သတ်ဖြတ်သူသွေးနတ်ဘုရား စာစဉ်သည် 18+ အမျိုးအစား တရုပ်သဘာဝလွန်ဝထ္ထု ဖြစ်ပါသည်။ ဤစာစဉ်၏ဇာတ်လိုက် ရှီယန်သည် ပြင်းထန်သောအားကစား Extreme Sport(ဥပမာ ကျောက်တောင်အလွတ်တက်ခြင်း၊လမ်းကြမ်း စကိတ်စီးခြင်း) အားကစားသမားတစ်ယောက်ဖြစ်သည်။ ဘဟားမားရှိ နာမည်ကျော် ပင်လယ်ရေနက် တွင်းပြာကြီးထဲသို့ စွန့်စားရေငုပ်နေစဉ် မတော်တဆတစ်ခုဖြစ်ခဲ့လေ၏။
သူ့ ဝိဉာဉ်သည် အချိန်နှင့် စကြာဝဠာကို ဖြတ်သန်းပြီး အခြားကမ္ဘာက ရှီယန်(သူနှင့်နာမည်တူသူ) ၏ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ သူကတော့ နာမည်ကြီးကလန်တစ်ခုက ခေါင်းဆောင်ငယ်လေးတစ်ယောက်ဖြစ်ပြီး စွန့်စားရှာဖွေမှုတွေပြုလုပ်နေရင်း သွေးရေကန်ကြီးတစ်ခုဘေးမှာသေဆုံးသွားခဲ့ခြင်းဖြစ်၏။
ပြန်လည်နိုးထလာသောရှီယန်သည် သွေးရေကန်ထဲက သွေးနွယ်ရှင်လက်စွပ်ကိုရရှိပြီး အစွမ်းထက်လာခဲ့လေသည်။ ပိုမိုအစွမ်းထက်လာအောင်ဆက်တိုက်သတ်ဖြတ်နေဖို့လိုအပ်ပြီး သတ်ဖြတ်ပြီးတိုင်းမှာလဲ လိင် စိတ်ဆန္ဒတွေပါ တစ်ပါတည်းနိုးကြားလာတဲ့အခါမှာတော့…။