မဟာနတ်ဘုရားဘွဲ့စစ်ပွဲကြီးမတိုင်ခင် ရှေးခေတ်တွင် မွေးဖွားလာခဲ့ပြီးနောက် လီချန်ရှို့သည် သာမန်ကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့သည်။ သူက ခမ်းနားကြီးကျယ်သော အောင်မြင်မှုများအား မတပ်မက်သည့်အပြင် ဘေးအန္တရာယ်နှင့် ကြုံတွေ့ရမှာကိုလည်း မလိုလားချေ။ သူ၏တစ်ခုတည်းသော အိပ်မက်မှာ ကျင့်ကြံသူတစ်ယောက်အနေဖြင့် အသက်ရှည်ရှည်နေထိုင်နိုင်ရန်သာ ဖြစ်သည်။ ရက်စက်ကြမ်းတမ်းသော ကမ္ဘာဦးခေတ်တွင် အသက်ရှင်နေထိုင်နိုင်ရန်အလို့ငှာ လီချန်ရှို့က ရန်ငြှိုးကလဲ့စားများဖြစ်စေသော သတ်ဖြတ်ခြင်း သံသရာနှောင်ကြိုးများကို ခက်ခက်ခဲခဲ ရှောင်ရှားခဲ့ရသည်။
သို့ဖြစ်၍ သူ့ကိုယ်သူ အန္တရာယ်တောထဲ မရောက်သွားရလေအောင် မည်သည့်အရာမျှမလုပ်ခင် အမြဲတမ်း စေ့စပ်သေချာစွာ အစီအစဉ် ချလေ့ရှိသည်။ သူက ဝှက်ဖဲများကိုလည်း သိုဝှက်ထားပြီး လွတ်မြောက်ရန် နည်းစနစ်များကိုလည်း လေ့ကျင့်ထားသည်။ အဆိပ်ဆေးလုံးများလည်း ဆောင်ထားပြီး သူ၏ထူးဆန်းသော အရည်အချင်းများကို ထူးချွန်အောင် လေ့လာထားသည်။ သူက တစ်ခုခု မလုပ်ခင် သတိကြီးကြီးထားတတ်ပါသော်လည်း သူ လုပ်လိုက်သည်နှင့် မိုးမြေတုန်ဟီးစေသော ကိစ္စရပ်များ ဖြစ်ပွားလေ့ရှိသည်။ ထိုကိစ္စကြီးများ ဖြစ်ပွားပြီးသောအခါတွင်လည်း သူက သဲလွန်စရှာမရအောင် ပျောက်ကွယ်သွားလေ့ရှိသည်။
လီချန်ရှို့၏ မူလအစီအစဉ်က တောင်ပေါ်တွင် သိုသိုသိပ်သိပ် နေထိုင်ရန် ဖြစ်သည်။ ထိုတောင်ပေါ်တွင် သူက အမတဘဝသို့ တက်လှမ်းနိုင်သည်အထိ ကျင့်ကြံရန် ကြံရွယ်ထားသည်။ သို့သော် သူတို့၏ဘဝလေး အေးချမ်းတည်ငြိမ်နေပြီဟူ၍ သူ့ဆရာ ထင်လာသည့်တစ်နှစ်တွင် ဆရာတူညီမလေးတစ်ယောက် ခေါ်လာသောအခါ အရာအားလုံး ပြောင်းလဲသွားခဲ့ရသည်။
ဒီစာစဉ်က မူရင်းဝက်ဘ်ဆိုဒ်မှာ ထိပ်ဆုံးကနေ မဆင်းတဲ့ စာစဉ်တစ်ခုလည်း ဖြစ်ပါတယ်။ စာစဉ်အဆုံးထိ အခန်းပေါင်း ( ၇၆၆ ) ခန်းသာ ရှိတဲ့အပြင် အခန်းတိုင်းကလည်း ကလိထိုးရယ်ရတာမဟုတ်ဘဲ တွေးတွေးပြီး ရယ်စရာကောင်းတာပါ။ စာစဥ်က တရုတ်ဒဏ္ဍာရီတွေကို ရောသမမွှေထားတာပါ။ တာအိုနတ်မင်းကြီးသုံးပါးတို့ နွီဝါးတို့အကြောင်းတွေပါပါတယ်။ ဒီတော့ ပိပိရိရိနဲ့ အကွက်ချတာမျိုး၊ အနောက်ဘက်သို့ ခရီးသွားခြင်း ပုံစံမျိုး စာစဉ်ကို ဖတ်ချင်ရင်တော့ ဒီစာစဉ်က ရွေးချယ်စရာတစ်ခု ဖြစ်မှာပါ။
စာစ္အသစ်မလားသေးဘူးဗျ
ပုံမှန်လေး ရေးပြီး တင်ပေးပါဗျ
13မျှော်နေပါတယ်
စာစဉ်13 လေးမတင်သေးဘူးလား
စာစဥ်အသစ်မထွက်သေးဘူးလား😁😁😁
တဈပိုငျးတဈပိုငျး စောငျ့ရတာတောျတောျမောပါတယျ
ပုံမှန်တင်ပေးပါ
မဆိုးဘူး