Switch Mode

Chapter 19

ခင်ဗျားမှာ ရွေးချယ်စရာနှစ်ခု ရှိတယ်

ဘာ!

ဘားထဲရှိလူများအားလုံး ဝံပုလွေရိုင်း ၏ စကားကြောင့် ထိတ်လန့်သွားကြသည်။

မကြာခင်မှာပင် ဝံပုလွေရိုင်းက နယ်မြေသိမ်းပိုက်ရန် ရောက်လာခြင်း ဖြစ်ကြောင်း သူတို့ သတိထားလိုက်မိသည်။ ဝံပုလွေရိုင်းသည် ညနှင်းဆီကို အပိုင်လိုချင်ရုံသာမကဘဲ ရိုစ့်ကိုပါ အပိုင်သိမ်းချင်နေသည်။

ထို့နောက် သူတို့ပါ ကြားညပ်မြင်စိုး၍ ဝေးဝေးရှောင်သွားကြသည်။

ဝံပုလွေရိုင်း၏ စကားကြောင့် ရိုစ့်မျက်နှာလေး သုန်မှုန်သွားသည်။ ထို့အပြင် ဝံပုလွေရိုင်း၏ မဖွယ်မရာအကြည့်ကြောင့် ရိုစ့်မျက်လုံးများက စူးခနဲဖြစ်သွားပြီး ဝံပုလွေရိုင်း၏မျက်နှာကို တည့်တည့်ကြည့်ကာ မှုန်မှိုင်းနေသောမျက်နှာဖြင့် ပြောလိုက်သည်။

” ဝံပုလွေရိုင်း…. နင် ဘာလုပ်နေတယ်ဆိုတာကိုရော နင် သတိထားမိရဲ့လား?”

“ငါ ဘာလုပ်နေလို့လဲ?”

သူ ပြုံးလိုက်သောကြောင့် သူ့မျက်နှာပေါ်က အမာရွတ်က ကြောက်မက်ဖွယ်ကောင်းသော ကင်းခြေများလို ကြည့်ရဆိုးသွားသည်။

“ငါ မင်းရဲ့ဘားနဲ့ မင်းကို အတင်းရယူဖို့ လာတာလေ”

ထိုသို့ပြောရင်း ဝံပုလွေရိုင်းက ရိုစ့်အား သွားရည်တများများဖြင့် ကြည့်နေသည်။

“ဟီးဟီး… ရိုစ့် … မင်းက ကျန်းရှီမြို့ မြေအောက်လောကရဲ့ အဆိပ်အပြင်းဆုံးနဲ့ အလှဆုံး နှင်းဆီပဲ… ငါ ဒီနေ့ မင်းကို အပိုင်သိမ်းမှာ”

ဝံပုလွေရိုင်း၏ စကားအဆုံး၌ သူ့လူ အယောက် ၄၀ခန့်က ဘားကို ဝိုင်းထားလိုက်သည်။ ထိုလူများ အားလုံးသည် လူတွေကို သတ်ဖြတ်စားသောက်တော့မည့် ဝံပုလွေရိုင်းများနှင့် သဏ္ဍာန်တူလှသည်။ ထို့အပြင် ထိုသူများအားလုံးသည် သွေးဆာ၍ ကြမ်းတမ်းကြသည်။ သူတို့၏ ပြင်းထန်သော ချီဓာတ်များကြောင့် ဘားရှိသူများအားလုံး ဘောင်းဘီထဲ သေးထွက်ကြတော့မလို ကြောက်ရွံ့သွားကြသည်။

“ကောင်းတယ်… သိပ်ကောင်းတယ်”

ရိုစ့်၏ မျက်နှာသည် ပို၍ မှုန်မှိုင်းလာကာ ထောင့်အမှောင်တစ်နေရာကို လက်ဝှေ့ယမ်းကာ “ကျားကြီး” ဟု ခေါ်လိုက်သည်။

ထိုအမှောင်ထဲမှ ကြွက်သားအမြှောင်းမြှောင်းနှင့် အရပ် ၂မီတာရှည်သောသူ ထရပ်လာသည်။

ဘန်း! ဘန်း! ဘန်း!

ထိုလူထွားကြီးသည် သံမဏိတောင်ကြီးအလား ကြံခိုင်လှသည်။ သူ ခြေလှမ်းတစ်ခါ လှမ်းလိုက်တိုင်း ဘားတစ်ခုလုံး တုန်ခါသွားသည်။

သန်မာသော ကိုယ်ခန္ဓာနှင့် သွေးကြောများ ထင်းနေသော သူ၏ ပုံသဏ္ဍာန်က အလွန် ကြမ်းကြုတ်ရက်စက်လှသည်။

မီးရောင်အောက် သူ ရပ်လိုက်သောအခါ လူတိုင်း ထိတ်လန့်သွားကြသည်။

“ကျားကြီး! ကျန်းရှီမြို့ရဲ့ တရားမဝင် MMA ပြိုင်ပွဲချန်ပီယံ! သူက ရိုစ့်ရဲ့ လူယုံ ဖြစ်နေမယ်လို့ ငါ မထင်ထားဘူး”

“သေစမ်း… သူက စောက်ရမ်းကြမ်းတာကွ…သူက ကျန်းရှီမြို့ရဲ့ တရားမဝင် MMA ပြိုင်ပွဲမှာ ပြိုင်ဘက်ကင်းဖြစ်နေတာ နှစ်ဝက်လောက် ရှိပြီကွ… သူက ၁၁ပွဲနိုင်ထားပြီး ပြိုင်ဘက် ၈ယောက်ကို အမှောက်သိပ်လိုက်တာကွ… သူ့ရဲ့နာမည်ပြောင်က ကျားဘုရင်ပဲ…. အဲ့ဒါ သူပဲဟ”

“ဘုရားရေ… ငါ သူ့ပွဲတွေ ကြည့်ဖူးတယ်… ဒီလူက စောက်ရမ်းကြမ်းတာ စက်ရုပ်လားတောင် မှတ်ရတယ်…သူက အရမ်း ကြောက်ဖို့ကောင်းတယ်”

……

ကျားကြီးကို တွေ့ပြီး ဝံပုလွေရိုင်း အပါအဝင် လူတိုင်းနီးပါး မျက်နှာပျက်သွားကြသည်။

“ကျားကြီး? မင်း ရိုစ့်အတွက် အလုပ်လုပ်နေလိမ့်မယ်လို့ ငါ မထင်ထားဘူး”

ဝံပုလွေရိုင်းလည်း ကျားကြီးကို သိသည်။ သူလည်း ကျားကြီး၏ ပြိုင်ပွဲတွေကို ကြည့်ဖူးသည်။ သို့သော် ကျားကြီးက ရိုစ့်လက်အောက်မှာ အလုပ်လုပ်နေလိမ့်မယ်လို့ သူ ထင်မထားခဲ့ပေ။

ကျားကြီးက ဝံပုလွေရိုင်းကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။

” ဝံပုလွေရိုင်း … ငါ မင်းအကြောင်း ကြားဖူးတယ်… မင်းကလည်း အတိုက်အခိုက် ကျွမ်းတယ်လို့ ပြောကြတယ်… ဒါပေမယ့် မင်းက ရိုစ့်ကို စိတ်အနှောင့်အယှက် လာပေးရင်တော့ မင်း သေရလိမ့်မယ်”

ချက်ချင်းပင် ကျားကြီး၏ အင်္ကျီစုတ်ပြဲသွားကာ သူ၏ ကြွက်သားများနှင့် ပြည့်နှက်နေသော သူ၏ အပေါ်ပိုင်းခန္ဓာကိုယ် ပေါ်လာသည်။ သူသည် ထိန်းချုပ်၍ မရနိုင်သည့် လူ့ဘီလူးကြီးကဲ့သို့ အတော်လေး ကြောက်ဖို့ကောင်းသည်။

ဤသည်ကို ကြည့်ပြီး ရိုစ့်တစ်ယောက် သာသာလေး ပြုံးလိုက်ပြီး ခပ်ဖြည်းဖြည်းချင်း ထိုင်ချလိုက်ကာ အရက်ကို စိပ်ပြေနပြေ သောက်လိုက်သည်။ ထို့နောက် သူမက တည်တည်ငြိမ်ငြိမ်နှင့် ပြောလိုက်သည်။

” ဝံပုလွေရိုင်း …. ရှင် ကျားကြီးကို နိုင်အောင်တိုက်နိုင်ရင် ဒီဘားက ရှင့်အပိုင်ပဲ…ရှင် ရှုံးရင်တော့ ဒီနေရာက ချက်ချင်းထွက်သွားရမယ်”

သူမ၏ စကားလုံးများက အရမ်းကို ပြတ်သားတိကျလှသည်။ သို့သော်လည်း သူမ၏ စကားကြောင့် ကြမ်းတမ်းသော ဝံပုလွေက အားရပါးရပြုံးကာ

“ဟီးဟီး … ရိုစ့် …. ငါ နိုင်ရင် ဒီဘားရော မင်းကိုပါ လိုချင်တယ်”

ထိုသို့ ပြောပြီး ဝံပုလွေရိုင်းက လက်ဝှေ့ယမ်းပြလိုက်သည်။ ထိုအခါ လူအယောက် ၄၀က ကျားကြီးအား ဝိုင်း၍ တိုက်ခိုက်ကြသည်။

“သွားသေလိုက်”

သို့သော် ကျားကြီးက ဝံပုလွေရိုင်းအားတစ်ချက်ကြည့်ကာ လှောင်ပြုံးပြုံး၍ “သွားသေလိုက်” ဟု ကြုံးဝါးလိုက်သည်။

စက္ကန့်ပိုင်းအတွင်းမှာပင် သိုးအုပ်ထဲ ကျားဝင်ဆွဲသလို ဖြစ်သွားသည်။

တစ်ယောက်! နှစ်ယောက်! သုံးယောက်!

ဝံပုလွေရိုင်း၏လူများ ဂျုံအိတ်သဖွယ် နေရာပေါင်းစုံကို လွှင့်ပစ်ခံလိုက်ရသည်။ တစ်မိနစ်အတွင်း လူအယောက် ၄၀ အလဲထိုးခံလိုက်ရသည်။ လူတိုင်း ထိတ်လန့်သွားကြသည်။ ယခုအချိန်မတိုင်ခင်အထိ ကျားကြီး၏ တိုက်ရည်ခိုက်ရည်က ဘယ်လောက် ကြောက်ဖို့ကောင်းသည်ကို သူတို့ မသိကြပေ။

သို့သော် ထိုအချိန်မှာပင် အရိပ်မည်းတစ်ခုက လျှပ်စီးလက်သလို လှစ်ခနဲ ပေါ်လာသည်။

….

ထိုသူကား ဝံပုလွေရိုင်းပင်။ ဝံပုလွေရိုင်းသည် ပေါ့ပါး သွက်လက်စွာ ခုန်ထ၍ ကျားကြီးအား အားနှင့် ထိုးချလိုက်သည်။

ရှောင်တခင် တိုက်လိုက်ခြင်း ဖြစ်သည်။ ဝံပုလွေရိုင်း ဒီလောက် ကလိမ်ကကျစ်ကျတတ်မယ်လို့ ဘယ်သူမှ မထင်ထားပေ။

….

သူ၏လုပ်ရပ်ကြောင့် ကျားကြီး ဒေါပွသွားကာ “မလောက်လေးမလောက်စားကများ” ဟု ကျိန်းဝါးကာ ပြန်ထိုးလိုက်သည်။

နှစ်ယောက်လုံး လျင်မြန်လွန်းလှသည်။ သို့သော် ဝံပုလွေရိုင်းသည် အရင်ကတည်းက ကျားကြီး၏ တိုက်ကွက်ကို ခန့်မှန်းမိပုံရသည်။ သူက ပို၍ ကြမ်းတမ်းလာကာ လှောင်ရယ်လိုက်သည်။

“စောက်ရူးပဲ… သေလိုက်တော့”

ဝံပုလွေရိုင်းက ရုတ်တရက် တစ်ပတ်လှည့်လိုက်သောအခါ ကျားကြီး၏ ကျောဘက်၌ လှစ်ခနဲ ပြန်ပေါ်လာသည်။ ထို့နောက် ကျားကြီး၏ ကျောအား အားနှင့် ထိုးချလိုက်သည်။

**မဟုတ်ဘူး**

သူ အရူးလုပ်ခံလိုက်ရတာကို သတိထားလိုက်မိပြီး ကျားကြီး အလွန် စိုးရိမ်သွားသည်။ သူ ပြန်ခုခံချင်သော်လည်း နောက်ကျသွားချေပြီ။

ဝံပုလွေရိုင်း၏ အားပြင်းသော လက်သီးဖြင့် အထိုးခံလိုက်ရပြီး ကျိုးပဲ့သံနှင့်အတူ ကျားကြီး မြေကြီးပေါ်သို့ လဲကျသွားသည်။ ကျားကြီး၏ ကျောရိုးမှ အရိုး ၄၊၅ ချောင်းလောက် ကျိုးကျေသွားချေပြီ။ ထို့အတူ ကျားကြီး၏ ပါးစပ်မှ သွေးများ အန်ထွက်လာသည်။ ဒေါသထွက်နေသော မျက်နှာနှင့် ကျားကြီး ပြန်ထရန် ကြိုးစားသော်လည်း ထလို့ မရပေ။

….

ဘားတစ်ခုလုံး သံပြိုင်အော်လိုက်မိသည်။

ဟာ!

ဝံပုလွေရိုင်းက ကျားကြီးအား အလဲထိုးလိုက်သည်။

“ရက်စက်လွန်းအားကြီးတယ်”

အားလုံးက ဝံပုလွေရိုင်းအား နတ်ဆိုးတစ်ကောင်ကို မြင်နေရသည့်အလား ထိတ်လန့်စွာ ကြည့်နေကြသည်။

ရိုစ့်သည်လည်း ရုတ်တရက် ခုန်ထလိုက်မိသည်။ ရှုံးနိမ့်သွားသည့် ကျားကြီးကို ကြည့်ပြီး သူမမျက်နှာ ဖြူလျော်သွားသလို မျက်ဝန်းများက မီးဝင်းဝင်းတောက်နေသည်။

”နင် ယုတ်မာတယ်… ဘာလို့ အလစ်ဝင်တိုက်ရတာလဲ”

“အလစ်ဝင်တိုက်တယ်…ဟီးဟီး…”

သူက ကျားကြီးအား ခြေထောက်နှင့် နင်းထားပြီး
“ရိုးသားတာတို့ ယုတ်မာတာတို့.. ငါ့အဘိဓာန်မှာ မရှိဘူး… အနိုင် အရှုံး ဆိုတာပဲ ရှိတယ်”

ဤသို့ ပြောပြီး ကျားကြီးအား အမှိုက်သဖွယ် ကန်ထုတ်လိုက်တာကြောင့် ကျားကြီး ၃၊၄ မီတာလောက် လွင့်သွားသည်။

“အဓိကက ငါ နိုင်သွားပြီ ဆိုတာပဲ”

ထိုသို့ပြောပြီး သူက ရိုစ့်ဆီ လှမ်းလာသည်။ ရိုစ့်၏ သေးသွယ်သော ကိုယ်ခန္ဓာအား ကြည့်ကာ ဝံပုလွေရိုင်း၏ အမူအရာများက ညစ်ညမ်းလာသည်။

“အခုကစပြီး ရိုစ့် မင်းက ငါ့အပိုင်ပဲ”

သူ ခြေတစ်ခါလှမ်းလိုက်တိုင်း ရိုစ့်၏မျက်နှာလေး ပို၍ ဖြူစုတ်လာသည်။

**မဟုတ်ဘူး**

သူမ ဒီနေ့ သူမ၏ ဘားကို ဆုံးရှုံးရတော့မည်ကို ရိုစ့် သိလိုက်ရသည်။ ကျားကြီးမှလွဲ၍ ဘယ်သူမှ ဝံပုလွေရိုင်းအား အနိုင်မယူနိုင်ပေ။ သူမမျက်လုံးတွင် မျှော်လင့်ချက်တို့ ပျက်သုဉ်းသွားသည်။

ဝံပုလွေရိုင်းက ကောင်တာရှေ့ ရောက်လာသည်။

“လစ်လိုက်တော့ ငချွတ်လေး”

ယဲ့ဖန်နှင့် ဖေးချမ်ကို မြင်ပြီး ဝံပုလွေရိုင်းက ဖေးချမ်အား အားနှင့် တွန်းထုတ်လိုက်သည်။

ဘန်း!

ဖက်တီးသည် ငှက်မွှေးသဖွယ် ၂မီတာလောက် လွင့်ထွက်သွားပြီး မြေကြီးပေါ် လဲကျသွားသည်။ နဖူးမှ သွေးများ စီးကျလာပြီး ဖေးချမ်၏ မျက်နှာက ဖြူဖပ်ဖြူလျော်ဖြစ်သွားသည်။ သို့သော် ဖေးချမ်က သူ့နဖူးမှ ဒဏ်ရာအား မစိုးရိမ်အားဘဲ ယဲ့ဖန်အား စိုးရိမ်တကြီး လှမ်းကြည့်ကာ

“ဖန်… မြန်မြန်…ဒီဘက်ကိုလာ”

ဖေးချမ်သည် သူတို့ ဝံပုလွေရိုင်းကို မယှဉ်နိုင်မှန်း သိသည်။ သို့သော် ယဲ့ဖန်က သူ့စကားကို မကြားဟန်ဖြင့် နောက်သို့လှည့်ကာ ဝံပုလွေရိုင်းကို တည့်တည့်ကြည့်လိုက်ပြီး

“မင်း ငါ့ညီကို တွန်းထုတ်လိုက်တာလား?” ဟု မေးလိုက်သည်။

ဝံပုလွေရိုင်း အပါအဝင် အားလုံး ခေတ္တမျှ ကြောင်သွားရသည်။ ဘယ်သူမှ ဝံပုလွေရိုင်းအား ဒီလိုပြန်ပြောရဲသည့်သူ ရှိသည်ဟု ထင်မထားခဲ့ပေ။ အထူးသဖြင့် ဒီကျောင်းသားအရွယ် ကောင်လေးတစ်ယောက်ကပေါ့။

**ဒီကောင် ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ**

ဝံပုလွေရိုင်းက သူ နားကြားလွဲသွားသည့်ဟန်ဖြင့် အနည်းငယ် အံ့ဩသွားကာ မျက်လုံးကို မှေး၍ ကြည့်နေသည်။ ထို့နောက် သူက ယဲ့ဖန်ကို မေးလိုက်သည်။

“ကောင်စုတ်လေး မင်း ငါ့ကို ပြောတာလား”

အားလုံးက ယဲ့ဖန် ဝံပုလွေရိုင်းအား ပြန်မတောင်းပန်လျင် သူ ဒုက္ခရောက်တော့မည်ကို သိလိုက်ကြသည်။

သို့သော် ယဲ့ဖန်က သူ မေးတာကို မကြားသည့်အတိုင်းပင်၊ ဝံပုလွေရိုင်းအား တည့်တည့်ကြည့်ကာ အေးစက်စက်နှင့် ပြောလိုက်သည်။

“ခင်ဗျားမှာ ရွေးချယ်စရာ နှစ်ခုရှိတယ်… ကျုပ်ညီရှေ့ ဒူးထောက်ပြီး သူ့ကို တောင်းပန်လိုက် ဒါမှမဟုတ် သူ့ရှေ့ ဒူးထောက်ပြီး သတ်သေလိုက်”


Comment

  1. ဦးဝိေကာ လသ says:

    Good

Leave a Reply

Options

not work with dark mode
Reset