၁၉၆၀ ခုနှစ်များဆီသို့
လင်းချင်းဟယ်သည် ဝတ္ထုဇာတ်လမ်းတစ်ပုဒ်ထဲသို့ ကူးပြောင်းလာခဲ့ပြီး အမြှောက်စာဇာတ်ကောင်တွေထဲက တစ်ယောက်ဖြစ်လာခဲ့သည်။ ထိုဝတ္ထုဇာတ်လမ်း၏အကြောင်းအရာနောက်ခံသည် ၁၉၆၀နှောင်းပိုင်း အစားစားချင်တိုင်းမစားနိုင် အဝတ်ဝတ်ချင်တိုင်းမဝတ်နိုင်သော အစားအစာ၊ အဝတ်အထည်ရှားပါးသောအချိန်ကို ဇာတ်အိမ်တည်ထားခဲ့သည်။ ထိုခေတ်အချိန်တွင် ကုန်ပစ္စည်းများဆင်းရဲချို့တဲ့ပြီး နေထိုင်မှုဘဝကလည်း ပျင်းရိငြီးငွေ့ဖွယ် ကောင်းလှသော်လည်း ထောက်ပံ့ရေးပစ္စည်းများ ပြည့်ကျပ်နေသော ကိုယ်ပိုင်နေရာလွတ် နယ်မြေတစ်ခုရှိသောကြောင့် ၎င်းသည် သူမအတွက်တော့ စိုးရိမ်စရာမဟုတ်ပေ။ သူမစိုးရိမ်နေသည့်အရာမှာ သူမမှန်ကန်စွာမှတ်မိသည်ဆိုပါက သူမ၏သားသုံးယောက်သည် အနာဂတ်တွင် ဗီလိန်ကြီးများဖြစ်လာမည်ဖြစ်ပြီး သူတို့ရဲ့ဖြောင့်မတ်ပြီးအေးစက်သောဖခင်ဖြစ်သူသည်…