Switch Mode

အခန်း ( ၃၉ )

ထိုးကြိတ်ရိုက်နှက်ခြင်း

“ ချန်ဖေးလား ” ပိုင်ရှောင်ချန်းသည် မျက်တောင်လေး ပေကလပ် ပေကလပ်ဖြင့် ရှေ့နောက် မဆင်မခြင် ပြောချလိုက်သည်။ သူသည် ချန်ဖေးနှင့် သူ့သူငယ်ချင်းနှစ်ယောက်ကို အလျင်အမြန် အကဲခတ်လိုက်သည်။ သူတို့၏ ကျင့်ကြံမှု အခြေခံအဆင့်များကို စစ်ဆေးဆုံးဖြတ်ပြီးနောက်တွင်တော့ ချက်ချင်းစိတ်ပြန်အေးသွားလေသည်။

“ပိုင်ရှောင်ချန်း…။ အခုချိန်မှာ ကျွန်တော့ကို ခွင့်လွှတ်ပေးပါဆိုပြီး မြေကြီးပေါ်မှာ လေးဘက်ထောက်ပြီး တောင်းပန်ရင်တောင် အရမ်းနောက်ကျသွားပြီကွ။ ငါတို့ကို အပြင်စည်းဂိုဏ်းထဲရောက်အောင် တွန်းပို့ခဲ့တာ မင်းရဲ့အကြံအစည်တွေပဲ မဟုတ်လား။ အဲ့ဒီအတွက် မင်းပြန်ပေးဆပ်ရတော့မယ်။ ငါ…ချန်ဖေး ဒီနေ့ကိုရောက်ဖို့စောင့်နေခဲ့ရတာ အင်မတန့် အင်မတန်ကြာနေပြီကွ။ ” ပြောရင်း အော်ဟစ်ရယ်မောလိုက်သည်။ ချန်ဖေးသည် လက်ကို ဝှေ့ရမ်းလိုက်ရာ ချီစုစည်းမှုအဆင့်ငါးစွမ်းအားများ ပွင့်အန်ထွက်လာသည်။ ရလဒ်အဖြစ် သစ်ရွက်များသည် လေထဲတွင် လွင့်ပျံကုန်ရာ အလွန် အထင်ကြီးစရာကောင်းနေ၏။

“အပြင်စည်းဂိုဏ်းကို ရောက်ပြီးတဲ့နောက် တစ်ချိန်လုံး ငါကျင့်ကြံနေခဲ့တာ။ အခုဆိုရင် ချီစုစည်းမှု အဆင့်ငါးကိုတောင်ရောက်သွားပြီ။ ပိုင်ရှောင်ချန်း…။ မင်းကို ငါပြောပါရစေဦး။ ဒီနေ့တော့ ကြီးနိုင်ငယ်ညှင်း ဗိုလ်ကျတယ်ဆိုတာ ဘာလဲလို့ မင်းသေသေချာချာ နားလည်သွားစေရမယ်။ မင်းရဲ့ အရိုးတွေကို ချိုးပြီး အရွတ်တွေကို ဆွဲဖြဲပစ်မယ်”

အားရကျေနပ်စွာ အထက်စီးဆန်ဆန် ရယ်မောလိုက်ပြီး ချန်ဖေးသည် ညာဘက်လက်နှင့် လက်ကွက်ပုံဖော်လိုက်ရာ အစိမ်းရောင်ဓားပျံတစ်လက် ထွက်ပေါ်လာသည်။ ထိုဓားသည် ၁၅ စင်တီမီတာမျှသာရှည်ပြီး ဘေးဘက်သို့ အေးစက်စက်အငွေ့အသက်များ ဖြာထွက်နေသည်။

ချန်ဖေး၏ နောက်လိုက်နှစ်ယောက်သည် ပိုင်ရှောင်ချန်းဘေးမှ တစ်ဖက်တစ်ချက်တွင် ၀န်းရံလိုက်ပြီး ကောက်ကျစ် စဉ်းလဲစွာပြုံးရင်း သူတို့၏ ကျင့်ကြံမှုအခြေခံများနှင့်အတူ ကိုယ်ပိုင်ဓားများကို ထုတ်လိုက်ကြသည်။

သူတို့သည် ရှောင်ချန်းကို ၀န်းရံထားကြပြီး အရေအတွက်အားဖြင့် သုံးယောက်တစ်ယောက် သာလွန်သည်ဖြစ်ရာ ရှောင်ချန်းကို အလဲထိုးတိုက်ခိုက်နိုင်လိမ့်မည်ဟု ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေပြင်းထန်နေကြသည်။ အထူးသဖြင့် ရှောင်ချန်းသည် လေးရာမှသည်ပေါ့ပါးခြင်းဆီသို့ အတတ်ကို ဘယ်တုန်းကမှ ကျွမ်းကျင်စွာတတ်မြောက်ထားခြင်းမရှိဟု သူတို့ဘာသာကောက်ချက်ချလိုက်သောကြောင့်လည်း ဖြစ်သည်။

“မင်းသာ အသားစိုင်တောင်ကြီးတွေကို ထားမပစ်ခဲ့ဘူးဆိုရင် လုံခြုံကောင်းလုံခြုံနေဦးမှာကွ။ ဒါပေမယ့် မင်းက အပြင်စည်းဂိုဏ်းကို ၀င်ချင်တာကိုး။ ခုတော့ မင်းလုပ်ခဲ့တဲ့ အမှားတွေအတွက် တန်ဖိုးကြီးကြီးပေးဆပ်ရတော့မှာပဲ။” ချန်ဖေးသည် ရင်ထဲသိမ်းထားရသမျှကို ပေါက်ကွဲခွင့်ရလိုက်သဖြင့် နေသာထိုင်သာ ရှိသွားသော်လည်း ဒေါသများနှင့် လောင်ကျွမ်းနေတုန်းဖြစ်သည်။

“ မင်းတို့သုံးယောက် ဂိုဏ်းစည်းကမ်းဖောက်ဖျက်လို့ အပြစ်ပေးခံရမှာ မကြောက်ကြဘူးလားဟင် ” ပိုင်ရှောင်ချန်းသည် သိချင်စိတ်ပြင်းပြစွာ သဘောရိုးနှင့်မေးလိုက်သည်။

“ဂိုဏ်းစည်းကမ်း ဟုတ်လား။ ဟား…ဟား…ဟား…။ငါတို့က အခု ဂိုဏ်းအပြင်မှာလေ။ ထပ်ပြောပြလိုက်ဦးမယ်။ ငါတို့ကို မင်းလို့မထင်နဲ့။ မယှဉ်နဲ့လေကွာ။ အရိုးလေးချိုး အရွတ်လေးဆုတ်ပစ်လိုက်ရုံလေးနဲ့တော့ ငါတို့ကို ဘယ်သူကမှ ဘာမှမလုပ်နိုင်ဘူးကွ။ အဆိုးဆုံး အနေနဲ့ နည်းနည်းပါးပါးတောင်းပန်လိုက်ရတာလောက်က အလွန်ဆုံးပါပဲကွ။ ပြီးတော့လည်း ပြီးသွားမှာပါပဲ။”ချန်ဖေးသည် ပိုင်ရှောင်ချန်း မြေပြင်မှာ လူးလွန့်နေဟန်ကို မြင်ယောင်လိုက်ရင်း ဂုဏ်ယူစွာ ရယ်မောလိုက်သည်။ သူသည် ရှောင်ချန်းကို မြေပြင်ပေါ်မှာသိပ်ပြီးနောက် ဘယ်လို လေတိုက်ရင်ကောင်းမလဲဟု စကားလုံးများကိုပင် စဉ်းစားပြီးနေပြီ ဖြစ်သည်။

သို႔ေသာ်လည်း ပိုင်ေရွာင်ချန်း၏ အမူအရာမွာ အင်မတန် တည်ငြိမ်နေမြဲဖြစ်သည်ကိဳ သတိပြုမိလိုက်ရာ တစ်ခဳခုေတာ့ မွားနေပြီဟု သတိပြုမိလိုက်သည်။ သုံးေယာက်ေတာင်မွ ဝိုင်းထားေသာ်လည်း ေရွာင်ချန်းမွာ နည်းနည်းေလးျမႇပင် အိန္ဒြေမပၾက်ေပ။ ထို႔ေကြာင့် အခြေအနေကို ထပ်ပြီး အကဲခတ်ရန် လိုနေပြီဟု သိလိုက်သည်။

ကျင့်ကြံခြင်းအဆင့်မြင့်မြင့်ထိအောင်မြင်ပြီးသူတစ်ယောက် ဟန်ပန်ဖြင့် ပိုင်ရှောင်ချန်းသည် ၀င့်၀င့်ကြွားကြွားပြောလိုက်သည်။

“အိုး…ဘယ်ဆိုးလို့လဲ။ မင်းတို့တွေ တော်တော်လေးတိုးတက်လာတယ်လို့ အစ်ကိုကြီး ခံစားမိပါတယ်။”

ချန်ဖေးတပည့်များသည် ဖြစ်ညှစ်ကာ ကြောက်စိတ်တွေကို ထိန်းထားနေကြရသည်။ သို့သော်လည်း ယခုအခြေအနေသည် ချင့်ချိန်တွေးဆဖို့ အချိန်မရှိတော့ပေ။

“တိုက်” ဟုဟိန်းဟောက်လိုက်ကာ လက်ကွက်ပုံဖော်ရင်း ဓားပျံကို ပိုင်ရှောင်ချန်းဆီသို့ တည့်တည့်ပစ်လွှတ်လိုက်သည်။ တချိန်တည်းမှာပင် တပည့်နှစ်ယောက်ကလည်း ချန်ဖေးနည်းတူ လက်ကွက်ပုံဖော်ကာ ဓားများကို ပစ်လွှတ်လိုက်လေသည်။

ဓားသုံးချောင်း ရှောင်ချန်းဆီသို့ ပျံသန်းလာသောအခါ သူက ရုတ်တရက် ပြုံးလိုက်သည်။ သူသည် မည်သည့် မှော်ပစ္စည်းကိုမျှပင် ထုတ်မသုံးပေ။ ရိုးရှင်းစွာပင် နောက်သို့ ဆုတ်လိုက်သည်။ ချန်ဖေးနှင့် သူ့တပည့်များ မျက်လုံးထဲတွင် ပိုင်ရှောင်ချန်းသည် လေထဲသို့ တိုး၀င်ပျောက်ကွယ်သွားသည်ဟု ထင်ရသည်။

သူပြန်ပေါ်လာသောအခါတွင်မူ ချီစုစည်းမှု အဆင့်လေးကို အောင်မြင်ထားသော တုတ်ခိုင်သန်မာသည့်လူ၏ဘေးနားသို့ ရောက်ရှိနေပြီဖြစ်သည်။ ထိုဗလကြီးသည် မျက်လုံးပြူးသွားကာ ဘာမှပြန်မလုပ်နိုင်ခင်မှာပင် တင်းနေအောင်ဆုပ်ထားသော လက်သီးဖြင့် အထိုးခံလိုက်ရပြီး ဖြစ်သည်။

လက်သီးသည် မယုံကြည်နိုင်လောက်သော အရှိန်ဖြင့် ထိုဗလကြီး၏ လည်ပင်းပေါ်သို့ ဘုန်းခနဲ သက်ဆင်းသွားသည်။ ဗလကြီးသည် တစ်ကိုယ်လုံး ယိမ်းထိုးသွားကာ နောက်ဘက်သို့လန်ကျသွားပြီး ချောင်းတစ်ချက်ဆိုးလိုက်ရာ ပါးစပ်အပြည့် သွေးများက ယိုစိမ့်ကျလာသည်။ ၎င်းသည် လမ်းကြိတ်စက်ကဲ့သို့ အရာကြီးနှင့် ပိတ်ရိုက်ခံလိုက်ရသလို ခံစားလိုက်ရခြင်းဖြစ်ပြီး ချက်ချင်းပဲ ကြယ်တွေလတွေမြင် ချာချာလည်လွင့်ထွက်သွားနေစဉ်မှာပင် ဘေးနားက သစ်ပင်တစ်ပင်နှင့် ကိုင်ဆောင့်ခံလိုက်ရသည်။

သစ်ပင်ကြီးသည် သွက်သွက်ခါအောင် ယိမ်းထိုးသွားသည်။ ထိုလူကြီးသည် ချောင်းထပ်ဆိုးလိုက်ရာ သွေးများထပ်အန်ပြီး သတိလစ်သွားလေသည်။ ပိုင်ရှောင်ချန်း၏ ချက်ချင်းတိုးတက်သွား သော အစွမ်းတွေကို ဘယ်ဘက်ကအဖော်တစ်ယောက်သည် ကြောင်အစွာ ငေးကြည့်နေသည်။ သူ့စိတ်ထဲတွင် မရေမတွက်နိုင်အောင် လျှပ်စီးတွေ တဖျတ်ဖျတ်လက်သွားသည်ဟု ထင်လိုက်သည်။ သူ၏ အဆိုးဆုံးသော အိပ်မက်ထဲတွင်ပင်လျှင် သောက်ကျိုးနဲ အမြန်နှုန်းနှင့် မယုံနိုင်စရာ စွမ်းအားများဖောက်ထွက်သွားသည်ဟု မမက်ဖူးပေ။

ချန်ဖေးသည် ခေါင်းငိုက်စိုက်ကျသွားကာ ပင့်သက်ရှိုက်လိုက်သည်။ ဘာမှပင် မစဉ်းစားနိုင်ဘဲနောက်သို့ဆုတ်လိုက်ရင်း ပိုင်ရှောင်ချန်းကို မယုံကြည်နိုင်သော မျက်၀န်းများနှင့်ကြည့်လေသည်။

“မင်း”

“ပျော့လိုက်တာ” ကြီးကျယ်လေးနက်သော ဆရာကြီးစတိုင်နှင့် ပိုင်ရှောင်ချန်းက ပြောသည်။ တစ်လောကလုံးတွင် သူနှင့်ထိုက်တန်သော ပြိုင်ဘက်တစ်ဦးတောင်မှ ရှာမတွေ့နိုင်သောဟန်ပန်ကိုလည်း မြင်နိုင်သည်။ ကြည့်နေရင်းမှာပင် ရှေ့သို့တိုးလာကာ ချီစုစည်းမှု အဆင့်လေးရှိသော အခြားတစ်ယောက်ဘေးတွင် ဘွားခနဲပေါ်လာသည်။

သန်မာလှသော ဗလကြီးသည် ဒေါသတကြီးအော်ဟစ်ကာ ကျင့်ကြံခြင်းစွမ်းအားများကို တလိပ်လိပ် ကဆုန်ပေါက်စုစည်းကာ ပိုင်ရှောင်ချန်းဆီသို့ ဓားကို အမြန်ဆုံးနှုန်းနှင့် ပစ်လိုက်လေသည်။ သို့သော်လည်း ထာ၀ရအသက်ရှည်နည်းပညာရပ်နှင့် ထာဝရသံမဏိအရေပြားတို့ကို ပိုင်ဆိုင်ထားသော ပိုင်ရှောင်ချန်း၏ အသားများသည် အင်မတန် အံ့သြဖွယ်ရာ အဆင့်ကို ရောက်နေပြီ ဖြစ်သည်။ ဓားကို ကိုယ်ယိမ်းရှောင်လိုက်ပြီး ညာလက်သီးဖြင့် ပိတ်ထိုးလိုက်ရာ ဘုန်းခနဲမြည်ပြီးနောက် လူကြီးသည် မသက်မသာ အော်ဟစ်ညည်းညူလိုက်သည်။ သူသည် နောက်ဘက်သို့ ချာခနဲ လည်သွားသည် ဖြစ်ရာ မီးသတ်ဆေးဘူးဖြင့် သွေးများကို ဖြန်းထုတ်လိုက်သကဲ့သို့ ဖြစ်သွားသည်။ သူ့နောက်တွင် ဘာသစ်ပင်မှ မခံနေ၍ မီတာသုံးဆယ်လောက်ခန့် လွင့်ထွက်သွားသည်။ သူ့အတွင်းကလီစာများသည် နာကျင်စွာ တုန်ခါသွားသည်။ သူသည် မတ်တပ်ပင် မရပ်နိုင်တော့ဘဲ ခွေခွေလေးလဲနေကာ အသက်ကို ဖုတ်လှိုက်ဖုတ်လှိုက် ရှူနေရလေသည်။

“ပျော့တယ်လို့” ပိုင်ရှောင်ချန်းသည် ခေါင်းကို ခါယမ်းကာ ပြောသည်။ ထို့နောက် တုန်လှုပ်နေသော ချန်ဖေးကို လှည့်ကြည့်လိုက်သည်။

“မ-မင်…မင်း…” ချန်ဖေးစိတ်ထဲတွင် ချာချာလည်နေပြီး အရူးတစ်ယောက်လို ဖြစ်သွားသည်။ သူ့တွင် အနိုင်ရဖို့ရာခိုင်နှုန်းသည် သုညဖြစ်သည်။ ပိုင်ရှောင်ချန်းသည် ချက်ချင်းပဲ တောရိုင်းသတ္တဝါကဲ့သို့ ပြောင်းလဲသွားသည်။

လက်သီးနှစ်ချက်နှင့်ပင် သူ့တပည့်နှစ်ယောက်မှောက်သွားလေသည်။ ထိုသို့ဖြစ်ရန် လိုအပ်သည့် စွမ်းအင် ပမာဏမှာ အင်မတန်နားလည်ရခက်ခဲသော အဆင့်ရှိသည့် ပမာဏဖြစ်သည်။ ချန်ဖေးသည် တံတွေးကို သတိ လက်လွတ်မြိုချလိုက်ပြီး နောက်သို့ ဆုတ်လိုက်သည်။ သူ့တွင် တိုက်ခိုက်ချင်စိတ်သည် စိုးစဉ်းမျှပင် မရှိတော့ပေ။လောလောဆယ် သူသိသည်မှာ လွတ်အောင်ထွက်ပြေးရန်သာဖြစ်သည်။

သူအဝေးကြီးကို ထွက်မပြေးနိုင်ခင်တွင်ပင် ရှောင်ချန်းသည် အမြန်ဆုံးသောနှုန်းနှင့် ပျံသန်းလိုက်လာလေသည်။ ချန်ဖေးမျက်နှာရှေ့တွင် လျှပ်ပြက်သကဲ့သို့ဖြစ်သွားပြီး ပိုင်ရှောင်ချန်းလက်သီးနှင့် ချန်ဖေး၏ဒိုင်းကာတို့ မိတ်ဆက်ကြလေသည်။ ဘန်းခနဲ အသံကြီး ထွက်ပေါ်လာပြီး ရှောင်ချန်းသည် အနည်းငယ်တုန်သွားသည်။ တစ်ချိန်တည်းမှာပင် ဒိုင်းကာသည် တုန်ယင်စွာဖြင့် ဘေးဘက်သို့ လွင့်ကျသွားပြီး စိတ်စွမ်းအင်များလည်း လျင်မြန်စွာ မှေးမှိန်ပျောက်ကွယ်သွားသည်။

ချန်ဖေးသည် ကြောက်လွန်းသဖြင့် သတိပင်မကပ်တော့ပေ။ ထိုဒိုင်းကာအတွက် စွမ်းဆောင်မှုရမှတ်ကို အနည်းငယ်သုံးထားသည်ဖြစ်ရာ ချီစုစည်းမှုအဆင့်ခြောက်ကို အနည်းငယ် ခံနိုင်လေသည်။ သို့တိုင် ပိုင်ရှောင်ချန်းသည် တစ်ချက်တည်းနှင့် သူ၏ဒိုင်းကာကို အဝေးသို့ လွင့်သွားအောင် လုပ်ဆောင်နိုင်သည်။

“ပိုင်ရှောင်ချန်း မ-မင်း…ပစ္စည်းတွေကို အဝေးကြီးရွှေ့နိုင်တယ်လား။ “ ချန်ဖေးက တုန်လှုပ်စွာ မေးလိုက်သည်။

“မင်းကို ငါပြောပါရစေဦး။ ဒီနေ့တော့ ကြီးနိုင်ငယ်ညှင်း ဗိုလ်ကျတယ်ဆိုတာ ဘာလဲလို့ မင်းသေသေချာချာ နားလည်စေရမယ်။ မင်းရဲ့ အရိုးတွေကို ချိုးပြီး အရွတ်တွေကို ဆွဲဖြဲပစ်မယ်”

ပိုင်ေရွာင်ချန်းသည် ချန်ေဖးမၾက်လဳံးျမားထဲက ေကြာက်လန့်နေမႈကို ေျပာ်ေျပာ်ကြီးကြည့်နေသည်။ ခုလိုၿမိဳး ရွားပါးအခွင့်အေရးကို လက်လွတ်မခံေပ။ ထို႔ပြင် ချန်ေဖးေပြာခဲ့ေသာ စကားျမားကိုလည်း တဖန်ပြန်ရွတ်ပြသည်။ သူသည် ကျင့်ကြံမႈအခြေခံ ၿခီစုစည်းမႈ အဆင့်ေခြာက်ကိဳ ထုတ်ေဖာ်လိဳက်ရာ လေပွေကြီးတစ်ခဳဖြစ်လာပြီး သူ႕ဆံပင်ျမားက တဝူးဝူးႏွင့်လွင့်နေသည်။

“ချီစုစည်းမှု အဆင့်ခြောက်” ချန်ဖေးသည် မျက်လုံးများပြူးထွက်သွားကာ ကြောက်လွန်းသဖြင့် ဦးရေပြားများသည် စပ်ဖျဉ်းဖျဉ်းပင် ဖြစ်လာသည်။ ပိုင်ရှောင်ချန်းသည် နောက်ထပ်တစ်ချက်ထပ်ထိုးလိုက်ရာ နောက်ဘက်သို့ လွင့်ထွက်သွားပြန်သည်။ သည်အကြိမ်တွင် ဘာနှင့်မျှမကာလိုက်နိုင်ဘဲ လက်သီးသည် သေတ္တာကိုဆောင့်ပိတ်လိုက်သောအခါ ဂျိုင်းခနဲမြည်သကဲ့သို့ ဒုတိယအကြိမ် ခွက်၀င်သွားလေသည်။

နောက်ဘက်သို့ လွင့်ထွက်သွားပြီး သွေးများပန်းထွက်လာကာ တစ်ကိုယ်လုံးလည်း တုန်ယင်နေသည်။ မသက်မသာ ညည်းညူသံလည်းတပြိုင်နက် ထွက်ပေါ်လာသည်။ ချန်ဖေးသည် ၀က်ဝံရိုင်းတစ်ကောင်ကဲ့သို့ သန်မာလှသည်ပင်မကလို့ ချီစုစည်းမှု အဆင့်ငါးတိုင်ရှိနေသော်လည်း အချည်းနှီးပင်။ လောလောဆယ်တွင် အငွေ့ဖြစ်သွားပြီး လွတ်မြောက်လိုက်ချင်နေပြီ ဖြစ်သည်။ သူ့ရင်တစ်ခုလုံးသည်လည်း ခါးသီးမှု အမုန်းတရားများနှင့် ပြည့်နှက်နေသည်။ ရှောင်ချန်းကို ဂိုဏ်းနှင့်အဝေးတစ်နေရာတွင် ချောင်းမြောင်းတိုက်ခိုက်ရန်ကြိုးစားခြင်းကို နောင်တရလာမိသည်။

သို့သော်လည်း ပိုင်ရှောင်ချန်းသည် တောရိုင်းသတ္တဝါကဲ့သို့ သူ့ကိုလိုက်လေရာ ချမ်းဖေးမှာ ကျယ်လောင်စွာ သွေးရူးသွေးတမ်းအော်ဟစ်နေသည်။

“ပိုင်ရှောင်ချန်း ဂိုဏ်းစည်းကမ်းဖောက်ဖျက်လို့ အပြစ်ပေးခံရမှာ မကြောက်ဘူးလား”

“ဂိုဏ်းစည်းကမ်း ဟုတ်လား။ ဟား…ဟား…ဟား…။ ငါက အခု ဂိုဏ်းအပြင်မှာလေ။ ထပ်ပြောပြလိုက်ဦးမယ်။ ငါ့ကို မင်းလို့မထင်နဲ့။ မယှဉ်နဲ့လေကွာ။ အရိုးလေးချိုး အရွတ်လေးဆုတ်ပစ်လိုက်ရုံလေးနဲ့တော့ ငါ့ကို ဘယ်သူကမှ ဘာမှမလုပ်နိုင်ဘူးကွ။ အဆိုးဆုံး အနေနဲ့ နည်းနည်းပါးပါးတောင်းပန်လိုက်ရတာလောက်က အလွန်ဆုံးပါပဲကွ။ ပြီးတော့လည်း ပြီးသွားမှာပါပဲ။”ဟုပြောရင်း ရှောင်ချန်းသည် ချန်ဖေးကို ခြေထောက်နှင့် ပိတ်ကန်လိုက်သည်။

ထိုကန်ချက်သည် ချမ်းဖေးကို လေပေါ်သို့ ပျံသွားစေကာ သွေးတွေကို ထပ်အန်စေပြန်သည်။ မျှော်လင့်ချက်ပျက်သုဉ်းနေသည့် အရိပ်အယောင်များသည် မျက်နှာတွင် အထင်းသားပေါ်နေပြီး ငယ်သံပါအောင် အော်ဟစ်နေသည်။ ပိုင်ရှောင်ချန်းသည် လက်သီးများ၊ ကန်ချက်များဖြင့် အဆက်မပြတ် ထိုးနှက်ကန်ကြောက်နေသည်။

ချန်ဖေးသည် ကြောက်လန့်တကြားဖြစ်နေရာ ငယ်သံပါအောင် အော်နေသည်ကို မရပ်တော့ပေ။ မကြာမီမှာပင် သူ့ခေါင်းမှ ခြေဖျားထိ ဖူးယောင်လာကာ သံကုန်ခြစ်အော်သံများမှာလည်း အားပျော့လာသည်။ အရိုးများလည်း ကျိုးကုန်ပြီဖြစ်သည်။ အရွတ်တွေလည်း ပြဲကုန်လေသည်။ မျက်နှာမှာလည်း ဖြူဖပ်ဖြူရော်ဖြစ်နေသည်။ တကိုယ်လုံးလည်း ထုံနေရင်း ပိုင်ရှောင်ချန်းကို သေမတတ်ကြောက်သော အကြည့်များနှင့် ငေးကြည့်နေလေသည်။

ပိုင်ရှောင်ချန်းသည် ဖြူရော်ရော်နှင့် ရိုးသားဟန်ရှိသော်လည်း ချန်ဖေးသည် ခြေလေးချောင်း သတ္တဝါကြီးကို လူအရေခွံစွပ်ထားသကဲ့သို့ မြင်ယောင်နေမိသည်။ သည်အဖြစ်အပျက်တွင် ပိုင်ရှောင်ချန်းသည် ဘာမှော်ပစ္စည်းမှတောင် သုံးစရာမလိုသည်ကို သတိပြုမိလာသည်။ တိုက်ခိုက်နိုင်သော ခွန်အားများသည် သူ့ကိုယ်ထဲတွင်သာကိန်းအောင်းနေခြင်းဖြစ်သည်။

ခပ်လှမ်းလှမ်းတွင် ချီစုစည်းမှု အဆင့်လေးရှိသော နှစ်ယောက်သည် သတိပြန်ရလာပြီး ဘာတွေဖြစ်နေလဲဟု စောင့်ကြည့်နေလေသည်။ သူတို့ အရေပြားများသည် ထုံနေပြီး ရင်မှာလည်း တဒိန်းဒိန်းခုန်နေသည်။ သူတို့သည် ချက်ချင်းပဲ သတိလစ်နေဟန် ပြန်ဆောင်လိုက်ကြသည်။ ရှောင်ချန်းအာရုံပြန်ရောက်လာမည်ကို သေမလိုကြောက် သဖြင့် တုတ်တုတ်မျှပင် မလှုပ်ရဲပေ။

ချန်ဖေးသည် အသက်ကို အနိုင်နိုင်ရှူနေရသည်ဖြစ်ရာ ပိုင်ရှောင်ချန်းလည်း ပျင်းလာလေသည်။ သူသည် စိတ်စွမ်းအင်များကို တည်ငြိမ်အောင်ပြန်လုပ်လိုက်ပြီး သူတို့အိတ်တွေထဲကို မွှေနှောက်ကာ အကာအကွယ်တချို့ကို ယူလိုက်သည်။ ရှောင်ချန်းသည် ပါးစပ်ပိတ်ထားလျက် တေးသွားတစ်ခုကိုညည်းကာ သူ့လမ်းသူဆက်သွားလေသည်။

ရှောင်ချန်းထွက်သွားသည်ကို လိုက်ကြည်နေရင်း ချမ်းဖေးသည် ငိုချင်လာသည်။ သို့သော် မျက်ရည်ကမထွက်။

“ဘယ်သောက်ပိန်းကများ မွှေးရနံ့တိမ်တောင်ပြိုင်ပွဲမှာ ကံကောင်းလို့နိုင်တယ်လို့ပြောရတာလဲ”

ပိုင်ရှောင်ချန်းသည် မည်မျှကြောက်စရာကောင်းသည်ကို သိလိုက်ရလေသည်။ သူ့ကို အသက်အန္တရာယ်ထိခိုက်အောင်လုပ်သည့်တိုင် ဘာပြဿနာမှ မရှိသည်ကိုလည်း နားလည်လိုက်သည်။

အခြားသော လူသန်ကြီးနှစ်ယောက်မှာလည်း ပိုင်ရှောင်ချန်းထွက်သွားပြီဖြစ်သော်လည်း အကြောက်မပြေနိုင်သေးပေ။ ရင်ထဲတွင် တဒိန်းဒိန်းနှင့် ပေါက်ကွဲလုမတတ်ဖြစ်နေသည်။

“အကိုကြီးချန်…ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ။ သူ့ကိုဒီတိုင်းထားလိုက်ပါတော့ဗျာ။ ပြီးခဲ့တာတွေ ပြီးပါစေတော့။ အတိတ်ကို အတိတ်မှာ ထားခဲ့လိုက်ပါတော့။” ထိုသူနှစ်ယောက်သည် ချန်ဖေး၏ တုံ့ပြန်မှုကို စိုးရိမ်တကြီးစောင့်မျှော်နေကြသည်။

ချန်ဖေးတစ်ကိုယ်လုံးတွင် အမုန်းတရားများနှင့် ပြည့်နှက်နေရာ တခဏမျှတွေးပြီးနောက် အံကိုတင်းတင်းကြိတ်လိုက်သည်။

“ငါ လက်တုန့်ပြန်ချင်တယ်။ ငါဘာလုပ်သင့်လဲ။ ငါစဉ်းစားဖို့လိုတယ်”


Comment

Leave a Reply

Options

not work with dark mode
Reset