*မြန်မြန် … မြန်မြန် … မြန်မြန်*
လူဆိုးခေါင်းဆောင်က နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဟု မှတ်ယူကာ ချက်ချင်း ပြေးထွက်မိသည်။ ခြေထောက်နှစ်ချောင်း ရှိတာကိုပင် နည်းလွန်းတယ်လို့ စောတကတက်ချင်နေသေး၏။
သူ အတတ်နိုင်ဆုံး မြန်နိုင်သမျှ မြန်မြန် ပြေးမိသည်။
*နတ်ဆိုး အဲ့ကောင်က နတ်ဆိုးပဲ*
လူဆိုးခေါင်းဆောင်၏ နဖူးတွင် ချွေးများဖြင့် စို့နေကာ ကျောတွင်လည်း ချွေးများဖြင့် ရွှဲနစ်နေသည်။ သူ့မျက်နှာတစ်ခုလုံးသည်လည်း ဖြူရော်နေသေးသည်။
ဒီလောက် ကြောက်ဖို့ကောင်းသည့်လူမျိုး သူ မွေးကတည်းက မမြင်ဖူးခဲ့ပေ။ပိန်သေးသေး လက်သီးလေးတစ်ချက်က လူတစ်ယောက်ရဲ့ကိုယ်ကို ထုတ်ချင်းဖောက်သွားတယ်။
လူသေအလောင်းကနေ ပြာဖြစ်သွားတယ်။ နတ်ဆိုးဆိုတာကလွဲ၍ သူ ကျန်တာ မတွေးတတ်တော့ချေ။
ထိုစဉ် သူ့နောက်ကျောဘက်မှ သနားစဖွယ် အော်ဟစ်သံများကို ကြားလိုက်ရသည်။
လူဆိုးခေါင်းဆောင် တုန်ယင်သွားကာ သူ့နောက်ကျောဘက်တွင် ဘာတွေ ဖြစ်ပျက်နေသည်ကို သိရှိရန် နောက်လှည့်ကြည့်လိုက်သည်။
သို့သော် သူ မြင်တွေ့လိုက်ရသည့် အရာကြောင့် သူ ကြောက်လန့်သွားသည်။ သူ့လူများ တစ်ယောက်ပြီး တစ်ယောက် သေသွားကြသည်။ အကုန်လုံးကို ပိန်သေးသေး လက်သီးတစ်ချက်က ထုတ်ချင်းဖောက်သွားပြီး ပြာဖြစ်သွားကြသည်။
တစ်မိနစ်အတွင်းတွင် လူဆိုးခေါင်းဆောင် တစ်ယောက်သာ ကျန်တော့သည်။
“မဖြစ်နိုင်ဘူး … သူ ဘယ်လိုတောင် အင်အားကြီးရတာလဲ”
လူဆိုးခေါင်းဆောင် သွေးပျက်ကာ အရှိန်မြှင့်၍ ပြေးလိုက်မိသည်။ သို့သော် မီတာ ၁,၆၀၀ ခန့် ပြေးပြီးနောက် ရပ်လိုက်မိသည်။ သူ့ရှေ့တည့်တည့်သို့ မျှော်လင့်ချက်မဲ့စွာ ဖြူရော်နေသော မျက်နှာနှင့် ကြည့်နေမိသည်။
မလှမ်းမကမ်းတွင် လူတစ်ယောက်က အကြာကြီး စောင့်နေရသည့်ဟန်ဖြင့် အေးအေးထိုင်ကာ ဆေးလိပ်သောက်နေသည်။
“ခင်ဗျားက အရမ်းနှေးတာပဲ”
စီးကရက်မှ ပြာကို ဆတ်ခနဲ တောက်လိုက်ပြီးနောက် ယဲ့ဖန် ဖြည်းဖြည်းချင်းထရပ်ကာ လူဆိုးခေါင်းဆောင်ကို သရော်သည့်ဟန်ဖြင့် ကြည့်လိုက်သည်။
ဘန်း!
လူဆိုးခေါင်းဆောင် ခြေထောက်တွေ ပျော့ခွေကာ ဒူးထောက်ရက်သား လဲကျသွားသည်။
“ဖိုးဖိုးကြီး… ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ။ ကျွန်တော်ကို တစ်ယောက်ယောက်က ခိုင်းလို့လုပ်ရတာပါ။ ကျွန်တော် မှားသွားပါတယ်။ နောက် ဘယ်တော့မှ ဒီလိုမလုပ်တော့ပါဘူး”
လူဆိုးခေါင်းဆောင်က သေတော့မလို မျက်နှာနှင့် ဖားယားနေသည်။ သူ့နဖူးက သွေးထွက်နေတာတောင် သူ သတိမထားမိပေ။
သူ မသေချင်သေးပေ။ သူ့တွင် သုံးရမည့်ပိုက်ဆံများနှင့် အတူတူအိပ်ရမည့် မိန်းမတွေ အများကြီး ကျန်နေသေးသည်။
သူ ခွေးလိုနေရမည်ဆိုလျင်တောင် အသက်ဆက်ရှင်ချင်သေးသည်။
လူဆိုးခေါင်းဆောင် ဒူးထောက်တောင်းပန်နေသည်ကို ကြည့်ပြီး ယဲ့ဖန် အသာလေး ပြုံးလိုက်သည်။
“မင်းကို ဘယ်သူ ခိုင်းတာလဲ?”
“သူ … သူက ယဲ့ဟူပါ”
နောက်ဆုံးတွင် လူဆိုးခေါင်းဆောင်က အမှန်ကို ထုတ်ပြောလာသည်။
“ပြီးခဲ့တဲ့ ၂ရက်လောက်က ယဲ့ဟူက လူတစ်ယောက်နဲ့ ကျွန်တော်တို့ကို ရှာပြီး ဥက္ကဋ္ဌလင်းလန်ကို မုဒိမ်းကျင့်ပြီး သတ်ခိုင်းပါတယ်၊ ပြီးတော့ ဒါကို ခင်ဗျားအပေါ် လွှဲချပေးမယ်ဆိုရင် ပိုက်ဆံ ယွမ် ၅၀၀,၀၀၀ ပေးမယ်လို့ ကတိပေးပါတယ်။ ကျွန်တော်…ကျွန်တော် လောဘကြီးမိသွားပါတယ်။ ဘိုးဘိုးကြီး ကျွန်တော့်ကို ညှာတာပေးပါ”
လူဆိုးခေါင်းဆောင် လူသာမက အသံပါ တုန်နေသည်။ သူ ကြောက်လွန်းလို့ သေးပါ ထွက်ကျနေသေး၏။
“ယဲ့ဟူ” ဟူသည့်နာမည်ကို ကြားလိုက်ရပြီး ယဲ့ဖန် မျက်လုံးကို မှေးစဉ်းလိုက်မိပြီး သူ့မျက်လုံးတွင်လည်း ရက်စက်မှု အရိပ်အယောင် အနည်းငယ် စွန်းထင်းသွားသည်။
“ယဲ့ဟူ … ဘာလို့ မင်းပဲ ဖြစ်နေတာလဲ။ မင်းတော့ ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”
အရင်တစ်ခေါက်က သူ သတိပေးသည့်အနေနှင့် ယဲ့ဟူ၏ ခြေထောက်ကို ချိုးခဲ့သည်။ ဒါတောင်မှ သူက အမှတ်မရှိဘဲ စောက်တလွဲတွေ လုပ်နေသေးသည်။
“ဟူး…တကယ်က ငါ လူမသတ်ချင်ဘူး။ ဒါပေမယ့် တစ်ချို့လူတွေက အမြဲသေချင်နေကြတယ်”
ယဲ့ဖန် အားမလိုအားမရဖြစ်ကာ သက်ပြင်းချလိုက်တော့သည်။
ယဲ့ဖန်၏ စကားကို ကြားပြီး လူဆိုးခေါင်းဆောင် ထပ်မံ၍ တုန်ယင်လာကာ သူ့နဖူးနှင့် မြေကြီးကို ထိလိုက်ပြီး “ဘိုး..ဘိုးဘိုးကြီး…ကျွန်တော် သိသမျှအားလုံး ခင်ဗျားကို ပြောပြပြီးပါပြီ။ ကျွန်တော် သွားလို့ရပြီလားခင်ဗျ?”
*ထွက်သွားမယ်*
ယဲ့ဖန် ခဏမျှ ကြောင်သွားပြီးမှ နတ်ဆိုးဆန်ဆန် ရယ်၍ “မင်း ငရဲကို သွားလို့ရပြီ”
ရုတ်တရက် အနက်ရောင်ချီများ ယဲ့ဖန်ကိုယ်မှ ထွက်လာကာ လူဆိုးခေါင်းဆောင်၏ ကိုယ်ထဲတို့ တိုးဝင်သွားသည်။ သူ၏ နှာခေါင်းနှင့် ပါးစပ်မှတစ်ဆင့် တိုးဝင်သွားသည်ကြောင့် သူ သနားစဖွယ် ငိုနေသည်။
စက္ကန့်ပိုင်းမျှကြာသောအခါ မြေကြီးပေါ်၌ နောက်ထပ် ပြာပုံတစ်ခု ဖြစ်ပေါ်လာသည်။
ယဲ့ဖန် ပုရွက်ဆိတ်တစ်ကောင်ကို သတ်လိုက်သလိုမျိုး အသာလေး ထွက်လာရန် ကြံလိုက်သည်။
ထိုစဉ် ပြာပုံထဲမှ တစ်စုံတစ်ခုကို သူ သတိပြုမိသွားသည်။
“အာ?”
ယဲ့ဖန် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ပြာပုံထဲမှ ကျောက်စိမ်းဆွဲပြားလေးကို ဆွဲယူလိုက်သည်။ ပြာပုံကို ကြည့်နေသည့် ယဲ့ဖန်၏ တောက်ပနေသော မျက်လုံးများက တွေဝေနေသည်။
သူ၏ သေမင်း နတ်ဆိုး ဆုဒြာသည် အရာအားလုံးကို ပြာအဖြစ် ပြောင်းလဲနိုင်သည်။ အဝတ်အစားနှင့် အိတ်တွေတောင်မှ သူ၏ သေမင်း နတ်ဆိုး ဆုဒြာကြောင့် အချိန်ခဏလေးအတွင်း ပြာဖြစ်သွားနိုင်သည်။
သို့ဖြစ်ပါလျက် ဤကျောက်စိမ်းဆွဲပြားလေးက ပကတိအတိုင်း ကျန်ရှိနေသေးသည်။
ယဲ့ဖန် မျက်လုံးကို မှေး၍ ကျောက်စိမ်းဆွဲပြားလေးကို အားနှင့် ဖိချေလိုက်သည်။
အက်ကွဲသံနှင့်အတူ ကျောက်စိမ်းဆွဲပြားက ၂ပိုင်းကွဲသွားကာ အထဲမှ မည်းနက်နေသော ကျောက်တုံးတစ်တုံး ထွက်ပေါ်လာသည်။
*ကောင်းကင်စွမ်းအင်စု မှော်ကျောက်တုံး*
ထိုကျောက်တုံးလေးကို ကြည့်ပြီး ယဲ့ဖန် အလွန်အမင်း အံ့အားသင့်သွားသည်။
စကြဝဠာအတွင်းရှိ မှော်ကျောက်တုံးဖြစ်သည့် အားလျော်စွာ ကောင်းကင်စွမ်းအင်စု မှော်ကျောက်တုံးသည် စကြဝဠာအတွင်းမှ စွမ်းအင်များကို စုပ်ယူနိုင်သည်။
ပိုကောင်းမွန်သည့်အချက်ကတော့ ဤအရာသည် မှော်အာကာသစနစ်ကို ပြုလုပ်ရာ၌ လိုအပ်သည့်အရာ ဖြစ်သည်။
ကောင်းကင်စွမ်းအင်စု မှော်ကျောက်တုံးကို ကြည့်ရင်း ယဲ့ဖန်မျက်လုံးထဲတွင် ဝမ်းသာပီတိများ ဖုံးလွှမ်းနေသည်။
“ဒီကောင်းကင်စွမ်းအင်စု မှော်ကျောက်တုံးနဲ့ဆိုရင် ငါ မှော်အာကာသစနစ်ကို ပြုလုပ်ပြီးတော့ စကြဝဠာထဲက စွမ်းအင်တွေကို စုပ်ယူနိုင်ပြီ။ ဒါဆို ငါ သေမင်းနတ်ဆိုး ဆုဒြာကို အချိန်တိုအတွင်း အဆင့်မြှင့်နိုင်ပြီပဲ”
လူဆိုးခေါင်းဆောင်၏ ပြာပုံကို ကြည့်ကာ ယဲ့ဖန်က ပြုံးပြီး
“ဘယ်တော့မှ ပြန်မတွေ့ဘဲနေကြတာပေါ့”
ထိုသို့ပြောပြီး ယဲ့ဖန် နောက်လှည့်ကာ သူ့အိမ်သို့ ပြန်လာခဲ့သည်။ ယဲ့မိသားစု၏ တရားမဝင်သား ဖြစ်သောကြောင့် ယဲ့ဖန်သည် ယဲ့အိမ်တော်တွင် နေခွင့်မရှိပေ။ ထိုအစား ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှ အိမ်တစ်လုံးတွင်သာ နေရသည်။
ယဲ့မိသားစုက သူ့အား တစ်လအသုံးစရိတ်အနေနှင့် တစ်လကို ယွမ် ၁,၀၀၀ သာ ပေးသည်။
ယဲ့ဖန် သူ့အိမ်သို့ ပြန်လာသောအခါ အခန်းထဲမဝင်ဘဲ ခြံထဲတွင် ထူးဆန်းသော စာများ ရေးထွင်းနေသည်။
ထိုစာများသည် အတော်လေး ထူးခြားဆန်းကျယ်သည်။ စာလုံးတစ်လုံးစီတိုင်းက ယဲ့ဖန်ကို အားအတော် ကုန်စေသည်။
စာများ ရေးထွင်းပြီးနောက် ယဲ့ဖန် နဖူးတွင် ချွေးများဖြင့် စိုရွှဲနေသည်။
“မှော်အာကာသစနစ်တော့ ပြီးသွားပြီ”
ယဲ့ဖန် ပြုံးလိုက်သည်။ ကောင်းကင်စွမ်းအင်စု မှော်ကျောက်တုံးအား ခြံဝန်းအလယ်တွင် မြှပ်လိုက်ပြီးနောက် ယဲ့ဖန် နဖူးမှ ချွေးကို သုတ်၍ သက်ပြင်းချလိုက်သည်။
ကောင်းကင်စွမ်းအင်စု မှော်ကျောက်တုံးအား မြှပ်လိုက်ပြီးနောက် အမျိုးအမည်မသိသော စုပ်ယူအားတစ်မျိုးက ခြံဝန်းတစ်ခုလုံးအတွင်း ထွက်ပေါ်လာသည်ကို သူ ခံစားလိုက်မိသည်။
ထိုစဉ် အရပ်မျက်နှာအားလုံးမှ ပြင်းထန်သော စွမ်းအင်များက ခြံဝန်းအတွင်း စီးဝင်လာသည်။
ယဲ့ဖန် သူ၏ သေမင်း နတ်ဆိုးဆုဒြာကို ထုတ်ဖော်လိုက်သောအခါ စွမ်းအင်အမျှင်ပါးလေးက သူ့ကိုယ်ထဲ တိုးဝင်လာသည်ကို ခံစားလိုက်မိပြီး ထိုအမျှင်ပါးလေးမှ နတ်ဆိုးစွမ်းအား အဖြစ်သို့ ပြောင်းလဲသွားသည်။
“မိုက်တယ်ဟ…ငါ ဒီလို မခံစားရတာ ကြာပြီပဲ”
ယဲ့ဖန် မျက်လုံးမှိတ်ထားလိုက်ရင်း ဆဲလ်တစ်ခုချင်းစီမှ အားပေးနေသလိုမျိုး ခံစားမိသည်။ စွမ်းအင်များကို နတ်ဆိုးစွမ်းအားအဖြစ် နှစ်ဆမက ပြောင်းလဲနေသည်။
“ဒီမှော်အာကာသစနစ်နဲ့ဆိုရင် ခြံထဲက ပန်းပင်နဲ့မြက်ပင်တွေကတော့ အဆမတန် ကြီးထွားလာကြမှာပဲ။ နောက်ဆို မြက်ဝိညာဉ်တောင် ပေါ်လာမလားပဲ”
များစွာသော စွမ်းအင်များ ခြံဝန်းအတွင်းသို့ စီးဝင်လာသည်ကြောင့် ခြံထဲရှိ သစ်ပင်ပန်းမန်များ အထိန်းအကွတ်မဲ့စွာ ကြီးထွားလာကြသည်။
ခြံဝန်းအား ခဏမျှ လေ့လာကြည့်ပြီးနောက် ယဲ့ဖန် နောက်လှည့်ကာ အိမ်ထဲ ဝင်လာခဲ့သည်။ သူ့အိပ်ခန်းထဲမှ မြင်ကွင်းကို ကြည့်ရင်း ယဲ့ဖန် ကြက်သေ သေသွားသည်။
အိပ်ယာခင်းက ဖရိုဖရဲဖြစ်နေကာ စနှိုးဝှိုက်သဖွယ် လှပသည့် အမျိုးသမီး ခန္ဓာကိုယ်လေးက အိပ်ယာပေါ်၌ လူးလွန့်နေသည်။
သူမက သူမအဝတ်အစားများကို ဆွဲဖြဲကာ သူမ၏ ညှို့ငင်နိုင်သော ညည်းသံများက ယဲ့ဖန်အား အတိုင်းမသိ နှိုးဆွပေးနေသည်။
“သေစမ်း… ငါ သူ့ကို မေ့သွားတယ်”
ဆွဲမက်စရာကောင်းသော မြင်ကွင်းကို ကြည့်ရင်း ယဲ့ဖန် နှလုံးခုန် မြန်လာသလို ခံစားလိုက်ရသည်။
ထိုစဉ် လင်းလန်က ရုတ်တရက် ငေါက်ခနဲထလာပြီး ယဲ့ဖန်ဆီ ခုန်ဝင်လာသောကြောင့် သူ လဲကျသွားသည်။
လင်းလန် လုံးဝ အသိစိတ်မဲ့နေကာ မျက်နှာနီရဲရဲလေးအတူ စိတ်ကြွနေသော မျက်လုံးများနှင့် ယဲ့ဖန်အား အရူးအမူး နမ်းလေတော့သည်။ ထိုသို့နမ်းနေစဉ်မှာပဲ သူမက ယဲ့ဖန်၏ အဝတ်အစားကို ဆွဲဖြဲနေလေသည်။
*ချီးပဲ*
*ဒီမိန်းမက ငါ့ကို အဓမ္မကျင့်နေတာပဲ*
သူ့လို နတ်ဆိုးဧကရာဇ်တစ်ယောက်က မိန်းမတစ်ယောက်၏ အမြတ်ထုတ်ခြင်း ခံရလိမ့်မည်ဟု မထင်ထားသဖြင့် ယဲ့ဖန် ဆွံ့အနေသည်။
“ကောင်းပြီလေ… မင်းက တိရိစ္ဆာန်လို ပြုမူနေမှတော့ ငါလည်း တိရိစ္ဆာန်ထက် ဆိုးတာမျိုး လုပ်ရတော့မှာပေါ့”
ယဲ့ဖန် နေရာပြောင်းလိုက်ပြီး လင်းလန်အား အောက်သို့ ဆွဲချလိုက်သည်။