ရန်ကျောက်ကဲသည် မူလက ကမ္ဘာမြေမှ ဖြစ်သည်။ ထို့နောက် အတိုးတက်ဆုံး ခေတ်ကာလကို ရောက်နေသည့် ကျင့်ကြံခြင်းကမ္ဘာ၏ ရှားပါးကျမ်းများ စုဆောင်းထားရှိရာ ကောင်းကင်နန်းတော်ကြီးတွင် ပြန်လည်မွေးဖွားလာသည်။
သို့သော် များမကြာမီ ကမ္ဘာပျက်နိုင်လောက်သည့် ကပ်ဘေးကြီး ကျရောက်လာရာ ကောင်းကင်နန်းတော်ကြီးလည်း ပျက်စီးသွားခဲ့ပြီး ထိုကမ္ဘာပျက်ကပ်ဘေးပြီးနောက် နှစ်ပေါင်းများစွာအကြာတွင် ဒုတိယအကြိမ် ပြန်လည်မွေးဖွားလာသည်။
ထိုအချိန်တွင် လူတို့သည် ကမ္ဘာပျက်ကပ်ဘေးမတိုင်ခင်က အကြွင်းအကျန်များကို တူးဖော်တွေ့ရှိပြီး ကျင့်ကြံခြင်းလူ့အဖွဲအစည်းကို ပြန်လည်တည်ထောင်ကြသည်။ ထိုကျင့်ကြံခြင်းလူအဖွဲ့အစည်းမှာ ဖွံဖြိုးဆဲကာလ၌ပင် ရှိနေသေးပြီး ယခင် အတိုးတက်ဆုံးခေတ်ကာလသို့ ပြန်လည်ရောက်ရှိရန် လွန်စွာ ဝေးကွာသေးသည်။
အတိုးတက်ဆုံးခေတ်ကာလမှ တန်ဖိုးကြီးကျမ်းများ အပြည့်ရှိသည့် မှတ်ဉာဏ်များနှင့်အတူ ဤတစ်ကြိမ် ရန်ကျောက်ကဲ ပြန်လည်မွေးဖွားလာခြင်းမှာ အခက်ဆုံးအဆင့်ဖြင့် ကစားနေကျ ကစားသမားတစ်ဦးက အလွယ်ဆုံးအဆင့်ဖြင့် ပြောင်းလဲကစားလိုက်သကဲ့သို့ပင်ဖြစ်သည်။ ထိုမျှတင် မကသေး။ ရန်ကျောက်ကဲသည် ဤတစ်ကြိမ်တွင် ထိပ်သီးဂိုဏ်းတစ်ဂိုဏ်း၏ ချမ်းသာကြွယ်ဝသော နံပါတ်တစ်ပါရမီရှင်၏ခန္ဓာကိုယ်ထဲတွင် ပြန်လည်မွေးဖွားလာခြင်း ဖြစ်သည်။ ထိုကြောင့် သူ့ဘဝမှာ အစစအရာရာ အဆင်ပြေချောမွေ့လျက် ရှိသည်။
သို့သော် တစ်ခုခုတော့ မှားယွင်းနေသည်။ သူသာ ပြန်လည်မွေးဖွားခြင်း သိုင်းဝတ္ထုများထဲကလို ဇာတ်လိုက်တစ်ယောက်ဆိုလျှင် အောက်ခြေမှပင် စသင့်သည် မဟုတ်ပါလော။ ထိုအချိန်တွင် ဇာတ်လိုက်ကဲ့သို့ ဘဝဇာတ်ကြောင်းရှိသည့် လူတစ်ယောက်ကပါ ပေါ်လာသည့် နောက်မှာတော့…။
ဘယ်လိုဖတ်ရမလဲပြပေးပါဦး
Goldနဲ့ကိုယ်ဖတ်ခြင်တဲ့အပိုင်းဘဲဝယ်ခြင်တာ မရဘုးလား
အပိုင်းသစ်လေးတွေတင်ပါဦး
အပိုင်း(၂၆)(၂၇)(၂၈)(၂၉)ပျောက်နေတယ်