Fantasy

# Drama # Fantasy

ပြန်လည်မွေးဖွားလာသောယောက္ခမဆိုး

စိတ္တဇဆေးရုံတစ်ခုတွင် တစ်ကိုယ်တည်း အထီးကျန်စွာသေဆုံးပြီးနောက် ဖန့်ကျွင်းရုံသည် ထင်ရှားကျော်ကြားသော မိသားစုအကြောင်း ရေးသားထားသည့် ဝတ္ထု၌ ဆိုးသွမ်းသောယောက္ခမ ဖြစ်‌နေကြောင်းကို သူ့ကိုယ်သူ တွေ့ရှိလိုက်ရသည်။ သူမ၏ ချွေးမဖြစ်သူက အားလုံး၏ အချစ်ကို ရရှိပိုင်ဆိုင်ထားသော အမျိုးသမီးဇာတ်လိုက်ပင် ဖြစ်၏။ ဝတ္ထုထဲတွင် အမျိုးသမီးဇာတ်လိုက်မှာ ကြင်နာတတ်ပြီးသဘောကောင်းကာ အမျိုးသားဇာတ်လိုက်က‌တော့ သူမအတွက် အသက်ပေးဆိုပေးမည်အထိ သူမကို အလွန်ချစ်မြတ်နိုးသောသူ ဖြစ်လေသည်။ သူမရဲ့ယောက္ခထီးကလည်း သူမကို…

8.4
# Adventure # Fantasy

သိုင်းလောကထဲလမ်းပတ်လျှောက်မယ့်စွေ့ဟုန်

စွေ့ဟုန်သည် ကမ္ဘာကူးပြောင်းလာခဲ့သူတ‌ယောက်ဖြစ်ပြီး သူနှင့်အတူပါလာသော စနစ်က သူရောက်ရှိနေသည့် ကမ္ဘာသည် ကျင့်ကြံသူအများအပြားရှိသော အထက်ကမ္ဘာတွင်ဖြစ်သည်ဟု ပြောခဲ့သည်။ ယခုရောက်ရှိနေသော ကမ္ဘာတွင် အင်မော်တယ် ဧကရာဇ်များကို ကောင်းကင်အနှံ့တွင် တွေ့ရမည်ဖြစ်ပြီး စွမ်းအားကြီးမကောင်းဆိုးဝါးများမှာလည်း ‌ကုန်းမြေတိုက်ကြီး အနှံ့အပြားတွင် ကျက်စားကြသည်။ထို တန်ခိုးစွမ်းအားကြီးမားသူများသည် ၎င်းတို့ စိတ်မကြည်လျှင် ကမ္ဘာကို ဖုန်တချက်ခါလိုက်သလို ဖျက်စီးနိုင်လိုက်သည် ဖြစ်သောကြောင့် စွေ့ဟုန်သည် သေးထွက်မတတ် ကြောက်ရွံ့နေမိခဲ့သည်။ ကံကောင်းစွာနှင့်…

# Action # Adventure

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ

လုကျိုးက ကမ္ဘာလောကကြီးရဲ့ အသန်မာဆုံးနဲ့ သက်တမ်းအရင့်ဆုံး မိစ္ဆာဂိုဏ်းချုပ်ဖြစ်ဖို့ နိုးထလာပြီး သူ့မှာ ဆိုးယုတ်မှုတွေ ပြည့်နေတဲ့ နာမည်ဆိုးနဲ့ ကျော်စောတဲ့ တပည့် ကိုးယောက်ရှိနေတာကို သိလိုက်ရတယ်။ သူ့အကြီးဆုံးတပည့်က ဂိုဏ်းသားထောင်ကျော်ရှိတဲ့ ငရဲဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်ပြီး ဒုတိယ တပည့်ကတော့ နည်းနည်းလေး သဘောထားကွဲလွဲတာနဲ့ သူများကို သတ်ဖြတ်လေ့ရှိတဲ့ ဓားနတ်ဆိုးဖြစ်တယ်။ သူ့ကျင့်ကြံမှုအခြေခံမရှိဘဲ အဲဒီ မိစ္ဆာတပည့်တွေကို ဘယ်လို ထိန်းချုပ်ရမလဲ။…

# Action # Adventure

ကစားပွဲကမ္ဘာ

2190ခုနှစ်မှာတော့ Earth Online ဆိုသော MMORPG ဂိမ်းက ခေတ်စားလာခဲ့ပြီး လူတွေဟာဂိမ်းကစားရင်းနဲ့ပဲ အချိန်တွေကုန်ဆုံးလာခဲ့တယ်။ ဂိမ်းထဲမှ ကမ္ဘာကြီးဟာ လက်တွေ့ကမ္ဘာကြီးထက် ဆယ်ဆခန့်ပိုမိုကြီးမားပြီး ကစားသူတွေဟာ ထိပ်ဆုံးသို့ ရောက်ရှိရန်အတွက် ထူးခြားတဲ့ စွန့်စားခန်းတွေ၊ နယ်မြေတွေ တည်ထောင်ခြင်းတွေနဲ့ စစ်ပွဲများတိုက်ခိုက်ခြင်းတွေကို လုပ်ဆောင်ကြရပါတယ်။ ဂိမ်းထဲမှာ သေဆုံးသွားမယ်ဆိုရင်တော့ ကိုယ့်ရဲ့Level က ကျဆင်းသွားပြီး သုညကိုပြန်ရောက်သွားပါမယ်။ အိုးရန်ရှို ဟာ…

# Action # Adventure

အင်မော်တယ်လော နတ်ဆိုးလော

လွန်ခဲ့သော နှစ်ပေါင်း ၆၀ခန့်က… လူလတ်ပိုင်းအရွယ်လူကြီးတစ်ဦးသည် ချီလင်တစ်ကောင်နှင့် ဘဲတစ်ကောင်တို့ကို ခေါ်ဆောင်ကာ အလယ်ပိုင်းကုန်းမြေတိုက်ကြီး၏ နန်းမြို့တော်ထဲသို့ ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့သည်။ ထိုနှစ်တွင် ထိုလူလတ်ပိုင်းလူကြီးသည် တောင်တန်းများ၊ ပင်လယ်များနှင့် ဥတုလေးပါးကို ဖြတ်ကျော်ကာ ချင်းလွမ်ကျောင်းတော်သို့ လျှောက်လှမ်းဝင်ရောက်သွားခဲ့သည်။ နှစ်ပေါင်း ၆၀ ကြာပြီးနောက် လူငယ်လေး လင်းရှီသည် ရထားလုံးအိုကြီးတစ်စီးအား စီးကာ တောသမင်ကျေးရွာမှ စတင်ထွက်ခွာလာခဲ့သည်။ ယွီချင်းဧကရာဇ်ပြည်ကြီးအား ဖြတ်သန်းကာ…

# Action # Adventure

ပြိုင်ဘက်ကင်းဖို့သေမှဖြစ်မယ်

အင်မော်တယ်ကမ္ဘာသို့ ကူးပြောင်းရောက်ရှိလာပြီးနောက်… ယဲ့နင်… ကံမ္မကောင်းခြင်းများ ပြည့်စုံနေခဲ့လေပြီ။ သေလွန်ပြီးနောက် ကောင်းကင်ဧကရာဇ် ဖြစ်မည့်လူသား။ ယဲ့နင်: “ဒါ သေလမ်းရှာဖို့ အချိန်ကောင်းပဲ” ကျိုးဧကရီ: “ယဲ့နင်က ငါ့ရဲ့ဝိညာဉ်ဖက်ပဲ။ သူသေရင်ငါလဲလိုက်သေမှာ” စာပေနတ်မင်းဟောင့်ရမ်: “သေမျိုးကမ္ဘာက အေးစက်ပြီးမည်းမှောင်တယ်။ ဒါပေမဲ့ အရှင်ယဲ့ကတော့ နွေးထွေးလင်းဖြာတဲ့ တစ်ဦးတည်းသောမီးအိမ်ရှင်ပဲ။ ငါသူ့ကို အစွမ်းရှိသမျှ ကာကွယ်ရမယ်” ပြည်သူများ: “ပြီးပြည့်စုံတဲ့လူဆိုတာ မရှိဘူး။ ဒါပေမဲ့…

# Action # Adventure

မြို့ပြနတ်ဘုရား

လွန်ခဲ့တဲ့ နှစ်ထောင်ချီ ရှေးဟောင်း စစ်ပွဲတွေ အပြီးမှာ ကမ္ဘာ (earth) ရဲ့ ဝိညာဉ်ချီဟာ တဖြည်းဖြည်း ခမ်းခြောက်လာခဲ့တယ်။ ဒါကြောင့် အစွမ်းထက် ကျင့်ကြံသူတွေဟာ စကြဝဠာရဲ့ နေရာ အနှံ့အပြားကို ထွက်ခွာ သွားခဲ့ကြတယ်။ ဒီလိုနဲ့ ကမ္ဘာရဲ့ ကျင့်ကြံခြင်း လောကဟာ သာမန် သိုင်းလောက အဖြစ် တဖြည်းဖြည်း နိမ့်ကျ လာခဲ့တယ်။ ချန်းဖန်ဆိုတာကတော့…

# Action # Adventure

ဓားဧကရာဇ်၏ ရုပ်ပုံလွှာ

တက္ကသိုလ်တက်တော့မည့် ကျောင်းသားလူငယ် တင်းဟောက်။ ပါတီပွဲနေ့မှာပဲ သေဆုံးသွားပြီး အဆုံးမဲ့ကုန်းမြေဟုခေါ်ဆိုသော ကျင့်ကြံခြင်းလောကဆီမှ တင်းဟောက်ဆိုသည့်ကောင်လေးတစ်ယောက်၏ ခန္ဓာကိုယ်ထဲ ကူးပြောင်းရောက်ရှိလာလေသည်။ ဝိညာဉ်ချင်းပေါင်းစည်းသွား၍ ဉာဏ်ရည်နှစ်ဆဖြစ်လာသော တင်းဟောက်။ တစ်သက်လုံးလေ့ကျင့်ခဲ့ပြီး အကြိမ်ကြိမ်ကျရှုံးခဲ့ရသော အခြေခံဓါးကွက် ဆယ့်ခြောက်ကွက်အား နာရီပိုင်းအတွင်း ကျင့်ကြံအောင်မြင်သွားလေ၏။ နှစ်ဆတိုးဉာဏ်ရည်ကြောင့် သိုင်းကွက်တွေကို မြင်ရုံနဲ့ မှတ်မိလာသည်။ သို့ပေမယ့် ဓါးခရီးသည်ဂိုဏ်းရဲ့ ဝင်ခွင့်စစ်ဆေးခြင်းကို အောင်မြင်ဖို့ကတော့ သူ၏ မွေးရာပါသွေးကြောကျဉ်းရောဂါကို ကုသမှရမည်။…

# Action # Adventure

သတ်ဖြတ်သူသွေးနတ်ဘုရား

သတ်ဖြတ်သူသွေးနတ်ဘုရား စာစဉ်သည် 18+ အမျိုးအစား တရုပ်သဘာဝလွန်ဝထ္ထု ဖြစ်ပါသည်။ ဤစာစဉ်၏ဇာတ်လိုက် ရှီယန်သည် ပြင်းထန်သောအားကစား Extreme Sport(ဥပမာ ကျောက်တောင်အလွတ်တက်ခြင်း၊လမ်းကြမ်း စကိတ်စီးခြင်း) အားကစားသမားတစ်ယောက်ဖြစ်သည်။ ဘဟားမားရှိ နာမည်ကျော် ပင်လယ်ရေနက် တွင်းပြာကြီးထဲသို့ စွန့်စားရေငုပ်နေစဉ် မတော်တဆတစ်ခုဖြစ်ခဲ့လေ၏။ သူ့ ဝိဉာဉ်သည် အချိန်နှင့် စကြာဝဠာကို ဖြတ်သန်းပြီး အခြားကမ္ဘာက ရှီယန်(သူနှင့်နာမည်တူသူ) ၏ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ သူကတော့ နာမည်ကြီးကလန်တစ်ခုက…

# Action # Adventure

ကံကြမ္မာဖျက်ဆီးခြင်းဧကရာဇ်၏ ခရီးလမ်း

နတ်ဘုရားများ၊ နတ်ဆိုးများနှင့် မဟာဧကရာဇ်များ ရှိရာ ကမ္ဘာတစ်ခု၌ ပြန်လည်ဝင်စားပြီးနောက် ဝမ်ဝေ့တစ်ယောက် လောကဓံတရား ကြံ့ကြံ့ခိုင်ပြီး ကံကြမ္မာကို ထိန်းချုပ်နိုင်လာမှာလားဆိုတာ…။