Chapter 41

ဆန်တစေ့နဲ့ လူထောင်ချီကို ကျွေးမွေးမယ်
သိုင်းလောကထဲ လမ်းပတ်လျှောက်မယ့် စွေ့ဟုန်
ဘာသာပြန် – Zeus
အခန်း(၄၁)ဆန်တစေ့နဲ့ လူထောင်ချီကို ကျွေးမွေးမယ်
ကျင်းမင်းဆက်၏ ပိုင်နက်ကို အဓိက နေရာအဖြစ် သုံးနေရာကို ခွဲခြားထားလေသည်။
ဒုက္ခသည်များကိုပြသနာရှာတတ်သော သိုင်းသမားများအား ထိန်းသိမ်းရန်အတွက် အဓိက ဒေသကြီး သုံးနေရာတွင် တပ်သားများကို စခန်းချထားရလေသည်။
ကျွေ့ဟယ်စီရင်စုတွင်လည်း တပ်သားများရှိလေသည်။
သို့သော် မြေနှင့် အရင်းအမြစ်များကို ဟွမ်အိမ်တော်မှ လက်ဝါးကြီး အုပ်ထားသောကြောင့် တပ်သားဦးရေမှာ များများစားစား မရှိလှချေ။စုစုပေါင်းတပ်သားအယောက်နှစ်ရာပင် မပြည့်ချေ။
စစ်ပွဲနှင့် ကြုံလာရလျှင်တော့ အရပ်သားများကို စစ်တပ်ထဲဝင်ရန် စည်းရုံးရတော့မည် ဖြစ်လေ၏။
လက်ရှိတွင် ထိုစစ်သားနှစ်ရာမပြည့်သော စစ်သားအားလုံးမှာ ဟွေ့ရှီ၏ လက်အောက်တွင်ဖြစ်သည်။
မြို့ရိုးပေါ်ရှိ စစ်သားများမှာ ဟွေ့ရှီကို မြင်သည်နှင့် ချက်ချင်းပင် အလေးပြုလိုက်လေတော့၏။
“ကောင်းပြီ” ဟွေ့ရှီသညိ‌ ခေါင်းညိတ်ပြပြီး မြို့တံတိုင်းပေါ်မှ အပြင်ရှိ အခြေအနေကို ကြည့်လိုက်လေတော့၏။
“ဒုက္ခသည်တွေ အများကြီးပါလား”
ကျွေ့ဟယ်စီရင်စုမှ မြစ်ကြောင်းတလျှောက်တွင်တည်ရှိပြီး ကုန်းမြေမျက်နှာပြင်မှာ အများအားဖြင့် မြေပြန့်ဖြစ်သည်။မြို့တံခါးအရှေ့တွင် မြေပြန့်လွင်ပြင်ကြီးရှိပြီး
လယ်မြေများနှင့် အိမ်လေးများမှာ ထို ခပ်ဝေးဝေး မြေပြန့်ထဲတွင် ရှိလေ၏။ရုတ်တရက် ကြည့်လိုက်လျှင် မြို့ငယ်လေးကဲ့သို့ ဖြစ်နေသည်။
ထိုကဲ့သို့ ဖြစ်ရခြင်း၏ အဓိက တရားခံမှာ ဟွမ်အိမ်တော်ကြောင့်ပင် ဖြစ်လေသည်။ဟွမ်အိမ်မှာ အလွန်ဖိနှိပ်ချုပ်ချယ်ပြီး အနိုင်ကျင့်လွန်းသည် ဖြစ်သောကြောင့် သာမန်လယ်သမားများမှာ မြို့ထဲတွင် နေထိုင်ရန် စရိတ်မတတ်နိုင်သောကြောင့် မြို့ပြင်တွင် အိမ်လေးများဆောက်ကာ နေနေရခြင်းပင် ဖြစ်၏။အသီးအနှံစိုက်၍ မရသော ကျက်တီးမြေပေါ်တွင် ရသလောက်လေး စိုက်ကာ မသေရုံတမယ် မဝရေစာသာ စားသောက်ရရှာတော့သည်။
သို့ပေမယ့် စွေ့ဟုန် ဟွမ်အိမ်တော်ကို နှိမ်နင်းခဲ့ပြီး ပိုင်ဆိုင်သည့် ပစ္စည်းများကို သာမန်လူများအား အချိုးကျခွဲဝေပေးလိုက်သောကြောင့် မြို့အပြင်ဘက်တွင် ချို့တဲ့စွာနေထိုင်နေရသော သာမန်လူများမှာ မြို့ထဲသို့ ပြန်၍ ပြောင်းရွှေ့လာန်ုငခဲ့လေသည်။
လွန်ခဲ့သည့်ရက်အနည်းငယ်ကတည်းကပင် ထိုမြို့ပြင်ရှိအိမ်ကလေးများတွင် လူမနေကြတော့ပေ။
ယခုမှာမူ ထိုအိမ်လေးများတွင် ပြောင်းရွေ့လာသော စစ်ဘေးရှောင် ဒုက္ခသည်များနှင့် ပြည့်နှက်နေပြီ ဖြစ်၏။စုစုပေါင်း လူဦးရေမှာ သုံးလေးထောင်ရှိလေ၏။
” တပ်မှုး ချန် ကျုပ်တို့ ဘာလုပ်ရမလဲ” မြို့ရိုးစောင့် တပ်သားမှ ဟွေ့ရှီထံလျှောက်လာပြီး မေးလိုက်သည်။
ဘုန်းကြီးဟွေ့ရှီ၏ မျိုးရိုးမှာ ချန်မျိုးရိုး ဖြစ်လေ၏။သူ့ကို ကျွေ့ဟယ်စီရင်စုမှ လူများသိသည်မှာ ချန်ဟွေ့ ဟု ဖြစ်သည်။
တပ်မှုးဆိုသည့် ရာထူးမှာမူ သူ့ကို လေးစားသမှုနှင့် ခေါ်ဆိုခြင်းသာ ဖြစ်လေသည်။
စီရင်စု တပ်၏ ခေါင်းဆောင်ကို စီရင်စု တပ်မှုးဟုခေါ်ဆိုကြသည်။ဘုန်းကြီး ဟွေ့ရှီသည် ထိုရာထူးကို မရထားသော်လည်း လက်ရှိတွင် စစ်သားအားလုံးကို သူ ဦးဆောင်နေသည် ဖြစ်သောကြောင့် စစ်သားများမှာ သူ့အား တပ်မှုးဟု တညီတညွတ်တည်း သတ်မှတ်ထားကြလေသည်။
သူ့အနောက်တွင် အမြဲလိုက်နေသည့် ရဲမက်များမှာမူ သူ့အား ခေါင်းဆောင်ဟုသာ ခေါ်ကြသည်။
“လူဆယ်ယောက်ကို အသင့်ပြင်ထား။အုပ်ချုပ်ရေးမှုးရဲ့ အမိန့်စာ ရောက်တာနဲ့ မြို့ပြင်ကို ငါနဲ့အတူ လိုက်ထွက်ရမယ်”
ကျောက်ကုတန် သည် ကျွေ့ဟယ်မြို့အပြင်ရှိ ပြိုလုနီးနီး အိမ်ထဲတွင် လှဲလျောင်းနေပြီး သူ့အရှေ့ရှိ အငွေ့တထောင်းထောင်းထနေသော အိုးကိုသာ မျက်တောင်မခတ်ပဲ စိုက်ကြီးနေမိသည်။
သူတံတွေးကိုသာ ဆက်တိုက်မြိုချနေမိ၏။
ကျက်တီးမြေရှိ ယာခင်းထဲမှ တောရိုင်းအပင်များကို ဟင်းချိုချက်ထားသည်ဖြစ်သော်လည်း ထို မျှလောက်ကပင် သူ့ပါးစပ်ကို သွားရည်ယိုစေသည်
သူ ဘာမှ မစားရသေးသည်မှာ နှစ်ရက်ခန့်ရှိလေပြီ။
“ဦးလေး ၃ ကျွန်တော်တို့ အခု စားလို့ရပြီလား” ကျောက်ကုတန်မှာ အားနည်းစွာနှင့် မေးလိုက်လေသည်။ထို့နောက် အသက်ကို ပြင်းစွာ ရှုနေတော့သည်။ထိုစကားကို ပြောရုံနှင့် သူ့ရှိသမျှ အားများ အကုန် ကုန်သွားသည့်နှယ်ဖြစ်၏။
သူ ဗိုက်အရမ်းဆာလှလေပြီ။
“ခဏ စောင့်ဦး” ဦးလေး၃ ဆိုသူမှာ အသက်လေးဆယ်ခန့်ရှိပြီး အလွန် အရပ်ရှည်၏။သို့သော် သူသည်လည်းပဲ အလွန်အားနည်းနေ‌သည်။
ဦးလေး၃မှာလည်း အငွေ့တထောင်းထောင်း‌ထနေသော တောရိုင်းအပင်ဟင်းအိုးကို စိုက်ကြည့်ရင် တွံတွေးများကို မြိုချနေလေသည်။
“တောရိုင်းအပင်တွေကိူ နူးသွားအောင် သေချာ ပြုတ်ဖို့ လိုတယ်ကွ။မနူးခင် စားမိရင် ငါတို့အစာအိမ်နာလိမ့်မယ်ကွ။အခန့်မသင့်ရင် သေတောင်သေနိုင်တယ်”
အချိန်အနည်းငယ် ထပ်ကြာသွား၏
“ဒီလောက်ဆိုရင် ရလောက်ပြီ” ဦးလေး၃ ၏ အကြည့်များမှာ ဝင်းလက်သွားလေတော့သည်။ထို့နောက် အက်ကွဲနေသော မြေပန်းကန်လုံးကို ကမန်းကတန်းယူကာ ဟင်းအိုးထဲမှ ဟင်းရည်များ အရွက်များကို လောင်းထည့်လိုက်၏။ထို့နောက်‌ ကျောက်ကုတန် အားကမ်းပေးရင်း ‌”အမြန် သောက်လိုက် သောက်”
ကျောက်ကုတန်မှာ ပန်းကန်လုံးကို တုန်ယင်စွာ ကောက်ယူပြီး သောက်လိုက်လေသည်။အလွန်ပူသောကြောင့် အော်သံထွက်လာပြီး နောက် ချောင်းဆိုးရင်း ဆက်သောက်ပြန်သည်။
သူ အလွန့်ကို ဆာလောင်နေသောကြောင့် အပူကိုပင် မမှုတော့ခြင်း ဖြစ်သည်။
“ဦးလေး၃ ဒီမှာ ဦးလေး၃ လည်းသောက်ပါ၊” ကျောက်ကုတန်မှာ မြေပန်းကန်လုံးကို ပြန် ကမ်းပေးလိုက်ပြန်သည်။
သူတို့နှစ်ယောက်စလုံးတွင် မြေပန်းကန်တခွက်သာရှိလေသောကြောင့် အလှည့်ကျသောက်နေရတော့သည်။ဟင်းရည်ပူပူအားသောက်သုံးလိုက်မှသာ သူ၏ ဖြူရော်ရော် မျက်နှာထက်တွင် ကျေနပ်သည့်အပြုံး တခု ပေါ်လာလေတော့သည်။
“ဦးလေး၃ အုပ်ချုပ်ရေးမှုးက ကျွန်တော်တို့ကို လက်ခံမယ်လို့ ထင်လားဗျ”ကျောက်ကုတန်မှာ စကားပြောရန် အားအနည်းငယ်ရှိလာသည့်ပုံပေါ်လာပြီး အနာဂတ်ကို သူတွေးရင်း မေးလိုက်ဝော့သည်။
“အစားအသောက်တွေကော သူပေးမယ်လို့ထင်လား”
“မဖြစ်နိုင်ဘူး” ဦးလေး၃မှာ ခေါင်းခါယမ်းပြီး ဟင်းရည် နောက်တခွက်ကို ထည့်ကာ ကျောက်ကုတန် အားကမ်းပေးလိုက်ပြန်သည်။သူ သက်ပြင်းချပြီးနောက် ဆက်ပြောသည်။
“ငါတို့ တချန်းစီရင်စုတောင် ရန်ခွေး‌တွေ အသိမ်းခံလိုက်ရပြီဆိုတော့ နောက်လာမှာက ကျွေ့ဟယ်စီရင်စုပဲ”
“ပြီးတော့ မြစ်ဘေးမှာရှိတဲ့ ကျွေ့ဟယ်စီရင်စုက ခွေးရန်တွေအတွက် စစ်ပွဲမှာ အရမ်းအရေးပါတယ်။အုပ်ချုပ်ရေးမှုးအနေနဲ့ သိုလှောင်ထားတဲ့ အစားအစာတွေ ရှိလေလေ ခွေးရန်တွေကို ကြာကြာတောင့်ခံနိုင်လေလေမို့လို့ ငါတို့ကို အစားအသောက်တွေ ပေးဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး”
“ရန်ခွေးတွေက သေကိုသေရမယ်။ကျွန်တော်တနေ့ သန်မာလာတဲ့နေ့ရောက်ရင် ရန်ခွေးတွေကို ကျွန်တော့်လက်နဲ့ ကိုယ်တိုင်သတ်ပြီး အဖေ၊အမေ၊ညီလေး ညီမလေး၊ဦးလေးတွေအတွက် လက်စားချေမယ်”
ရန်ဘုရင်၏ တပ်များ တချန်းစီရင်စုကို တိုက်ခိုက်သိမ်းယူသောအခါ တပ်သားများသည် သာမန်လူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြလေသည်။
အုပ်ချုပ်ရေးမှုးနှင့် ဘုရင့်စစ်တပ်များအားလုံး အသတ်ခံရသည်သာမက သာမန်လူများမှာလည်း အသတ်ခံရ၊အလုခံရ၊မုဒိန်းကျင့်ခံရနှင့် ရှိကုန်ကြလေသည်။ကျူးကျော်သူများ မလုပ်ရဲသည့်အရာဟူ၍ မရှိပေ။ချက်ချင်းပင် တချန်းစီရင်စုမှာ ငရဲခန်းအလား ဖြစ်ကုန်တော့လေသည်။
ကျောက်ကုတန်၏ ဖခင်မှာ ရန်ဘုရင်တပ်မှ ခေါင်းဖြတ်သတ်ခြင်းကို ခံလိုက်ရ၏။သူ့မိခင်မှာ စစ်သားများ အကြိမ်ကြိမ် မုဒိန်းကျင့်ခံရသောကြောင့် တိုင်နှင့် ခေါင်းနှင့်ဆောင့်ကာ သတ်သေသွားသည်။သေသွားသည့်တိုင် သူမ၏အလောင်းမှာ မုဒိန်းကျင့်ခံနေရဆဲပင် ဖြစ်၏။
ဦးလေး၃ သာအချိန်မှီမရောက်လာလျှင် သူသည်လည်း အသက်ဆုံးနေပြီ ဖြစ်လေ၏။
နောက်ဆုံးတွင် သူနှင့် ဦးလေး၃သာ အသက်လုပြီး စီရင်စုမှ ထွက်ပြေးလာနိုင်ခဲ့သည်။
“ရန်ခွေးတွေက မကောင်းမှုတွေ အများကြီး လုပ်ခဲ့ပြီးပြီ။သူတို့ သေကိုသေရမယ်”
ဦးလေး၃ မှာ ဒေါသတကြီးနှင့် ဆဲဆိုလေတော့သည်။ဆဲဆိုပြီးနောက် မျက်နှာညှိုးသွားပြီး “ဒီ ဟင်းရွက်တွေက ဘယ်နှစ်ရက်များ ငါတို့အတွက် ခံမလဲဆိုတာမသိဘူး။သိပ်ကြာကြာတော့ ခံမယ်မထင်ပါဘူး”
ထိုအချိန်တွင် အိမ်အပြင်မှ ကြေညာသံတခု ထွင်ပေါ်လာတော့သည်။
“ကျွေ့ဟယ်စီရင်စုက စစ်တပ်မှုးရောက်လာပြီ။အားလုံးပဲ ထွက်လာကြဟေ့”
တစုံတယောက်မှာ အပြင်ဖက်မှာ အော်ဟစ်လိုက်လေတော့သည်။
ဦးလေး၃ နှင့် ကျောက်ကုတန်မှာ စိုးရိမ်စွာဖြင့် တယောက်ကို တယောက်ကြည့်လိုက်ကြလေသည်။
အုပ်ချုပ်ရေးမှုးက စစ်တပ်မှုးကို စေလွှတ်ပြီး သူတို့ကို ‌လာမောင်းထုတ်ခြင်းလား?
သူတို့နှစ်ယောက်မှာ အပြင်သို့မထွက်ခင် တုန့်ဆိုင်းနေမိကြသည်။
သူတို့ မည်သည့်အရာကိုပဲ ကြုံတွေ့ပါစေ။လောလောဆယ် လူအများနှင့် တစုတည်း ဖြစ်နေခြင်းသည် ပို၍ အဆင်ပြေပေလိမ့်မည်။
ကျောက်ကုတန်သည် သူ့ ဦးလေးနှင့် အတူထွက်ကာ လူအုပ်ကြားထဲမှ ခြေဖျားထောက်ရင်း အရှေ့သို့ မျှော်ကြည့်လိုက်လေသည်။
သန့်စင်ထားသော သံမဏိချပ်ဝတ်ကို ဝတ်ဆင်ထားသညိ့ စစ်တပ်မှုးသည် စစ်သားဆယ်ယောက်ကို ဦးဆောငိပြီး ရောက်လာသည်။
စစ်တပ်မှုး၏ ပုံစံမှာ ကြံ့ခိုင်တောင့်တင်းပြီး သူ့အကြည့်များမှာ လျှပ်စီးလို့ ထက်မြသည်။သူ့ကို စိုက်ကြည့်လိုကိသည့် မည်သူမဆို စိတ်ထဲတွင် မိုးကြိုး အပစ်ခံလိုက်ရသကဲ့သို့ လန့်ဖြန့်သွားစေလိမ့်မည်။
ဒုက္ခသည်များအားလုံးမှာ တုန်တုန်ယင်ယင်နှင့် ကြောက်ရွံ့နေကြသည်။သူတို့အားလုံးမှာ စစ်တပ်မှုးမှ မောင်းထုတ်မည်ကို စိုးရိမ်နေကြရသည်။
လက်ရှိနေထိုင်ရသော အိမ်များမှာ ပြိုလုလုဖြစ်သောလည်း သူတို့အတွက် နေစရာရှိသေးသည်မဟုတ်ပါလား။လယ်ကွင်းများမှာ စိုက်စားလို့မရသည့်တိုင် လောလောဆယ်သူတို့ မဝရေစာ စားရင်း အသက်ဆက်နိုင်သေးဦးမည်။
သူတို့သာ ယခုနေရာမှ အမောင်းထုတ်ခံရလျှင် ရက်အနည်းငယ်အတွင်း ငတ်သေကုန်ကြမည် ဖြစ်၏။
“အားလုံးပဲ စိတ်မပူကြနဲ့ မကြောက်ကြနဲ့”
ထိုအချိန်တွင် ကျောက်ကုတန်မှာ စစ်တပ်မှုး၏ စကားကို ကြားလိုက်ရလေသည်။
သူ့ အသံမှာ မကျယ်သော်လည်း လူတိုင်းရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။
“အုပ်ချုပ်ရေးမှုးက ကြင်နာသနားတတ်တယ်။မင်းတို့ အားလုံးကို ဒီမှာ နေခွင့်ပြုရုံတင်မကဘူး။အစားအသောက်အတွက်ပါ သိုလှောင်ရုံကို ဖွင့်ပေးလိုက်ပြီ”
“အုပ်ချုပ်ရေးမှုးက ထပ်ပြီး ကတိပေးထားတယ်။ရန်ဘုရင်တပ်တွေ ရောက်လယရင် မင်းတို့ကို မြို့ထဲကို ဆွဲခေါ်ပြီး ကာကွယ်ပေးဦးမယ်တဲ့”
“မမေ့ကြနဲ့ ဒါက အုပ်ချုပ်ရေးမှုးရဲ့ ကြင်နာမှုပဲ”
‘ဝုန်း’
ဒုက္ခသည်များ၏ မျက်နှာထက်တွင် မယုံကြည်နိုင်သည့် အမူအရာနှင့်ပြည့်နှင်သွားပြီး အကုန်လုံး ကျွတ်ကျွတ်ညံကုန်ကြလေတော့သည်။
ထို့နောက် လူပေါင်းလေးထောင်စလုံးမှာ ဒူးထောက်ချလိုက်ပြီး စီရင်စု ရုံးတော်ရှိရာအရပ်သို့ ဦးတိုက် အရိုအသေပေးကြလေတော့သည်။
“အုပ်ချုပ်ရေးမှုး သက်တော်ရာကျော်ရှည်ပါစေ”
လူတိုင်းမှာ ဝမ်းမြောက်စွာဖြင့် အော်ဟစ်ငိုယိုရင်း ဆုတောင်းပေးနေကြတော့သည်။
ကျောက်ကုတန်သည်လည်း လူအုပ်နှင့်အတူတူ ရော၍ ဆုတောင်းပေးတော့သည်။
သူသည်လည်း အလွန့်ကို ပျော်ရွှင်နေပြီး ကျွေ့ဟယ်စီရင်စု၏ အုပ်ချုပ်ရေးမှုး၏ ကျေးဇူးကို နှလုံးသားထဲတွင် ရိုက်နှက်သွားလေတော့၏။
ထို ကြင်နာမှုမှာ အသက်ကို ကယ်တင်ပေးသည့် ကြင်နာမှုဖြစ်ပြီး သူ့တဘဝလုံး‌ ကျေးဇူးကြွေးကို ပေးဆပ်ရန် သူဆုံးဖြတ်ချက်ချလိုက်တော့သည်။
မြို့တွင်းရှိ အိမ်‌တအိမ်တွင်
ဖန်မင်းမှာ ကျိုးချိုင်ဝေနှင့်အတူ ကျောက်ကွမ်း စီစဉ်ပေးသည့်အိမ်တွင် နေရာချပြီးရုံရှိသေးသည်။အုပ်ချုပ်ရေးမှုးမှာ ရိက္ခာသိုလှောင်ရုံကို ဖွင့်ပေးပြီး ဒုက္ခသည်များကို ရိက္ခာဝေပေးနေသည့် သတင်းကို ကြားလိုက်ရလေတော့၏။
ထိုသတင်းမှာ သူမကို အလွန်အံ့အားသင့်စေသွားပြီး အုပ်ချုပ်ရေးမှုးကို ပို၍ နားမလည်နိုင်ဖြစ်သွားစေ၏။
ထို့ကြောင့် သူမမှာ အလျင်အမြန်ပင် ကျောက်ကွမ်းအား သွားရှာကာ
“ဝန်ကြီး ကျောက်ရှင့် အခု ပျံ့နေတဲ့ သတင်းတွေက အမှန်ပဲလား။အုပ်ချုပ်ရေးမှုးက ဂိုထောင်ဖွင့်ပြီး ဒုက္ခသည်တွေကို ရိက္ခာဝေပေးနေတယ်ဆိုတာ”
“ဒါအမှန်ပဲလေဗျ” ကျောက်ကွမ်းမှာ ခေါင်းညိတ်ပြီး ပြုံးရင်း ဆိုလိုက်သည်။
“အုပ်ချုပ်ရေးမှုးက ကြင်နာတတ်တဲ့လူစားမျိုးပဲ။လူ‌တွေ အခုလို ဒုက္ခတွေ့နေရင် သူ ဘာမှ မလုပ်ပဲ ကြည့်မနေနိုင်ဘူး”
သူသည်လည်းပဲ စွေ့ဟုန်၏ အမိန့်ကို လက်ခံရရှိထားပြီး ရိက္ခာခွဲဝေရေးကိစ္စကို သိထားပြီး ဖြစ်လေသည်။
“ဒါပေမယ့် ရန်ဘုရင်ရဲ့တပ်တွေက လာတိုက်တော့မယ့်ဟာကို” ဖန်မင်းမှာ စိုးရိမ်စွာ ဆက်ပြောသည်။
“အခုနေ ရိက္ခာတွေ အကုန်ပေးလိုက်ရင် စစ်ဖြစ်ရင် အစားအစာမရှိပဲ ဘယ်လို တောင့်ခံနိုင်မလဲ။ကျွန်မတို့တွေ အချိန်ကြာကြာတောင့်မခံနိုင်ရင် ရန်ဘုရင်နဲ့ ညှိလို့မရမှာကို ကျွန်မစိုးရိမ်မိတယ်။”
ရန်ဘုရင်၏ နောက်တန်းကို တိုက်ခိုက်ရန်အတွက် သိုင်းအကျော်အမော်တယောက်ဆိုလျှင်တောင် ပတ်သွားရန်အတွက် အချိန်လိုပေသည်။
လက်ရှိ အစီအစဉ်မှာ ကျွေ့ဟယ်စီရင်စုအနေနှင့် သိုင်းအကျော်အမော်ပညာရှင် လှုပ်ရှားသည်အထိ တောင့်ခံထားပေးဖို့ လိုသည် မဟုတ်ပါလား
“ဆရာတူအစ်မ လာခိုလှုံတဲ့ ဒုက္ခသည်တွေ ကစုစုပေါင်း လေးငါးထောင် လောက်ရှိတာနော်” ထိုအချိန်တွင် ကျိုးချိုင်ဝေမှာ ရုတ်တရက်ပြောလိုက်သည်။
“အုပ်ချုပ်ရေးမှုးသာ ရိက္ခာတွေမပေးရင် သူတို့အားလုံး ဆာလောင်ပြီး သေကုန်ကြမှာပေါ့”
“ဟုတ်တော့ဟုတ်ပေမယ့်…”ဖန်မင်းမှာ တိတ်ဆိတ်သွားသည်။သူမ ဘာဆက်ပြောရမှန်းမသိတော့ပေ။
“ဒီ အုပ်ချုပ်ရေးမှုးက ဉာဏ်ကောင်းပါတယ်။” ကျိုးချိုင်ဝေမှာ အပြုံးဖျော့ဖျော့နှင့် ဆိုသည်။
“သမီးထင်တာတော့ သူက ဒီလိုလုပ်လိုက်ပြီဆိုမှတော့ သူ့မှာ အရန်အစီအစဉ် တခုခုရှိပြီးသား ဖြစ်ပါလိမ့်မယ်။မြို့နေလူထုအတွက် လိုအပ်မယ့် အစားအစာကို သူ ပြင်ဆင်ပြီးသားဖြစ်ပါလိမ့်မယ်”
“ဆရာတူ ညီမလေးက ယုံကြည်ချက်ရှိနေပါလား” ဖန်မင်းမှာ အံ့အားသင့်စွာ မေးလိုက်လေသည်။
“ဆရာတူ အစ်မ မေ့နေတာလား။အုပ်ချုပ်ရေမှုးအကြောင်းကို သမီးတို့ အတူတူ စုံစမ်း‌တုန်းကအုပ်ချုပ်ရေးမှုးရဲ့ အံ့ဩစရာကောင်းတဲ့ စွမ်းရည်တွေ အကြောင်းကို ကြားခဲ့ရတယ်မဟုတ်ဘူးလား။အဲ့ဒီ့လို စွမ်းဆောင်ရည်ရှိတဲ့လူက ထောင့်စေ့အောင် တွေးပြီးမှ ဆုံးဖြတ်ချက်တခုကို ချမှာပေါ့ မဟုတ်ဘူးလား”
“…” ထိုစကားကို ကြားပြီးနောက် ဖန်မင်းမှာ တိတ်ဆိတ်သွားလေ၏။ထိုနောက် ကျောက်ကွမ်းကို ဦးညွတ်ကာ တောင်းပန်လိုက်လေတော့သည်။
“ဝန်ကြီး ကျောက် ကျွန်မ စိုးရိမ်သွားပြီး အုပ်ချုပ်ရေမှုးကို မလေးမစား ပြောဆိုမိပါတယ် အဲ့ဒီ့အတွက် ခွင့်လွှတ်ပေးပါ”
“တကယ်တော့ အုပ်ချုပ်ရေးမှုးက မိန်းကလေးတို့ စိုးရိမ်မယ်ဆိုတာကို ကြိုမြင်ပြီးသားဗျ ” ကျောက်ကွမ်းမှာ ပြုံးရင်းဆိုလိုက်၏။
“အုပ်ချုပ်ရေမှူးက ပြောခိုင်းလိုက်တယ်ဗျ။စိတ်ထဲမှာ မရှင်းတာတွေ ရှိရင် သူနဲ့တွေ့တဲ့အခါကျမှ ပွင့်ပွင့်လင်းလင်း မေးမြန်း ဆွေးနွေးလို့ ရပါတယ်တဲ့”
ဖန်မင်းမှာ ထိုစကားကိုကြားပြီးနောက်တွင် အလွန်တရာ အံ့အားသင့်သွားလေသည်။
ထို့နောက် ရေရွတ်လိုက်မိလေ၏။
“အုပ်ချုပ်ရေးမှုးရဲ့ ကြိုတင်မြင်နိုင်စွမ်းက နတ်ဘုရားလိုပါပဲလား”
ကျွေ့ဟယ်စီရင်စုရုံးတော်…
လုကျန်းမင်းမှာ သိုလှောင်ရုံ စာရင်းစာအုပ်ကို လက်ထဲတွင်ကိုင်ရင်း မချိပြုံးပြုံးရင်း ပြောလိုက်၏။
“အုပ်ချုပ်ရေးမှုး အရှင် သိုလှောင်ရုံထဲမှာ ရိက္ခာက သိပ်မကျန်တော့ဘူးဗျ။လူလေးထောင်ကိုလောက်ငှအောင်‌ ထောက်ပံ့ဖို့ မဖြစ်နိင်ဘူး”
ဟွမ်မိသားစုမှ သိမ်းဆည်းရသမျှသော ရိက္ခာများအားလုံးကို မြို့နေလူထုများကို ခွဲတမ်းချပေးလိုက်သောကြောင့် ရုံးတော်မှာ တစေ့မှ မရချေ။ထို့ကြောင့် လက်ရှိ သိုလှောင်ရုံအတွင်းရှိ ရိက္ခာမှာ ရုံးတော်၏ မူလရိက္ခာများသာဖြစ်၏။
“အရမ်းစိတ်မပူပါနဲ့ဗျ။ကျုပ်ကို သိုလှောင်ရုံကိုခေါ်သွားပေး”
စွေ့ဟုန်ထိုင်နေရာမှ ထကာ ပြုံးရင်း ဆိုလိုက်သည်။
“ဆန်တစေ့ ရှိနေသရွေ့ လူထောင်ချီကို ဝလင်အောင် ကျွေးလို့ရပါတယ်ဗျ”

Comment

Leave a Reply

Options

not work with dark mode
Reset