Switch Mode

အပိုင်း(၂၀၁၉)

နတ်ဝင်ရိုးအဆင့်များ

လမ်းစဉ်ဖွေရှာတောင်ထွတ်၏ အပေါ်တွင် နေရာအနှံ့မှ တန်ခိုးရှင်များအားလုံးက တိုင်ပွဲမြေပြင်သို့ အာရုံစူးစိုက်နေကြသည်။ ဖျက်ဆီးခြင်း မြင်ကွင်းက ကျောချမ်းဖွယ်ပင် ဖြစ်၏။

ကောင်းကင်အထက်တွင် ကြီးမားလှသော လိပ်နက် ဓားဝင်္ကပါပေါ်သို့ ကျရောက်လာသည့် ဖျက်ဆီးခြင်း မုန်တိုင်းက အဆက်မပြတ် ကျရောက်လာသည့်အတွက် ၎င်းကို တုန်ခါလာစေသည်။ မျက်စိ ကျိန်းလောက်သော အလင်းများက လိပ်နက် ဓားအင်ပါယာထံမှ ထွက်ပေါ်လာသည်။ ကြီးမားလှသော လိပ်နက်ကြီးတစ်ကောင် ထွက်ပေါ်လာပြီး ဓား၀င်္ကပါ အတွင်းသို့ ပေါင်းစပ်သွားသည်။

ထိုအချိန်တွင် အနက်ရောင် လိပ်ကြီးက တဖြည်းဖြည်း ကြီးမားလာပြီး ဓားအရည်အတွက်ကလည်း တိုးမြင့်လာသည်။

ဖျက်ဆီးခြင်းမုန်တိုင်းက ပျောက်ကွယ်မသွားပဲ အောက်သို့ အဆက်မပြတ် ကျဆင်းလာနေသည်။ ထို့အပြင် ၎င်းတို့က သံကွင်းဆက်ကြိုးများ အဖြစ်သို့ ပြောင်းလဲသွားပြီး လိပ်နက်ဓားဝင်္ကပါကို ရစ်ပတ်လိုက်ကာ ဓား၀င်္ကပါ တစ်ခုလုံးကို ချိတ်ပိတ်ရန် ကြိုးစားလိုက်သည်။ တစ်ချိန်တည်းမှာပင် ပျက်ဆီးခြင်းဝင်ရိုးက မဟာလမ်းစဉ်၏ အဆုံးမဲ့ စွမ်းအားများကို ဆင့်ခေါ်လိုက်ပြီး တိုက်ပွဲကွင်းပြင်တစ်ခုလုံးကို ချိတ်ပိတ်လိုက်သည်။

‘ပျက်စီးခြင်း’ က သူ၏ ပျက်ဆီးခြင်း ဝင်ရိုးအောက်တွင် ရပ်နေခဲ့သည်။ ပျက်ဆီးခြင်းရောင်ဝါများက သူ့ကို လွှမ်းခြုံထားပြီး သူသည် ကြောက်မက်ဖွယ် အနက်ရောင်ချပ်၀တ်နှင့် ဖုံးလွှမ်းထားသကဲ့သို့ ထင်မှတ်ရပေသည်။ သူ၏ ခန္ဓာကိုယ်က ကြီးမားလှပြီး ဖျက်ဆီးခြင်း စစ်နတ်ဘုရားတစ်ပါးအသွင်သို့ ပြောင်းလဲသွားခဲ့သည်။ သူက လက်ကို ဆန့်ထုတ်လိုက်ကာ ဖျက်ဆီးခြင်း မုန်တိုင်းက လိပ်နက် ဓား ဝင်္ကပါအနီးတွင် ချိန်းကြိုးများသဖွယ် ရစ်ပတ်နေပြီး သူ၏ ထိန်းချုပ်မှုအတွင်းသို့ အပြည့်အဝ ကျရောက်သွားသည်။

သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ ချက်ချင်းပင် အကန့်အသတ်မဲ့သော ဖျက်ဆီးခြင်းအလင်းများထံမှ အစွမ်းထက်လှသော ဖျက်ဆီးခြင်းစွမ်းအားများ ထွက်ပေါ်လာကာ ဓားဝင်္ကပါအား ​ချေမှုန်းရန် ကြိုးစားလိုက်သည်။ သို့သော်လည်း လိပ်နက် ဓား၀င်္ကပါက ၎င်း၏ ကန့်သတ်နယ်မြေကို ဖန်တီးလိုက်ပြီး လိပ်နက် ဓားအင်ပါယာသည် သူ့ကိုယ်သူ ကန့်သတ်နယ်မြေအတွင်း၌ ပိတ်လှောင်ထားသည်။ အမှန်တကယ်ပင်သူက ကြောက်မက်ဖွယ် တိုက်ခိုက်မှုအား တိုက်ရိုက်ရင်ဆိုင်ချင်နေသည်။

မဟာလမ်းစဉ်တုန်ခါသံများက ထွက်ပေါ်လာပြီး လိပ်နက် ဓား၀င်္ကပါက တုန်ယင်လာသည်။ ၎င်းက အမှန်တကယ် ဖိနှိပ်ခံနေရပေသည်။ ကြီးမားလှသော ဓားဝင်္ကပါကြီးတွင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းစွမ်းအားတို့ ပါဝင်နေသည်။ ၎င်းသည် လေဟာနယ်တစ်ခုလုံးကို အလွန် လေးလံသွားစေပြီး ထွက်ပြေးရန်ပင် ခက်ခဲလှပေသည်။

စစ်နတ်ဘုရားအဖြစ် ပြောင်းလဲထားသည့် ‘ပျက်စီးခြင်း’ သည် ထိုပြင်းထန်လှသည့် စွမ်းအားကို တောင့်ခံရင်း သူ၏ လက်ကို ဆန့်ထုတ်လိုက်ကာ ကောင်းကင်သို့ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ သူ့ မျက်လုံးများမှ ကြောက်မက်ဖွယ် အနက်ရောင် အလင်းတို့ကို ထုတ်လွှတ်နေသည်။ ကောင်းကင်ထက်တွင် ပျက်စီးခြင်း နတ်ဝင်ရိုးက ထောင်ပေါင်းများစွာသော ဖျက်ဆီးခြင်း မုန်တိုင်းတို့ကို ထုတ်လွှတ်နေကာ အဆုံးမဲ့ လေဟာနယ် တစ်ခုလုံးကို လွှမ်းခြုံထား၏။ ထိုဖျက်ဆီးခြင်း မုန်တိုင်းများသည် ချက်ချင်းပင် ‘ပျက်စီးခြင်း’၏ ခန္ဓာကိုယ်ကို ရစ်ပတ်လွှမ်းခြုံထားသည်။ ထိုအခိုက်အတန့်တွင် သူသည် အစွမ်းထက် သေဆုံးခြင်း လက်ချောင်း၏ စွမ်းအားတို့ကို ထုတ်လွှတ်လိုက်သည်ဟု ထင်မှတ်ရသည်။

သို့သော်လည်း သူ့ကို ရစ်ပတ်နေသော ဖျက်ဆီးခြင်းမုန်တိုင်းတို့က တစ်ခုတည်း အဖြစ်သို့ ​ပေါင်းစည်းသွားသည်။ သန်းပေါင်းများစွာသော ဖျက်ဆီးခြင်း မုန်တိုင်းတို့က သူ၏ လက်ဝါးထက်တွင် စုစည်းလာပြီး အလွန် ပြင်းထန်လှသည့် ကပ်ဘေးမုန်တိုင်းတစ်ခုကို ဆင့်ခေါ်လိုက်သည်။ ထိုဖျက်ဆီးခြင်း ကပ်ဘေး၏ ကြောက်မက်ဖွယ်ရာ မုန်တိုင်းက တိမ်တိုက်များအတွင်းသို့ တိုးဝင်သွားသည်။ သူ၏ လက်တွင် အနက်ရောင် နတ်ဆိုးဓားတစ်လက် ထွက်ပေါ်လာသည်။

အကန့်အသတ်မဲ့ ဖျက်ဆီးခြင်းအလင်းတို့က ဓားကို ရစ်ပတ်နေပြီး အနက်ရောင် အလင်းများကို အဆက်မပြတ် ထုတ်လွှတ်နေသည်။ ဖျက်ဆီးခြင်း စွမ်းအားက အသက်ရှုရပ်လောက်အောင် စိမ့်ထွက်နေခဲ့သည်။

ဓားကို ကြည့်ရင်း တုန်းဟွာကျောင်းတော်မှ အားလုံးသော တန်ခိုးရှင်များက ဤမျက်လုံးထဲ၌ လေးနက်သော အကြည့်သို့ ဖြစ်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသည့် ဓားနည်းစနစ်သည် ဖျက်ဆီးခြင်းနတ်နန်းတော်အတွင်းသို့ ကျဆင်းလာခဲ့သည်။ ‘ပျက်စီးခြင်း’ က သူ၏ ဓားကို လက်နှစ်ဖက်ဖြင့် ကိုင်မြှောက်လိုက်ပီး ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်းစွမ်းအား တစ်ခုက တိမ်တိုက်များအတွင်းသို့ တည့်မက်စွာ တိုးဝင်သွားခဲ့သည်။

စစ်နတ်ဘုရားတစ်ပါးအဖြစ် ပြောင်းလဲထားသော သူက ဖျက်ဆီးခြင်း ဓားသွားဖြင့် လေဟာနယ်ကို ခုတ်ပိုင်းလိုက်သည်။ ချက်ချင်းပင် လေဟာနယ်က အမှောင်စွမ်းအင် ဖျက်ဆီးခြင်း အလင်းများကြောင့် နှစ်ခြမ်း ကွဲထွက်သွားသလို ထင်မှတ်လိုက်ပေသည်။ ထိုခုတ်ပိုင်းချက်က လေဟာနယ်ကိုပင် ခုတ်ဖြတ်သွားနိုင်ခဲ့သည်။

တစ်ချိန်တည်းတွင် လိပ်နက်ဓားအင်ပါယာ၏ မျက်လုံးများက လေးနက်လာသည်။ သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားသော လိပ်နက် ဓားဝင်္ကပါမှ အဆုံးအစမဲ့သော ဓားစွမ်းရည်များ ထွက်ပေါ်လာပြီး ဓားတစ်လက်အတွင်းသို့ ပေါင်းစည်းသွားကာ သူ၏ ဘေး၌ ထွက်ပေါ်လာခဲ့သည်။ သူ၏ လက်များက ဓားချိပ်စည်း သဏ္ဍာန် ပုံဖော်ခဲ့ကာ ဓားဝင်္ကပါကို လိပ်နက် ဓားတစ်ခုအဖြစ်သို့ ဖွဲ့စည်းသွားခဲ့သည်။

သူက အောက်သို့ ငုံ့ကြည့်လိုက်လျှင် အလွန်တောက်ပသော အလင်းများပေါက်ကွဲထွက်လာသည်။ ထိုအလင်းတို့မှာ ကောင်းကင်ကိုပင် ဖျက်ဆီးပစ်နိုင်သော ဓားစွမ်းအားများပင် ဖြစ်လေသည်။ သူက လိပ်နက်ဓားကို ကိုင်ဆွဲထားသော အခါ ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်သွားစေနိုင်စွမ်း ရှိပေသည်။

ဖျက်ဆီးခြင်း အလင်းနှစ်ခုက ကောင်းကင်ထဲ၌ အချင်းချင်း ထိခတ်သွားကြသည်။ ဓားနှင့် ဓားပြားကြီးတို့က အချင်းချင်း ခုတ်ပိုင်းမိသွားပြီး ကြောက်မက်ဖွယ် မဟာလမ်းစဉ် လှုပ်ရှားမှုများ ဖြစ်ပေါ်လာကာ ဝင်္ကပါများက ပြတ်စီးသွားပုံရလေသည်။ အဆုံးမဲ့ ဖျက်ဆီးခြင်း ကပ်ဘေးစွမ်းအားများက လိပ်နက်ဓား၀င်္ကပါ၏ ခုခံကာကွယ်မှုအတွင်းသို့ တည့်မတ်စွာ ပြေးဝင်သွားခဲ့သည်။ သို့သော်လည်း ထိုအခိုက်အတန့်တွင် လိပ်နက်ကြီးတစ်ကောင်၏ ပုံရိပ်က လိပ်နက် ဓားအင်ပါယာ၏ နောက်ကျော၌ ထွက်ပေါ်လာသည်။ ၎င်းသည် ကြီးမားသော သားရဲတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

“စီနီယာအစ်ကို။” လူအများက လိပ်နက်ဓားအင်ပါယာကို ကြည့်လိုက်ကြသည်။ ဖျက်ဆီးခြင်း မုန််တိုင်းက လိပ်နက် ဓားဝင်္ကပါဆီသို့ တည့်မတ်စွာ တိုးဝင်လာနေသည်။ လိပ်နက်ပုံရိပ် အပေါ်တွင် ဖျက်ဆီးခြင်းအလင်းလှိုင်းတို့ ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်ကို သက်ရောက်လာစေသည်။

သို့သော်လည်း သူ၏ ရှည်လျားသော ဝတ်ရုံကြီးက တဖျတ်ဖျတ် လွင့်နေကာ အံ့သြထိတ်လန့်ဖွယ်ကောင်းသော မဟာလမ်းစဉ်အရှိန်အဝါတို့ကို အပြင်ဘက်သို့ ထုတ်လွှတ်ထားသည်။ သူက နောက်သို့ ခြေလှမ်းတစ်ဝက်မျှပင် ဆုတ်ခွာရန် ငြင်းဆန်နေခဲ့သည်။ သူ၏ မျက်လုံးများတွင် နတ်အလင်းများကဲ့သို့ တောက်ပနေပြီး သူက အောက်ဘက်ရှိ လေဟာနယ်ကို စိုက်ကြည့်နေခဲ့သည်။

အဆုံးမဲ့ ဓားစွမ်းအင် များမှာ ဖျက်ဆီးခြင်းဓားသွားကို ဖြတ်သန်းသွားပြီး အနက်ရောင် ပုံရိပ်ကို တည့်မတ်စွာ ရိုက်ခတ်သွားခဲ့သည်။ လိပ်နက် ဓားအင်ပါယာသည် သူ၏ ပြိုင်ဘက်က ဆုတ်ခွာမသွားလျှင် သူသည်လည်း နောက်သို့ ဆုတ်ခွာလိမ့်မည် မဟုတ်ကြောင်း ဆုံးဖြတ်ချက် ပြတ်သားသော မျက်ဝန်းများနှင့် တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။

‘ပျက်စီးခြင်း’က သူ၏ ခေါင်းကို မော့လိုက်ပြီး သူ၏ ပိတုန်းရောင် မျက်လုံးများက လေထဲရှိပုံရိပ်ပေါ်တွင် အာရုံစိုက်ထားလိုက်သည်။ တုန်ခါ သံကြီးတစ်ခုက သူ့ခန္ဓာကိုယ််မှ  ပဲ့တင်ထပ်၍ ထွက်ပေါ်လာနေပြီး သူ့ပါးစပ်၏ ထောင့်မှ လတ်ဆတ်သော သွေးများ စီးကျလာခဲ့သည်။ သို့သော်လည်း သူ့မျက်လုံးများတွင် ဆုံးဖြတ်ချက်များနှင့် ပြတ်သားနေခဲ့၏။ သူက ထိုအဖြစ်ကြောင့်နှင့် စိတ်အနှောက်အယှက်အဖြစ်ခံမည် မဟုတ်ပေ။

ထိုအခိုက်အတန့်တွင် လိပ်နက် ဓားအင်ပါယာထံမှ လွန်စွာ တောက်ပသော အလင်းရောင်သို့ ဖြာကျလာသည်။ လိပ်နက်ကြီး၏ ပုံရိပ်က နောက်တစ်ကြိမ် လင်းလက် သွားပြန်တာ သူက စကားလုံးတစ်လုံးကို ပြောထုတ်လိုက်သည်။ “ကျိုးပျက်စမ်း။”

သူက ပြောလိုက်သည်နှင့် အက်ကွဲသည့်အသံတစ်ခုက ပဲ့တင်ထပ်ကာ ထွက်ပေါ်လာသည်။ ဖျက်ဆီးခြင်းဓားသွားက တစ်လက်မချင်း အက်ကွဲလိုက်လာ၏။ တစ်ချိန်တည်းမှာပင် သူ့ဓားသည်လည်း အက်ကွဲကာ ပျက်စီးသွားခဲ့သည်။ သူတို့ နှစ်ယောက်စလုံးသည် ပေါက်ကွဲမှုကြောင့် တစ်ချိန်တည်းတွင် အနောက်သို့ လွင့်စင်သွားခဲ့သည်။

သူတို့နှစ်ယောက်ရပ်တန့်လိုက်သောအခါ သူတို့၏ အရှိန်အဝါများက မတည်မငြိမ် ဖြစ်နေခဲ့သည်။ လိပ်နက်ဓား အင်ပါယာ၏ ဝတ်ရုံက ဆုတ်ဖြဲခံထားရပြီး သူ၏ ဆံပင်ရှည်များကလည်း ရှုပ်ထွေးနေကာ လေထဲတွင် လွင့်မျောနေသည်။

‘ပျက်စီးခြင်း’က ထိုနေရာတွင် မလှုပ်မယှက် ရပ်နေခဲ့ပြီး သူ၏ အကြည့်များက သူ့ ဆန့်ကျင်ဘက်တွင် ရပ်နေသော ပုံရိပ်ပေါ်တွင် တည်မြဲနေခဲ့သည်။

“ဒါကို ကံကောင်းတယ်လို့ ပြောကြရအောင်။ မင်းရဲ့ အဆင့်က ဒီထက် နည်းနည်းပိုမြင့်နေခဲ့ရင် ကျုပ် ဒီတိုက်ခိုက်မှုကို ချိုးဖျက်နိုင်မှာ မဟုတ်ဘူး။ နောက်နှစ်အနည်းငယ် ​ကြာတဲ့အခါ ကျုပ် ကျိန်းသေ ရှုံးနိမ့်လိမ့်မယ်။” လိပ်နက် ဓားအင်ပါယာက ပြောလိုက်သည်။ သူသည် အနည်းငယ် နှိမ့်ချစွာ နေထိုင်တတ်ပုံရသည်။ နှစ်ပေါင်းများစွာ ကျင့်ကြံလာပြီး ထိပ်တန်းရန်ဟောင်တစ်ပါး ဖြစ်လာသော်လည်း အဆင့်ခုနစ်ရန်ဟောင် ဂျူနီယာလေးတစ်ယောက်နှင့် တိုက်ခိုက်ရာတွင် အရေးသာခြင်း မရှိခဲ့ပေ။ ပြီးပြည့်စုံသော မဟာလမ်းစဉ်မှ ထိုတိုက်ပွဲစွမ်းရည်ကို ပေးစွမ်းခဲ့ခြင်း ​ဖြစ်သည်။ သူ၏ အလားအလာက အမှန်တကယ်ပင် အကန့်အသတ်မဲ့လှသည်။

“ရှုံးတာက ရှုံးတာပဲ။ ကံနဲ့ မဆိုင်ဘူး။”
‘ပျက်စီးခြင်း’ ၏ အသံက အေးစက်နေကာ အမြဲ ထိုကဲ့သို့ ဖြစ်နေသလိုပင် ဖြစ်၏။ သူက အမြဲလိုလို အေးစက်ကာ ခံစားချက်မဲ့သည့် ပုံနှင့်ဖြစ်သော်လည်း သူ တိုက်ပွဲတွင် ရှုံးကြောင်း ဝန်ခံခဲ့သည်။

သူက ထိုကိစ္စနှင့် ပတ်သတ်ပြီး စိတ်ပျက်အားလျော့လိမ့်မည် မဟုတ်ပေ။ သူက မာနကြီးက နင်ဟွာနှင့် တုန်းဟွာကျောင်းတော်မှ တန်ခိုးရှင်များအား စိန်ခေါ်ချင်နေလျှင်ပင် သူက မရှုံးနိုင်ဟု အမှန်တကယ် ယုံကြည်နေခြင်း မဟုတ်ပေ။ ဤနေရာမှာ တုန်းဟွာနယ်မြေ၏ ထိပ်တန်းအဆင့် ကျောင်းတော်တစ်ခု ဖြစ်သည်။ သူက မောက်မာဝံ့ကြွားသော်လည်း မျက်စိစုံမှိတ်ကာ ယုံကြည်ချက်လွန်ကဲနေခြင်း မဟုတ်ပေ။

သူတို့နှစ်ယောက်က သက်ဆိုင်ရာ တောင်ထွတ်များသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြသည်။ ‘ပျက်စီးခြင်း’ က တင်ပျဉ်ခွေထိုင်လိုက်ကာ သူ၏ ခွန်အားများကို ပြန်လည်ဖြည့်တင်းနေသည်။ သူက ယခု တိုက်ပွဲတွင် ဒဏ်ရာအများအပြား ရရှိခဲ့သည်။ ထိုဒဏ်ရာများက အပေါ်ယံတွင် မ​မြင်နိုင်သော်လည်း သူ့ကဲ့သို့သော လူမျိုးပင် သွေးအန်ရလေရာ သူရရှိခဲ့သည့် ဒဏ်ရာများက အသေးအဖွဲမဟုတ်ပေ။ ထို့ကြောင့် သူက ခေတ္တမျှ အနားယူကာ ခွန်အား ပြန်လည်ဖြည့်တင်းရန် လိုအပ်နေသည်။

လျှိုချင်ကျူးက လူအုပ်ကြီးကို ကြည့်ကာ ပြောလိုက်သည်။ “ပျက်စီးခြင်းနတ်နန်း​တော်က သူတို့နယ်မြေရဲ့ အုပ်ချုပ်သူပဲ။ ဒီမျိုးဆက်ရဲ့ ပျက်စီးခြင်းနတ်ဘုရားဆက်ခံသူက တကယ်ပဲ အစွမ်းထက်တယ်။ ဒီနေ့ ဒီနေရာမှာ ရှိနေတဲ့ လူတိုင်းက သက်ဆိုင်ရာ ကုန်းမြေတွေက ကိုယ်စားပြုသူတွေပဲ။ မင်းတို့ ဒီအခွင့်အရေးကို အသုံးချပြီး အချင်းချင်း ယှဉ်လို့ရတယ်။ မင်းတို့မှာ ပြီးပြည့်စုံတဲ့ မဟာလမ်းစဉ်ရှိရင် ကောင်းကင်ဝင်ရိုးနတ်ကြေးမုံကို အသုံးပြုပြီး မင်းတို့ နတ်ဝင်ရိုးအဆင့်ကို စစ်ဆေးလို့ရတယ်။”

လူအများသည် မြူနှင်းဝေနတ်နန်းတော်နှင့် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ဘက်သို့ ကြည့်လိုက်သည်။ သူတို့က ကျန်းယွဲ့လီနှင့် ကျုံးချန်ကို ကြည့်နေကြခြင်း ဖြစ်သည်။

လူတိုင်းသည် ‘ပျက်စီးခြင်း’ ၏ လွှမ်းမိုးနိုင်သော ခွန်အားကို မြင်တွေ့ပြီး ဖြစ်သည်။ ၎င်းနှစ်ယောက်က  ‘ပျက်စီးခြင်း’ နှင့် အဆင့်တူတွင် ရှိနေသည့်အတွက်ကြောင့် လူတိုင်းက သူတို့၏ ခွန်အား မည်မျှ သန်မာမည်ကို သိချင်နေကြသည်။ ‘ပျက်စီးခြင်း’ က သူ၏ နတ်ဝင်ရိုးအဆင့်ကို အကဲဖြတ်ပြီး ဖြစ်သည်။ သို့ဆိုလျှင် ကျန်းယွဲ့လီနှင့် ကျုံးချန်တို့၏ နတ်ဝင်ရိုးက နတ်အလင်းအလွှာ မည်မျှ ထုတ်လွှတ်နိုင်မည်နည်း။

လူအများက အလွန် သိချင်စိတ်ပြင်းပြနေကြသည်။

ထိုသည်ကို ကြည့်ရင်း လျှိုချင်ကျူးက ပြုံးကာ ​ပြောလိုက်သည်။ “လူတိုင်းက နတ်မိမယ်ကျန်းနဲ့ ကျုံးချန်ကို သိချင်နေကြပုံပဲ။ ခင်ဗျားတို့ နှစ်​ယောက်က လူတိုင်းရဲ့ သိချင်စိတ်ကို ဖြည့်စည်းမပေးချင်ဘူးလား။”

ကျန်းယွဲ့လီက ရှေးဟောင်းတောင်ထွတ်ပေါ်တွင် ကျက်သရေရှိ ထည်ဝါစွာ ရပ်နေခဲ့ပြီး  သူမ၏ တောက်ပသော မျက်လုံးများက ကျုံးချန်ကို ကြည့်ကာ ပြောလိုက်သည်။ “ဒီလိုဆို ကျုံးချန် အရင်သွားကြည့်ရင်ရော ဘယ်လိုလဲ။”

သိသာစွာပင် သူက မငြင်းဆန်ခဲ့ပေ။ သူမအတွက် ထိုအရာမျိုးက ဖုံးကွယ်ထားရန် မလိုပေ။ ထို့အပြင် သူမက သူမ၏ နတ်ဝင်ရိုးအဆင့်ကို အနည်းငယ် သိချင်စိတ် ဖြစ်မိပေသည်။

ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ဘက်တွင် လူတိုင်းက အရှေ့ရှိ ကျုံးချန်ကို ကြည့်လိုက်ကြသည်။ လီချန်ရှန်းက ပြုံးကာ ပြောလိုက်၏။ “ညီလေးကျုံး ကံကောင်းပါစေ။”

“ကောင်းပါပြီ။” ကျုံးချန်က ခေါင်းညိတ်ကာ တည်ငြိမ်စွာ လျှောက်ထွက်လာ၏။ သူ၏ ပုံရိပ်က မျောလွင့်သွားကာ လမ်းစဉ်ဖွေရှာစင်မြင့်ထက် ဆင်းသက်၍ ရှေးဟောင်းတောင်ထွတ် နှစ်ခုကြားရှိ ကောင်းကင်ဝင်ရိုးနတ်ကြေးမုံကို မျက်နှာချင်းဆိုင်လိုက်သည်။

နောက်တခဏတွင် ကျုံးချန်သည် သူ၏ မဟာလမ်းစဉ်နတ်ဝင်ရိုးကို ထုတ်လွှတ်လိုက်၏။ ၎င်းသည် ထိတ်လန့်တုန်လှုပ်ဖွယ် ဖိနှိပ်ခြင်း အရှိန်အဝါတို့ ပါဝင်နေသည့် ကျောက်စာချပ်တစ်ခု ဖြစ်လေသည်။

သူ၏ နတ်ဝင်ရိုးက ကောင်းကင်ဝင်ရိုးနတ်ကြေးမုံ၌ ပေါ်ပေါက်လာသည်။ အလင်းများက ကျုံးချန်ပေါ်၌ တောက်ပနေပြီး နတ်ကြေးမုံအတွင်း ရောင်ပြန်ဟပ်လာသည်။ အလင်းလွှာများ ပေါ်ပေါ်လာသည့်အခါ လူအများက အာရုံစိုက်လိုက်ကြ၏။

ကျုံးချန်သည်လည်း ကြေးမုံကို ကြည့်နေခဲ့သည်။ သူ့ကို သူ့ဆရာက ရွေးချယ်ထားခဲ့ခြင်း ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းက သူ့ဆရာနှင့် အတော်လေး တူညီပြီး သူ၏ မဟာလမ်းစဉ်နတ်ဝင်ရိုးသည် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၌ ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ထိုကြောင့် သူ၏ နတ်ဝင်ရိုးအဆင့်က မည်သို့ နိမ့်နိုင်ပါမည်နည်း။

လူတိုင်း၏ အကြည့်များအောက်မှာပင် နတ်အလင်းတို့က တောက်ပလာသည်။ မကြာခင်၌ နတ်အလင်းငါးလွှာ ထွက်ပေါ်လာသည်။ ၎င်းတို့အားလုံးက အလွန် တောက်ပနေပေသည်။ လူတိုင်းက တိတ်တဆိတ် အံ့သြသွားခဲ့ကြသည်။ ကျုံးချန်နှင့် ‘ပျက်စီးခြင်း’ က အတူတူပင် ဖြစ်သည်။ သူတို့၏ မဟာလမ်းစဉ်နတ်ဝင်ရိုးအဆင့်က ကောင်းကင်ဝင်ရိုးနတ်ကြေးမုံ၌ အလင်းလွှာငါးခု ဖြစ်ပေါ်လာစေသည်။

အဝေးတွင် ရှိနေသော ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။ သူတို့က အစက ကျုံးချန်၏ နတ်ဝင်ရိုးအဆင့်က ‘ပျက်စီးခြင်း’ ထက် နိမ့်နေမည်ကို စိုးရိမ်နေကြသော်လည်း ကြည့်ရသည်မှာ သူတို့ အကဲပိုသွားပုံပင်။ ထိုသို့သော ကျင့်ကြံရေးအဆင့်မျိုးနှင့် ကျုံးချန်က တစ်ဖက်လူထက် မည်သို့ နိမ့်ကျပါမည်နည်း။

ကျုံးချန်က အတော်လေး တည်ငြိမ်နေသည်။ သူက အံ့အားသင့်ခြင်း မရှိသလို စိတ်ပျက်ခြင်းလည်း မရှိပေ။ သူက ခေါင်းမော့ကာ ကျန်းယွဲ့လီအား ပြုံးကြည့်ကာ ပြောလိုက်သည်။ “နတ်မိမယ်ကျန်း ကျေးဇူးပြုပြီး…”

သူက ပြောပြီးသွားသည်နှင့် ကိုယ့်နေရာကိုယ် ပြန်လာခဲ့သည်။ လီချန်ရှန်းက သူ့နောက်ကျောက်ု ပုတ်လိုက်၏။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်အတွက် တုန်းဟွာနယ်မြေအတွင်း အလွှမ်းမိုးနိုင်ဆုံး လေးယောက်ထဲမှ တစ်ယောက်အဖြစ် ပါဝင်ရန် လွယ်ကူသည် မဟုတ်ပေ။

ကျန်းယွဲ့လီက ခေါင်းညိတ်လိုက်ပြီး သူမ၏ ပုံရိပ်က ကောင်းကင်ဝင်ရိုးနတ်ကြေးမုံနှင့် မျက်နှာချင်းဆိုင်သို့ ဆင်းသက်လာသည်။ သူမ၏ နတ်ဝင်ရိုးက ဓားတစ်လက်သဏ္ဌာန် ရှိသည်။ သူမ၏ ဓားထွက်ပေါ်လာသောအခါ လေဟာနယ်တစ်ခုလုံး အေးခဲသွားသယောင် ခံစားလိုက်ရသည်။ ၎င်းသည် အလွန် အေးစက်သော အေးစိမ့်လရိပ်ဓားသွား ဖြစ်သည်။ ဓားက အေးခဲနေသော လမင်းတစ်စင်းကဲ့သို့ ဖြစ်သည်။ ၎င်းမှ အလင်းတို့ ထွက်ပေါ်လာပြီး လူတိုင်းသည် အရိုးထဲထိ အေးစိမ့်နေသော အေးခဲသည့် အရှိန်အဝါကို ခံစားမိလိုက်ကြသည်။

ကောင်းကင်ဝင်ရိုးနတ်ကြေးမုံအတွင်း ဓားထွက်ပေါ်လာသောအခါ ရေခဲနှင့် နှင်းများက နတ်ကြေးမုံအတွင်း ထွက်ပေါ်လာပြီး မှန်တစ်ခုလုံးကို အဖြူရောင်အဖြစ် ပြောင်းလဲသွားစေသည်။ ထိုမှန်သည် ဓား၏ အေးစက်သော စွမ်းအားတို့ကို ခံစားမိလိုက်ပုံရသည်။

နတ်အလင်းလွှာတို့က ထွက်ပေါ်လာပြီး ရလဒ်မှာ ကျုံးချန်၊ ‘ပျက်စီးခြင်း’ တို့နှင့် အတူတူပင် ဖြစ်သည်။ ယင်း၌ နတ်အလင်းငါးလွှာရှိပေသည်။ တန်ခိုးရှင်သုံးယောက်၌ တူညီသော နတ်ဝင်ရိုးအဆင့် ရှိကြသည်။ ထိုသည်မှာ တုန်းဟွာကျောင်းတော်၏ ခန့်မှန်းချက်ဖြစ်သော ပြီးပြည့်စုံသော နတ်ဝင်ရိုးနှင့် အဆင့်မြင့် ရန်ဟောင်တစ်ပါး၏ နတ်ဝင်ရိုးအဆင့်က အလင်းလွှာ လေးခုမှ ခြောက်ခုအထိ ရှိနိုင်ပေသည်။

နင်ဟွာ၏ နတ်ဝင်ရိုးက အဆင့်ခြောက်ရှိပြီး ကျန်သုံးယောက်မှာ အဆင့်ငါးချင်း အတူတူဖြစ်ကြသည်။

ကြည့်ရှုနေသူများ၏ ရင်ထဲ၌ လှိုင်းဂယက်လေးများ ထနေခဲ့သည်။ အမှန်တကယ်ပင် နင်ဟွာအား မည်သူမှ မဖိနှိပ်နိုင်ကြပေ။ သူတို့အားလုံးက သူ့ထက် အားနည်းပေသည်။ သို့သော်လည်း သူတို့သုံးယောက်က အချင်းချင်း မရင်းနှီးကြပေ။ ဤသည်က သူတို့၏ တိုက်ပွဲစွမ်းရည်နှင့် မပတ်သတ်ဘဲ သူတို့၏ နတ်ဝင်ရိုးအဆင့်ကိုသာ ဖော်ပြခြင်း ဖြစ်သည်။

တူညီစွာပင် ကျန်းယွဲ့လီသည်လည်း စိတ်ခံစားချက်တစ်စုံတစ်ရာ မပြသဘဲ မြူနှင်းဝေနတ်နန်းတော်မှ တန်ခိုးရှင်များ ရှိနေသည့်နေရာသို့ ပြန်လာခဲ့သည်။

သူမက နင်ဟွာနှင့် အဆင့်မတူသည့်အတွက် နှမြောစရာကောင်းလျှင်ပင် နင်ဟွာက မည်သည့်အတွက် အကျော်ကြားဆုံး ဖြစ်နေရသနည်းဟူသည့် အကြောင်းပြချက်ရှိသည်။ သူတို့သည် ယခင်က အချင်းချင်း လုံးဝ မတိုက်ခိုက်ခဲ့ဖူးသော်လည်း သူမက သူ့အမည်အား အကြိမ်များစွာ ကြားဖူးသည်။

“မဆိုးဘူး။” လျှိုချင်ကျူးက ချီးမွမ်းလိုက်သည်။ “တုန်းဟွာနယ်မြေရဲ့ အကျော်ကြားဆုံး လေးယောက်ထဲမှာ သုံးယောက်က ပြီးပြည့်စုံတဲ့ နတ်ဝင်ရိုး အဆင့်ငါးမှာ ရှိတယ်။ တကယ့်ကို ထိုက်တန်ပါပေတယ်။ အခု ပြီးပြည့်စုံတဲ့ မဟာလမ်းစဉ်ရှိပြီး ကိုယ့် နတ်ဝင်ရိုးအဆင့်ကိုယ် သိချင်တဲ့သူများ ရှိသေးလား။”

အဆင့်မြင့်ရန်ဟောင်များကြားတွင် ပြီးပြည့်စုံသော နတ်ဝင်ရိုးကို ပိုင်ဆိုင်သူ ရှားပါးသော်လည်း အလယ်အလတ်နှင့် အဆင့်နိမ့်ရန်ဟောင်များကြားတွင် အများအပြား ရှိပေသည်။ ထိုလူများကြားတွင် ကျုံးချန်တို့ သုံးယောက်နှင့် နတ်ဝင်ရိုးအဆင့် တူသူ သို့မဟုတ် သူတို့နှင့် နီးစပ်သော နတ်ဝင်ရိုး အဆင့်လေး ရှိသူများလည်း ရှိနိုင်ပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset