Chapter 17

လူတစ်ယောက်ကို စောင့်နေတာ

**အမှိုက်တကာ့အမှိုက်**

**လှည့်စားမှုတစ်ခု**

…..

ယဲ့ဖန်စကားကြောင့် ဘားတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားသည်။

**သူ ရူးနေပြီ**

**သူက ရိုစ့်ရှေ့မှာ အစ်မကြီးရဲ့အရက်ကို အမှိုက်တကာ့အမှိုက်လို့ ပြောရဲတဲ့ ပထမဆုံးသူပဲ**

ရိုစ့်၏ အာဏာအောက်တွင် ခဏခဏ စိန်ခေါ်နေသောသူ့ကို အားလုံး မယုံနိုင်ဖြစ်နေသည်။

**ဒါ… ဒါ မယုံနိုင်စရာပဲ**

ထိုအချိန်တွင် ဖေးချမ်၊ ချွီထောင်နှင့် မိန်းကလေးသုံးယောက် ကြက်သေ သေနေကြသည်။

….

ယဲ့ဖန်ကို ကြည့်နေရင်း သူတို့ တံတွေး မနည်းမြိုချနေရသည်။ ယဲ့ဖန် ရူးသွားပြီဟုလည်း ထင်နေကြသည်။ မဟုတ်လျင် ရိုစ့်ရှေ့၌ ဒီလိုစကားမျိုး သူ ဘယ်ပြောရဲပါ့မလဲ။

**ငါတို့တော့ သေပြီပဲ**

ဖေးချမ်၏ကျောတွင် ချွေးများနှင့် ရွှဲနစ်နေသည်။ ဖြားယောင်းသွေးဆောင်နိုင်သော ရိုစ့်၏မျက်နှာက တဖြည်းဖြည်း သုန်မှုန်လာတာနှင့်အမျှ ဖေးချမ် ပို၍ ထိတ်လန့်လာသည်။

သူနှင့် ယဲ့ဖန် ဝမ်းနည်းစရာ အဖြစ်အပျက်မျိုးနှင့် ကြုံရတော့မည်ကို သူ တပ်အပ်သိနေသည်။ ဒီနေရာကနေ ကန်ထုတ်မခံရခင် အနည်းဆုံး သူတို့ ခြေလက်တွေ ကျိုးပဲ့ခံရလိမ့်မည်။

ချွီထောင်တို့အုပ်စု ခဏမျှ ထိတ်လန့်နေပြီးနောက် ဟားတိုက်ရယ်မောကြသည်။

“အရူး…. ဒီဂြိုဟ်ဆိုးကောင်က လုံးဝကို အရူးပဲ… သူက ကုန်းမိသားစုကို အတိုက်အခံလုပ်ရုံတင်မကဘဲ ရိုစ့်ကိုပါ ပြန်ပြောရဲတယ်… ဒီကောင်တော့ ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”

ယဲ့ဖန် ဒီနေရာကနေ ခြေထောက်ကျိုးပြီး ကန်ထုတ်ခံရမှာကို မြင်ယောင်ရင်း ချွီထောင် အကျယ်ကြီးအော်ရယ်မိမလို ဖြစ်သွားသည်။

ယွမ်လီသည်လည်း အတော်လေး အူမြူးနေသည်။ သူမက ယဲ့ဖန်ကို အရမ်းမုန်းနေတာကြောင့် ယဲ့ဖန်၏ သနားကမားအဖြစ်ကို မြင်ချင်နေလှသည်။ ကျန်းဝေ့ဝေ့နှင့် ရှုချင်တို့သည်လည်း ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သလို ကြည့်နေကြသည်။ အထူးသဖြင့် ကျန်းဝေ့ဝေ့က သူမကိုယ်သူမ ကံကောင်းလှပြီဟု ထင်နေ၏။

ယဲ့ဖန်နှင့် သူမ ဘာပတ်သက်မှုမှ မရှိလို့သာ တော်တော့သည်၊ မဟုတ်ပါက သူမပါ ဒီအရှုပ်ထုပ်ထဲ ပါနေလောက်ပြီ။သူမလည်း ယဲ့ဖန်၏ သနားကမားအဖြစ်ကို စောင့်ကြည့်ဖို့ အဆင်သင့်ဖြစ်နေသည်။

ဘားအတွင်းမှ သီချင်းသံ ရပ်သွားသည်မှာ ကြာလှပြီဖြစ်သည်။ ထို့ကြောင့် ဘားတစ်ခုလုံး သုဿန်အလား တိတ်ဆိတ်နေသည်။

ဒေါက်မြင့်ဖိနပ်သံ ထိတ်လန့်စွာ ထွက်ပေါ်လာပြီးနောက် ယဲ့ဖန်နှင့် ဖေးချမ် ရှေ့တည့်တည့်သို့ ရိုစ့် ရောက်လာသည်။

သူတို့နှစ်ယောက်အနားသို့ ရိုစ့် ရောက်သွားသည်ကို ကြည့်ပြီး တစ်ခြားသူများအားလုံး ဇောချွေးပြန်လာကြသည်။ ရိုစ့် ဒေါသထွက်နေမှန်း သူတို့ ရိပ်မိကြသည်။

တစ်ချိန်တည်းမှာပင် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူများ ဘား၏ ထောင့်နေရာများမှ စက္ကန့်ပိုင်းအတွင်း ထွက်ပေါ်လာကြသည်။

အစောင့်များအားလုံးက ကြောက်မက်ဖွယ်ကောင်းလောက်အောင် သန်မာကြသည်။ သူတိုက ယဲ့ဖန်ကို ချက်ချင်း ဝန်းရံပိတ်ဆို့ထားလိုက်သည်။

**သူတော့ သေပြီပဲ**

ဘားရှိဧည့်သည်များ အားလုံး ယဲ့ဖန် ကြံမ္မာဆိုးဝင်တော့မည်ကို ရိပ်မိလိုက်ကြသည်။

သို့သော် ယဲ့ဖန်ကတော့ သူ ဒုက္ခအကြီးအကျယ် ရောက်တော့မှာကို မသိသည့်အလား တည်ငြိမ်လှသည်။

“ကောင်လေး မင်း မကြောက်ဘူးလား”

ယဲ့ဖန်ရှေ့သို့ ရိုစ့် ရောက်လာရင်း သူမ တောက်ပနေသော မျက်လုံးများဖြင့် မေးလိုက်သည်။ သူမ၏ မောက်မာသော မျက်နှာထားအရ သူမက ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်နေသည့် ဘုရင်မကြီးအလားပင်။

သူမစကားကြောင့် ယဲ့ဖန်သည် ပို၍ ရွှတ်နောက်နောက် ဖြစ်လာပြီး ပြန်ပြောလိုက်သည်။

“ကြောက်တယ်? အဲ့လို စကားလုံးမျိုး ကျုပ်ရဲ့အဘိဓာန်မှာ မရှိဘူး”

ထိုသို့ပြောရင်း ယဲ့ဖန်က သူ၏ ဖန်ခွက်ကို ဆတ်ခနဲတောက်လိုက်သည်၊ သူ၏မျက်နှာအမူအရာကလည်း ပို၍ထူးဆန်လာသည်။

ထို့နောက် သူ ဆက်ပြောလိုက်သည်က

“ဒါပေမယ့် ခင်ဗျားကတော့… ခင်ဗျားအတွက် ဂုဏ်ယူပါတယ်…နောက်ဆုံးတော့ ခင်ဗျား ကျုပ်နဲ့ ဆုံရပြီလေ”

*ဘာ*

*နောက်ဆုံးတော့ ခင်ဗျား ကျုပ်နဲ့ ဆုံရပြီ*

ယဲ့ဖန် ဘာကိုပြောချင်မှန်း နားမလည်သောကြောင့် အခြားသူများ ခေါင်းခြောက်သွားသည်။

သို့သော် သူ့စကားကြောင့် ရိုစ့်၏ လှပသောမျက်ဝန်းလေးက တောက်ပလာကာ သူမ သိချင်စိတ်ဖြင့် မေးလိုက်သည်။

“နင် … နင် ငါဘာကို စောင့်နေမှန်း သိတာလား?”

“ဒါပေါ့” ယဲ့ဖန် ခေါင်းညိတ်လိုက်ရင်း သူ၏အမူအရာက ပို၍ ကျီစယ်တတ်ဟန် ပေါက်လာသည်။

“ခင်ဗျားက ကျုပ်ကို စောင့်နေတာလေ…ခင်ဗျားနဲ့ ခင်ဗျား စပ်တဲ့အရက်တွေကို နားလည်နိုင်တဲ့သူမျိုးကိုပေါ့”

**ဘာ**

**သူမက မင်းကို စောင့်နေတာ*

အားလုံး ထိတ်လန့်သွားပြီး ယဲ့ဖန်တစ်ယောက် စိတ်လွတ်သွားပြီဟု သတ်မှတ်လိုက်ကြသည်။

**ဒီဘားလမ်းက နာမည်အကြီးဆုံး အမျိုးသမီးဘော့စ်ဖြစ်တဲ့ ရိုစ့်က မင်းကို ဘာလို့ စောင့်နေရမှာလဲ… သူမရဲ့ အစ်မကြီးရဲ့အရက်ကို မှိုချိုးမြှစ်ချိုး ပြောတဲ့သူကိုလေ…မင်း စောက်ရူးပဲ**

ယဲ့ဖန်စကားကြောင့် ချွီထောင်နှင့် မိန်းကလေးသုံးယောက် ပို၍ မထီမဲ့မြင် ဖြစ်လာသည်။ သူတို့မျက်လုံးထဲတွင် ယဲ့ဖန်သည် ကိုယ့်သေတွင်းကိုယ် တူးလို့တူးမိမှန်းမသိသည့် အရူးတစ်ယောက်သာ ဖြစ်သည်။

သို့သော် နောက်ထပ် ဖြစ်ပေါ်လာသည့် အကြောင်းအရာကြောင့် အားလုံး မှင်တက်မိသွားသည်။

“ဟားဟား…နောက်ဆုံးတော့ ငါ မင်းနဲ့ ဆုံခဲ့ပြီ… နောက်ဆုံးတော့ ငါ မင်းနဲ့ ဆုံခဲ့ပြီ”

အားလုံး၏ အံ့ဩထိတ်လန့်နေသော အကြည့်များအောက်တွင် ရိုစ့်သည် အလွန်တန်ဖိုးကြီးသည့်အရာတစ်ခုကို တွေ့လိုက်ရသည့်အလား အားရပါးရ ပြုံးလာသည်။

သူမပြုံးလိုက်စဉ်တွင် သူမ မျက်လုံးထောင့်၌ မျက်ရည်စများ တွဲခိုနေသည်ကို အားလုံး မြင်လိုက်ကြသည်။

“ကောင်လေး… မင်း မှန်တယ်… ငါ မင်းကို စောင့်နေတာ… ငါ မင်းကို စောင့်နေခဲ့တာ”

**ဘာ**

သူမပြန်ပြောလိုက်သည့်စကားကြောင့် အားလုံး ကြောင်သွားရသည်။

**ဒါ… ဒါ မဖြစ်နိုင်ဘူး**

*အစ်မကြီးရဲ့အရက်က ဝေဖန်ခံလိုက်ရတာ အသိသာကြီးကို ဘာလို့ ရိုစ့်က ပျော်နေရတာလဲ*

ဒီကို မကြာခဏလာတတ်သည့်သူများက ရိုစ့် အရင်က ဒီလောက်မပျော်ရွှင်ဖူးတာကို သိနေကြသည်။

သူတို့အမြင်တွင် ရိုစ့်သည် အပြုအမူ၊ အပြောအဆိုတို့ကို အလေးအနက် ထားသည့် တစ်မူထူးခြားသည့် နတ်ဘုရားမလေး ဖြစ်သည်။

အခုတော့ သူမက ပြုံးနေသည်။ သူမက သူမဘဝ၏ တစ်ဦးတည်းသော အချစ်ဦးကို တွေ့လိုက်ရသည့်အလား အားပါးတရ ပြုံးနေသည်။

**မ…မဖြစ်နိုင်ဘူး**

သို့သော် အခြားသူများ၏ အံ့ဩနေသောအကြည့်များကို ဂရုမစိုက်ဘဲ ရိုစ့်က ယဲ့ဖန်အား စိုက်ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

“ကောင်လေး…ငါ ထိပ်တန်းအရက်စပ်တဲ့သူ ဖြစ်လာတာ ၈နှစ်ရှိပြီ… ပြီးခဲ့တဲ့၈နှစ်လုံးလုံး ငါ စပ်တဲ့အရက်ကို လူတွေက နှစ်သက်ကြပင်မယ့် အစ်မကြီးရဲ့အရက်ကအစ အမှိုက်တကာ့အမှိုက်ပဲ”

ဖွီ!!

သူမစကားကို ကြားပြီး အားလုံး သွေးအန်မတတ် ဖြစ်သွားသည်။

**ရိုစ့်တောင်မှ အစ်မကြီးရဲ့အရက်ကို အမှိုက်တကာ့အမှိုက်လို့ ဝန်ခံတယ်? ဘာကြောင့်လဲ?**

ရိုစ့်က အထီးကျန်ဆန်သောမျက်ဝန်းများဖြင့် ရှင်းပြသည်။
“ဒီအရက်ထဲကနေ လျှို့ဝှက်ချက်ကို မြင်ပြီး အမှန်တရားကို မြင်နိုင်တဲ့သူကို ငါ စောင့်နေခဲ့တာ… ငါ့ကို တကယ်နားလည်နိုင်တဲ့သူမျိုးကို စောင့်နေခဲ့တာ”

ထိုအချိန်တွင် ရိုစ့်၏ ကလူမြှူဆွယ်တတ်သော မျက်နှာပေးမှ တည်ငြိမ်သော အမူအရာသို့ ပြောင်းလဲလာပြီး ယဲ့ဖန်အား တက်ကြွနေသော ခံစားချက်များနှင့် ကြည့်လိုက်သည်။

“ကျေးဇူးတင်ပါတယ်…နောက်ဆုံးတော့ ငါ မင်းနဲ့ ဆုံခဲ့ပြီ”

**ငါနားလည်ပြီ**

အကြောင်းဆုံကို သိလိုက်ပြီးနောက် ဘားထဲရှိသူများ အားလုံး တိတ်ဆိတ်သွားသည်။

တစ်ခွက်ကို ယွမ် ၁၀,၀၀၀ တောင်ပေးရသည့် အစ်မကြီးရဲ့အရက်က အမှိုက်သာသာ သာ ဖြစ်သည်ကို သူတို့ မသိခဲ့ကြပေ။

ရိုစ့်က အရက်နှင့် သူမကို တကယ်နားလည်နိုင်သည့်သူမျိုးကို ရှာချင်၍ တမင်လုပ်ထားခြင်း ဖြစ်သည်။ သို့သော် အားလုံးက အစ်မကြီးရဲ့အရက်ကို အဖိုးတန်အရက်သဖွယ် သဘောထားကာ သူတို့တတ်နိုင်သမျှ ချီးကျူးပြောဆိုခဲ့ကြသည်။ ဘယ်လောက်တောင် ရူးခဲ့ကြတာပါလိမ့်။

ချွီထောင်၊ ယွမ်လီ၊ ရှုချင်နှင့် ကျန်းဝေ့ဝေ့တို့ သူတို့ကို အားနှင့် ပါးချလိုက်သည့်အလား မျက်နှာကြီး နီရဲလာကြသည်။ သူတို့ တော်တော်လေး အရှက်ကွဲသွားသလိုပင်။

ခုနလေးတင် သူတို့က အစ်မကြီးရဲ့အရက်ကို အမွှမ်းတင်နေကြသည်။ ခဏလောက်လည်း ကြာရော ယဲ့ဖန်နှင့်ရိုစ့်တို့က သူတို့အား ပါးဖြတ်ရိုက်လိုက်သလိုပင်။ သူတို့ တွင်းတစ်တွင်း ရှာ၍ ပြေးပုန်းချင်စိတ်တောင် ပေါက်သွားသည်။

ဘေးတွင်ရပ်နေသော ဖေးချမ်လည်း လုံးဝ အံ့ဩသွားသည်။ ထို့နောက် သူ သက်ပြင်းချကာ ယဲ့ဖန်အား အံ့ဩတကြီးနှင့် ကြည့်လိုက်မိသည်။ ယဲ့ဖန်က အရက်နှင့် လူတွေ၏ နှလုံးသားကို နားလည်နိုင်လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

ယဲ့ဖန်ကြောင့်သာ မဟုတ်လျင် သူသည်လည်း ချွီထောင်နှင့် မိန်းကလေးသုံးယောက်ကဲ့သို့ အရူးလိုအမွှမ်းတင်မိမှာပင်။

ထိုစဉ် ရိုစ့်က ဖေးချမ်အား ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
“ဖက်တီးလေး…မင်း မဆိုးဘူးပဲ…ငါ့ကို နားလည်တဲ့သူမျိုးကို မင်း ခေါ်လာခဲ့တယ်… ဒါကြောင့် မင်းကို ဆုချရမယ်”

သူမ ထိုသို့ပြောပြီးနောက် လက်ဝှေ့ယမ်းပြလိုက်သည်။ ထို့နောက် စားပွဲထိုးတစ်ယောက်က သူ့ကို ကဒ်လေးတစ်ကဒ် လာပေးသည်။

“ဒီကဒ်ထဲမှာ ယွမ် ၁၀၀,၀၀၀ ပါတယ်… ကဒ်ထဲက ယွမ် ၂၀,၀၀၀ နုတ်လိုက်မယ်… ကျန်တာက ဆုချတဲ့အနေနဲ့ မင်းအပိုင်ပဲ… ပြီးတော့ မင်းတို့နှစ်ယောက် ဒီနေ့ကစပြီး ငါ့အရက်တွေကို အလကားသောက်ခွင့် ရှိတယ်”

……

ရိုစ့်စကားကြောင့် အားလုံး အံ့အားသင့်သွားကြသည်။


Comment

Leave a Reply

Options

not work with dark mode
Reset