လွန်ခဲ့သော နှစ်ပေါင်း ၆၀ခန့်က…
လူလတ်ပိုင်းအရွယ်လူကြီးတစ်ဦးသည် ချီလင်တစ်ကောင်နှင့် ဘဲတစ်ကောင်တို့ကို ခေါ်ဆောင်ကာ အလယ်ပိုင်းကုန်းမြေတိုက်ကြီး၏ နန်းမြို့တော်ထဲသို့ ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့သည်။
ထိုနှစ်တွင် ထိုလူလတ်ပိုင်းလူကြီးသည် တောင်တန်းများ၊ ပင်လယ်များနှင့် ဥတုလေးပါးကို ဖြတ်ကျော်ကာ ချင်းလွမ်ကျောင်းတော်သို့ လျှောက်လှမ်းဝင်ရောက်သွားခဲ့သည်။
နှစ်ပေါင်း ၆၀ ကြာပြီးနောက် လူငယ်လေး လင်းရှီသည် ရထားလုံးအိုကြီးတစ်စီးအား စီးကာ တောသမင်ကျေးရွာမှ စတင်ထွက်ခွာလာခဲ့သည်။ ယွီချင်းဧကရာဇ်ပြည်ကြီးအား ဖြတ်သန်းကာ မြောက်ဘက်စူးစူးရှိ ချင်းလွမ်ကျောင်းတော်ဆီသို့ ခရီးနှင်ခဲ့လေတော့သည်။
ဤပုံပြင်တွင် ဧကရာဇ်တစ်ပါး၏ ဂုဏ်သိက္ခာ၊ သစ္စာတရားနှင့် ဖောက်ပြားမှု၊ နုပျိုခြင်း၏ စိတ်အားထက်သန်မှု၊ လူငယ်လေးတစ်ယောက်၏ လောကအပေါ် မတူကွဲပြားသော ရှုမြင်မှုများနှင့် ကျင့်ကြံခြင်းကျောင်းတော်တစ်ခု စသည်…
—– ———– —– ———– —– ———
မူရင်း၀တ္ထုအမည်- 仙魔变
တရုတ်ဝဘ်ဆိုဒ်များတွင် ဆုတံဆိပ်များ၊ စံချိန်များ ရရှိခဲ့သည်။
တိုင်းပြည်များ၊ ကျောင်းတော်များဖြင့် ကြီးမားကျယ်ပြန့်သော ဇာတ်အိမ်ကို အခိုင်အမာရေးဖွဲထားပြီး ဇာတ်ကောင်စရိုက်များ ပေါ်လွင်အားကောင်းသည်။ ဇာတ်လိုက်တစ်ယောက်တည်းအပေါ် အခြေတည်ရေးဖွဲ့ထားခြင်းမျိုးမဟုတ်ပဲ သူ့ပတ်ဝန်းကျင်မှ ဇာတ်ကောင်များတွင်လည်း ဘ၀တွေရှိနေသည်။ တွေ့မြင်နေကျ မောက်မာသောသခင်လေးများ၏ နောက်ကြောင်းသည်ပင် ထင်သလောက် ရိုးရှင်းမနေကြောင်း တဖြည်းဖြည်း သိလာရလိမ့်မည်ဖြစ်သည်။
မူရင်းအရေးအသားကလည်း တစိမ့်စိမ့် အရသာခံဖတ်ရှုရလောက်အောင် ကောင်းမွန်သောကြောင့် အတတ်နိုင်ဆုံး ကြိုးစားဘာသာပြန်တင်ဆက်ထားပါသည်။
မတင်တော့ဘူးလား