အပိုင်း(၂၀၅၀)

လူသတ်သမား

ယန်တုန်းရန်နှင့် လင်းဟယ်က မျက်မှောင်ကြုတ်လိုက်သည်။ သူတို့အားလုံးက မလုံလောက်သည်လား။

“ဂရုစိုက်။” တစ်စုံတစ်ယောက်က သူတိုအား သတိပေးလိုက်သည်။ သူတို့၏ ခေါင်းထက်တွင် မျောလွင့်နေသော ယင်ယန်ဝင်္ကပါက အလွန် အန္တရာယ်များကြောင်း ခံစားမိပေသည်။

ဘုန်း…

ထက်ရှပြီး ကြောက်မက်ဖွယ် အသံတစ်ခု ထွက်ပေါ်လာသည်။ ယင်ယန်ဝင်္ကပါမှ ဖျက်ဆီးခြင်းစွမ်းအင်လှိုင်းများက အောက်သို့ ကျဆင်းကာ ထိုစက်ကွင်းအတွင်းရှိ လူတိုင်းကို ဆက်လက်တိုက်ခိုက်နေ၏။ ယန်တုန်းရန်နှင့် လင်းဟယ်သည်လည်း တိုက်ခိုက်မှုအတွင်း ပိတ်မိနေသည်။

ထိုကြောက်မက်ဖွယ် ဖျက်ဆီးခြင်းစွမ်းအင်လှိုင်းကို ခံစားမိလိုက်ပြီး သူတို့နှစ်ယောက်လုံးက မဟာလမ်းစဥ်နတ်ဝင်ရိုးများအား ထုတ်လွှတ်လိုက်ကြသည်။ တူညီသောအချိန်တွင် တောက်ပသော အလင်းများ ဖြာလင်းနေသည့် နတ်ရတနာများလည်း ရှိသည်။

ကြီးမားသော နဂါးအရိပ်ကြီးတစ်ခု ထွက်ပေါ်လာပြီး စစ်မှန်သောနဂါးသဏ္ဌာန်က ယန်တုန်းရန်ကို ရစ်ပတ်ထားပုံရသည်။ ကျဆင်းလာသော ဖျက်ဆီးခြင်းစွမ်းအင်လှိုင်းများက ၎င်းကို တိုက်ခိုက်လာကာ ကြောက်မက်ဖွယ် အသံများကို ထုတ်လွှတ်နေသည်။ ယန်တုန်းရန်သည် နဂါးအရိပ်ကြီးက ကျရောက်လာသော တိုက်ခိုက်မှုများကို  ခုခံနိုင်ခြင်းမရှိသည်ကို သိရှိလိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်နဂါးကြေးခွံချပ်ဝတ်က ကြောက်ရွံ့ထိတ်လန့်ဖွယ်ကောင်းသည့် အခြေအနေ ဖြစ်လာစေသည်။ သူ့မျက်လုံးများတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ရှိနေ၏။ သူက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်တွင် ရီဖူရှင်းအား ပထမဆုံး တိုက်ခိုက်ခဲ့သောအခါ ရီဖူရှင်း၏ စွမ်းအားကို တိတိကျကျ ဝေဖန်ပိုင်းခြားနိုင်ခြင်း မရှိခဲ့ပေ။ နောက်ပိုင်းတွင်လည်း သူက ရီဖူရှင်း တလျှောက်လုံး ဖုံးကွယ်ထားသည့် ခွန်အားကို သတိပြုမိခဲ့ခြင်း မရှိပါချေ။

ယခု သူသည် သူနှင့် ရီဖူရှင်းတို့က တူညီသောအဆင့်၌ ရှိမနေသည်ကို ရှင်းလင်းစွာ သိရှိသွားခဲ့ပြီး သူ့ပြိုင်ဘက်၏ တိုက်ပွဲစွမ်းရည်မှာ မတူညီသောအဆင့်၌ ရှိနေသည်အား သဘောပေါက်သွားပြီ ဖြစ်သည်။

လင်းဟယ်သည် လေဟာနယ်မှ ကျဆင်းလာသည့် ဓားစွမ်းအင်လှိုင်းတို့အား ပြန်လည်တိုက်ခိုက်ရင်း အလုပ်များနေပြီး သူ့အခြေအနေကလည်း ပိုကောင်းနေခြင်း မရှိပေ။

ထိုအချိန်တွင် အခြားတန်ခိုးရှင်များသည်လည်း လှုပ်ရှားလိုက်ကြသည်။ အဆင့်ရှစ်တန်ခိုးရှင် သုံးယောက်က တစ်ချိန်တည်းတွင် ကြောက်မက်ဖွယ် မဟာလမ်းစဥ်စွမ်းအားတို့ကို ထုတ်လွှတ်လိုက်၏။ ထောင်ချီသော လှံအရိပ်များ ထွက်ပေါ်လာပြီး မရေတွက်နိုင်သည့် ပုံရိပ်ယောင်များက လေဟာနယ်အတွင်း ထွက်ပေါ်လာသည်။ လင်းရှီလှံက တစ်ဖန် ပေါက်ကွဲထွက်လာကာ တစ်ချက်တည်းနှင့် လေဟာနယ်ကို ထိုးဖောက်လိုက်သည်။ နောက်တစ်နေရာတွင် လင်းရှောင်စေတီက ရီဖူရှင်း၏ ခေါင်းထက် တောင်ထွတ်ပေါ်တွင် ပေါ်ပေါက်လာ၏။ ထိုသည်မှာ အဆင့်ရှစ် ရန်ဟောင်များထဲမှ တစ်ယောက်၏ မဟာလမ်းစဥ် နတ်ဝင်ရိုး ဖြစ်သည်။ နတ်ဝင်ရိုးအလင်းက အောက်သို့ ဆင်းသက်လာသည်။ ယင်းသည် လမ်းကြောင်းအတွင်းရှိ အရာအားလုံးကို ချေဖျက်ကာ ရီဖူရှင်းထံ တိုးဝင်သွား၏။ ရီဖူရှင်းနောက်တွင် ကြီးမားသော နဂါးတစ်ကောင် ထွက်ပေါ်လာပြီး မီးနဂါးတေးသွား၏ အော်မြည်သံ တောင်တန်းနှင့် မြစ်များက အက်ကွဲလာသည်။ လေဟာနယ်ကို ဖြတ်သန်းတိုက်ခိုက်လာသည့် အသံလှိုင်းတိုက်ခိုက်မှုက ကောင်းကင်နှင့်မြေကြီးကို တစစီပျက်စီးသွားစေသည်ဟု ထင်မှတ်ရသည်။ ကြီးမားကာ စစ်မှန်သည့် နဂါး၏ ထက်ရှသော လက်သည်းများက အောက်သို့ ကျဆင်းလာကာ ကောင်းကင်အား ဖျက်ဆီးစုတ်ဖြဲလိုက်သည်။

ရီဖူရှင်းက အစွမ်းထက် အဆင့်ရှစ်ကျင့်ကြံသူသုံးယောက်မှ တပြိုင်တည်းတိုက်ခိုက်မှုအား ခံနေရသည်။ မဟာလမ်းစဥ် လေဟာနယ်က ပေါက်ကွဲထွက်လာကာ တစစီပျက်စီးသွားပြီး ပုန်းစရာမြေမရှိတော့ပေ။

ယန်တုန်းရန်နှင့် လင်းဟယ်တို့က ထိုနေရာသို့ စိုက်ကြည့်နေကြ၏။ ရီဖူရှင်းက ထိုပြင်းထန်သည့် တိုက်ခိုက်မှုမှ အသက်ရှင်နိုင်မည်လား။

ဖျက်ဆီးခြင်းမုန်တိုင်းက ပြင်းထန်စွာ ကျရောက်လာခဲ့သည်။ စိတ်ဝိညာဥ်နှင့် ခန္ဓာကိုယ် နှစ်ခုလုံးက ကြောက်မက်ဖွယ် မဟာလမ်းစဥ်စွမ်းအားဖြင့် ချေမွခံနေရသလိုပင်။ ၎င်းက အဆက်မပြတ် ဖြစ်နေသလို ထင်မှတ်ရသည်။

ရီဖူရှင်းအား ဝန်းရံထားသော ကြယ်မုန်တိုင်းက ချိုးဖျက်ခံလိုက်ရသည်။ ဓားစွမ်းရည် တိုက်ခိုက်မှုက အလွန် အားကောင်းသန်မာသော်လည်း ပြိုင်ဘက်ကျင့်ကြံသူ သုံးဦးအား သက်ရောက်ခြင်း မရှိပေ။ သေခြင်းရှင်ခြင်းက တခဏအတွင်း ဖြစ်လာနိုင်သည့် ကိစ္စပင် ဖြစ်လေသည်။

ထိုအခိုက်အတန့်တွင် အလွန် အေးစိမ့်သည့် စွမ်းအားတစ်ခု ထွက်ပေါ်လာကာ လေဟာနယ်အား ရေခဲနှင့် ပိတ်ဆို့ထားလိုက်၏။ ယင်းက ကျင့်ကြံသူသုံးယောက်လုံး၏ တိုက်ခိုက်မှုအရှိန်အား နှေးကွေးသွားစေပြီး အချိန် ရပ်တန့်သွားသကဲ့သို့ပင်။ တစ်ချိန်တည်းတွင် ရီဖူရှင်းထံမှ ကြောက်မက်ဖွယ် အလင်းများ ထွက်ပေါ်လာသည်။ ထိုကြောက်မက်ဖွယ် အလင်းများတွင် မဟာလမ်းစဥ် စွမ်းအားများ ပါဝင်နေပြီး ၎င်းသည် ရီဖူရှင်း၏ ခန္ဓာကိုယ်နှင့် တိုက်ခိုက်ရေးစွမ်းအားများအတွင်း ရောယှက်ပျော်ဝင်သွားကြ၏။ အဆင့်ရှစ်ကျင့်ကြံသူသုံးယောက်လုံးက ထို စွမ်းအား၏ သာလွန်သော ဖိအားကို ခံစားမိကြပြီး ၎င်းသည် သူတို့ထက် အဆင့်မြင့်သော တည်ရှိမှုမှ ထုတ်လွှတ်လိုက်သော ခြိမ်းခြောက်မှုနှင့် ဆင်တူသည်။

ထိုအခိုက်မှာ အဆုံးမဲ့ဖြစ်နေသလို ထင်မှတ်ရသည်။ သူတို့၏ တိုက်ခိုက်မှုက ခဏချင်းအတွင်း ရောက်ရှိလာနိုင်သော်လည်း ဖိအားကြောင့် အရာအားလုံးက နှေးကွေးသွားသလို ထင်မှတ်ရသည်။ ချက်ချင်းပင် ကျရောက်လာနိုင်သော တိုက်ခိုက်မှုက နှောင့်နှေးနေပြီး မျှော်လင့်ထားသလို ကျရောက်မလာပေ။ သို့သော် သူတို့က ရီဖူရှင်းပေါ်၌ တောက်ပလာသော နတ်အလင်းကို မြင်တွေ့လိုက်ကြရသည်။ ရှည်လျားသော လှံ၏ တိုက်ခိုက်ရေးစွမ်းအားက ဖြန့်ကျက်လာကာ မဟာလမ်းစဥ် စွမ်းအားများ အားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

ရီဖူရှင်း၏ ခန္ဓာကိုယ်က လှုပ်ရှားသွားပြီး လူနှင့်လှံက တသားတည်း ဖြစ်လာသည်။ လှံက ရှေ့သို့ ထိုးဖောက်လာသောအခါ လင်းရှောင်နန်းတော်မှ အဆင့်ရှစ် တန်ခိုးရှင်သည် မဟာလမ်းစဥ်က အရူးအမူး ပြိုကျကာ ပျက်စီးလာသည်ကိုသာ ခံစားမိလိုက်သည်။ သူရင်ဆိုင်နေရသည်မှာ ရီဖူရှင်း မဟုတ်ဘဲ ဆန့်ကျင်၍ မရနိုင်သော နတ်ဘုရားမျိုးဆက်အချို့ ဖြစ်သည်ဟု ထင်မှတ်ရပေသည်။

လှံအရိပ်က ဖြတ်သန်းသွားသောအခါ လူအုပ်ကြီးသည် လှံဖြတ်သန်းသွားရာအရပ်အတွင်း မရေတွက်နိုင်သော ရွှေရောင်အလင်းတို့ ဖြစ်ပေါ်လာကာ အရာအားလုံး အမှုန်များအဖြစ် ပြောင်းလဲသွားကြောင်း မြင်တွေ့လိုက်ရသည်။

အချိန်က ရပ်နေဆဲဖြစ်သည်ဟု ထင်မှတ်ရကာ အားလုံးသော တန်ခိုးရှင်များက လင်းရှောင်နန်းတော်မှ တန်ခိုးရှင်ကို ကြည့်လိုက်သည်။ သူက ထိုနေရာ၌ လှုပ်ရှားမှုကင်းမဲ့စွာ ရပ်နေခဲ့ပြီး သူ့ခန္ဓာကိုယ်အား ရွှေရောင်အလင်းတို့ ဝန်းရံထားကာ ကျောက်ရုပ်တုတစ်ခုကဲ့သို့ ဖြစ်လာစေသည်။

နောက်တခဏတွင် ထိုကျောက်ရုပ်ကဲ့သို့ ပုံရိပ်က မည်သည်မှ မရှိတော့သလို ပြိုကွဲပျက်စီးသွားပြီး ရွှေရောင်မြူမှုန်တိမ်တိုက်အဖြစ် ပြောင်းလဲသွားသည်။

အဆင့်ရှစ်တန်ခိုးရှင်တစ်ယောက်က ထိုသို့ သတ်ဖြတ်ခြင်း ခံလိုက်ရလေသည်။

ထိုမြင်ကွင်းအား မြင်သည့်အခါ လူတိုင်း၏ မျက်နှာက ပြောင်းလဲသွားကြ၏။ ထိုမျှမကသေး.. သူတို့သည် ခမ်းနားထည်ဝါသော တော်ဝင်ရောင်ဝါတို့ ထုတ်လွှတ်လာသည်အား မြင်လိုက်ရသည်။ ထိုရောင်ဝါက ကောင်းကင်သို့ တိုက်ရိုက်ထိုးဖောက်သွားသည်။ ထိုတော်ဝင်ရောင်ဝါက လှံ၏ တိုက်ခိုက်ရေးစွမ်းအားအတွင်း ပေါင်းစပ်သွားကာ ထိုတိုက်ခိုက်ရေးစွမ်းအားကို အစစ်အမှန်ဖြစ်လာစေပြီး ကြောက်မက်ဖွယ် လှံအသရေကို ဖြစ်တည်လာစေ၏။

“ဘယ်လိုဖြစ်နိုင်မှာလဲ။” လင်းဟယ်သည် သူ့မျက်လုံးများနှင့် မြင်ရသော မြင်ကွင်းအား ယုံကြည်နိုင်ခြင်းမရှိသလို ရီဖူရှင်းအား စိုက်ကြည့်နေ၏။ ရီဖူရှင်းက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ ရွေးချယ်ခံသာဖြစ်သည် မဟုတ်ပါလား။ မည်သည့်အတွက် ထိုမျှ ကြောက်မက်ဖွယ်စွမ်းအားကို ပိုင်ဆိုင်ထားရသနည်း။

သူ့ခန္ဓာကိုယ်ပေါ်မှ ရောင်ဝါက တော်ဝင်ရောင်ဝါလား။

သူက မည်သို့ဖြစ်၍ မဟာအင်ပါယာ၏ စွမ်းအားကို ထုတ်ဖော်နိုင်ရသနည်း။

သူက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ ရွေးချယ်ခံဆက်ခံသူထက် မပိုသည်မှာ အမှန်တကယ် ဖြစ်နိုင်ပါရဲ့လား။

ယန်တုန်းရန်၏ အမူအရာက ထပ်တူပင် ရယ်စရာကောင်းနေသည်။ သူ့မျက်လုံးရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင်သကဲ့သို့ ထိုမြင်ကွင်းအား မမှိတ်မသုန် စိုက်ကြည့်နေခဲ့သည်။ အစွမ်းထက်သော အဆင့်ရှစ်ရန်ဟောင်တစ်ပါးသည်ပင် ထိုလှံတစ်ချက်ကျရောက်လာသည့်အခါ ထိုကဲ့သို့အဖြစ်မျိုးနှင့် သေဆုံးသွားရပေသည်။

ရီဖူရှင်းက မည်သူ့ကိုမှ အာရုံမစိုက်ထားပေ။ သူ့လက်ထဲက လှံကို ရှေ့သို့ ညွှန်ပြလိုက်သည့်အခါ သူ့ခန္ဓာကိုယ်မှ တော်ဝင်ရောင်ဝါက ကောင်းကင်သို့ ထိုးတက်သွားခဲ့သည်။ ယင်းသည် ယင်ယန်ဝင်္ကပါအတွင်း ပေါင်းစပ်သွားကာ ကျဆင်းလာသည့် ကပ်ဘေးအလင်းတို့က ရွှေရောင်ဖြစ်လာခဲ့သည်။

“သတိထား…” လူအများက ကပ်ဘေးအလင်း ကျဆင်းလာသည်ကို မြင်သောအခါ အော်ဟစ်လိုက်ကြသည်။ သတ္တမဆင့် တန်ခိုးရှင်တစ်ယောက်က ချက်ချင်း ဖျက်ဆီးခံလိုက်ရသည်။ သူ့ခန္ဓာကိုယ်က မည်သည်မှမကျန်သည်ထိ ဖျက်ဆီးခံလိုက်ရပေသည်။

အခြားတန်ခိုးရှင်များ၏ အမူအရာက အပြင်းအထန် ပြောင်းလဲသွားကြသည်။ အဆင့်ရှစ်တန်ခိုးရှင်နှစ်ယောက်မှလွဲလျှင် ကျန်သူများက ပြန်ဆုတ်ခွာသွားပြီး မဟာလမ်းစဥ် ကြောက်မက်ဖွယ် လှိုင်းများကို ထုတ်လွှတ်လိုက်သည်။ သို့သော် ရီဖူရှင်းက လေထဲတွင် ရပ်နေကာ ယင်ယန်ဝင်္ကပါက ဆက်လက်ကျယ်ပြန့်လာသည်။ ယင်ယန်ကပ်ဘေးအလင်းတို့ ကျဆင်းပြီး ဖြိုခွဲဖျက်ဆီးလိုက်သည်။ ကပ်ဘေးအလင်း၏ အောက်တွင် အားလုံးသော တန်ခိုးရှင်များက မည်သည်မှ မကျန်အောင် ဖျက်ဆီးခံလိုက်ရ၏။

အော်သံများ အဆက်မပြတ်ထွက်ပေါ်လာသည်။ အဆင့်ရှစ်ရန်ဟောင် နှစ်ယောက်မှလွဲလျှင် အခြားသူမည်သူမှ ဖျက်ဆီးခြင်း ကပ်ဘေးအလင်းကို ခုခံနိုင်စွမ်း မရှိခဲ့ပေ။ ယန်တုန်းရန်နှင့် လင်းဟယ်က အသက်ရှင်နေဆဲ ရှိသေးသော်လည်း သူတို့က ထိုစွမ်းရည်ကို ခုခံနိုင်ခြင်းကြောင့် မဟုတ်ချေ။ သူတို့ ယခုချိန်ထိ အသက်ရှင်နေခြင်းမှာ ရီဖူရှင်းက သူတို့အား အလျင်စလို မသတ်ဖြတ်လို၍သာ ဖြစ်သည်။

ထိုအခိုက်တွင် ရီဖူရှင်းက အဆင့်ရှစ်တန်ခိုးရှင်နှစ်ဦးထံ တိုးဝင်သွားသည်။ ကပ်ဘေးအလင်း ကျဆင်းလာသောအခါ တန်ခိုးရှင်နှစ်ယောက်က သူတို့စွမ်းအားများနှင့် ခုခံကာကွယ်လိုက်သည်။ သူတို့က ရီဖူရှင်း သူတို့ထံ လာနေသည်ကို မြင်သောအခါ မျက်နှာများက ဖြူဖျော့သွားလေသည်။

ဘန်း…

ယင်ယန်ဝင်္ကပါက တောက်ပလာကာ အဆင့်ရှစ်တန်ခိုးရှင်တစ်ဦးပေါ်သို့ တိုက်ရိုက် တောက်ပလာသည်။ လမင်းနှင့် နေမင်းတို့၏ အဆုံးစွန်စွမ်းအားတို့က ကျဆင်းလာပြီး အဆုံးမဲ့ကပ်ဘေးဓားစွမ်းရည်အလင်းတို့ လိုက်ပါလာကြ၏။ လင်းရှောင်နန်းတော်မှ အဆင့်ရှစ်တန်ခိုးရှင်က လင်းရှောင်စေတီကို ထုတ်လွှတ်လိုက်ပြီး တိုက်ခိုက်မှုအား ခုခံရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ရီဖူရှင်းက သူ ရပ်နေရာမှ ချက်ချင်း ပျောက်ကွယ်သွားသည်။

လှံရှည်တစ်လက်က လင်းရှောင်စေတီပေါ် ထိုးကျလာကာ ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာသည်။ လွှမ်းမိုးနိုင်စွမ်းရှိသော တိုက်ခိုက်ရေး စွမ်းအားအောက်တွင် စေတီနတ်ဝင်ရိုးက ကွဲကြေပျက်စီးသွားလေသည်။ ကပ်ဘေးအလင်းက ကျဆင်းလာပြီး အဆင့်ရှစ်တန်ခိုးရှင်က မာန်သွင်း အော်ဟစ်လိုက်၏။ သို့သော် နောက်တခဏတွင် မည်သို့မှ ခုခံချိန်မရလိုက်ဘဲ လှံရှည်တစ်လက်က သူ့ ဦးခေါင်းအား ထိုးဖောက်ကာ အသက်ကို အဆုံးသတ်လိုက်သည်။

“မင်းက ဘယ်သူလဲ။” ကျန်ရှိနေသေးသည့် ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ အဆင့်ရှစ်တန်ခိုးရှင်က ရီဖူရှင်းအား စူးစိုက်ကြည့်နေကာ မေးလိုက်သည်။

“မင်းကို သတ်မယ့်လူ” ရီဖူရှင်း၏ အသံပျောက်ကွယ်သွားသည်နှင့် လှံကို ထုတ်လွှတ်လိုက်သည်။ ထိတ်လန့်တုန်လှုပ်ဖွယ် လှံက နဂါးကို ထိုးစိုက်ကာ ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် အက်ကြောင်းများ ပေါ်လာစေသည်။ တစ်ချိန်တည်းတွင် ကပ်ဘေးအလင်းတို့ ကျဆင်းလာပြီး နဂါးအား တစစီဆွဲစုတ်ကာ ၎င်းတို့၏ အကာအကွယ်အတွင်း ပြေးဝင်သွားခဲ့သည်။ ယင်ယန်ဝင်္ကပါမှ အော်မြည်သံထွက်ပေါ်လာကာ သူတို့ပေါ်သို့ ကျဆင်းလာသည်။ အခြားခန္ဓာကိုယ်များက တဖြေးဖြေး ပျက်စီးလာကာ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားကြ၏။

မျက်စိတစ်မှိတ်အတွင်း အလွန် အစွမ်းထက်သည့် ရန်ဟောင်စစ်တပ်မှာ ယန်တုန်းရန်နှင့် လင်းဟယ်မှလွဲ၍ အကုန်သုတ်သင်ခံလိုက်ရသည်။

ရီဖူရှင်းက ယန်တုန်းရန်နှင့် လင်းဟယ်တို့ဘက်သို့ လှည့်ကြည့်လိုက်သည်။ နောက်ဆုံးတွင် အားကောင်းသော ကြောက်ရွံ့မှုတို့ကို ခံစားမိလိုက်ပြီး သူတို့၏ မျက်လုံးများထဲ စိုးရိမ်ပူပန်မှုတို့ ထင်ဟပ်လာသည်။ လင်းဟယ်က ရီဖူရှင်းအား ကြည့်ကာ ပြောလိုက်သည်။ “မင်း ငါတို့ကို သတ်လို့မရဘူး။”

“မင်းတို့ကို နတ်ဆိုးသားရဲက သတ်တာလေ။ ငါနဲ့ ဘာဆိုင်လို့လဲ။” ရီဖူရှင်းက အေးစက်စွာ ပြန်ဖြေလိုက်သည်။

“မဟုတ်ဘူး…” လင်းဟယ်က ပြန်ပြောလိုက်၏။ “ငါတို့ ဒီမှာသေရင် လူတိုင်းက မင်းလုပ်တာမှန်း သိလိမ့်မယ်။ ယန်ပြည်ထောင်၊ လင်းရှောင်နန်းတော်နဲ့ နယ်မြေသခင်အိမ်တော်ကတောင် မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး။”

“မင်းတို့ ငါ့ကို သတ်ဖို့ လုပ်တုန်းက အကျိုးဆက်ကို မတွေးထားဘူးလား။” တိုက်ခိုက်ရေးစွမ်းအားက ရီဖူရှင်း၏ လက်ထဲရှိ လှံမှ ထွက်လာခဲ့သည်။ ယင်းသတ်ဖြတ်လိုစိတ်က ပူပြင်းလောင်ကျွမ်းနေသည်။ သူက ဤတစ်ကြိမ်၌ အများကြီး သတ်ခဲ့ပြီးဖြစ်ရာ နောက်ထပ်နှစ်ယောက် ပိုသတ်လိုက်လည်း ထူးခြားလိမ့်မည် မဟုတ်ပေ။

လင်းဟယ်က ထိုလူများပျောက်ကွယ်သွားရသည့် အရပ်ကို ကြည့်ကာ ရီဖူရှင်း၌ ရှောင်လွှဲ၍ ရနိုင်မည့်အကြောင်းပြချက် မရှိတော့သည်ကို သဘောပေါက်လိုက်သည်။ သူက ပြောလိုက်၏။ “အခွင့်အရေး ရှိပါသေးတယ်။ မင်း ငါတို့ကို လွှတ်လိုက်တာနဲ့ ရန်ငြိုးအားလုံးကို ကျေအေးပေးမယ်။ ယန်ပြည်ထောင်နဲ့ လင်းရှောင်နန်းတော်က ဒီပြဿနာကို ဆက်မလိုက်တော့ဘူး။ ဘယ်လိုလဲ။”

ဇွက်…

ရီဖူရှင်းက လှံရှည်အား သူ့လည်မျိုအား ထိုးဖောက်ရင်း အဖြေပြန်ပေးလိုက်သည်။ လင်းဟယ်က သူ့ရှေ့မှာ စိုက်ကြည့်နေခဲ့ပြီး အလွန်နာကျင်နေမှုက သူ့မျက်လုံးထဲတွင် ပေါ်ပေါက်လာ၏။ သူက ထိုကဲ့သို့ အလွယ်တကူ အသတ်ခံလိုက်ရသည်အား မယုံကြည်နိုင်ပေ။

လှံက အနည်းငယ် လှည့်မွှေလိုက်ရာ လင်းဟယ်၏ ခန္ဓာကိုယ်က ချက်ချင်း ပေါက်ကွဲထွက်ကာ အမှုန်များအဖြစ် ပြောင်းလဲသွားသည်။ သူသည် အစကတည်းက မတည်ရှိခဲ့သလို ပျောက်ကွယ်သွားခဲ့၏။

ယန်တုန်းရန်၏ မျက်လုံးများက ရီဖူရှင်းပေါ် ကျရောက်နေပြီး ကြီးစွာသော အကြောက်တရားက သူ့ကို ထိုးနှက်နေသည်။ သူက ကံကြမ္မာကို ကြိုတင်မှန်းဆမိနေပုံပေါ်လေသည်။

လင်းဟယ်က အဆုံးသတ်သွားခဲ့ပြီး တစ်ဖက်လူက သူ့ကိုလည်း လွှတ်ပေးလိမ့်မည် မဟုတ်ပေ။ သူ့တွင် ပြေးစရာမြေမရှိတော့ပါချေ။

“ငါတို့သေပြီးရင် နောက်တစ်ခေါက်က မင်းအလှည့်ပဲ။” ယန်တုန်းရန်က ရီဖူရှင်းကို ပြောလိုက်သည်။ သူ့အသံက အလွန် ယုံကြည်ချက်ရှိနေ၏။ သူက ရီဖူရှင်း၏ အဆုံးသတ်ကို မြင်နေရသကဲ့သို့ပင်။

“ဘယ်လိုပဲဖြစ်ဖြစ် မင်းမမြင်နိုင်တော့ပါဘူး။” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ သူ့အသံ ပျောက်ကွယ်သွားသည့်အခါ ကပ်ဘေးအလင်းတို့ ကျဆင်းလာ၏။ ထိုကပ်ဘေးအလင်းတို့အောက်တွင် ယန်တုန်းရန်က ထိတ်လန့်စွာ အော်ဟစ်ရင်း သူ့ခန္ဓာကိုယ်က ဖျက်ဆီးခံလိုက်ရကာ မည်သည်မှမကျန်အောင် ဖြစ်သွားစေသည်။

အားလုံးသော တန်ခိုးရှင်များသည် အသတ်ခံလိုက်ရပေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset