Switch Mode

Chapter 25

ငါ မင်းဆန္ဒတွေကို ဖြည့်ဆည်းပေးရတာပေါ့

“မင်းတို့ အားလုံး အတူတူ သေလို့ရပါတယ်”

ထိုအသံသည် မြေအောက်ကမ္ဘာက လာသည့်အလား အေးတိအေးစက်နိုင်ကာ အခန်းထဲမှ လေထုအား အေးခဲသွားစေသည်။

ရုတ်တရက် ခေါင်းဆောင်က မှင်တက်သွားသည်။ ထို့နောက် သူတို့အားလုံး နောက်သို့ ခပ်သွက်သွက် လှည့်ကြည့်လိုက်သောအခါ မှောင်ရိပ်ကွယ်နေသော ထောင့်တစ်နေရာမှ လူတစ်ယောက် မြင်လိုက်ရသည်။

“ဘယ်သူလဲ…ထွက်လာခဲ့စမ်း”

ဤအဖြစ်အပျက်ကြောင့် သူတို့မျက်နှာ အမူအရာ ပြောင်းလဲသွားသည်။ သူတို့ ဝင်လာတုန်းက အခန်းထဲ၌ ဘယ်သူမှ မရှိတာ သေချာလှသည်။

*ဒီလူ အခန်းထဲကို ဘယ်လိုလုပ် ရောက်နေတာပါလိမ့်?*

လူဆိုးအားလုံး၏ အပြုအမူတွေ‌က လေးနက်လာကာ ခဏလေးအတွင်းမှာပင် တိုက်ခိုက်ရန် သူတို့ဓားမြှောင်တွေကို ဆွဲထုတ်လိုက်ကြသည်။

ခြေသံတသဲ့သဲ့ကြားရပြီးနောက် မှောင်ရိပ်ထဲမှ လူက ဖြည်းဖြည်းချင်း လျှောက်လာသည်။ ထိုသူသည် ယဲ့ဖန်ပင်။

ယဲ့ဖန်၏မျက်နှာက အလွန့်ကို သုန်မှုန်နေသည်။ ထိုသူတွေက လင်းလန်ကို ပြန်ပေးဆွဲလာရုံသာမကဘဲ သူ့အိမ်ကိုပါ ခေါ်လာပြီး ဝိုင်းမုဒိမ်းကျင့်ကာ သတ်ရန် ကြံစည်နေကြသည်။ ပြီးနောက် သူတို့ အပြစ်တွေကို ယဲ့ဖန်အပေါ် လွှဲချချင်နေသေး၏။ မည်မျှဆိုးယုတ်လာတဲ့ လှည့်ကွက်ပါလိမ့်။

ထို့ကြောင့် သူတို့အားလုံးကို သတ်ပစ်ရန် ယဲ့ဖန် ဆုံးဖြတ်ချက် ချထားပြီးသား ဖြစ်သည်။

“သုံးစားမရတဲ့ကောင်…မင်းကိုး”

ယဲ့ဖန်ကို မြင်လိုက်သည့်ခဏ သူတို့ ကြောင်သွားကြသည်။ ပြီးမှ စိတ်သက်သာရာ ရသွားကြသည်။

“အဟက်… မင်း ပြန်လာလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး။ ဒီကစားပွဲက ပိုပြီးတော့ စိတ်ဝင်စားစရာ ကောင်းလာပြီပဲ”

လူဆိုးခေါင်းဆောင်က ယဲ့ဖန်အား အထင်အမြင်သေးစွာ ပြောဆိုလိုက်သည်။

ကုတင်ပေါ်၌ ကိုမာဝင်သလိုမျိုး လဲနေသည့် လင်းလန်အား လှည့်ကြည့်လိုက်ပြီးနောက် လူဆိုးခေါင်းဆောင်က သုန်မှုန်နေသော အမူအရာနှင့် ပြောလာသည်။

“ဟီးဟီး…ကောင်စုတ်လေး မင်း ဒီရောက်လာတော့ ပိုအဆင်ပြေသွားပေါ့။ ခဏနေရင် ငါတို့ မင်းကို ရုပ်ရှင်ကား အလကားပြမယ်။မင်းက ပွဲကြည့်ပရိသတ် ဖြစ်ရုံမကဘဲ ကြားထဲက အချောင်ခံရမယ့်သူ ဖြစ်လာဦးမှာကွ”

လူဆိုးခေါင်းဆောင်က အားရပါးရ ပြုံးလာသည်။

“ဟီးဟီး… ငါတို့ သူ့ကို မုဒိမ်းကျင့်ပြီး မင်းအပေါ် အပြစ်လွှဲချလိုက်မှာ။ ငါတို့ သာသာယာယာ ဖြစ်နေတဲ့အချိန် မင်းကတော့ သေရတော့မှာပေါ့။ ငါတို့ မင်းအတွက် တကယ် စိတ်မကောင်းပါဘူး”

သူတို့ခေါင်းဆောင်၏ စကားကြောင့် နောက်လိုက်များက ယဲ့ဖန်အား သရော်တော်တော် ကြည့်ကာ ဟားတိုက်ရယ်မောလိုက်ကြသည်။

သို့သော် သူတို့ စကားကို ကြားသော်လည်း ယဲ့ဖန်က မထူးမခြားနားပင်။ သူက သူတို့အား ကြည့်ကာ ပြောလိုက်သည်။
“ခင်ဗျားတို့က တော်တော်လေကျယ်တာပဲ။ ငရဲကို သွားရမယ့်လမ်းက အရှည်ကြီးပဲ။ ခင်ဗျားတို့ ကြိုပြင်ဆင်ထားသင့်တယ်”

ဟမ်!

ယဲ့ဖန်က တည်တည်ငြိမ်ငြိမ်နှင့် သူတို့ကို ပေါ်တင် ကျိန်ဆဲ၍
ပြောဆိုလိမ့်မည် သူတို့ ထင်မထားခဲ့ပေ။

သုံးစားမရသော တရားမဝင်သားက သူတို့ကို မကြောက်မှန်း လူဆိုးခေါင်းဆောင် သတိပြုမိသွားသည်။ သူ ချက်ချင်း မျက်နှာပိုးသတ်လိုက်ပြီး ပြောလိုက်သည်။

“ဟေ့ကောင် မင်းက အလာကြီးပါလားကွ။ မင်းရဲ့အရည်အချင်းလေး ပြစမ်းပါဦး”

ထိုသို့ ပြောပြီး သူက လက်ဝှေ့ယမ်းရင်း ပြောလိုက်သည်။

“တတိယညီလေး သူ့ကို ကျိုးပဲ့သွားအောင် လုပ်လိုက်စမ်းပါ”

ခေါင်းဆောင်၏ အမိန့်ကြောင့် လူသန်ကြီးတစ်ယောက် ရှေ့ထွက်လာသည်။ ထိုသူသည် ၁.၉မီတာ မြင့်ကာ သံမဏိကျားကြီးအလား သန်မာလှသည်။

ယဲ့ဖန်၏ ပိန်သေးသေးခန္ဓာကိုယ်ကို ကြည့်ကာ ထိုလူကြီးက ကြောက်မက်ဖွယ်ကောင်းလောက်အောင် ရယ်လိုက်ကာ ပြောလာသည်။

”ကောင်စုတ်လေး… မင်း ငါ့ကို မင်းလက်ကို ချိုးစေချင်လား ဒါမှမဟုတ် ခြေထောက်ကို ချိုးစေချင်လား?”

သူ၏မျက်နှာက ပို၍ ရက်စက်ဟန်ပေါက်လာကာ ပြောလာသည်။

“ကောင်းပြီလေ… ဒါဆိုလည်း ငါ မင်းတစ်ကိုယ်လုံးကို ဆော်ရမှာပေါ့။ မင်းရဲ့အရိုးတွေကို ချိုးပေးရတာပေါ့”

ထိုသူက ယဲ့ဖန်အား ငါးမြှားချိတ်၌ ညိနေသော ငါးသဖွယ် မှတ်ယူကာ အကြောက်အလန့်ကင်းစွာ ပြောလိုက်သည်။

*အရိုးတွေလား*

“ရွေးချယ်တာ ကောင်းသားပဲ”

ယဲ့ဖန်၏ နှုတ်ခမ်းထောင့် တွန့်ကွေးသွားကာ မျက်လုံးတွင် သွေးဆာနေသော အရိပ်အယောင် တစ်ချို့ ဖြတ်ပြေးသွားသည်။

“ဒါဆိုလည်း မင်းဆန္ဒတွေကို ဖြည့်ဆည်းပေးရတာပေါ့”

*ဘာ*

ယဲ့ဖန်စကားကြောင့် ထိုသူ ကြောင်သွားရသည်။ ထို့နောက် သူ့မျက်နှာ တင်းမာလာကာ

“ကောင်းပြီလေ.. အကြောတင်းတဲ့ကောင်စုတ်လေး… ငရဲကို သွားလိုက်တော့” ဟု ပြောပြီး ယဲ့ဖန်ထံသို့ ကြံတစ်ကောင်အလား ပြေးဝင်သွားသည်။

ထို့အပြင် ထိုသူက ယဲ့ဖန်၏ ရင်ဘက်ကို မိုးကြိုးပစ်ချလိုက်သည့်အလား ပြင်းထန်စွာ ထိုးချလိုက်သည်။ တစ်ချိန်တည်းမှာပဲ သူက ယဲ့ဖန် အရိုးကျိုးကာ အော်ဟစ်ငိုကြွေးသည်ကို မြင်လိုက်ရသည့်အလား အားရပါးရ ပြုံးပျော်နေသည်။

ဘုန်း!

ထို့နောက် သူ မသဲမကွဲအသံကြားလိုက်ရပြီး တုန်လှုပ်သွားသည်။ သူ ခေါင်းငုံ့ကြည့်လိုက်သောအခါ သူ့ရင်ဘက်က လက်သီးတစ်ချက်ကြောင့် ပေါက်ထွက်နေသည်ကို မြင်လိုက်ရသည်။

ရင်ဘက်တစ်ခုလုံး ပေါက်ထွက်သွားတာ!

ထိုလက်သီးသည် သေး၍ အားနည်းဟန်ရသော်လည်း ထက်ရှသော ဆေဘာဓားသဖွယ် သူ့ရင်ဘက်မှ ကျောဘက်အထိ ပေါက်ထွက်နေသည်။

တစ်ချိန်တည်းမှာပင် လက်သီးမှ သွေးများ တတောက်တောက်ကျနေသည်။ သွေးစက်ကျသံများက အားလုံးကို ထိတ်လန့်သွားစေသည်။

“ဘာ…ဘာဖြစ်သွားတာလဲ”

အခန်းထဲမှ လူသန်များအားလုံး တုန်လှုပ်ချောက်ချားသွားကြသည်။ ဤအဖြစ်အပျက်ကို သူတို့ မယုံနိုင်ကြသေးပေ။ ဘယ်လိုလုပ် လက်သီးတစ်ချက်က ဆေဘာဓားလို လူတစ်ယောက်ရဲ့ ရင်ဘက်ကို ဖောက်ထွက်သွားတာပါလိမ့်?

“မ…မဖြစ်နိုင်ဘူး”

“အား … အား … အား”

ထိုစဉ် တတိယညီလေးဟု ခေါ်သောသူက နာကျင်စွာ အော်ဟစ်ကာ သူ့မျက်နှာကလည်း လူသေကောင်ပမာ ဖြူရော်လာသည်။ တစ်ချိန်တည်းမှာပဲ စူးရှသော နာကျင်မှုက သွေးကြောတစ်လျောက် ပြန့်နှံ့လာကာ ငယ်သံပါအောင် အော်မိသွားသည်။

“အား…နာလိုက်တာ”

တတိယညီလေးဟု ခေါ်သည့်သူက အခုထိ သူ့မျက်လုံးသူ မယုံနိုင်သေးပေ။ သူ့ရင်ဘက်က လူတစ်ယောက်၏ လက်သီးကြောင့် ပေါက်ထွက်သွားလိမ့်မည်ဟု သူ ထင်မထားခဲ့ချေ။ ပိုသွေးပျက်စရာ ကောင်းသည်က ဒီသုံးစားမရတဲ့ကောင် ဘယ်လိုလုပ်လိုက်သလဲဆိုတာကို သူ သေချာမမြင်လိုက်ခြင်းပေ။

*နတ်ဆိုး*

“သူက နတ်ဆိုးပဲ”

ထိုသူက သူသေတော့မည်ကို နားလည်လိုက်သည်။ ထိုနတ်ဆိုး၏ လက်မှ လွတ်အောင် သူ ကြိုးစားရုန်းကန်သော်လည်း အချည်းနှီးပင်။

အနက်ရောင်မြူခိုးများက ထိုသူ၏ ဒဏ်ရာမှ ယဲ့ဖန်၏ လက်သီးထဲသို့ စီးဝင်သွားကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးသို့ အမျှင်ပါးလေးအဖြစ် ပျံ့နှံ့သွားသည်။

ထိုသူ၏ ခန္ဓာကိုယ်သည် သူ့ကိုယ်ထဲ မြွေတစ်ကောင် ဝင်၍ လှုပ်ရှားနေသည့်အလား အဖုအဖောင်းများ ဖြစ်ပေါ်လာသည်။ ထိုသူက ကြောက်မက်ဖွယ်ကောင်းလောက်အောင် အော်ဟစ်နေသည်မို့ ကျန်သူများအားလုံး ကြယ်သီးမွှေးညှင်း ထသွားကြသည်။ နောက်ဆုံးတွင် သူ အော်ဟစ်နေရာမှ ရပ်တန့်သွားကာ သူ့ခန္ဓာကိုယ်သည်လည်း တောင့်တောင့်ကြီး ဖြစ်သွားသည်။

*သူသေသွားပြီ*

*တတိယအစ်ကို သေသွားပြီ*

ဤအဖြစ်အပျက်ကို ကြည့်နေသည့်သူများအားလုံး သူတို့ကိုယ်ထဲမှ သွေးတွေ အေးခဲသွားသလို ခံစားလိုက်ရသည်။

တတိယညီလေး၏ ကြောက်မက်ဖွယ်ကောင်းသော မျက်နှာကို ကြည့်ရင်း သူတို့သည်လည်း ကြောက်မက်ဖွယ်ကောင်းသောအရာတစ်ခုကို ကြည့်နေမိသည်ဟု ခံစားမိလိုက်ကြသည်။

ခေါင်းဆောင်နှင့် ကျန်သူများအားလုံး သူတို့ ဘယ်တော့မှ မမေ့နိုင်သည့်အရာကို မြင်တွေ့လိုက်ရသည်။
လေတိုက်လာသောအခါ တတိယညီလေး၏ ခန္ဓာကိုယ်သည် ပြာအဖြစ် ပြောင်းလဲသွားကာ ပျောက်ကွယ်သွားသည်။

“ဒါ … ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး”

ခေါင်းဆောင်နှင့် ကျန်သူများအားလုံး မျက်လုံးပြူးသွားကြသည်။ သူ သေသွားတာကို သူတို့ လက်ခံပေးလို့ရသည်၊ သို့သော် အလောင်းက ပြာဖြစ်ပြီး ပျောက်သွားတာကိုတော့ သူတို့ ဘယ်လိုမှ လက်ခံလို့မရ ဖြစ်နေသည်။

“မ…မယုံနိုင်စရာပဲ”

“မင်း… မင်းက ဘာကောင်လဲ? လူလား သရဲလား?”
ခေါင်းဆောင်သည် အရင်က ဒီလောက် ထူးဆန်းသည့်ကိစ္စမျိုး မကြုံဖူးတာမို့ ကြောက်လန့်နေသည်။ သူ့အမြင်တွင်တော့ ယဲ့ဖန်သည် လူသားတစ်ယောက် မဟုတ်တော့။

*လူလား သရဲလား ဟုတ်လား*

ထိုစကားကြောင့် ယဲ့ဖန် ခေါင်းကိုခါ၍ လှောင်ရယ်လိုက်ကာ “ငါက နတ်ဆိုး။ နတ်ဆိုးတစ်ကောင်ပဲ”

*နတ်ဆိုး*

ခေါင်းဆောင်နှင့် ကျန်သူများအားလုံး သွေးခဲသွားသလို ခံစားလိုက်ရသည်။

တတိယညီလေး ဆိုးရွားစွာ သေဆုံးသွားသည့်ပုံစံက သူတို့အား ခြောက်လှန့်နေသည်။ သူတို့ ချက်ချင်း နောက်လှည့်၍ ထွက်ပြေးရန် ကြံလိုက်ကြသည်။

ထိုစဉ် နတ်ဆိုးသဖွယ် အသံတစ်မျိုးက အခန်းတွင်း ပျံ့နှံ့လာသည်။

“ငါက အသက်ရှင်ခွင့်ပေးမှ မင်းတို့ အသက်ရှင်ခွင့်ရမယ်။ ငါက သေစေချင်ရင် မင်းတို့ သေကိုသေရမယ်”

Comment

Leave a Reply

Options

not work with dark mode
Reset