Mature

# Adult # Josei

၁၉၆၀ ခုနှစ်များဆီသို့

လင်းချင်းဟယ်သည် ဝတ္ထုဇာတ်လမ်းတစ်ပုဒ်ထဲသို့ ကူးပြောင်းလာခဲ့ပြီး အမြှောက်စာဇာတ်ကောင်တွေထဲက တစ်ယောက်ဖြစ်လာခဲ့သည်။ ထိုဝတ္ထုဇာတ်လမ်း၏အကြောင်းအရာနောက်ခံသည် ၁၉၆၀နှောင်းပိုင်း အစားစားချင်တိုင်းမစားနိုင် အဝတ်ဝတ်ချင်တိုင်းမဝတ်နိုင်သော အစားအစာ၊ အဝတ်အထည်ရှားပါးသောအချိန်ကို ဇာတ်အိမ်တည်ထားခဲ့သည်။ ထိုခေတ်အချိန်တွင် ကုန်ပစ္စည်းများဆင်းရဲချို့တဲ့ပြီး နေထိုင်မှုဘဝကလည်း ပျင်းရိငြီးငွေ့ဖွယ် ကောင်းလှသော်လည်း ထောက်ပံ့ရေးပစ္စည်းများ ပြည့်ကျပ်နေသော ကိုယ်ပိုင်နေရာလွတ် နယ်မြေတစ်ခုရှိသောကြောင့် ၎င်းသည် သူမအတွက်တော့ စိုးရိမ်စရာမဟုတ်ပေ။ သူမစိုးရိမ်နေသည့်အရာမှာ သူမမှန်ကန်စွာမှတ်မိသည်ဆိုပါက သူမ၏သားသုံးယောက်သည် အနာဂတ်တွင် ဗီလိန်ကြီးများဖြစ်လာမည်ဖြစ်ပြီး သူတို့ရဲ့ဖြောင့်မတ်ပြီးအေးစက်သောဖခင်ဖြစ်သူသည်…

# Action # Adventure

ကစားပွဲကမ္ဘာ

2190ခုနှစ်မှာတော့ Earth Online ဆိုသော MMORPG ဂိမ်းက ခေတ်စားလာခဲ့ပြီး လူတွေဟာဂိမ်းကစားရင်းနဲ့ပဲ အချိန်တွေကုန်ဆုံးလာခဲ့တယ်။ ဂိမ်းထဲမှ ကမ္ဘာကြီးဟာ လက်တွေ့ကမ္ဘာကြီးထက် ဆယ်ဆခန့်ပိုမိုကြီးမားပြီး ကစားသူတွေဟာ ထိပ်ဆုံးသို့ ရောက်ရှိရန်အတွက် ထူးခြားတဲ့ စွန့်စားခန်းတွေ၊ နယ်မြေတွေ တည်ထောင်ခြင်းတွေနဲ့ စစ်ပွဲများတိုက်ခိုက်ခြင်းတွေကို လုပ်ဆောင်ကြရပါတယ်။ ဂိမ်းထဲမှာ သေဆုံးသွားမယ်ဆိုရင်တော့ ကိုယ့်ရဲ့Level က ကျဆင်းသွားပြီး သုညကိုပြန်ရောက်သွားပါမယ်။ အိုးရန်ရှို ဟာ…

# Action # Adventure

ဗီလိန်သခင်လေးအဖြစ် ပြန်လည်ဝင်စားခြင်း

ဗီလိန်ဆိုတဲ့ စကားလုံးကို ကြားလိုက်တာနဲ့ ဘယ်လိုတွေးလိုက်မိလဲ။ ယုတ်မာ၊ ရက်စက်ပြီး၊ ဉာဏ်များတာလား။ မှန်တယ်၊ ဒါပေမဲ့ ဒီဝတ္ထုရဲ့ ဇာတ်လိုက်က ဗီလိန်အဖြစ် ပြန်လည်ဝင်စားလာတာ ဆိုရင်ရော။ သူက အဆုံးနိုင်တဲ့ ဇာတ်ကွက် အကာအကွယ်တွေရှိတဲ့ ဇာတ်လိုက်ကို သတ်နိုင်ပါ့မလား။ ကျိုးယွမ်သည် အရင်ဘဝက ဖတ်ခဲ့သော ကျင့်ကြံခြင်းဝတ္ထုထဲသို့ ပြန်လည်ဝင်စားခဲ့သည့် အချက်ကို လက်ခံလိုက်ရသည်။ သူ့နောက်ခံက တစ်မူထူးခြားကြောင်း သတိပြုလိုက်မိသည်။…

# Action # Adventure

ဓားဧကရာဇ်၏ ရုပ်ပုံလွှာ

တက္ကသိုလ်တက်တော့မည့် ကျောင်းသားလူငယ် တင်းဟောက်။ ပါတီပွဲနေ့မှာပဲ သေဆုံးသွားပြီး အဆုံးမဲ့ကုန်းမြေဟုခေါ်ဆိုသော ကျင့်ကြံခြင်းလောကဆီမှ တင်းဟောက်ဆိုသည့်ကောင်လေးတစ်ယောက်၏ ခန္ဓာကိုယ်ထဲ ကူးပြောင်းရောက်ရှိလာလေသည်။ ဝိညာဉ်ချင်းပေါင်းစည်းသွား၍ ဉာဏ်ရည်နှစ်ဆဖြစ်လာသော တင်းဟောက်။ တစ်သက်လုံးလေ့ကျင့်ခဲ့ပြီး အကြိမ်ကြိမ်ကျရှုံးခဲ့ရသော အခြေခံဓါးကွက် ဆယ့်ခြောက်ကွက်အား နာရီပိုင်းအတွင်း ကျင့်ကြံအောင်မြင်သွားလေ၏။ နှစ်ဆတိုးဉာဏ်ရည်ကြောင့် သိုင်းကွက်တွေကို မြင်ရုံနဲ့ မှတ်မိလာသည်။ သို့ပေမယ့် ဓါးခရီးသည်ဂိုဏ်းရဲ့ ဝင်ခွင့်စစ်ဆေးခြင်းကို အောင်မြင်ဖို့ကတော့ သူ၏ မွေးရာပါသွေးကြောကျဉ်းရောဂါကို ကုသမှရမည်။…

# Action # Comedy

ကီးဘုတ်အင်မော်တယ်

မိုးကြိုးပစ်ခံရကာ ဘဝပြောင်းသွားသော ဇူအန်…။ လပြည့်မြို့တော်၏ လူပေါ်ကြော့တစ်ယောက်အဖြစ် နိုးထလာသည်။ သို့သော် စိုင်ကော်၍ ခြုံပေါ်ရောက်ဆိုသလို ချူကလန်မှ ထိပ်တန်းပါရမီရှင်အလှပဂေးသမီးပျိုလေးနှင့် မင်္ဂလာဆောင်ရသည်။ ဒန်…ဒန့်…ဒန်…။ ဘာလဲဟ…ငါက ကျင့်ကြံခြင်းလောကကို ဘဝကူးပြောင်းလာပေမဲ့ စွမ်းအင်ကျင့်ကြံဖို့ ပါရမီမပါဘူးတဲ့လား။ သောက်တလွဲကွာ…။ ဒါနဲ့ ငါ့ကို ဘာလိုလူတွေစိတ်ဆိုးနေပါလိမ့်…။ အဲ…နေပါဦး…ငါ့ သောက်ကျိုးနည်းမင်္ဂလာဦးညမှာ ငါက ဘယ်လိုလုပ်ပြီး ငါ့နှမဝမ်းကွဲအိပ်ရာထဲ ရောက်နေရတာလဲ။ ဇူအန်၏ စတင်ခြင်းက…

# Action # Adventure

အင်မော်တယ်လမ်း ခရီးကြမ်း

သာမန်ကောင်လေးတစ်ယောက်… သိုင်းဂိုဏ်းတစ်ခုရဲ့ ယာယီဂိုဏ်းဝင်တစ်ဦးအဖြစ် မတော်တဆ ဝင်ခွင့်ရသွားတဲ့အခါ… အင်မော်တယ်လမ်းစဉ်နဲ့ မတော်တဆ ထိတွေ့လာရပြီးနောက်… ကျင့်ကြံခြင်းမှာ ပါရမီနည်းတဲ့သူဟာ အင်မော်တယ်လမ်းစဉ်ကို တကယ်တမ်း လျှောက်လှမ်းနိုင်ပါ့မလား… ဒီဝတ္ထုဟာ သာမန်လူသားတစ်ယောက်က သားရဲတွေ၊ ရှေးဟောင်း အင်မော်တယ်တွေနဲ့ ခက်ခက်ခဲခဲရင်ဆိုင်ပြီး သူ့ရဲ့ကိုယ်ပိုင် အင်မော်တယ်လမ်းစဉ်ကို လျှောက်လှမ်းတဲ့အကြောင်းအရာကို ပုံဖော်ထားတာပါ။

# Action # Adventure

သတ်ဖြတ်သူသွေးနတ်ဘုရား

သတ်ဖြတ်သူသွေးနတ်ဘုရား စာစဉ်သည် 18+ အမျိုးအစား တရုပ်သဘာဝလွန်ဝထ္ထု ဖြစ်ပါသည်။ ဤစာစဉ်၏ဇာတ်လိုက် ရှီယန်သည် ပြင်းထန်သောအားကစား Extreme Sport(ဥပမာ ကျောက်တောင်အလွတ်တက်ခြင်း၊လမ်းကြမ်း စကိတ်စီးခြင်း) အားကစားသမားတစ်ယောက်ဖြစ်သည်။ ဘဟားမားရှိ နာမည်ကျော် ပင်လယ်ရေနက် တွင်းပြာကြီးထဲသို့ စွန့်စားရေငုပ်နေစဉ် မတော်တဆတစ်ခုဖြစ်ခဲ့လေ၏။ သူ့ ဝိဉာဉ်သည် အချိန်နှင့် စကြာဝဠာကို ဖြတ်သန်းပြီး အခြားကမ္ဘာက ရှီယန်(သူနှင့်နာမည်တူသူ) ၏ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ သူကတော့ နာမည်ကြီးကလန်တစ်ခုက…

# Action # Adventure

နတ်ဘုရားမလေးများအား ကယ်တင်ခြင်းစနစ်

သူဌေးသားတစ်ယောက်ဖြစ်တဲ့ လီဖန်းဟာ ကုမ္ပဏီဒေဝါလီခံရပြီး မိခင်မှာလည်း လုပ်ကြံခံရကာ ကားမှောက်သေဆုံး ခဲ့လေသည်။ ကံဆိုးစွာဖြင့် ကောင်မလေးရဲ့ သစ္စာဖောက် ခြင်းကိုလည်း ခံခဲ့ရ၏။ အပေါင်းအသင်းများက ရှောင်ဖယ်ကာ လောကအလယ် တစ်ယောက်တည်း နာကျည်းစွာ ရှင်သန်နေစဥ် ‘နတ်ဘုရားမလေးများအားကယ်တင်မှုစနစ်’ ဟူသော စနစ်နှင့် ပေါင်းစည်းမိပြီး မျှော်လင့်ချက်ဟူသော အလင်းရောင်တစ်ခုကို ပြန်လည်တွေ့ရှိလာခဲ့သည်။ “ဂုဏ်ယူပါတယ် သခင်၊ နတ်ဘုရားမလေးရဲ့မျက်နှာသာ ပေးမှု +၁၀နှင့်…

# Action # Adventure

အမှန်တရားရှာပုံတော်

ဒါက ပျော်စရာကောင်းတဲ့ ဝတ္ထုတစ်ပုဒ်တော့ မဟုတ်ပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ကံဆိုးမိုးမှောင်ကျမှု၊ စိတ်ပျက်ဝမ်းနည်းမှု၊ ကြမ်းတမ်းခက်ခဲမှုတွေကြားထဲ အမှန်နဲ့အမှား ဝေခွဲမရမှုတွေနဲ့ ပြည့်နှက်နေတဲ့ စာစဉ်တစ်ခုပါ…။ ဝတ္ထုက ခင်ဗျားတို့ကို ကျင့်ကြံခြင်းလောကအကြားထဲက ကြမ်းတမ်းခက်ထန်မှုတွေနဲ့ အမှန်တရားမဟုတ်တဲ့ အမှန်တရားတွေကို မိတ်ဆက်ပါလိမ့်မယ်။ လောကကြီးမှာ စစ်မှန်သော အဆိုးဆိုတာ မရှိသလို စစ်မှန်သော ကောင်းမွန်ခြင်းဆိုတာလည်း မရှိပါဘူး။ မိတ်ဆွေဆိုတာ ရန်သူလည်း ဖြစ်နိုင်သလို ရန်သူဆိုတာလည်း…

# Action # Adventure

နှောင်ဖွဲ့ခြင်းကင်းတန်ခိုးရှင်

ဝမ်လင်းက သာမန်ရွာလေးတစ်ရွာရဲ့ လက်သမားမိသားစုက ဉာဏ်နည်းနည်းကောင်းတဲ့ ကောင်လေးတစ်ယောက်။ သူက သူ့မိဘတွေကို အရမ်းချစ်တယ်။ တနေ့သူ့ရဲ့ ဦးလေးတစ်ယောက်ကြောင့် သူက တန်ခိုးရှင်ဂိုဏ်းတစ်ခုကို ဝင်ရောက်ဖို့ ဖြစ်လာခဲ့တယ်။ သူ့မိဘတွေကလည်း သူ့သားကို အင်မော်တယ်တစ်ယောက် ဖြစ်စေချင်ကြတယ်။ ဒီတော့ သူလည်း တန်ခိုးရှင်ဂိုဏ်းထဲ ဝင်မယ်ပေါ့။ ဒါပေမဲ့ သူက ကျင့်ကြံခြင်းမှာ ဘာပါရမီမှ မပါလာခဲ့ဘူး။အဲတော့ ဂိုဏ်းကနေ နှင်ထုတ်ခံရတယ်။ အိမ်ကိုပြန်ရောက်လာတယ်။…