Chapter 39

အဝေးမှလာသော ဧည့်သည်
သိုင်းလောကထဲ လမ်းပတ်လျှောက်မယ့် စွေ့ဟုန်
ဘာသာပြန် – Zeus
(သတိ – ဤအပိုင်းတွင်လည်း စကားလုံးအသုံးအနှုန်းများ ကြမ်းတမ်းသည်များပါဝင်ပါသည်)
အခန်း(၃၉)အဝေးမှလာသော ဧည့်သည်
“ဟူးးး”
စွေ့ဟုန် ခပ်မြန်မြန်ပင် သူ့လက်ချောင်းထိပ်မှ မီးလုံးကို ငြှိမ်းသက်လိုက်လေ၏။သူ တော်တော်လေး အံ့ဩသွားခဲ့ရသည်။
သူသည် ဘုန်းကြီး ဟွေ့ရှီရေးသားထားသော သိုင်းကျမ်းကို ကြည့်ကာ သူ၏ ဓမ္မစွမ်းအားများကို လှည့်ပတ်ရင်း ထိုထဲက အတိုင်း အတုယူ အသုံးပြုလိုက်ခြင်းသာ ဖြစ်သည်။
ထိုကဲ့သို့ ကြောက်ဖို့ကောင်းသည့် မီးလုံး ထွက်ပေါ်လာမည် ဟု သူ မမျှော်လင့်ထားမိခဲ့ပေ။
သူ၏ ထိန်းချုပ်မှု အောက်တွင်ရှိနေသည့်တိုင် ထိုမီးလုံး၏ အပူရှိန်မှာ စီရင်စုရုံး တခုလုံးကို ပြာပုံဘဝရောက်သည်အထိ လောင်ကျွမ်းတော့မည့်အလားပင် ဖြစ်နေ၏။
သူ့ ထိန်းချုပ်မှုမှ လွတ်ကင်းသွားလျှင် ထိုမီးလုံးမှာ ကျွေ့ဟယ်စီရင်စုတစုလုံးကို မီးကျွမ်းသည့် နယ်မြေအဖြစ်သို့ ပြောင်းလဲပစ်ပေလိမ့်မည်။
ထိုရလဒ်မှာ သူ ၏ အလွန်တရာမျှပင် နည်းပါးလှသော ဓမ္မစွမ်းအင်ကြောင့် ဖြစ်ပေါ်လာသည့် ရလဒ်ပင် ဖြစ်သည်။
“ဓမ္မစွမ်းအားကို သုံးထားတဲ့ သိုင်းပညာက ပိုကြောက်ဖို့ကောင်းတာပဲ။ဒီနည်းက ငါအရင်က ဓမ္မစွမ်းအားကို ဓားချီအဖြစ်ဖွဲ့စည်းအသုံးပြုတာထက်ပိုပြီး စွမ်းအားပြင်းတာပဲ”
စွေ့ဟုန်သည် သူ့တွင်ရှိသမျှ ဓမ္မစွမ်းအားများကို အသုံးပြုလိုက်မည်ဆိုလျှင် တောင်များကို အရည်ဖျော်ပြီး ပင်လယ်ကိုပင် အငွေ့ပျံစေနိုင်မည်ဟု သူ ယူဆမိလေသည်။
ထိုကဲ့သို့ တွေးမိပြီး အစစ်အမှန်မန္တာန်များကို သူ၏ ဓမ္မစွမ်းအားများနှင့်တွဲသုံးလိုက်လျှင် မည်မျှ စွမ်းအားကြီးမားလောက်မနည်းဟူ၍ သူ ‌စိတ်ကူးယဉ်ကြည့်မိလေသည်။
လက်ရှိတွင် သူတတ်ကျွမ်းသည့်အရာများဖြစ်သော ချီဖွဲ့စည်းခြင်းနှင့် မီးလုံး ထုတ်ဖော်ခြင်းတို့မှ ကျင့်ကြံသူများသုံးသည့် မန္တာန်များမဟုတ်ပဲ သာမန်သိုင်းပညာသက်သက်သာဖြစ်လေ၏။
[ငွေကြေး ၃၄၈.၂၁]
စွေ့ဟုန်မှာ ငွေကြေးမျက်နှာပြင်ကို စိုက်ကြည့်ရင်း မန္တာန်ဝယ်လျှင် သုံးခုလောက်ဝယ်လို့ ရသည်ဟု သူတွေးတော တွက်ချက်နေမိသည်။
အချိန်အနည်းငယ်ပေးပြီး တွေးတောပြီးနောက်တွင် မဝယ်ရန် သူဆုံးဖြတ်လိုက်သည်။ငွေကြေးသာ ရှိနေလျှင် သူ အခြားလိုအပ်တာမှန်သမျှ အသုံးပြုလို့ရသည်မဟုတ်ပါလား။သေရေးရှင်ရေး ကြုံလာလျှင် ငွေကြေးရှိနေခြင်းမှာ သူ့အတွက် အသက်ဘေးမှ လွတ်မြောက်နိုင်ပေလိမ့်မည်။
လက်ရှိတွင် မန္တန်များမှာ သူ့အတွက် မရှိမဖြစ်‌ ဖြစ်ရလောက်သည့်အထိ လိုအပ်နေသော အရာလည်းမဟုတ်သေးပေ။သူ ထပ်စောင့်၍ ရပါသေးသည်။
ထို့အပြင် ဘုန်းကြီးဟွေ့ရှီကူးယူလာသော သိုင်းပညာရပ်များမှာ သူ၏ ဓမ္မစွမ်းအားများကို များစွာ အသုံးချပုံများကို လေ့လာနိုင်ပေဦးလိမ့်မည်။
စွေ့ဟုန် စကားမပြောပဲ တိတ်ဆိတ်နေသောကြောင့် ဘုန်းကြီး ဟွေ့ရှီမှာ မနေနိုင်ပဲ မေးမြန်းလိုက်လေသည်။
“အုပ်ချုပ်ရေးမှုးအရှင်…ခုနက သုံးလိုက်တာ အင်မော်တယ် နည်းကျင့်စဉ်များလား”
“ဟားဟား မဟုတ်ပါဘူး စမ်းသပ်မှု ရိုးရိုးလေးပါပဲ” စွေ့ဟုန်မှာ ပြုံးရင်းဖြေလိုက်သည်။
“မင်း ထွက်သွားလို့ရပြီ”
“ခွင့်ပြုပါဦး အရှင်” ဘုန်းကြီးဟွေ့ရှီမှာ အရိုအသေပြုပြီး ထွက်သွား၏။
စီရင်စု ရုံးအပြင်သို့ရောက်သည်နှင့် သစ်ပင်တပင်အနားသို့ သူအမြန်သွားလိုက်သည်။သူ့လက်ကို ပင်စည်ပေါ်တွင်တင်ကာ တကိုယ်လုံးတုန်ယင်မိနေသည်။သူ့ကျောတွင်လည်း ချွေးစေးများကျဆင်းကာ ရွှဲနစ်နေ၏။
အချိန်အနည်းငယ်ကြာမှ ရင်ထဲမှ အကြောက်တရားကို သူဖိနှိပ်နိုင်ခဲ့လေသည်။
စွေ့ဟုန်၏ လက်ချောင်းထိပ်ရှိ မီးလုံးလေးမှာ ဟွေ့ရှီ အတွက်တော့ နေမင်းတစင်းကဲ့သို့ စွမ်းအားကြီးမားလှပေသည်။အထိန်းအချုပ်ကင်းမဲ့ပြီး ပေါက်ကွဲသွားပါက ကမ္ဘာကြီးပျက်စီးသွားလောက်မည်ဟု သူတကယ် ခံစားခဲ့ရလေ၏။
“ကြောက်…ကြောက်စရာပဲ။ဒါက အုပ်ချုပ်ရေးမှုးရဲ့ အစွမ်းပဲလား။သူက လူဟုတ်ပါ့မလား” ဟွေ့ရှီမှာ တီးတိုးရေရွတ်နေမိသည်။
သုံးရက်ကြာပြီးနောက်…
ကျွေ့ဟယ်စီရင်စုရုံးအရှေ့ လမ်းမထက်တွင် စင်မြင့်တခုကိုလည်း ဆောက်လုပ်ထားလေ၏။လမ်းမတွင် မြို့နေလူများမှာ စင်ကို ပတ်လည်ဝိုင်းလျှက် ပြည့်ကျပ်စွာ ရောက်နေကြသည်။
သို့ပေမယ့် ဘုန်းကြီးဟွေ့ရှီနှင့် ရဲမက်များ၏ ထိန်းကွပ်မှုကြောင့် ရုတ်ရုတ်သဲသဲ မဖြစ်ပေ။
အသက်ကြီးသော အဘိုးအဘွားများမှာ အရှေ့ဆုံးတွင်နေရာယူခိုင်းကြလေသည်။ဒုတိယလိုက်သူများက ကလေးနှင့် လူများဖြစ်သည်။ကလေးများမှာ သူတို့၏ မိဘများ၏ ဂုတ်ကိုခွပြီး စင်‌မြင့်ကို ကြည့်ကြရှာသည်။
တိုင်ကြားမှု အစီအစဉ်မှာ စတင်တော့မည် ဖြစ်သည်။
“ငါတို့ရဲ့ အုပ်ချုပ်ရေးမှုးက မိုးနတ်မင်းကြီးပဲ။ခွေးမသား ဟွမ်ကို စီရင်ချက်ချဖို့ ဒီနည်းလမ်းကို တွေးမိရတယ်တဲ့ ကောင်းလိုက်တာကွာ”
“ဟ အမှန်ပဲဟေ့။ဒီ ဟွမ်မကောင်းဆိုးဝါးတွေရဲ့ ဆိုးယုတ်မှုကို ခါးစည်းခံခဲ့ရတာ ငါတို့လို လယ်သမား သာမန်လူတွေပဲ။အဲ့ဒီ့ ဟွမ်မျိုးနွယ်တွေကို ဆဲဆိုချင်နေတာ ကြာပြီကွ”
“ကောင်းလိုက်တာ အခုချိန်ကနေစပြီး ငါတို့ဘဝက ပိုပြီး သာယာလာတော့မယ်။အခုလို ဟွမ်အိမ်တော်ကို အမြစ်ဖြုတ်ပေးတဲ့ အုပ်ချုပ်ရေးမှုး သက်တော်ရာကျော်ရှည်ပါစေ”
သာမန်လူများမှာ ဟွမ်အိမ်တော်ကိုကျိန်ဆဲလိုက်၊စွေ့ဟုန်ကို အရိုအသေပေး ဆုတောင်းလိုက်နှင့် ရှိကြ၏။
သိပ်မကြာခင် ဟွမ်မိသားစုမှာ သံချိန်းကြိုများဖြင့် အတုပ်နှောင်ခံထားရပြီး စင်မြင့်ပေါ်သို့ ရဲမက်များမှာ တန်းစီကာ ခေါ်လာခဲ့ကြလေ၏။
ထိပ်ဆုံးမှာတော့ ဟွမ်အိမ်တော်သခင်ကြီး ဟွမ်ရှီရှန်းပင် ဖြစ်၏။
လူများမှာ ချက်ချင်းပင် ကျွတ်ကျွတ်ညံကုန်၏။
“သတ် သတ် သတ်ပစ် မကောင်းဆိုးဝါး ခွေးမသားဟွမ်မိသားစု”
“အကြိမ်တထောင် ဓားနဲ့မွှမ်းပြီး သတ် အကြိမ်တထောင် ဓားနဲ့မွှမ်းပြီးသတ် ငါ သူ့အသားကိုစားမယ် သူ့သွေးကို သောက်မယ်ဟေ့”
မုန်းတီးစွာ ဆဲဆိုလိုက်သံများမှာ ကောင်းကင်အပြည့်ဖြစ်မတက်ပင်။
စင်မြင့်၏ ထိပ်တွင် ဘုန်းကြီး ဟွေ့ရှီမှာ သူ့အတွင်းအားဖိအားကိုသာ ထုတ်မထားခဲ့လျှင် သာမန်လူများမှာ အလုံးအရင်းနှင့် ပြေးတက်ပြီး ဟွမ်မိသားစုကို အမဲဖျက်သွားနိုင်ပေသည်။
သို့ပေမယ့် ဟွေ့ရှီအပါအဝင် ရဲမက်များအားလုံးမှာ သာမန်လူထု၏ ကြီးစွာသော ဒေါသနှင့်အမုန်းတရားများကို အာရုံခံစားသိရှိမိကြသည်။
ဟွမ်အိမ်တော်မှာ လွန်စွာ များပြားသော မကောင်းမှု ဒုစရိုက်များကို ကျူးလွန်ခဲ့ကြလေ၏။သူတို့‌ သေဖို့ရန်မှာ အလွန်ထိုက်တန်ပေသည်။
ရဲမက်လေးယောက်၏ အကူအညီဖြင့်ကျောက်ကွမ်းသည် ဟွမ်သခင်ကြီးကို ဂုတ်မှ ဆွဲကိုင်လိုက်ပြီး
“အားလုံးပဲ”
“ဒီလူက ဟွမ်သခင်ကြီး၊ဟွမ်ရှီရှန်းပဲ။ငါတို့လို သာမန်လူတွေကို ဗိုလ်ကျအနိုင်ကျင့်တဲ့ တရားခံပဲ”
“အုပ်ချုပ်ရေးမှုးက ဟွမ်အိမ်တော်ကို မကြောက်လန့်ခဲ့ဘူး။ငါတို့လို သာမန်လူတွေအတွက် တရားမျှတမှုကို ရှာဖွေဖို့ ဟွမ်အိမ်တော်ကို အမြစ်ပြတ် ချေမှုန်းပေးခဲ့တယ်။ဒီမကောင်းဆိုးဝါး အိမ်တော်ကို အခုလူပုံအလည်မှာ ပြသပြီး ငါတို့လို သာမန်လူတွေကို ဘယ်လိုမျိုး အနိုင်ကျင့်ဗိုလ်ကျ မတရားလုပ်ခဲ့သလဲဆိုတာကို စိတ်ကြိုက်တိုင်တော်နိုင်ဖို့ ဒီ‌နေ့ အစီအစဉ်ကို အုပ်ချုပ်ရေးမှုးက စီစဉ်ပေးရတာ ဖြစ်တယ်”
“ပြောကြစမ်း မင်းတို့ မတရားခံခဲ့ရတာတွေအကုန်လုံးကို ဒီ လူထုကြားနာစီရင်ရေးမှာ မချန်ထားနဲ့ တခုမကျန် အကုန်လုံး စိတ်ကြိုက်ပြောကြဟေ့”
ကျောက်ကွမ်းမှာ ယခင်က ထွက်ပြေးစဉ်အခါက ရန်တောင်စီရင်စုမှ လုစီရင်စုအထိ တောင်းရမ်းစားကာ ထွက်ပြေးလာခဲ့ရခြင်းဖြစ်၏။ထို့ကြောင့် သူ၏ နှုတ်နှင့် ပရိသတ်ကျအောင် ပြောသည့်နေရာတွင် အတွေ့အကြုံရှိလှပေသည်။ထို့ကြောင့် ယခု ဟောပြောသည့်နေရာတွင် သူ အသင့်တော်ဆုံးဖြစ်သောကြောင့် စွေ့ဟုန်မှာ သူ့ကို ဦးဆောင်ခိုင်းခြင်းပင်။
သူ့ စကားဆုံးသည်နှင့် တပြိုင်နက်—
“ဝုန်း အုန်း”
လူထုမှာ ဒေါသနှင့် အုံကြွကုန်ပြီး ဟွမ်သခင်ကြီးကို မျက်ထောင့်နီကြီးများနှင့် ကြည့်ကုန်ကြလေတော့သည်။
“ခွေးမသား ဟွမ်မျိုးရိုး မင်းတို့တမျိုးလုံးကို ငါလိုးဦးမယ်။မနှစ်တနှစ်ကတုန်းက မြေငှားခကို လယ်ကထွက်တဲ့ဆန်‌တွေအကုန်ရောင်းပေးတာ မလောက်လို့ လူတွေ လွှတ်ပြီး ငါ့ရဲ့ ဇနီးနဲ့ ဆယ့်နှစ်နှစ် သမီးလေးကို မုဒိန်းအကြိမ်ကြိမ်ကျင့်ပြီး ခေါင်းဖြတ်သတ်သွားကြတယ်။ကိုယ်မေကိုယ်လိုးကြီး မင်းသေရမယ်”
“ငါ့ရဲ့ သွားလေသူ အမျိုးသားကြီးရေ…သူက အသက်ခြောက်ဆယ်ရှိပြီ။မနှစ်က သူနေမကောင်းလို့ နှစ်ရက်လောက် လယ်မလုပ်နိုင်ခဲ့တာကို ‌ခွေးသား ဟွမ်ရှီရှန်က အိပ်ယာထဲလဲနေတဲ့ လူမမာ‌ကို အတင်း လယ်ထဲဆင်းပြီး အလုပ်ခိုင်းတယ်လေ။ငါ့ ယောက်ျားမှာ လယ်ထဲမှာပဲ ပင်ပန်းလွန်းလို့ အသက်ဆုံးသွားရရှာတယ်”
“ခွေးမသားတွေ အကုန်သေကြ။မနှစ်က ငါ့သမီးလေး မင်္ဂလာမ ဆောင်ခင်နေ့မှာ ဟွမ်အိမ်တော်က မြင်းထိန်းက ငါ့သမီးကို သဘောကျပြီး ဈေးသွားနေတုန်း ပြန်ပေးဆွဲသွားပြီး အထပ်ထပ်အခါခါ မုဒိန်းကျင့်ခဲ့တယ်။ငါ့ သမီးလေးက အဲ့ဒီ့နေ့မှာပဲ ကိုယ့်ကိုကိုယ် ဆွဲကြိုးချသေသွားခဲ့တယ် မအေလိုးတွေ သေရင်တောင် အပြစ်မကြေဘူးကွ”
ထိုကဲ့သို့ဖြင့် အော်ဟစ်ဆဲဆို တိုင်တောမှုများမှာ သုံးရက်နှင့် သုံးညတိတိကြာမြင့်သွားခဲ့သည်။
ဟွမ်သခင်ကြီးတယောက်တည်းအား ဆဲဆိုမှုမှာ နှစ်ရက်နှင့် တညတိတိကြာမြင့်ခဲ့လေ၏။
နောက်ဆုံးတွင် လယ်သမားများကို ခေါင်းပုံဖြတ်အမြတ်ကြီးစားကာ စိတ်ထင်တိုင်း အနိုင်ကျင့်ခဲ့သော မကောင်းဆိုးဝါးမိသားစု ခေါင်းဆောင် ဟွမ်သခင်ကြီးမှာ လူထု၏ ဆဲဆိုမှုနှင့် ရိုက်ပုတ်၊ပစ်ပေါက်မှုဒဏ်နှင့်ပင် စင်မြင့်ထက်တွင် သေဆုံးခဲ့ရလေ၏။
လူထု တရားစီရင်ပွဲပြီး၍ နောက်ရက်များတွင် စွေ့ဟုန်သည် မြို့နေလုထုကို သူတို့ပိုင်ဆိုင်သည့် လယ်မြေနှင့်အိမ်များကို သက်ဆိုင်ရာ မိသားစုသို့ သေချာပြန်လည် အပ်နှံခဲ့လေသည်။
ထို လုပ်ဆောင်မှုကြောင့် လူများသည် စွေ့ဟုန်အား နတ်ဘုရားကဲ့သို့ ကိုးကွယ်ကြလေတော့သည်။
တိတိကျကျဆိုရသော် ဈေးထဲတွင် စွေ့ဟုန်၏ ပုံတူ ပန်းချီကားချပ်များကို ရောင်းချနေပြီး အိမ်တိုင်းမှာ စွေ့ဟုန်၏ ပုံတူကို အမွှေးနံ့သာများနှင့် ပူဇော် ရှိခိုး ဆုတောင်းနေကြလေပြီ။
ကျွေ့ဟယ်စီရင်စုတစုလုံးမှာ အပျော်များနှင့် ဖုံးလွှမ်းနေခဲ့ပြီ ဖြစ်၏။
ထိုကဲ့သို့ပျော်ရွှင်နေရသော်လည်း သတင်းဆိုးတခုကြောင့် လူတိုင်းရတက်မအေးနိင်ကြပေ။
ထိုသတင်းမှာ ရန်ဘုရင်၏ စစ်တပ်မှာ သိပ်မကြာခင် ကျွေ့ဟယ်စီရင်စုကို တိုက်ခိုက်တော့မည် ဟူ၍ ဖြစ်လေ၏။
ယနေ့တွင် ကျွေ့ဟယ်စီရင်စုသို့ လူစိမ်းနှစ်ယောက် ရောက်ရှိလာခဲ့သည်။
နှစ်ယောက်ထဲမှ တယောက်သည် အသက်နှစ်ဆယ်အရွယ်ရှိမည့် မိန်းမပျိုလေးတယောက်ဖြစ်သည်။အခြားတယောက်မှာ အသက်ဆယ့်ခုနစ်၊ဆယ့်ရှစ်ခန့်ရှိမည့် မိန်းမပျိုလေး တယောက်ပင် ဖြစ်၏။
သူတို့နှစ်ယောက်စလုံးမှာ လုစီရင်စုရှိ ယုဟွာ ဓားနန်းတော်မှ တပည့်များဖြစ်ကြသည်။
အသက်ပိုငယ်ရွယ်သည့် မိန်းမပျိုလေးမှ ပန်းချီကားထဲမှ ခုန်ထွက်လာသလို ရုပ်ရည်ချောမောပြီး အဝါရောင် ဂါဝန်နှင့် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားလေ၏။
သူမသည် ပိန်ပိန်သွယ်သွယ်နှင့် သွက်လက်ဖြတ်လတ်ကာ လှပသည်။သူမ၏ အရောင်တောက်နေသော မျက်လုံးဝိုင်းကြီးများမှာ ပတ်ဝန်းကျင်ရှိ မြင်ကွင်းများကို တအံ့တဩကြည့်ရှုနေမိသည်။လမ်းမတန်းရှိ သွားရည်စာမုန့်များရောင်းချနေသည့် ဆိုင်တန်းများကို တွေ့သည်နှင့် သူမမှာ အရှေ့သို့ဆက်မသွားနိုင်တော့ပဲ ရပ်တန့်လိုက်လေတော့သည်။
“ဆရာတူအစ်မ ကျွေ့ဟယ်စီရင်စုက အရမ်းကို သာယာပြီး လူတိုင်းက ပျော်ရွှင်နေကြတာပဲ။မုန့်တွေရဲ့ အနံ့ကလဲ မွှေးလိုက်တာ” သူမသည် သူမနံဘေးရှိမိန်းမပျို၏ ဝတ်ရုံစကို ဆွဲရင်း ပြောလိုက်လေ၏။
“ဆရာတူအစ်မပြောတော့ ဒီမှာရှိတဲ့ ဟွမ်အိမ်တော်က လယ်သမားတွေကို ငရဲတွင်းထဲမှာနေရသလို လုပ်နေတယ်ဆို”
သူမမေးလိုက်သည့် ဆရာတူ အစ်မဆိုသည့် မိန်းကလေး၏ ပုံစံမှာ နူးညံ့သော မျက်နှာထားရှိပြီး ဉာဏ်ကောင်းပြီး ယဉ်ကျေးတည်ငြိမ်၏။သူမ၏ အရှိန်အဝါသည် တည်ငြိမ်ပြီး သန့်စင်သည်။သူမသည် သန့်စင်သော အဖြူရောင်ဂါဝန်နှင့် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားလေသည်။
“ငါကြားခဲ့ရတာနဲ့ တော်တော်လေး ကွာနေတာတော့ အမှန်ပဲ” သူမသည်လည်းပဲ ကျွေ့ဟယ် စီရင်မှု၏ ပြောင်းလဲနေမှုကို အံ့ဩနေမိသည်။သူမ အနည်းငယ် မျက်မှောင်ကြုတ်လိုကိပြီး တီးတိုး‌ဆိုလိုက်သည်။
“ဒီစီရင်စုမှာ ငါတို့ မသိတဲ့ အဖြစ်အပျက်တွေ ဖြစ်သွားတယ်နဲ့တူတယ်”
“အခုလို ရှုပ်ထွေးနေတဲ့ကာလမျိုးမှာ ဒီလို သာယာတဲ့ စီရင်စုလေးက ရန်ဘုရင်ရဲ့ တပ်တွေအောက်မှာ အဖျက်စီးခံရလို့မဖြစ်ဘူး။ငါတို့တွေက ဒီစစ်ပွဲကို တားဆီးဖို့အတွက် နည်းလမ်းတခုခုသုံးမှ ရမယ်”
“ညီမလေးတို့ အခု အုပ်ချုပ်ရေးမှုးရှိတဲ့ ရုံးတော်ကို သွားကြတော့မလားဟင်” အငယ်မလေးမှာ မေးသာမေးလိုက်သော်လည်း သူမ၏ မျက်လုံးများမှာ မုန့်သည်များထံမှ မခွာပေ။
“လောနေဖို့ မလိုဘူး။အရင်ဆုံး လူတွေကို ငွေစနည်းနည်းပေးပြီး အခြေအနေကို အရင် စုံစမ်းကြတာပေါ့”

Comment

Leave a Reply

Options

not work with dark mode
Reset