Comedy

# Action # Comedy

ယမကာအင်မော်တယ်

ငယ်ရွယ်သည့် တာအိုကိုရင်လေးချင်းယန်ကို ထူးဆန်းသော လူတစ်ယောက်ဖြစ်သည့် စုန့်ဟဲလောင်တောင်က မွေးစားခဲ့သည်။ ထို့နောက် သူသည် ဆရာဖြစ်သူနောက်ကိုလိုက်ပြီး မြစ်ချောင်းတလျှောက် ရေကန်ပြင်ကျယ်များအနှံ့ လျှောက်သွားနေလေသည်။ နောက်ပိုင်းတွင် ဆရာတပည့်နှစ်ယောက်ကို လျှို့ဝှက်နယ်မြေတစ်ခုထဲဝင်ပြီး ရတနာများရှာဖွေရန် အင်မော်တယ်အရှင်သခင်တစ်ယောက်က အတင်းအကျပ်ခိုင်း‌စေခဲ့သည်။ ခိုင်မိုင်ဆေးလုံးနှင့် အသက်ရှည်နည်းစနစ်တို့‌ကြောင့် ချင်းယန်သည် အင်မော်တယ်ကျင့်ကြံခြင်းလမ်းကြောင်းသို့ စတင်ဝင်ရောက်လာခဲ့သည်။ ဒီစာစဉ်လေးကတော့ ရောင်းရင်းတို့ ရှက်ကီဘဲကြီးတွေအတွက် ရည်ရွယ်ထားတာပါ။😝 ချင်းယန်ကို ဆရာဖြစ်သူ တာအိုဘုန်းကြီးက…

# Action # Adventure

ဂန္ထဝင်ဆန်သော ယန္တရားပညာရှင်

အိပ်ရာနိုးလာတဲ့အချိန် ကိုယ်အရမ်းကြိုက်တဲ့ဂိမ်းထဲ ရောက်နေတာတွေ့ရင် ဘာလုပ်မလဲ။ ကိုယ်တိုင်ဝင်ကစားနေတဲ့သူ မဟုတ်ဘဲ NPC တစ်ယောက်ဖြစ်နေရုံသာမက ဂိမ်းမထွက်ခင်အချိန်ကို ပြန်ရောက်သွားတယ်ဆိုတာ တွေ့ရရင် ဘာလုပ်မလဲ။ ဇာတ်ဆောင်နှစ်ဦးရဲ့ အဖြစ်မှန်တွေ ထိပ်တိုက်တွေ့တဲ့အခါ ဘာတွေဖြစ်မလဲ။ ဟန်ရှောင်းဆိုတဲ့ ဂိမ်မာလေးတစ်ယောက်ဟာ ပြန်လည်မဝင်စားမီက အခြားသူများအတွက် ဂိမ်းLevelတင်ပေးတဲ့နေရာမှာ တကယ့်ဆရာကြီးတစ်ပါးပေါ့။ သူရဲ့ အရင်ဘဝက ဗဟုသုတတွေကို အသုံးချပြီး စကြဝဠာတစ်ခုလုံးကို သိမ်းပိုက်ပြီး တကယ့်ကစားသမားတွေ မရောက်ခင်…

# Action # Adventure

ငါ့စေ့စပ်ပွဲဖျက်သိမ်းပြီးတဲ့နောက် ဩဇာကြီးမားတဲ့ဝန်ကြီးရဲ့ ရတနာလေးဖြစ်လာခဲ့တယ်

စိုက်ပျိုးရေးပညာရှင် ရှစ်ချင်းလျို့သည် သေဆုံးသွားပြီးနောက် သူမ မျက်လုံးတစ်ဖန်ပြန်ဖွင့်လိုက်ချိန်တွင် ရှေးခေတ်က ရွာသူမိန်းကလေးတစ်ယောက်အဖြစ် ကူးပြောင်းသွားခဲ့ကြောင်း သိလိုက်ရပါသည်။ သူမရဲ့ ဇာတ်လမ်းကတော့ သူမရဲ့ မိသားစုက သူမကို ရောင်းစားခဲ့ပြီး လက်ရှိမှာတော့ အတင်းအကြပ် ခေါ်ဆောင်သွားဖို့လုပ်ရာမှ စတင်ခဲ့တာ ဖြစ်ပါတယ်။ သူမသည် သူတို့ထက် ပိုကြမ်းတမ်းခက်ထန်ပြီး ပြဿနာရှာသူများကို အရှုံးဖြင့် ငိုကြွေးစေခဲ့ကာ သူမ၏ အိမ်ထောင်ရေးကို ရုတ်သိမ်း‌ရန် အစပြုခဲ့ပြီး…

# Action # Adventure

သွေးစွန်းမြေ

ရာစုနှစ်များစွာကုန်ဆုံးပြီးနောက်…။ ကမ္ဘာနင့် အလားတူဂြိုလ် ၇ လုံးကို နေအဖွဲ့အစည်းအတွင်းတွင် ရှာဖွေတွေ့ရှိခဲ့ကြသည်။ အပြိုင်အဆိုင်များနှင့် နိုင်သူစားတမ်း လောကကြီးတစ်ခု မွေးဖွားလာခဲ့၏။ အင်အားကြီးပိုင်နက်များကို စွမ်းအားကြီးမျိုးနွယ်များက လွှမ်းမိုးအုပ်ချုပ်နေစဥ်အတွင်း ခန္ဓာကိုယ်ကျင့်ကြံခြင်းနည်းလမ်းများက လူသားတိုင်းအတွက် မရှိမဖြစ်အဓိကဖြစ်လာသည်။ နေ့စဥ်ဘ၀ကို food delivery သမားအဖြစ် ဖြတ်သန်းနေသော Mr.Luck တစ်ယောက် အလှည့်အပြောင်းတစ်ခုကြုံခဲ့ရာမှ ရာဇ၀င်ဇာတ်လမ်းတစ်ခု စတင်ခဲ့လေတော့သည်။

# Action # Adventure

သစ္စာရှင်ဓားသမား

ချန်ပင်အန်းသည် မြို့ငယ်လေးတစ်မြို့၌ ဆင်းရဲသော်လည်း စိတ်အေးချမ်းသာစွာဖြင့် ဘဝတစ်လျှောက်လုံး နေထိုင်​လာခဲ့သည်။ သို့သော်လည်း မျက်နှာစိမ်းလူတစ်စု ရောက်ရှိလာခြင်းနှင့်အတူ သူ၏အေးချမ်းသောဘဝလေး တစ်ဆစ်ချိုး ပြောင်းလဲခဲ့ရသည်။ မကြာခင် ထူးထူးဆန်းဆန်းဖြစ်ရပ်များ မြို့အနှံ့ ဖြစ်ပျက်လာခဲ့သည်။ ထိုအခါ ကိစ္စရပ်များမှာ ထင်သလောက် မရိုးရှင်းကြောင်း ချန်ဖျင်အန်း နားလည်လာခဲ့သည်။ မြို့လေးထဲတွင် အမြဲတမ်း ပြောနေခဲ့ကြသည့် မသေမျိုးကျင့်ကြံသူများ၊ ဒဏ္ဍာရီလာနဂါးများနှင့် ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်သူများအကြောင်း ပါးစပ်ရာဇဝင်များက…