Chapter 24

မင်းတို့ အတူတူ သေလို့ရပါတယ်

*လေးစားပါတယ် ဘောစ့်*
ဝံပုလွေရိုင်း၏ စကားကို ကြားပြီး ဘားထဲရှိလူများအားလုံး ရင်သက်ရှုမော ဖြစ်သွားကြသည်။

ကျန်းရှီမြစ်မြောက်ဘက်ခြမ်းရဲ့ ပြိုင်ဘက်ကင်းက ကျောင်းသားတစ်ယောက်ကို သူ့ဘော့စ်အဖြစ် သတ်မှတ်လိုက်သည်တဲ့လား။

ဒီသတင်းသာ ကျန်းရှီမြစ်တစ်လျောက် ပြန့်သွားခဲ့လျင် အားလုံး အံ့ဩသွားကြလောက်သည်။

အားလုံးက ဖေးချမ်ကို အလွန်အားကျသည့် မျက်လုံးများဖြင့် ကြည့်နေကြသည်။ ဒီဖက်တီးက ကျန်းရှီမြို့မှာ ဩဇာညောင်းသည့် ဖြစ်လာတော့မည်ကို သူတို့ သိနေကြသည်။

သူတို့ ပိုအားကျသည်က ယဲ့ဖန်က ဖေးချမ်၏ သူငယ်ချင်းကောင်း ဖြစ်နေသည့်အချက်ပင်။

ယဲ့ဖန် သာမန်ကာလျှံကာလို ပြောလိုက်သည့် စကားကြောင့် ဖေးချမ်က မြို့တွင်းတွင် အာဏာရပုဂ္ဂိုလ် ဖြစ်လာခြင်း ဖြစ်ချေသည်။

သူက ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်ကို စကားတစ်ခွန်းနဲ့တင် ဖန်တီးခဲ့သည်။

အားလုံးက ယဲ့ဖန်အား အလွန်လေးစားအားကျစွာ ကြည့်နေကြသည်။ ချွီထောင်နှင့် မိန်းကလေးသုံးယောက် သတိလစ်မတတ် ဖြစ်နေကြသည်။

“ဖေး…ဖေးချမ်က ဝံပုလွေရိုင်းရဲ့ သူဌေး ဖြစ်သွားတယ်… ဒါ…”
ချွီထောင်၏မျက်နှာက လူသေလို ဖြူရော်သွားသည်။ အရင်တုန်းက ဖေးချမ်နှင့် ချွီထောင်တို့က သူငယ်ချင်းများ ဖြစ်ကြပြီး အသိုင်းအဝိုင်းတွင်လည်း နေရာအနေအထားက အတူတူပင် ဖြစ်သည်။ ချွီထောင်က ဖေးချမ်ကို သိမ်ငယ်စေခဲ့သေးသည်။

သို့သော်လည်း ယနေ့မှစ၍ သူသည် ဖေးချမ်ရှေ့တွင် အရေးမပါသော ပုရွတ်ဆိတ်တစ်ကောင်လို ဖြစ်သွားပေသည်ကို သတိပြုလိုက်မိသည်။

ဖေးချမ်ကို ကပ်ဖားရပ်ဖား လုပ်လို့ရသည်အထိ သူ အဆင့်မမှီတော့ချေ။

ထို့နောက် ချွီထောင်က ယဲ့ဖန်အား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်မိသည်။ ဖေးချမ်၏ ထင်ပေါ်ကျော်ကြားလာမှုသည် ယဲ့ဖန်ကြောင့် ဖြစ်သည်။ အရင်တုန်းက သူ ယဲ့ဖန်ကို အထင်မြင်သေးခဲ့မိသည့်အပေါ် နောင်တရကာ ကိုယ့်ပါးကိုယ်သာ ပြန်ရိုက်ချင်မိတော့သည်။

*ငါ ကန်းနေခဲ့တာပဲ။ ငါ တကယ်ကို ကန်းနေခဲ့တာ။ ငါက အရူးပါလားနော်*

ချွီထောင် တော်တော်လေး နောင်တရနေသည်။ ချွီထောင်အပြင် ယွမ်လီပါ သတိလစ်မတတ် ဖြစ်နေရှာသည်။ ဖေးချမ်၏ ရည်းစားဟောင်း ဖြစ်ခဲ့သည့်သူမပင် သူမတို့ လမ်းခွဲလိုက်သည့် တစ်ခဏလေးအတွင်းမှာပင် ဖေးချမ်က ကျန်းရှီမြို့၏ အထက်တန်းစားလူမျိုး ဖြစ်လာလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ ထင်မထားခဲ့ပေ။

*ဘာလို့လဲ… ဘာကြောင့်လဲ*

ယွမ်လီ ရူးမတတ် ဖြစ်နေသည်။ သူမသာ ယဲ့ဖန်အပေါ် စက်ဆုပ်ရွံရှာသလို မလုပ်ခဲ့ဘူးဆိုလျင် ဖေးချမ် သူမကို လမ်းခွဲခဲ့မှာ မဟုတ်ပေ၊ သူမသည်လည်း ကျန်းရှီမြစ် မြောက်ဘက်ခြမ်းတစ်လျောက်တွင် ထိပ်သီးပုဂ္ဂိုလ် ဖြစ်လာမည့်သူ၏ ဇနီးမယား ဖြစ်လာမှာပင်။ ဆိုလိုသည်မှာ သူမ ကျန်းရှီမြို့၏ အထက်တန်းစားလူတွေ၏ အသိုင်းအဝိုင်းအတွင်း ဝင်ဆန့်လာနိုင်မှာ ဖြစ်ပေသည်။

သို့သော်ငြားလည်း အခုအခါတွင်တော့….

*ငါ အရမ်း နောင်တရတယ်… ငါ ဘာလို့ ဒီလောက်တောင် နုံဖျင်းခဲ့ရတာလဲ*

ယွမ်လီ ဆောင့်ကြောင့်ထိုင်ချကာ နောင်တတွေ တစ်ပွေ့တစ်ပိုက်နှင့် ငိုနေမိသည်။ ကျန်းဝေ့ဝေ့သည်လည်း ကြမ်းပြင်ပေါ် ပစ်လဲကျကာ တွေဝေ ငေးမောနေသည်။

*သူ..သူ ဒီလောက်တောင် အင်အားကြီးလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ ဝံပုလွေရိုင်းရဲ့ ဆရာကတောင်မှ သူ့ကို လေးစားနေတာ။ ငါ တကယ့်ကို အရူးပဲ*
ကျန်းဝေ့ဝေ့ အလွန်အမင်း နောင်တရနေကာ သူမနှင့် ယဲ့ဖန် အကွာကြီး ကွာခြားသည်ကို သတိထားလိုက်မိသည်။ ထို့အပြင် သူမဘဝတွင် တန်ဖိုးအရှိဆုံး အခွင့်အရေးတစ်ခုကိုလည်း လက်လွှတ်လိုက်ရချေပြီ။

ထိုအချိန်မှာပင် ချွီထောင်၊ ယွမ်လီနှင့် ကျန်းဝေ့ဝေ့တို့ ဖေးချမ် ပြောခဲ့သည့်စကားကို ပြန်အမှတ်ရမိသွားသည်။

*မင်းတို့ အခု ငါ့အစ်ကိုကို အထင်သေးခဲ့မယ်ဆိုရင် နောင် ဘယ်တော့မှ သူနဲ့ ရင်းနှီးအောင် ကပ်ဖားယပ်ဖား လုပ်လို့ရမှာ မဟုတ်ဘူး*

ဒီစကားကို ကြားကြားချင်းတုန်းက သူတို့ လှောင်ပြောင်သရော်မိကြသည်။ အခုအခါတွင်တော့ သူတို့ ယဲ့ဖန်၊ ဖေးချမ်တို့နှင့် အခုအခါတွင်သာမက နောင်အနာဂတ်မှာပါ ခင်မင်ရင်းနှီးခွင့် မရကြတော့ပေ။

ချွီထောင်တို့ အုပ်စု အောင့်သက်သက်ခံစားချက်မျိုး ခံစားလိုက်ရသည်။
….

ဘားထဲက သူတို့ ထွက်လာတော့ မနက် ၂နာရီတောင် ရှိနေပြီဖြစ်သည်။ ယဲ့ဖန်သည် ဖေးချမ်၊ ဝံပုလွေရိုင်းတို့ကို ထားခဲ့ပြီး ဘားလမ်းတစ်လျှောက် ဖြည်းဖြည်းချင်း လျှောက်နေသည်။

လမ်းဘေးဓာတ်တိုင်မှ နီယွန်မီးများက လမ်းတလျှောက် မှိတ်တုတ်မှိတ်တုတ် လင်းနေသည်။

အရက်မူးနေသောသူများသည်လည်း သူတို့အဖွဲ့နှင့် သူတို့ ပြန်ကြချေပြီ။ သို့သော် လမ်းထောင့်နား ယဲ့ဖန် လျှောက်လာသည့်အချိန်တွင် မိန်းမလှလေးတစ်ယောက်က သူ့အာရုံကို ဖမ်းစားသွားသည်။

“သူမပါလား!?”

သိပ်မဝေးသော တစ်နေရာ၌ အလွန်အမင်းလှသော မိန်းမလှလေးတစ်ယောက် ဘားတစ်ခုထဲမှ ဒယီးဒယိုင်နှင့် ထွက်လာသည်။

သူမ အရက်မူးနေကာ သူမမျက်နှာသည်လည်း သိသိသာသာကို နီရဲနေသည်။ တပ်မက်ဖွယ်ကောင်းသော မျက်ဝန်းလေးနှင့် သူမ၏ လှပသောမျက်နှာလေးက အလွန်အမင်းကို ချစ်ချင်စရာ ကောင်းလှသည်။

သူမသည် ကျန်းရှီမြို့၏ အလှဆုံး ဥက္ကဋ္ဌ လင်းလန်ပင် ဖြစ်ချေသည်။
“သူမ ဒီမှာ တစ်ယောက်တည်း လာသောက်လိမ့်မယ်လို့တောင် ငါ ထင်မထားမိဘူး”

ယဲ့ဖန် ခေါင်းကိုခါ၍ သူမကို လျစ်လျူရှုချင်ယောင်ဆောင်လိုက်သည်။ သို့သော် သူ ထွက်သွားရန် ဟန်ပြင်လိုက်စဉ်မှာပဲ ကားတစ်စီးကို သတိထားလိုက်မိသည်။ ထိုကားက လင်းလန်နောက်မှ ဖြည်းဖြည်းချင်း ကပ်လိုက်နေသည်။

*ဟမ်*

ယဲ့ဖန် မျက်ခုံးကို ပင့်ကာ ထိုကားနှင့် ပတ်သက်ပြီး သံသယဖြစ်ဖွယ်များကို ဆက်၍ စောင့်ကြည့်နေလိုက်သည်။
ထိုအချိန်မှာပင် ကားနောက်ခန်းမှ အမည်းရောင်မျက်နှာဖုံး တပ်ထားသည် လူတစ်ချို့က ကားပေါ်က ဆင်းလာပြီး ဟိုဟိုဒီဒီ ကြည့်လိုက်ကြသည်။ အနီးအနားမှာ လူသူမရှိတာ သေချာမှ သူတို့က လင်းလန်နောက်သို့ ဖြည်းဖြည်းချင်းကပ်ကာ အမှီလိုက်ကြသည်။

ယဲ့ဖန်က သူများကိစ္စထဲ ဝင်မပါချင်ပေ။ သို့သော်လည်း ထိုလူတွေ ပြောနေသည့်စကားကို ကြားပြီး ယဲ့ဖန် တုံ့ခနဲရပ်သွားကာ သူ့မျက်လုံးတွင် ရက်စက်သောချီတစ်ချို့ ဖြတ်ပြေးသွားသည်။

“ဟီးဟီး… ဘယ်လောက်တောင် ကောင်းလိုက်တဲ့အလုပ်လဲကွာ… အလှဆုံး ဥက္ကဋ္ဌကို မုဒိမ်းကျင့်ပြီး သတ်လိုက်ရုံပဲ ပြီးတာနဲ့ ဒီကိစ္စကို သုံးစားမရတဲ့ တရားမဝင်သားအပေါ် အပြစ်ပုံချလိုက်ရုံပဲ။ ကောင်းလိုက်တာကွာ” လူတစ်ယောက်က ပြောရင်း နှုတ်ခမ်းသပ်လိုက်သည်။

“သိပ်မှန်တာပေါ့ကွာ… သူမက အလှဆုံးဥက္ကဋ္ဌ ဖြစ်ရုံတင်မကပဲ ကျန်းရှီမြို့က ယောကျ်ားသားရဲ့ ရင်ထဲက နတ်ဘုရားမလေးကွ။ အခုတော့ သူမက ငါတို့ရဲ့ ကစားစရာလေး ဖြစ်လာပြီ။ ဟီးဟီး …”

“ဟားဟား… အဲ့သုံးစားမရတဲ့ တရားမဝင်သားကတော့ ဘယ်သူနဲ့မှ မအိပ်ရဘဲ သေရတော့မယ်”
….

လင်းလန်၏ ဆွဲဆောင်မှုရှိသော နောက်ကျောပြင်လေးကို ကြည့်ရင်း ထိုလူများအားလုံး ရင်ဖိုလာကာ မျက်နှာကြီးတွေ နီလာကြသည်။
ဒီနတ်ဘုရားမလေးက သူတို့၏ ကစားစရာ ဖြစ်လာတော့မည်ကို မြင်ယောင်ရင်း သူတို့ ခပ်သွက်သွက် လျှောက်ရင်း လင်းလန်ကို ခဏလေးအတွင်းမှာ မှီလာတော့သည်။

သူတို့ထဲမှ တစ်ယောက်က လက်ကိုင်ပုဝါတစ်ခုကို ထုတ်ကာ ရှေ့သို့ တိုးကာ လင်းလန်၏ပါးစပ်ကို အုပ်လိုက်သည်ကြောင့် စက္ကန့်ပိုင်းအတွင်းမှာပင် လင်းလန် မေ့လဲသွားသည်။

ထို့နောက် သူတို့က လင်းလန်ကို ပွေ့ချီကာ ကားဆီသို့ ခပ်သုတ်သုတ် ပြန်ပြေးသွားသည်။

ဤအဖြစ်အပျက်တစ်ခုလုံးက စက္ကန့်ပိုင်းလောက်သာ ကြာသည်။ သူတို့၏ လုပ်ပုံကိုင်ပုံသည် ကျွမ်းကျင်လှကာ ဒါ သူတို့ ပထဆုံးအကြိမ် လုပ်ဖူးတာမဟုတ်မှန်း သိသာလှသည်။

ကားစက် နှိုးသံ ထွက်ပေါ်လာကာ ဤနေရာမှ ထွက်သွားကြသည်။ သို့သော် ကားခေါင်မိုးပေါ်၌ တစ္ဆေကောင်အလား လူတစ်ယောက် ထိုင်လျက်သား လိုက်ပါလာသည်ကို မည်သူမှ သတိမထားမိကြ။

ထူးဆန်းပြီး ကြောက်ဖို့ကောင်းလှ၏။
….

ဆယ်မိနစ်ကြာသောအခါ ထိုကားသည် ကျန်းရှီမြို့ ဆင်ခြေဖုံးရပ်ကွက်ရှိ ပျက်စီးနေသော ခြံဝင်းအပြင်၌ ရပ်လိုက်သည်။

ကားတံခါး ပွင့်လာပြီး လူများက လင်းလန်ကို သယ်၍ ဆင်းလာသည်။

“သေစမ်းကွာ… ဒါ သုံးစားမရတဲ့ တရားမဝင်သားရဲ့အိမ်လား? စောက်ရမ်း ဆင်းရဲတာပဲ။ ယဲ့မိသားစုရဲ့ခွေးကောင်က ခွေးအိမ်မှာ နေနေတာပဲ”

ပျက်စီးနေသော ခြံဝန်းကို ကြည့်ပြီး လူဆိုးတစ်ယောက်က ညည်းတွားလိုက်သည်။

“ဟီးဟီး…အဲ့သုံးစားမရတဲ့ တရားမဝင်သားတော့ ဒီညပြီးရင် ဒီအိမ်မှာတောင် နေလို့ရတော့မှာ မဟုတ်ပါဘူးကွာ။ သူ တစ်သက်လုံး ထောင်ထဲမှာပဲ နေရတော့မှာ”

လူဆိုးခေါင်းဆောင် ဖြစ်ဟန်တူသော တစ်ယောက်က သရော်လိုက်ရင်း အခြားတစ်ယောက်ကို ဆက်ပြောလိုက်သည်။ “အဲ့သုံးစားမရတဲ့ကောင် ဒီမှာ မရှိဘူး။ တတိယညီလေး … မြန်မြန် တံခါးကို ဖျက်လိုက်တော့”

ထိုစကားကြောင့် ကြွက်သားအမြောင်းမြောင်းထနေသော လူသန်ကြီးတစ်ယောက်က တံခါးကို ချက်ချင်းကန်ဖွင့်လိုက်သည်။

ဘန်း!

တံခါးပွင့်သွားသည်နှင့် သူတို့ လင်းလန်ကို သယ်၍ ဝင်လာကြသည်။ ခြံဝန်းအတွင်းတွင် ပေါင်းပင်များနှင့် ပြည့်နှက်နေပြီး အတော်လေး ပျက်စီးခြောက်ကပ်နေသည်။

အိမ်တံခါးကို ဖျက်လိုက်ပြီးသည်နှင့် သူတို့ လင်းလန်ကို သစ်သားကုတင်ပေါ် တင်လိုက်ကြသည်။

လင်းလန် ကုတင်ပေါ်၌ လှဲလျောင်းနေသည်ကို ကြည့်ပြီး ထိုလူများ ရင်ဖိုလာကြသည်။ လူတစ်ယောက်က အိတ်ကပ်ထဲမှ ဆေးပြားတစ်ပြားကို ထုတ်ကာ လင်းလန်ပါးစပ်ထဲသို့ ထည့်လိုက်ပြီး လူယုတ်မာပြုံး ပြုံးလိုက်သည်။

“ဟီးဟီး … ဘော့စ် … ဒါ ပြည်ပက ဝင်လာတာ။ ဒီဆေးက သီလရှင်ကိုတောင် မကောင်းတဲ့မိန်းမမျိုး ဖြစ်သွားစေနိုင်တယ်တဲ့” (ကန်တော့ပါရဲ့ဗျာ… မူရင်းထဲကအတိုင်း ပြန်ရတာမို့ပါ)

ထိုစကားကြောင့် သူတို့အားလုံး တက်ကြွလာကာ လင်းလန်အား ဆာလောင်နေသော ဝံပုလွေများသဖွယ် ကြည့်လိုက်ကြသည်။

“ဟီးဟီး … သူမက အလှဆုံးဥက္ကဋ္ဌလို့ ခေါ်ထိုက်ပါပေတယ်။ သူ့မျက်နှာလေးနဲ့ ခန္ဓာကိုယ် အချိုးအစားကို ကြည့်စမ်းပါဦး။ သူမက ငါ မြင်ဖူးသမျှထဲမှာ အလှဆုံး မိန်းကလေးပဲ”

လူဆိုးခေါင်းဆောင်က သိသိသာသာကြီးကို စိတ်ကြွလာကာ သူ့အပေါ်အင်္ကျီကို ချွတ်ပြီး ပြောလိုက်သည်။

“တစ်ယောက်ပြီးမှ တစ်ယောက်ပဲ။ ငါပြီးတာကိုစောင့်။ ဒီဖေဖေကြီးက အရင်လုပ်မယ်”

ထိုသို့ ပြောပြီး လူဆိုးခေါင်းဆောင်က လင်းလန်ကို ခုန်အုပ်ရန် ကြံလိုက်သည်။ ထိုအချိန်တွင် အလွန်တရာ အေးစက်လှသော အသံ ရုတ်တရက် ထွက်ပေါ်လာသောကြောင့် သူ ဆတ်ခနဲ ဖြစ်သွားသည်။

“တစ်ယောက်တစ်လှည့် စောင့်စရာ မလိုပါဘူး။ မင်းတို့အားလုံး အတူတူ သေလို့ရပါတယ်”


Comment

Leave a Reply

Options

not work with dark mode
Reset