အပိုင်း(၂၀၄၆)

ပြဿနာများစတင်ခြင်း

“သွားကြစို့…”

တန်ခိုးရှင်များက တဖြေးဖြေး အနက်ရောင်တောင်တန်းသို့ ဝင်ရောက်သွားကြသည်။ မည်သူကမှ နင်ဟွာကဲ့သို့ ကောင်းကင်ထက်မှ တိုက်ရိုက်မသွားကြပေ။ သူတို့က နင်ဟွာမဟုတ်ပေ။ သူတို့ထံတွင် နင်ဟွာကဲ့သို့ စွမ်းရည်မရှိသလို ဖူယောင်လျှို့ဝှက်နယ်မြေအား သူ့ကဲ့သို့ ရင်းနှီးခြင်းမရှိချေ။

နင်ဟွာအတွက် ဤလျှို့ဝှက်နယ်မြေက သူ၏ ကျင့်ကြံရေးနယ်မြေမျှသာ ဖြစ်သည်။

“ငါတို့လည်း ဝင်ကြရအောင်” လီချန်ရှန်းက ပြောလိုက်သည်။ လူအုပ်က ချက်ချင်း ခေါင်းညိတ်ကာ ရှေးဟောင်းတောင်တန်းအတွင်းပိုင်းသို့ ဦးတည်လိုက်၏။

ရီဖူရှင်းတို့အဖွဲ့က တောင်တန်းသို့ ဝင်ရောက်လာပြီ ဖြစ်သည်။ မတ်စောက်သော တောင်ထွတ်ဖျားက တိမ်များကို ဖြတ်သန်းထိုးဖောက်နေသည်။ အဝေးရှိ ချိုင့်ဝှမ်းများက အောက်ခြေပင် မမြင်ရလောက်အောင် နက်ရှိုင်း၏။ သူတို့သည် တုန်ခါသံများကို ခပ်ရေးရေးကြားနေကြရသည်။ သူတို့အနီးတွင် အစွမ်းထက် နတ်ဆိုးချီလည်း ရှိနေ၏။ သူတို့၏ စွမ်းအားများကို ဖြန့်ကျက်ကြည့်လိုက်သည့်အခါ နေရာအတော်များများ၌ ပိတ်ဆို့တားဆီးခံရကြောင်း သိလိုက်ကြရသည်။ သူတို့၏ စွမ်းအားများကို တားဆီးထားသော သဘာဝအတားအဆီးများ ရှိနေပုံရလေသည်။

ခေါင်းထက် နေရာအနှံ့တွင် လူများက တောင်ဆင်ခြေလျောတလျှောက် ရှေ့သို့ ဆက်သွားနေကြသည်။ အချိန်နှင့်အမျှ နတ်ဆိုးသားရဲများက သူ့တို့အား ဖြတ်ကျော်သွားသည်။ သို့သော် တောင်အတွင်းပိုင်းမှ ပိုမိုအစွမ်းထက်သော နတ်ဆိုးသားရဲများကို အနှောက်အယှက်ပေးမိမည်စိုးသောကြောင့် လူအုပ်ကြီးက ထိုနတ်ဆိုးသားရဲများကို လွှတ်ပေးခဲ့ကြသည်။ အဆုံးမှာတော့ ထိုနေရာက သူတို့အတွက် စိမ်းသက်နေခဲ့ပြီး မည်သို့သော အန္တရာယ်မျိုး တွေ့ကြုံတွေ့ရမည်ကို မည်သူမှ မသိကြချေ။

အချိန်ကုန်သွားပြီးနောက် ရန်ဟောင်များက ပိုမိုနက်ရှိုင်းသော တောင်အတွင်းပိုင်းသို့ ဝင်ရောက်လာကြသည်။ သို့သော်လည်း သူတို့က အဆုံးထိ မရောက်နိုင်ကြသေးပေ။ သူတို့သည် အနက်ရောင်တောင်တန်း၏ အတွင်းပိုင်းသို့ ရောက်လာပုံပေါ်သည်။ သူတို့အထက် လေဟာနယ်က အပြည့်အဝ ပိတ်ဆို့တားဆီးခံထားရသည်။ ၎င်းတွင် လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါနှင့် ပြည့်နေ၏။ သူတို့က ထိုနေရာမှ မည်သည့်အခါမှ ထွက်နိုင်စွမ်း ရှိလိမ့်မည်မဟုတ်ဟု ထင်မှတ်ရသည်။

သူတို့က မြန်မြန်ဆန်ဆန်မသွားကြပေ။ ထိုနေရာက  အလွန် လျှို့ဝှက်ဆန်းကြယ်လှသည်။ လျှို့ဝှက်နယ်မြေအတွင်း သူတို့က ဂရုမစိုက်ဘဲ မပြုမူရဲကြပေ။

“ဟင်…” ထိုအခိုက်တွင် ပုံရိပ်များက ရှေ့တွင် ထွက်ပေါ်လာသည်။ လူအများက ထိုနေရာသို့ ကြည့်လိုက်ကြ၏။ တန်ခိုးရှင်တစ်စုက မတူညီသော နေရာတွင် ပေါ်ပေါက်လာသည်။ ထိုပုံရိပ်တစ်ခုချင်းစီတွင် ကြောက်မက်ဖွယ် အရှိန်အဝါတို့ ရှိကြ၏။ သူတို့ကို နတ်ဆိုးချီများက ဝန်းရံထားသည်။ သူတို့်အားလုံးက နတ်ဆိုးအင်ပါယာများ ဖြစ်ကြ၏။

သူတို့က ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေပြီး မည်သည့်စကားမှ မဆိုပေ။ သူတို့က တန်ခိုးရှင်များကို စောင့်ကြည့်ရုံမျှသာ ကြည့်နေကြသည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်မှ နောက်ထပ် ပုံရိပ်တစ်ခု ဆင်းသက်လာ၏။ ထိုသူမှာ သားမွေးဝတ်ရုံ ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက် ဖြစ်သည်။ သူ၏ အသားအရေက နူးညံ့ချောမွေ့ကာ အလွန် ချောမောလှပသည်။ သူက ဆန်းကြယ်သော အလင်းပါဝင်နေသည့် နက်ရှိုင်းသော အကြည့်နှင့် လူအုပ်ကြီးအား ဝေ့ကြည့်လိုက်သည်။

လျှို့ဝှက်နယ်မြေအတွင်း ထိုမျှများပြားသော နတ်ဆိုးအင်ပါယာများ ရှိနေသည်လားဟု ရီဖူရှင်းက တွေးလိုက်မိ၏။ ၎င်းက သူတို့ ရှိနေသော  အရေအတွက်၏ တစ်စိတ်တစ်ဒေသမျှသာ ရှိသည်။ အဆုံးမဲ့ တောင်တန်းများအတွင်း ပုန်းကွယ်နေသည့် နတ်ဆိုးများစွာ ရှိနေနိုင်သေးသည်။

သူတို့က ထိုလျှို့ဝှက်နယ်မြေအတွင်း ချိပ်ပိတ်ခံထားရသည်လား။

“အခု ထွက်သွား။” နတ်ဆိုးသားရဲက အမိန့်ပေးလိုက်သည်။ သူက အမှန်တကယ်ပင် လူအုပ်ကြီးအား မောင်းထုတ်နေသည်။ ဤသည်မှာ တန်ခိုးရှင်များကို ထူးဆန်းသည့်အကြည့်တို့ ဖြစ်လာစေ၏။ ရန်ဟောင်များက ထိုကိစ္စနှင့် ပတ်သတ်၍ မကျေနပ်သော်လည်း မည်သည့်စကားမှမဆိုဘဲ ရှေ့သို့ ဆက်သွားလိုက်ကြသည်။  သူတို့က ပြဿနာမဖြစ်လိုကြပေ။

လျှို့ဝှက်နယ်မြေအတွင်းမှ လေထုက ပိုပြီး လျှို့ဝှက်ဆန်းကြယ်လာသည်။ အချို့သော လျှို့ဝှက်မှုများပါဝင်နေသလို ထင်မှတ်ရ၏။

ရီဖူရှင်းက ထိုနတ်ဆိုးသားရဲများကို ကြည့်လိုက်သည်။ သူက ထိုအထဲမှ တစ်ကောင်အားဖမ်းကာ ဤနေရာအခြေအနေအကြောင်း စစ်မေးချင်သော်လည်း ထိုသို့လုပ်ရန် အခွင့််မသာပေ။ သူက တစ်ဖက်အဖွဲ့အား ထိုသို့ လုပ်လိုက်ပါက ဤတောင်တန်းအတွင်း သူ့အတွက် မည်သည့်အကျိုးမှ ရှိလိမ့်မည် မဟုတ်ပေ။

သူတို့က တောင်ကို ပတ်ထားသော လမ်းတလျှောက် ဆက်သွားကြသည်။ သူတို့၏ ခြေလှမ်းများက ပေါ့ပါးပြီး မြန်ဆန်သည်။ သူတို့ထွက်သွားပြီး မကြာခင်၌ နတ်ဆိုးသားရဲများလည်း အခြားနေရာသို့ ထွက်ခွာသွားကြ၏။

“သူတို့က ငါတို့နဲ့ အငြင်းပွားဖို့ ပေါ်လာတာလား။” ရန်ဟောင်တစ်ပါးက အခြေအနေကို နားမလည်နိုင်စွာ ပြောလိုက်သည်။ သူတို့ ဆက်သွားသည်နှင့် နတ်ဆိုးသားရဲများက သူတို့အား ကျော်တက်သွားသည်ကို မြင်လိုက်ရပြီး ပုံရိပ်ယောင်များအား နောက်တွင် ချန်ရစ်ခဲ့သည်။ သူတို့က တန်ခိုးရှင်များအား ဆက်လက်ကျော်ဖြတ်သွားသည်။ နတ်ဆိုးအင်ပါယာများအပြင် ရှန့်ထိုအဆင့် နတ်ဆိုးလည်း များစွာ ရှိသည်။

၎င်းမှာ လူအများထံ၌ ထူးဆန်းသော အမူအရာတို့ ဖြစ်ပေါ်လာစေသည်။ ယင်းက မိစ္ဆာသားရဲတောင်တန်း ဖြစ်လာပုံရလေသည်။

ပိုမိုများပြားလှသော နတ်ဆိုးသားရဲများက ကျင့်ကြံသူများကို ဖြတ်ကျော်သွားပြီး လူအများသည်လည်း တစ်စုံတစ်ခု ဖြစ်လာသည်အား သတိပြုမိကြ၏။

“ဘာတွေဖြစ်နေတာလဲ။” တစ်စုံတစ်ယောက်က ပြန်လှည့်ကာ သူတို့ဘေးမှ လူအား မေးလိုက်သည်။

“ကြည့်ရတာ သူတို့က တူညီတဲ့နေရာကို သွားဖို့ အလျင်လိုနေပုံပဲ။”

ရန်ဟောင်များက သူတို့အား ဖြတ်ကျော်သွားသည့် နတ်ဆိုးများကို ကြည့်လိုက်သည်။ အေးစက်သည့် အကြည့်တို့က သူတို့မျက်လုံးများတွင် လင်းလက်သွားသည်။ သူတို့က တိုက်ခိုက်ရန် ရည်ရွယ်နေပြီး စစ်မေးရန် နတ်ဆိုးသားရဲတစ်ကောင်ကို ဖမ်းဆီးချင်နေသည်။

“အခုတော့ ဒီနတ်ဆိုးသားရဲတွေက ငါတို့ကို လျစ်လျူရှုပြီး အတားအဆီးမရှိ ဖြတ်သန်းခွင့်ပြုထားပုံပဲ။ သူတို့မှာ ငါတို့ကို ဂရုစိုက်ဖို့ အချိန်မရှိတာ ဖြစ်နိုင်တယ်။ တစ်ခုခုတော့ ဖြစ်နေပြီး” လီချန်ရှန်းက ကောက်ချက်ချလိုက်သည်။

လူအများက ခေါင်းညိတ်သဘောတူလိုက်သည်။ ရီဖူရှင်းက ပြန်လှည့်ကာ သူ့နောက်သို့ ကြည့်လိုက်၏။ သူသည် သိမ်းငှက်လေးက တိတ်တဆိတ် ထွက်ခွာသွားပြီး တောင်တန်းဆီ ဦးတည်နေသော အုပ်စုနှင့် လိုက်ပါသွားသည်ကို မြင်လိုက်ရသည်။ မကြာခင်၌ သူသည် သိမ်းငှက်လေး၏ ပုံရိပ်က အခြားတစ်နေရာတွင် ထွက်ပေါ်လာသည်အား မြင်လိုက်ရ၏။ သူက နတ်ဆိုးသားရဲ အုပ်စုနှင့် ရောနှောကာ သူတို့နှင့်အတူ ဆက်သွားနေသည်။

သူက သားကောင်ရှာနေရင်း သူ့ ပုံရိပ်က ရှေ့သို့ ဆက်သွားနေသည်။ သိပ်မကြာခင်မှာပင် သူက ခေါင်းထက်တွင် ချိုရှည်များနှင့် အမျိုးသမီးနတ်ဆိုးတစ်ကောင်ကို တွေ့လိုက်ရ၏။ သူက အမိန့်ပေးလိုက်သည်။ “အဲဒီမှာ ခဏရပ်ဦး။”

ထိုအမျိုးသမီးနတ်ဆိုးက ကြည့်ကောင်းပြီး လှပသည်။ သူမက ပိုင်ကျယ့် ဖြစ်ပြီး ရှန့်ထိုနတ်ဆိုးတစ်ကောင် ဖြစ်သည်။ သူမက လှည့်ကြည့်ကာ သိမ်းငှက်နက်အား မေးလိုက်သည်။ “စီနီယာ၊ ဘာကူညီပေးရမလဲ။”

“ကျုပ်အခုလေးတင် တံခါးပိတ်ကျင့်ကြံနေရာက ထွက်လာတာ။ မင်းတို့အားလုံး ဘယ်သွားနေကြတာလဲ။” သိမ်းငှက်နက်က မေးလိုက်သည်။ သူ့ခန္ဓာကိုယ်ကို နတ်ဆိုးချီတို့က ဝန်းရံနေ၏။

“မိစ္ဆာနတ်ဘုရားမျှော်စင်မှာ အပြောင်းအလဲ ဖြစ်လာလို့။” အမျိုးသမီးနတ်ဆိုးက ရှင်းပြလိုက်သည်။ “ကျွန်မ အမြန်သွားရမယ်။ စီနီယာ အတူတူသွားချင်လား။”

သူမက သိမ်းငှက်လေး၏ နတ်ဆိုးစွမ်အားများကို မကြောက်ရွံ့ပေ။ ဤနယ်မြေ၌ ပိုင်ကျယ့်တို့ နတ်ဆိုးကလန်က အလွန် အစွမ်းထက်သည်။ သူမက သူ၏ တည်ရှိမှုကြောင့် တုန်လှုပ်နေခြင်း မရှိပေ။

“မင်း အရင်သွားနှင့်ပါ။” သိမ်းငှက်နက်လေးက အမူအရာမဲ့စွာ ပြောလိုက်သည်။ သို့သော် သူ့မျက်လုံးများက ထူးဆန်းသော အလင်းတစ်ခု လင်းလက်လာကာ ထိုသတင်းအား ရီဖူရှင်းထံ ပေးပို့လိုက်၏။

ရီဖူရှင်းတို့ ရှိနေသည့်နေရာ၌ သူက သတင်းအား လက်ခံရရှိပြီးနောက် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ ကျင့်ကြံသူများကို ကြည့်လိုက်သည်။ ထို့နောက် သူက လီချန်ရှန်းနှင့် ကျုံးချန်တို့အား စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။ “စီနီယာအစ်ကိုတို့၊ ကျွန်တော့်ရဲ့ မိစ္ဆာသားရဲက အခြေအနေကို ထောက်လှမ်းဖို့ သွားခဲ့တယ်။ နတ်ဆိုးသားရဲတွေရဲ့ ဒီတောင်တန်းမှာ တကယ်ပဲ မိစ္ဆာနတ်ဘုရားမျှော်စင် ရှိတယ်တဲ့။ အခု မိစ္ဆာနတ်ဘုရားမျှော်စင်မှာ ပြောင်းလဲမှုတွေ ရှိလာတာကြောင့် နတ်ဆိုးသားရဲတွေ လှုပ်ရှားနေကြတာလို့ ပြောတယ်။”

၎င်းက လီချန်ရှန်းနှင့် ကျုံးချန်တို့အား အတွေးနက်သွားစေသည်။ ဤလျှို့ဝှက်နယ်မြေ၌ အမှန်တကယ်ပင် မိစ္ဆာနတ်ဘုရားမျှော်စင် ရှိနေသည်လား။

မိစ္ဆာနတ်ဘုရားမျှော်စင်ဆိုသည်မှာ မိစ္ဆာနတ်ဘုရား၏ အမွေအနှစ် ဖြစ်နိုင်သလား။

ထိုသို့ဆိုလျှင် ဤလျှို့ဝှက်နယ်မြေက အမှန်တကယ် ကြောက်စရာကောင်းသည်။ ထိုတောင်တန်းအတွင်း နတ်ဆိုးသားရဲကလန် တစ်ခုထက်ပို ရှိနေနိုင်ကာ သူတို့အားလုံးက လေဟာနယ်အတွင်း ချိပ်ပိတ်ခံထားရပုံရလေသည်။

ဝှစ်…

ထိုအချိန်၌ ပုံရိပ်တစ်ခုက အမြန်ရွေ့လျားလာပြီး လူအုပ်ကြား၌ ထွက်ပေါ်လာသည်။ ထိုသူက ပြောလိုက်၏။ “ကျုပ် နတ်ဆိုးသားရဲတစ်ကောင်ကို ဖမ်းပြီး မေးခဲ့တယ်။ တောင်တန်းထဲမှာ မိစ္ဆာနတ်ဘုရားမျှော်စင်ရှိတယ်တဲ့။ ကျုပ်တို့ သွားကြည့်ကြည့်ကြမလား။”

သူ ပြောလိုက်သည်နှင့် ထိုနေရာရှိ အားလုံးသော ရန်ဟောင်များက သူ့အား ကြည့်လိုက်ကြသည်။

ရီဖူရှင်းသည်လည်း ထိုနေရာကို ကြည့်လိုက်၏။ သူက ထိုလူကို မှတ်မိပေသည်။ ဤလူက သူ့အား လမ်းစဥ်တိုက်ပွဲ စင်မြင့်၌ စိန်ခေါ်ခဲ့သူ ဖြစ်သည်။ သူက အလွန် အစွမ်းထက်ပြီး အလင်းဓားတွင် ကျွမ်းကျင်သည်။ ထိုသူက ချန်ယိဖြစ်လေသည်။

“အမှန်ပဲလား။” တစ်စုံတစ်ယောက်က မေးလိုက်သည်။

“ဒါပေါ့။ ကျုပ်က ဘာလို့ လိမ်ရမှာလဲ။ ကျုပ်ရဲ့ ကျင့်ကြံခြင်းက အဲဒီအခြေအနေကို ကိုင်တွယ်နိုင်ရလောက်အောင် မမြင့်သေးလို့။ မဟုတ်ရင် ကျုပ်က ဒီသတင်းကို လူတိုင်းနဲ့ မျှဝေလိမ့်မှာ မဟုတ်ဘူး။” ချန်ယိက အပြုံးနှင့် ပြောလိုက်သည်။ လူအုပ်ကြီးက ချက်ချင်းပင် သူပြောသည်အား ယုံကြည်လိုက်ကြ၏။ ချန်ယိက အစွမ်းထက်သော်လည်း တောင်တန်းအတွင်း နတ်ဆိုးအင်ပါယာများကို မြင်ပြီးနောက် သူတစ်ယောက်တည်း သွားလျှင် အသတ်ခံရမည်မှာ သေချာကြောင်း သိရှိသည်။ သူ့အတွက် အသက်ရှင်ရန် အခွင့်အရေးမရှိပေ။ သူက ထိုသတင်းအား အခြားသူများကို မျှဝေပေးရန်သာ တတ်နိုင်သည်။

“ကျုပ်တို့ သွားကြမှာလား။” တစ်စုံတစ်ယောက်က မေးလိုက်သည်။ ထိုသည်မှာ သေခြင်းရှင်ခြင်း ကိစ္စရပ်ပင် ဖြစ်၏။ နတ်ဆိုးသားရဲများက အဖွဲ့လိုက်လှုပ်ရှားနေကြပြီး အစွမ်းထက် နတ်ဆိုးများစွာ ရှိသည်။ တိုက်ပွဲစတင်သည့်အခါ ထိခိုက်ဒဏ်ရာရသူ သေဆုံးသူ ကျိန်းသေ ရှိပေလိမ့်မည်။

ဒုန်း…

ရုတ်တရက် လူအုပ်ကြီးက သူတို့၏ နှလုံးသားများ တုန်လှုပ်သွားသည်ကို ခံစားမိလိုက်ကြသည်။ လူတိုင်း၏ အကြည့်များက ထက်ရှသွားပြီး နတ်ဆိုးသားရဲများ ဦးတည်သွားရာဘက်သို့ ကြည့်လိုက်ကြ၏။

ဒုန်း… ဒုန်း…

ခံစားချက်က ပို၍ ပြင်းထန်လာသည်။ လူအုပ်ကြီးသည် သူတို့နှလုံးခုန်သံများက ပို၍ မြန်ဆန်လာကြောင်း ခံစားမိကြသည်။ သူတို့က ပြဿနာနှင့် ရင်ဆိုင်နေရပြီ ဖြစ်၏။

***


Comment

Leave a Reply


Options

not work with dark mode
Reset