အချိန်တွင် ကုန်ပစ္စည်းများဆင်းရဲချို့တဲ့ပြီး နေထိုင်မှုဘဝကလည်း ပျင်းရိငြီးငွေ့ဖွယ် ကောင်းလှသော်လည်း ထောက်ပံ့ရေးပစ္စည်းများ ပြည့်ကျပ်နေသော ကိုယ်ပိုင်နေရာလွတ် နယ်မြေတစ်ခုရှိသောကြောင့် ၎င်းသည် သူမအတွက်တော့ စိုးရိမ်စရာမဟုတ်ပေ။ သူမစိုးရိမ်နေသည့်အရာမှာ သူမမှန်ကန်စွာမှတ်မိသည်ဆိုပါက သူမ၏သားသုံးယောက်သည် အနာဂတ်တွင် ဗီလိန်ကြီးများဖြစ်လာမည်ဖြစ်ပြီး သူတို့ရဲ့ဖြောင့်မတ်ပြီးအေးစက်သောဖခင်ဖြစ်သူသည်…

# Action # Adventure

ကံကြမ္မာဖန်တတ်ပါ့လေ

မွေးဖွားလာကတည်းက ကံဆိုးမှုအပေါင်း ခညောင်းနေတဲ့ မင်းသား(၁၃) တစ်ယောက် ၁၆ နှစ်အရွယ်မှာ ချီဖောက်ပြန်မှု ၈၈ ကြိမ် ခံစားရပြီးတော့ သေဆုံးသွားခဲ့တယ်။ သူ မသေဆုံးခင်မှာ သူ သွားလိုက်တဲ့နေရာတိုင်း ကံဆိုးမှုတွေ သယ်ဆောင်လာတယ်လို့ နာမည်ကြီးပြီး လူတိုင်းဝေးဝေးက ရှောင်ကြတယ်။ သူ့အဖိုးတန်ငှက်လေးလည်း ရေကန်ထဲ ကျသွားပြီး သေဆုံးသွားခဲ့ရတယ်။ သူ့ဆေးဖက်ဝင် အပင်လေးလည်း ကလေးတစ်ယောက်ကြောင့် အမြစ်ကနေ ရှင်းခံလိုက်ရပြန်ရော…။…

# Action # Adventure

ကံကြမ္မာဖျက်ဆီးခြင်းဧကရာဇ်၏ ခရီးလမ်း

နတ်ဘုရားများ၊ နတ်ဆိုးများနှင့် မဟာဧကရာဇ်များ ရှိရာ ကမ္ဘာတစ်ခု၌ ပြန်လည်ဝင်စားပြီးနောက် ဝမ်ဝေ့တစ်ယောက် လောကဓံတရား ကြံ့ကြံ့ခိုင်ပြီး ကံကြမ္မာကို ထိန်းချုပ်နိုင်လာမှာလားဆိုတာ…။

# Action # Adventure

ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း

အဟမ်း အားလုံးပဲမဂ်လာပါဗျစာစဥ်လေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ၊စနစ်ပုံစံလေးပေါ့ဗျာ၊နိုင်ငံAမှာမိုင်းတွင်းတူးဖော်တဲ့အလုပ်သမားတွေကနတ်ဆိုးတွင်းနက်ကြီးတစ်ခုကိုတူးဖော်မိသွားတယ်၊ကမ္ဘာကြီးမှာဝိညာဥ်စွမ်းအင်တွေထွက်ပေါ်လာတယ်၊အဲ့လိုပဲနတ်ဆိုးတွေလည်းပေါ်ပေါက်လာခဲ့တယ်။ရွှေစာရင်းဆယ်ခုကလည်းပေါ်လာခဲ့တယ်။ချူဖုန်းဆိုတဲ့ကောင်လေးဟာသူ့သွေးသောက်အကိုလင်းရီကြောင့်သူ့ချစ်သူကော၊သူကောသေဆုံးသွားခဲ့ရတယ်၊ကံကြမ္မာကမျက်နှာပေးတော့လွန်ခဲ့တဲ့ဆယ်နှစ်နတ်ဆိုးတွင်းနက်ပေါ်တဲ့အချိန်ကိုပြန်လည်ရောက်ရှိသွားခဲ့တယ်။ချူဖုန်းကသူ့ဘဝကိုဘယ်လိုပြန်စတင်မလဲ၊သူချစ်ရတဲ့ကောင်မလေးကိုကောပြန်တွေ့မလား၊သူ့သွေးသောက်အကိုကိုကောလက်စားချေနိုင်ပါ့မလား၊အင်အားအဆမတန်ကွာနေတဲ့လူသားနဲ့နတ်ဆိုးတိုက်ပွဲမှာဘယ်သူတွေအနိုင်ရမလဲ၊ရွှေစာရင်းဆယ်ခုရဲ့နောက်မှာဘာလှည့်ကွက်တွေရှိနေမလဲအတူတူစီးမျောလိုက်ရအောင်။

# Action # Harem

ကျုပ်ကပါရမီရှင်

ရဲ့လင်းချန်သည် စာမေးပွဲများနှင့် မိဘများ၏ မျှော်လင့်ချက်များကြား၌ ရုန်းကန်နေရသော သာမန် အထက်တန်း ကျောင်းသားတစ်ဦး ဖြစ်သည်။ ထိုအရာများအားလုံးသည် ထူးဆန်းသော အိပ်မက်တစ်ခုမှ သူ နိုးလာပြီးနောက် ပြောင်းလဲသွားခဲ့ပြီး ပါရမီရှင် စနစ်အား ရရှိခဲ့ကြောင်း သိလိုက်ရသည်။ ထိုအချိန်မှစ၍ သူ့ဘဝ ပြောင်းလဲသွားခဲ့သည်။ စာအုပ်တစ်အုပ် ဖတ်ခြင်းမှနေ၍ ထိုစာအုပ်၌ ပါဝင်သည့် အကြောင်းအရာများကို သင်ယူလာနိုင်သည်။ သင်ခန်းစာများ သင်ကြားနေသည်ကို…

# Fantasy # Shoujo

ကြင်ယာတော်မင်းသမီး ကံဆိုးပြန်ပြီ

မွေးကင်းစကလေးတစ်ယောက်အနေနှင့် ဝိဥာဥ်ကူးပြောင်းရခြင်း၏ နောက်ဆက်တွဲအကျိုးရလဒ်မှာ ဤမျှလောက်အထိကြီးမားလိမ့်မည်ဟု ရှဲ့ချောင်အား မည်သူကမှ မပြောပြခဲ့ကြပေ။ သူမကူးပြောင်းလာသောအချိန်မှာတင် သူမဟာ ဖျားနာနေခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူမတွင် သက်ရှိသတ္တဝါများနှင့် အလွန်မြင့်မား‌သော ရင်းနှီးဆက်နွယ်မှုရှိနေခဲ့သည်။ သူမမွေးမြူစောင့်ရှောက်ထားသော တိရစ္ဆာန်များမှာ တိုက်ခိုက်နိုင်ပြီး သူမစိုက်ပျိုးထားသည့် ဆေးဖက်ဝင်အပင်များက ရှင်သန်နိုင်သည်။ သူမသည် အဆောင်များကိုရေးဆွဲနိုင်ကာ ကံကြမ္မာကိုလဲဖတ်နိုင်ပြီး သူမကို ချစ်ကြိုက်နေသူများဆီမှလည်း ထွက်ပြေးလွတ်မြောက်နိုင်သည်။ သူမသည် ရှေ့ဖြစ်ဟောနိုင်ကာ အရှိန်အဝါ…

# Action # Adventure

ကြယ်တာရာဘုံကိုးလွှာ

အဆုံးအစမရှိ ကျယ်ဝန်းလှတဲ့ စကြဝဠာအတွင်းမှာ ကြယ်အဖွဲ့အစည်းများစွာနဲ့ တည်ထောင်ထားတဲ့ ပြည်ထောင်ကြီးတွေရှိတယ်။ အစွမ်းထက်မျိုးနွယ်ကြီးတွေကလည်း အချင်းချင်း တိုက်ခိုက်ဝါးမျိုရင်းအားပြိုင်လျက်ရှိတယ်။ အစွန်အဖျားတစ်နေရာမှာ ရှိပြီး သေးငယ်လှတဲ့ ကြယ်တစ်လုံးပေါ်က လူငယ်လေးတစ်ယောက်ဟာ ကိုယ်တွင်းမှာ ထူးဆန်းတဲ့ ဓားပျံတစ်လက်ကို ပိုင်ဆိုင်ထားပြီး ပြိုင်ဘက်ကင်းကျင့်စဥ်တစ်ခုကို အမှတ်မထင်ရရှိခဲ့တယ်။မျိုးနွယ်ကိုကာကွယ်ရင်း ပိုမိုအစွမ်းထက်လာချိန်မှာတော့ သူနေထိုင်တဲ့ကြယ်ရော သူကိုယ်တိုင်ရောဟာ စကြဝဠာကြီးနဲ့ယှဥ်ရင် သမုဒ္ဒရာထဲက ရေစက်ပမာ သေးငယ်လှတယ်ဆိုတာကို နားလည်လိုက်ရတယ်။ ပြည်ထောင်ကြီးတွေနဲ့ မျိုးနွယ်တွေရဲ့…

# Action # Adventure

ကြီးမြတ်သောသခင်

ပန်းသင်္ချိုင်း ဓားသမား လင်းယွန်။ နတ်ဘုရားများ ရှင်သန် ကြီးထွားရာ ခေတ်ကို၊ ကမ္ဘာဦး ခေတ်လို့ ခေါ်ခဲ့ကြပါတယ်၊ ကမ္ဘာဦးခေတ် ပျက်စီး သွားပြီး တဲ့နောက်၊ ရှေးဦးခေတ် ရောက် လာတယ်။ တနည်း အားဖြင့် နတ်ဘုရား အကြွင်း အကျန် သွေးစက်တွေ၊ ရတနာတွေ၊ တာအို တွေ ကြောင့်၊ ရှေးဦးခေတ်ကို၊ ရွှေခေတ်လို့ သတ်မှတ်…

# Action # Adventure

ကောင်းကင်တံခါးကို ငါပိတ်မယ်

မန်ဟိုဆိုတဲ့ ယွင်ကျဲစီရင်စုက စာပေသမားလေးဟာ ကျင့်ကြံသူအသစ်စုဆောင်းနေတဲ့အဖွဲ့နဲ့ တိုးပြီး ကျင်ကြံခြင်းလောကထဲ ဝင်ရောက်လာခဲ့ပါတယ်။ ကျင့်ကြံခြင်းနဲ့ပတ်သက်ရင် ဘာဆိုဘာမှမသိတဲ့ မန်ဟိုဟာ အားကြီးသူက အားနည်းသူကို အနိုင်ယူပြီး တောတွင်းဥပဒေစိုးမိုးနေတဲ့ ကျင့်ကြံခြင်းလောကမှာ ဘယ်လိုရှင်သန်မလဲ…။ ကျိုးပြည်ဆိုတဲ့ ဇနပုဒ်လေးက အညတရကျင့်ကြံသူလေး မန်ဟိုတစ်ယောက် နန်ရှန်းတိုက်ကြီးကို ဘယ်လိုလွှမ်းမိုးလိမ့်မလဲ…။ ကျင့်ကြံအဆင့်တက်ဖို့ ဆေးတွေဖော်စပ်ရတဲ့ မန်ဟို၊ နောက်ခံအင်အားမရှိတဲ့အတွက် တစ်ယောက်တည်း ရုန်းကန်ရတဲ့ မန်ဟို၊ စိတ်ဓာတ်ပြတ်သားပြီး…

# Romance # Slice of Life

ကောင်းကင်ဘုံလယ်သမား

မတော်တဆ ယဲ့ရှောင်ချန်းသည် လောကသုံးပါး နတ်ဘုရားများရှေ့တွင် ကောင်းကင်ဘုံလယ်သမား (ရှန်းနုန်) ၏ မျိုးဆက်သစ် ဖြစ်လာခဲ့သည်။ လနတ်သမီး၏ ယုန်သည် သူ့ခြံမှ ထွက်ရှိသော မုန်လာဥနီကိုသာ စား‌သောက်သည်။ သူ့ခြံကနေ ထွက်တဲ့ မှော်ပဲစေ့တွေကနေ ကောင်းကင်ဘုံစစ်တပ်ကို ဖန်ဆင်းနိုင်သည်။ မကြာသေးမီက ထွက်ရှိခဲ့သော နဝမအဆင့် ကိုးဆယ့်‌ခြောက်ပါးရောဂါဝေဒနာပျောက်ကင်းစေသည့် ဆေးဝါးကို ဖော်စပ်ရန် လိုအပ်တဲ့ ပါဝင်ပစ္စည်းများကို သူ့ခြံကနေ ထောက်ပံ့ပေးခဲ့သည်။…

# Action # Adventure

ကောင်းကင်ဘုံအားဆန့်ကျင်၍

လူငယ်လေးရဲ့ ဒန်ထျန်ကတော့ ငယ်ကတည်းက ပိတ်ဆို့နေခဲ့တယ်။ သူဟာ လောကဓာတ်တွေ၊ သိုင်းပညာတွေ အကုန်လုံးကို သင်ယူနိုင်စွမ်း ရှိတယ်။ ဧကရာဇ်တွေ၊ စစ်ဘုရင်တွေ အင်အားကြီးမားလာပြီးတော့ မျိုးနွယ်စုတွေဟာ ထောင်သောင်းချီတဲ့ အရေအတွက်တွေကို စုစည်းပြီးတော့ ရင်ဆိုင်တိုက်ခိုက်ကြတယ်။ လူငယ်လေး မျက်လုံး ဖွင့်လိုက်တာနဲ့ လူတိုင်းဟာ သူ့ရဲ့တည်ရှိမှုကြောင့် ကျောချမ်းကြရတယ်…။ လူသားတွေက ငါ့အပေါ် မတရားဘူး…။ သန်းပေါင်းများစွာသော အလောင်းကောင်တွေဟာ မြေပြင်အနှံ…

# Action # Adventure

ဂန္ထဝင်ဆန်သော ယန္တရားပညာရှင်

အိပ်ရာနိုးလာတဲ့အချိန် ကိုယ်အရမ်းကြိုက်တဲ့ဂိမ်းထဲ ရောက်နေတာတွေ့ရင် ဘာလုပ်မလဲ။ ကိုယ်တိုင်ဝင်ကစားနေတဲ့သူ မဟုတ်ဘဲ NPC တစ်ယောက်ဖြစ်နေရုံသာမက ဂိမ်းမထွက်ခင်အချိန်ကို ပြန်ရောက်သွားတယ်ဆိုတာ တွေ့ရရင် ဘာလုပ်မလဲ။ ဇာတ်ဆောင်နှစ်ဦးရဲ့ အဖြစ်မှန်တွေ ထိပ်တိုက်တွေ့တဲ့အခါ ဘာတွေဖြစ်မလဲ။ ဟန်ရှောင်းဆိုတဲ့ ဂိမ်မာလေးတစ်ယောက်ဟာ ပြန်လည်မဝင်စားမီက အခြားသူများအတွက် ဂိမ်းLevelတင်ပေးတဲ့နေရာမှာ တကယ့်ဆရာကြီးတစ်ပါးပေါ့။ သူရဲ့ အရင်ဘဝက ဗဟုသုတတွေကို အသုံးချပြီး စကြဝဠာတစ်ခုလုံးကို သိမ်းပိုက်ပြီး တကယ့်ကစားသမားတွေ မရောက်ခင်…

# Action # Martial Arts

ငရဲဘုံကိုးခုဧကရာဇ်

ခေတ်တစ်ခေတ်တည်းတွင်မွေးဖွာလာသောသူတို့အားလုံး၍ အင်အားအကြီးဆုံး အသန်မာဆုံးဖြစ်သော ငရဲဘုံကိုးခုဘုံဗိမာန်၏ ကောင်းကင်ဘုံ အရှင်သခင်သည် အရာအားခပ်သိမ်း၏ မြစ်ဖျားခံရာ ဇစ်မြစ်ဖြစ်သော အံ့ဖွယ် ရတနာကို လုယူထွက်ပြေးရင်း အသတ်ခံရကာ ကောင်းကင်ဘုံမှ ကျဆင်းလာခဲ့သည်။ သူသည် ရှစ်ဖုန့် ဟုခေါ်သော လူငယ်လေးအဖြစ် ပြန်လည်မွေးဖွားလာခဲ့ပြီး အတိတ်က သူ၏ မှတ်ဉာဏ်များကိုအားကိုးအားထား ပြုလျက် ပါရမီရှင်ပုဂ္ဂိုလ်တို့၏ အလောင်းတို့အား ဘယ်ညာစုပုံ၍ သူတို့၏ အရိုးနှင့်ဦးခွံတို့အား ချနင်းလျှောက်လမ်းကာ…

# Action # Comedy

ငရဲမှလာသောသူ

စကြဝဠာ၏ နတ်ဆိုးဧကရာဇ်သည် တစ်ဖန်ပြန်လည်ရှင်သန်လာ၏။ ရန်သူများက သူ့ရှေ့ ဒူးထောက်ခစားသင့်သည်။ မိန်းမချောလေးများကတော့ သူ့ရှေ့၌ လှဲလျောင်းနေသင့်၏။ “ငါက နတ်ဆိုးတစ်ကောင်ပဲ… ငါက နတ်ဘုရားတွေနဲ့ အင်မော်တယ်တွေကို ကျွန်ပြုလာတာ… မင်းတို့ ငါ့ကို အညံ့မခံဘူးဆိုရင် အတင်းအကြပ် အညံ့ခံလာအောင် ငါ လုပ်ရလိမ့်မယ်…” ယဲ့ဖန်…။

# Fantasy # Gender Bender

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ၊ ဘာလို့ ဒီလောက်တောင် ခက်ခဲနေရတာလဲ

“ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။” မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက စိတ်ကူးသက်သက်ပါပဲ။ ဒါပေမဲ့ တစ်နေ့တော့ ထူးဆန်းတဲ့ သလင်းကျောက်ကလေးက သူ့ကိုပြောင်းလဲစေခဲ့တယ်။

# Action # Adventure

ငါကဂိမ်းထဲဝင်နိုင်တယ်

ချင်လင်သည် ‘စိုက်ပျိုးမွေးမြူရေးခြံဇာတ်လမ်း’အမည်ရသော ခေတ်ဟောင်းဂိမ်းတစ်ခုကိုကစားနေစဉ် ဓာတ်လိုက်ခဲ့သည်။ ထို့နောက် သူ့တွင် ဂိမ်းအတွင်းသို့ဝင်ရောက်နိုင်စွမ်းရှိကြောင်း ရုတ်တရက်သိလိုက်ရ၏။ သူဂိမ်းအတွင်း၌စိုက်ခဲ့သောဖရဲသီးကိုပင် လက်တွေ့လောကသို့ ယူလာနိုင်ခဲ့သည်။ ပထမတော့ ဖရဲသီးတစ်ကတ်တီကို နှစ်ယွမ်နှင့်ရောင်းရန်စီစဉ်လိုက်၏။ သို့ဆိုလျှင် ဂိမ်းထဲတွင် နေ့စဉ်ဖရဲသီးကတ်တီပေါင်းတစ်သောင်းစိုက်ပြီး လက်တွေ့လောကတွင်ရောင်းချတိုင်း ယွမ်နှစ်သောင်းရရှိမည်ဖြစ်လေသည်။ နောက်တော့ သူ့စိုက်ပျိုးမွေးမြူရေးခြံကိုအဆင့်မြှင့်တင်လိုက်လျှင် လက်တွေ့လောကထက် အရည်အသွေးပိုကောင်းတဲ့သီးနှံတွေရနိုင်တာ သူသတိထားမိသွားသည်။ ခြံမွေးတိရစ္ဆာန်တွေမွေးမြူလိုက်ရင်လည်း အပြင်မှာထက် လုံးဝသာမှာပင်။ သူစက်ရုံတွေတည်ပြီးနောက်ပိုင်း အပြင်လောကထက်အပြတ်အသတ်သာသော လမ်းညွှန်နည်းအမျိုးမျိုးရရှိခဲ့၏။…

# Action # Adventure

ငါ့စေ့စပ်ပွဲဖျက်သိမ်းပြီးတဲ့နောက် ဩဇာကြီးမားတဲ့ဝန်ကြီးရဲ့ ရတနာလေးဖြစ်လာခဲ့တယ်

စိုက်ပျိုးရေးပညာရှင် ရှစ်ချင်းလျို့သည် သေဆုံးသွားပြီးနောက် သူမ မျက်လုံးတစ်ဖန်ပြန်ဖွင့်လိုက်ချိန်တွင် ရှေးခေတ်က ရွာသူမိန်းကလေးတစ်ယောက်အဖြစ် ကူးပြောင်းသွားခဲ့ကြောင်း သိလိုက်ရပါသည်။ သူမရဲ့ ဇာတ်လမ်းကတော့ သူမရဲ့ မိသားစုက သူမကို ရောင်းစားခဲ့ပြီး လက်ရှိမှာတော့ အတင်းအကြပ် ခေါ်ဆောင်သွားဖို့လုပ်ရာမှ စတင်ခဲ့တာ ဖြစ်ပါတယ်။ သူမသည် သူတို့ထက် ပိုကြမ်းတမ်းခက်ထန်ပြီး ပြဿနာရှာသူများကို အရှုံးဖြင့် ငိုကြွေးစေခဲ့ကာ သူမ၏ အိမ်ထောင်ရေးကို ရုတ်သိမ်း‌ရန် အစပြုခဲ့ပြီး…

# Action # Adventure

ငါ့တပည့်တွေကဘုရင်တွေ

လူတိုင်းသိကြသည့် တောင်ပိုင်းဒေသတွင် လုံးဝရန်စလို့မသော အနှိုင်းမဲ့တည်ရှိမှုကြီးတခုရှိလေသည်။ စံအိမ်တော်၏ အကြီးဆုံးတပည့်သည် ဓားပညာကို တဖက်ကမ်းခပ်ကျွမ်းကျင်သော တောင်ပိုင်း ဓားသူတော်စင်ဖြစ်သည်။ ဒုတိယတပည့်သည် ခေတ်တခု၏ အုပ်ချုပ်သူ ဧကရီဖြစ်သည်။ တတိယတပည့်သည် လက်ရှိမျိုးဆက်၏ ပညာရှင်ကြီးဖြစ်ပြီး အမတစာပေ လူဝင်စားဖြစ်သည်။ စတုတ္ထတပည့်သည် ငရဲကိုးပါးကို နှိမ်နှင်းသည့် နတ်ဆိုးနတ်ဘုရား၏ လူဝင်စားဖြစ်သည်။ လုချန်ရှန်: ငါလား။ ငါကဘာမှမထူးခြားပါဘူး၊ ငါက သူတို့ရဲ့ဆရာဖြစ်ရုံလေးပဲ။