သူဌေးသားတစ်ယောက်ဖြစ်တဲ့ လီဖန်းဟာ ကုမ္ပဏီဒေဝါလီခံရပြီး မိခင်မှာလည်း လုပ်ကြံခံရကာ ကားမှောက်သေဆုံး ခဲ့လေသည်။ ကံဆိုးစွာဖြင့် ကောင်မလေးရဲ့ သစ္စာဖောက် ခြင်းကိုလည်း ခံခဲ့ရ၏။
အပေါင်းအသင်းများက ရှောင်ဖယ်ကာ လောကအလယ် တစ်ယောက်တည်း နာကျည်းစွာ ရှင်သန်နေစဥ် ‘နတ်ဘုရားမလေးများအားကယ်တင်မှုစနစ်’ ဟူသော စနစ်နှင့် ပေါင်းစည်းမိပြီး မျှော်လင့်ချက်ဟူသော အလင်းရောင်တစ်ခုကို ပြန်လည်တွေ့ရှိလာခဲ့သည်။
“ဂုဏ်ယူပါတယ် သခင်၊ နတ်ဘုရားမလေးရဲ့မျက်နှာသာ ပေးမှု +၁၀နှင့် နတ်ဘုရားအဆင့်စကေး ‘ကိုယ်ပျောက်ခြင်း’ ကိုရရှိပါတယ်…”
“ဂုဏ်ယူပါတယ် သခင်၊ နတ်ဘုရားမလေးအား ကယ်တင်မှု အောင်မြင်ပြီး အဆုံးမဲ့အနက်ရောင်ကတ်ကို ရရှိပါတယ်…”
“ဂုဏ်ယူပါတယ် သခင်၊ နတ်ဘုရားမလေး ၁၀ယောက်ကို ကယ်တင်နိုင်ခဲ့ပြီး ပြန်လည်ရှင်သန်ခြင်း ဆေးလုံးကိုရှိပါတယ်…”
မိခင်ရဲ့ သွေးကြွေးတွေ၊ အထင်သေးခဲ့ရမှုနဲ့၊ အသိအမှတ် မပြုခြင်းမရှိခဲ့တဲ့ မိသားစုဝင်တွေနဲ့…။ ရင်ထဲက နာကျည်းမှုတွေကို မြိုသိပ်ပြီး၊ ဟန်ဆောင်အပြုံးဖြင့် လောကကြီးကို မုန်းတီးနေသည့် ကောင်လေးတစ်ယောက်ရဲ့ လက်စားချေမှု…။
ဒါဟာ မိန်းမလှလေးတွေကို ကာကွယ်ရင်း လောကကြီးကို မထီမဲ့မြင်ပြုတတ်တဲ့ လူသားတစ်ယောက်ရဲ့ သွေးရောင်လွှမ်းတဲ့ အချစ်လမ်းမှာ ဟန်ကျကျ ရယ်မောပုံတို့ကို သီကုံးထားတဲ့ ဇာတ်ကြောင်းလေးပဲ ဖြစ်ပေတော့သည်။
အပိုင်းသစ်တွေတင်ပေးပါအူး
Gold က အရင်တုန်းက K Pay နဲ့ ၀ယ်လို့ ရတယ် အခု ၀ယ်မလို့ လုပ်တာ အဆင်မပြေတော့ဘူး ဘယ်လိုလုပ်ရမလဲ ပြောပေးပါအုံး
562 မတွေ့ပါ