Chapter 27

အမြတ်အစွန်း များများစားစား ရခဲ့တာ

မနက်လင်းသောအခါ နွေးထွေးသော နေရောင်ခြည်က ပြတင်းပေါက်မှတစ်ဆင့် လင်းလန်၏ မျက်နှာပေါ်သို့ ကျရောက်လာလေသည်။

မျက်မှောင်ကြုတ်လိုက်မိပြီးနောက် လင်းလန် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်သည်။

“အ … အ”

မျက်လုံးဖွင့်လိုက်မိသည်နှင့် သူမခန္ဓာကိုယ်က ပုံမှန်မဟုတ်ဘဲ ရထားတက်ကျိတ်တာ ခံထားရသလိုမျိုး နာကျင်နေသည်။

အဝတ်အစားတွေ ပြဲနေသလိုမျိုး ခံစားမိတာကြောင့် သူမ တုန်ယင်သွားသည်။

*ငါ ဘယ်ရောက်နေတာလဲ*

ထူးဆန်းသော ပတ်ဝန်းကျင်ကြောင့် သူမ ထိတ်လန့်သွားသည်။ သူမ ကြောက်လန့်နေသော ယုန်လေးသဖွယ် ချက်ချင်း ထထိုင်လိုက်မိသည်။

ထိုစဉ် သူမကိုယ်ပေါ်မှ စောင်လေး လျှောကျသွားကာ သူမ၏ နူးညံ့ ဖြူဖွေးသော အသားအရေလေး ထွက်ပေါ်လာသည်။ သူမမျက်နှာ အမူအရာ ပြောင်းလဲသွားသည်။

*ငါ အဝတ်အစား မဝတ်ထားဘူး*

“အား…”

လင်းလန် ကြောက်လန့်တကြား အော်ဟစ်လိုက်မိသည်။ ထိုအချိန်တွင် တည်ငြိမ်သော ယောကျ်ားတစ်ယောက်၏ အသံကို ကြားလိုက်ရသဖြင့် သူမ မိုးကြိုးပစ်ချခံလိုက်ရသလို ဖြစ်သွားသည်။

“၃၉၈၂ ကြိမ်! အလှလေး..မင်းညက ၃၉၈၂ ကြိမ် အော်ထားပြီးတာတောင် မမောသေးဘူးလား”

တိန်!

လင်းလန် ထိုယောကျ်ားသံကြောင့် မှင်တက်မိသွားသည်။ သူမ ဘေးကို လှည့်ကြည့်လိုက်သောအခါ ကုတင်တစ်ဘက်၌ လှဲနေသော ယောကျ်ားတစ်ယောက်ကို တွေ့လိုက်ရသည်။

“နင်…နင်ကိုး”

ယဲ့ဖန်ကို မြင်လိုက်ရပြီးနောက် လင်းလန် အံ့အားသင့်သွားသည်။ ထို့နောက် သူမက ဒေါသထွက်နေသော ကျားပေါက်လေးလို ယဲ့ဖန်အား ဒေါသတကြီး ကြည့်ကာ ရိုက်နှက်လိုက်မိသည်။

သူမ နဝေတိမ်တောင်ဖြစ်နေကာ ဒီလူနှင့် နောက်တစ်ကြိမ် ထပ်အိပ်မိလိမ့်မယ်လို့ သူမ မထင်ထားမိခဲ့ပေ။

သို့သော် ယဲ့ဖန်က သူမ ရိုက်တာကို ရှောင်ရင်း ပြောလိုက်သည်။

“ရပ်လိုက်… ထပ်မလုပ်နဲ့တော့ … ခင်ဗျား ညက ကျုပ်ကို အဓမ္မကျင့်ပြီး ပိုက်ဆံလည်း မပေးရသေးဘူး”

*ဘာရယ်*

လင်းလန် ကြက်သေ သေသွားသည်။

“နင်…ဘာတွေ ပြောနေတာလဲ? ငါက နင့်ကို အဓမ္မကျင့်တယ်?”

လင်းလန် ဒီလောက် အရှက်မရှိတဲ့လူမျိုး အရင်က တစ်ခါမှ မမြင်ဖူးပေ။ ညက ဒီကောင် သူမကို အနိုင်ကျင့်တာ အသိသာကြီးကို ဒီခွေးကောင်ကပဲ သူမကို လျော်ကြေး တောင်းနေရသေးသည်။

သူမ စကားကြောင့် ယဲ့ဖန်က သူကပဲ မိန်းမဆိုးလေးကို အပြစ်တင်မိသလိုမျိုး ခါးသီးသွာ ကြည့်လိုက်မိသည်။

“ဘာလို့ ဒီလောက် ငြင်းနေရတာလဲ။ ဘောင်းဘီလေး ဘာလေး ပြန်ဝတ်ပါဦးလား။ ကျုပ်တို့ ညက သဘောတူညီမှု လုပ်ထားတယ်လေ။ ကျုပ်က ခင်ဗျားဆန္ဒကို ဖြည့်ဆည်းပေးမယ်လို့ ကတိပေးထားတယ်လေ။ တစ်ခါညည်းရင် ၁၀ ယွမ် ပေးရမယ်လို့လည်း ပြောထားသေးတယ်။ ခင်ဗျားက ၃,၉၈၂ ကြိမ် ညည်းတာဆိုတော့ ခင်ဗျား ကျုပ်ကို ယွမ် ၃၉,၈၂၀ ပေးရမယ်”

ယဲ့ဖန်က တစ်ခုခုကို တွက်ချက်နေသလိုမျိုး လက်ချောင်းတွေကို ချိုးရေရင်း ပြောလိုက်သည်။

“ဒါ ကျုပ်တို့ ဒုတိယအကြိမ် အတူတူနေတာဆိုတော့ ကျုပ် ခင်ဗျားကို ၂၀% လျော့ပေးလိုက်မယ်။ ခင်ဗျား ကျုပ်ကို ယွမ် ၃၁,၈၅၆ ပဲပေးတော့”

တိန်!

လင်းလန် လုံးဝ မှင်တက်သွားသည်။

“သေလိုက်လေ…နင်ပဲ ငါနဲ့ အိပ်ပြီးတော့…ငါ့ဆီက လျော်ကြေး လာတောင်းနေသေးတယ် ဟုတ်လား?”

လင်းလန် ပြောစရာစကားများ မရှိတော့ချေ။ မနေ့ညက အဖြစ်အပျက်ကို သူမ အတတ်နိုင်ဆုံး ပြန်မှတ်မိနိုင်အောင် ကြိုးစားနေသည်။ သို့သော် သူမ ဘားထဲက ထွက်လာပြီး သတိလစ်သွားတာကိုတာ မှတ်မိသည်။

*ငါ နိုးလာတော့ ငါက… ယောကျ်ားတစ်ယောက်ရဲ့ အဝတ်အစားတွေကို ချွတ်နေတာ*

လင်းလန် သူမဘာသာသူမ လုပ်ခဲ့သည်ကို ပြန်မှတ်မိပြီး တွေဝေသွားရသည်။

“ကျွန်မ တကယ်ပဲ ညက ရှင့်ကို အဓမ္မကျင့်မိတာလား?”
လင်းလန်က ယဲ့ဖန်ကို မယုံနိုင်သောအကြည့်များဖြင့် ကြည့်နေသည်။ သူမစကားကြောင့် ယဲ့ဖန်က ခါးသီးစွာ ပြန်ကြည့်၍ ခေါင်းညိန်ကာ ပြောလိုက်သည်။

“ဒါပေါ့… ခင်ဗျားက သိပ်ကပ်စီးနဲတာပဲ။ ခင်ဗျားက ကျုပ်နဲ့ အိပ်ဖို့ တစ်ညကို ၃၀,၀၀၀ RMB ပဲသုံးတယ်။ ကျုပ်ကတော့ ခင်ဗျားကို ၁၀၀ မီလီယံ (သုတ်ရည်) တောင် ပြန်ပေးလိုက်ရတယ်။ ခင်ဗျား ညက အမြတ်အစွန်း များများစားစား ရခဲ့တာဗျ။ ခင်ဗျား သိရဲ့လား”

*ဘာ*

*ငါကအမြတ်အစွန်း များများစားစား ရခဲ့တာ*

သူ့စကားကြောင့် လင်းလန် သွေးအန်မတတ် ဖြစ်သွားရသည်။ သူမ အူကြောင်ကြောင်ကောင်မျိုးတွေကို မြင်ဖူးသော်လည်း ဒီလောက် အူကြောင်ကြောင်နိုင်သည့် ငအူကောင်မျိုး တစ်ခါမှ မမြင်ဖူးပေ။

“နင် … နင် အရှက်မရှိလိုက်တာ”

သူမ “၁၀၀ မီလီယံကျော် (သုတ်ရည်)” ဆိုတာကို ပြန်သတိရလိုက်မိပြီး မျက်နှာလေး ရဲခနဲ ဖြစ်သွားရသည်။

သို့သော် အထူးအထွေ တွေးမနေတော့ဘဲ ဒီငအူကောင်နှင့် ဒီနေရာနှင့် ဝေးရာကိုသာ မြန်နိုင်သမျှမြန်မြန် သွားချင်မိတော့သည်။

ဘေးပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်သောအခါ ကုတင်ခေါင်းရင်း၌ သူမ ပိုက်ဆံအိတ်ကို တွေ့လိုက်ရသည်။
သူမပိုက်ဆံအိတ်ကို ယူလိုက်ပြီး သူ့ကို ပေးရမည့် ပိုက်ဆံများကို ထုတ်လိုက်သည်။

ဤသည်ကို ကြည့်ပြီး ယဲ့ဖန် ပခုံးကိုတွန့်ကာ ပြုံး၍ ပြောလိုက်သည်။ ” ယွမ် ၃၁,၈၅၆ … ကျုပ် ခင်ဗျားကို ၂၀% လျော့ပေးပြီပြီ၊ ဒါ ဈေးအနည်းဆုံးပဲ”

ယဲ့ဖန် စကားကြောင့် လင်းလန် အသက်ရှူရပ်မတက် ဒေါပွလာရသည်။ ဒီခွေးကောင်က သူမမှာ ပိုက်ဆံအလုံအလောက် မပါလာမှာကို စိုးရိမ်နေမှန်း သူမ ရိပ်မိသည်။

သူမ ကူရာမဲ့စွာ ပိုက်ဆံကိုသာ ထိုင်ရေနေမိသည်။ သူမ ပိုက်ဆံကို တွက်လိုက်မိပြီးနောက် ဆွံ့အသွားရသည်။ သူမမှာ ပိုက်ဆံဆိုလို့ အကြွေအပါအဝင် ယွမ် ၃၁,၈၅၆ အတိအကျသာ ရှိ၏။

* ယွမ် ၃၁,၈၅၆ *

* ယွမ် ၃၁,၈၅၆ *

လင်းလန် ဒီလောက် တိုက်တိုက်ဆိုင်ဆိုင် ဖြစ်နေသည်ကို မယုံနိုင်စွာ မှင်တက်နေမိသည်။

ဘယ်လောက်တောင် တိုက်ဆိုင်လိုက်တာပါလိမ့်!

*ဒီခွေးကောင် ညက ငါ့ပိုက်ဆံတွေကိုများ ခိုးကြည့်ထားတာများလား*

လင်းလန် မျက်မှောင်ကို ကြုတ်ကာ အဲ့လိုပဲ ဖြစ်ရမည်ဟု ယုံကြည်လိုက်သည်။ သို့မဟုတ်ပါက သူမမှာ ပိုက်ဆံ ဘယ်လောက်ရှိတယ် ဆိုတာကို သူ ဘယ်သိပါ့မလဲ။ ဘယ်လောက်တောင် ထိတ်လန့်ဖို့ ကောင်းလိုက်သလဲ။

“ဒီမှာ ယွမ် ၃၁,၈၅၆ ”

ပိုက်ဆံကို ကုတင်ပေါ်တင်လိုက်ပြီး လင်းလန်က ယဲ့ဖန် မျက်လုံးကို တည့်တည့်ကြည့်ကာ ပြောလိုက်သည်။

“ငါက နင့်ကို အဓမ္မကျင့်တယ်လို့ပဲ မှတ်ထားလိုက်။ ဒီနေ့ကစပြီး နင်နဲ့ငါ ပတ်သက်စရာ အကြောင်းမရှိတော့ဘူး”

ဒီစကားမျိုးကိုပဲ ယဲ့ဖန် ကြားချင်နေတာဖြစ်သည်။ မနေ့ညက အဖြစ်အပျက်ကို သူ လင်းလန်ကို ပြန်မပြောခဲ့။ သူမထံမှ ကျေးဇူးလည်း အတင်မခံချင်သလို သူမနှင့် ဘာပတ်သက်မှုမှလည်း မရှိချင်ပါ။ ထို့ကြောင့်ပဲ သူ သူမထံမှ ပိုက်ဆံသာ တောင်းလိုက်ခြင်း ဖြစ်သည်။ လင်းလန် သူ့ကို ရွံရှာ စက်ဆုပ်နေတာမျိုးပဲ ဖြစ်စေချင်သည်။

ပခုံးကိုတွန့်ကာ ယဲ့ဖန် ပိုက်ဆံကို ဂရုတစိုက် ရေတွက်၍ သူ့အိတ်ထဲ ထည့်လိုက်သည်။

တောဘက်က ငွေတိုးချေးစားတဲ့သူတွေလိုမျိုး ယဲ့ဖန် ပြုမူနေတာကို ကြည့်ပြီး လင်းလန် သူ့အား ရွံရှာလာကာ ကုတင်ပေါ်မှ အမြန်ဆုံး ဆင်းချင်လာသည်။

သို့သော် သူမအဝတ်အစားတွေကို သူမဘာသာ ဆွဲဖြဲလိုက်သည်ကို သတိရလိုက်မိပြီး “ရှင့်…ရှင့်အဝတ်အစားတွေ ကျွန်မကို ငှားလို့ရမလား”

လင်းလန်က သူမ ယဲ့ဖန်ကို နောက်ထပ် မပတ်သတ်တော့ပါဟု ပြောပြီးပြီးချင်းမှာပဲ သူ့ဆီက အကူအညီတောင်းလိုက်ရသည့်အတွက် ရှက်သွေးဖြန်းသွားသည်။

သူမစကားကြောင့် ယဲ့ဖန် ခေါင်းညိတ်လိုက်ပြီး သူ့ဘီရိုထဲမှ အဝတ် ၂ထည်ကို ယူပြီး လင်းလန်ကို ပစ်ပေးလိုက်သည်။

လင်းလန် သူ့ကို ကျေးဇူးတင်စကား မဆိုခင်မှာဘဲ ယဲ့ဖန်အသံ ထွက်လာသည်။

“တစ်ထည်ကို ယွမ် ၁,၀၀၀ ”

“ဘာ!”

လင်းလန် အသက်ရှူရပ်မတတ် ဒေါသထွက်လာရပြန်သည်။ ဒီလောက် ဇီဇာကြောင်တတ်သည့် ယောကျ်ားမျိုး သူမ မမြင်ဖူးပါ။ သူမ ယဲ့ဖန်အား မုန်းတီးရွံရှာသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

“ပြီးရောလေ…ကျွန်မ ရှင့်ကို ယွမ် ၂,၀၀၀ အကြွေးပေးစရာ ရှိတယ်ပဲ မှတ်လိုက်ပေါ့”

လင်းလန် အံကိုတင်းတင်းကျိတ်ကာ လက်မခံချင်ဘဲ လက်ခံလိုက်ရသည်။ အဝတ်ဝတ်ပြီးပြီးချင်း သူမ ကုတင်ပေါ်မှ ထကာ သူမအိတ်ကို ယူ၍ တံခါးဝနားသို့ ထွက်သွားသည်။

ဒီလိုနေရာမျိုးမှာ သူမ ကြာကြာ မနေချင်တော့။ ဒီအရှက်မရှိသည့်လူအပါအဝင် အခန်းထဲရှိ အရာအားလုံးနှင့် ပတ်သက်ပြီး ရွံရှာသလိုမျိုး သူမ ခံစားရသည်။

တံခါးပွင့်သွားသည်နှင့် လင်းလန် ချက်ချင်း ထွက်သွားရန် ကြံစည်လိုက်သော်လည်း ခြံဝန်းအတွင်းရှိ သဘာဝရှုခင်းကြောင့် သူမ မှင်တက်မိသွားသည်။

ပျက်စီးနေသော ခြံဝန်းလေးသည် လှပသော သစ်ပင်ပန်းမန်များနှင့် ပြည့်နှက်နေ၏။ ပန်းတစ်ပွင့်စီတိုင်းက အရောင်အသွေး စိုပြည်ကာ လှပပေသည်။

ပို၍ အံ့အားသင့်စရာကောင်းသည်က ပေါင်းပင်များပင် ပန်းပင်များအဖြစ်သို့ ပြောင်းလဲသွားလေသည်။ နှစ်ရှည်ပင်ကြီးများသည်လည်း နွယ်ပင်များနှင့် ရစ်ပတ်နေကာ ကောင်းကင်သို့ ထိုးတက်မတတ် မြင့်မားနေကြ၏။

လတ်ဆတ်သောလေနှင့် ပန်းရနံ့များကို လင်းလန် ရှူရှိုက်လိုက်ရပြီး သူမ နတ်ပြည်ရောက်သွားသလို ခံစားလိုက်ရသည်။ ရှုခင်းက လှပလွန်းသည့်အတွက် သူမ ရင်တွေခုန်နေရှာသည်။

“မဖြစ်နိုင်ဘူး…ဒါ လုံးဝမဖြစ်နိုင်ဘူး။ ပေါင်းပင်တွေကနေ ပန်းတွေပွင့်နေတယ်၊ ပြီးတော့ သစ်ပင်တွေကလည်း နှစ် ၁,၀၀၀ လောက် သက်တမ်းရှိနေသလိုပဲ။ပန်းရနံ့ကလည်း လုံးဝကို ဖမ်းစားနိုင်လွန်းတယ်။ ဒါ … ဒါ တကယ့်ကို နတ်ပြည်ရောက်နေသလိုပဲ”

လင်းလန် အံ့အားသင့်နေရှာသည်။ ဒီလောက် လှပသည့်ရှုခင်းမျိုး သူမ တစ်ခါမှ မမြင်ဖူးခဲ့ချေ။
အေးမြလတ်ဆတ်သောလေထုလေးက ခြံဝန်းအတွင်း၌ မြူခိုးပါးပါးလေးကဲ့သို့ ဖြစ်တည်နေသည်။

*မယုံနိုင်စရာပဲ… ဒါ လုံးဝကို နတ်ပြည်ပဲ*

*လုံးဝကို အံ့ဩဖွယ်ပဲ*


Comment

Leave a Reply

Options

not work with dark mode
Reset