Switch Mode

အပိုင်း(၂၀၁၀)

တုန်းဟွာကောင်းကင်

တုန်းဟွာကောင်းကင်သည် တုန်းဟွာနယ်မြေ၏ ပင်မနယ်မြေဖြစ်ပြီး ကုန်းမြေအားလုံးအကြားတွင် အင်အားအကောင်းဆုံး ဖြစ်လေသည်။ ၎င်း၏ တည်နေရာ အနေအထားသည် အားလုံး၏ အထက်အမြင့်ဆုံးနေရာတွင် ရှိသောကြောင့် ‘တုန်းဟွာကောင်းကင်’ဟု အမည်တွင်ခဲ့ခြင်းဖြစ်သည်။

နယ်မြေသခင်၏ အိမ်တော်မှ သတင်းများထွက်ပေါ်လာသည့်အခါ တုန်းဟွာနယ်မြေအတွင်းရှိ အခြားသော ကုန်းမြေများသို့ အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။ ရလဒ်အနေဖြင့် အနီး၀န်းကျင်မှ ကုန်းမြေရှိ တန်ခိုးရှင်များသည် တုန်းဟွာကောင်းကင်သို့ လာရောက်ကြပြီး အများစုမှာ လမ်း၌ ရောက်နေကြပြီဖြစ်သည်။

တုန်းဟွာကောင်းကင်တစ်ခုလုံးက အလွန်ပင် စည်ကားနေခဲ့သည်။ ၎င်းသည် တုန်းဟွာနယ်မြေ၌ ပွဲတော်ကြီးတစ်ခု ကျင်းပသကဲ့သို့ ဖြစ်သည်။

တုန်းဟွာကောင်းကင်သည် တုန်းဟွာနယ်မြေ၏ နယ်မြေသခင်အိမ်တော်တည်ရှိရာ နေရာဖြစ်သည်။ ထိုနေရာတွင် ထိပ်တန်းအဆင့်တန်ခိုးရှင်များနှင့်အစွမ်းထက် အင်အားစုများစွာ ရှိသော်လည်း အလွန်အင်အားကြီးလှသည့် ထိပ်သီးအင်အားစုများက ရှားပါးနေဆဲဖြစ်သည်။

အဆုံးမဲ့ ကျယ်ပြောလှသော တုန်းဟွာကောင်းကင်တွင် မြို့တော်အများအပြားမရှိပေ။ နှစ်ပေါင်းများစွာ ကြာသည့်တိုင် ဖွံဖြိုးလာပြီးနောက် အဆင်ပြေပြေ ဆက်သွယ်သွားလာနိုင်စေရန် ကုန်းမြေတခွင်တွင် ပြီးပြည့်စုံသော ဆက်သွယ်ရေးများ တည်ဆောက်ပြီး နယ်မြေတစ်ခုတည်းအဖြစ်သို့ ပေါင်းစည်းစေခဲ့သည်။ တောင်တန်းများနှင့် သမုဒ္ဒရာ၌ ရှိနေသော ဒေသများသည်ပင် အစွမ်းထက်သော တန်ခိုးရှင်များ၏ စုစည်းမှုကြောင့် တစ်ခုနှင့်တစ်ခု ဆက်သွယ်ရာ၌ အခက်အခဲ တစ်စုံတစ်ရာ မရှိခဲ့ပေ။

၎င်း၏ နာမည်သည် ထိုပုံစံအနေထားကြောင့် ဆင်းသက် လာခြင်းဖြစ်နိုင်ပေသည်။ တုန်းဟွာကောင်းကင်သည် တစ်ခုလုံးပေါင်းစည်းထားပြီး နယ်နမိတ်မရှိဘဲ ကြီးမားလှသော မြို့ကြီးတစ်မြို့ကဲ့သို့ပင် ဖြစ်သည်။ အခြားသော ကုန်းမြေတစ်ခုသာဆိုလျှင် ၎င်းကို မြို့ရာပေါင်းများစွာ ပိုင်းခြားထားနိုင်သည်။

သို့သော်လည်း ဤနေရာ၌ နယ်မြေသခင်၏ အိမ်တော်ရှိနေသည့်အတွက်ကြောင့် မြို့အဖြစ် အများအပြား ပိုင်းခြားရန် မလိုအပ်ပေ။

တုန်းဟွာကောင်းကင်တွင် လိန်မိသားစုက အလွန်အစွမ်းထက်သော မိသားစုတစ်ခုဖြစ်သည်။ သူတို့က အားအကောင်းဆုံး မဟုတ်သော်လည်း အတော်လေး လွှမ်းမိုးနိုင်စွမ်းရှိသည်ဟု ဆုံးဖြတ်နိုင်သည်။ မိသားစုဝင်များထဲတွင် န၀မဆင့်ရန်ဟောင်တို့ရှိကာ ထိုမိသားစုသည် မည်သည့်ကုန်းမြေ၌မဆို ထိပ်သီးအဆင့်ရှိသည်ဟု သတ်မှတ်နိုင်သည်။

သို့သော် တုန်းဟွာကောင်းကင်တွင် ၎င်းကို အစွမ်းထက် မိသားစုတစ်ခုဟု သတ်မှတ်နိုင်သော်လည်း ထိပ်တန်းအဆင့်တော့ မဟုတ်ခဲ့ပေ။ တုန်းဟွာကောင်းကင်တွင် လိန်မိသားစုထက်ပို၍ အစွမ်းထက်သော မိသားစုများစွာရှိနေသည်။

ထိုအချိန်တွင် လိန်မိသားစုမှ တန်ခိုးရှင်များသည် သူတို့၏ အရေးကိစ္စများနှင့် အလုပ်ရှုပ်နေခဲ့သည်။ အိမ်တော်၏ ခြံ၀န်းအတွင်း၌ ကလေးများစွာနှင့် လူငယ်လူရွယ်များက ဆော့ကစားနေကြပြီး အလွန်လှပသော မြင်ကွင်းတစ်ခုကို ဖြစ်ပေါ်နေစေသည်။

သို့သော်လည်း ထိုအခိုက်တွင် လန်မိသားစု၏ ခြံ၀န်းအတွင်း၌ အလွန်တောက်ပသော အလင်းတန်းတစ်ခုပေါ်ပေါက်လာကာ ကောင်းကင်သို့ ထိုးတက်သွားသည်။ ရုတ်တရက် အလွန်အားကောင်းသော အလွန်ပြင်းထန်သော လေဟာနယ် မဟာလမ်းစဥ်စွမ်းအင် အတက်အကျများ ဖြစ်ပေါ်လာခဲ့သည်။ ခြံ၀န်းထဲရှိ လူတစ်စုက အပေါ်သို့ မော့ကြည့်ကာ ရေရွတ်လိုက်ကြသည်။ “ဘုရားရေ အဲဒါဘာကြီးလဲ။”

မိသားစုဝင်များထဲမှ တန်ခိုးရှင်တစ်စုသည် ကောင်းကင်သို့ တက်သွားကာ အလင်းတန်းများကို ကြည့်လိုက်ကြသည်။ အချို့သော အကြီးအကဲများမှာ သူတို့၏ ထက်ရှသော မျက်လုံးများနှင့်ကြည့်လိုက်ပြီး မည်သူ လာနေသည်ကို သိလိုက်ရသဖြင့် ရေရွတ်လိုက်ကြသည်။ “သူတို့ရောက်နေပြီပဲ။”

“ဘယ်သူလဲ။” တစ်စုံတစ်ယောက်က မေးလိုက်သည်။

“တုန်းရှောင်ကုန်းမြေ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က တန်ခိုးရှင်တွေ။” ကောင်းကင်မှ ကျလာသော ရွှေရောင်အလင်းတန်းများကို ကြည့်နေသည့် လူတစ်ယောက်က ပြောလိုက်သည််။ ထိုနေရာမှ အဖွဲ့တစ်ဖွဲ့ထွက်ပေါ်လာသည်။ ပါးလွှာသော လေထုအတွင်း၌ လူတစ်စု ထွက်ပေါ်လာပြီး လန်မိသားစုအိမ်တော်အတွင်း ဆင်းသက်လာခဲ့သည်။

“ကလန်ခေါင်းဆောင်”

“ကလန်ခေါင်းဆောင်…”

အောက်ဘက်ရှိလူအများသည် အကြီးအကဲတစ်ဦးကို မြင်သည့်အခါ ခေါ်လိုက််ကြပြီး ထိုအကြီးအကဲက ကောင်းကင်သို့တက်လာကာ လေထဲမှ လာနေသော လူများကို နှုတ်ဆက်လိုက်သည်။ သူက ကျယ်လောင်စွာ ရယ်မောလိုက်၏။ “လူတိုင်းပဲ  ကြိုဆိုပါတယ်။”

ရီဖူရှင်း ကျုံးချန်နှင့် အခြားလူများသည် တုန်းဟွာကောင်းကင်သို့ ရောက်ရှိသည့်အခါ သူတို့ မျှော်မှန်းထားသည်ထက်ပင် ပို၍ စောနေခဲ့သည်။

သို့သော်လည်း ဤတစ်ကြိမ်၌ သူတို့က လမ်းကြောင်းအတိုင်း လာခဲ့ခြင်းမဟုတ်ပဲ အာကာသခရီးသွားဝင်္ကပါကို အသုံးပြု၍ ရောက်လာခဲ့ခြင်းဖြစ်သည်။

တုန်းဟွာကောင်းကင်သည် အဓိက ကုန်းမြေ တစ်ခုဖြစ်ပြီး တုန်းဟွာနယ်မြေအိမ်တော်သခင် ရှိရာ နေရာလည်းဖြစ်သည့်အတွက် အခြားသော ကုန်းမြေများနှင့် အာကာသ ခရီးသွား ဝင်္ကပါများကို ချိတ်ဆက်ထားသည်။

ထပ်ပြောရလျှင် အားလုံးသော အင်အားစုများမှာ သူတို့၏ နေရာသို့ အချိန်မရွေး လာနိုင်ရန် အာကာသ ခရီးသွား၀င်္ကပါတို့ကို အကောင်းဆုံးဖန်တီးထားခဲ့ကြသည်။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သည်လည်း ခြွင်းချက် မဟုတ်ပေ။ တုန်းဟွာကောင်းကင်၏  လန်မိသားစုအိမ်တော် တည်ရှိရာ နေရာတွင် အလွန် အစွမ်းထက််သည့် အာကာသ ခရီးသွား ၀ငျ်ကပါတဈခုကို တည်ဆောက်ထားသည့်အတွက် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များက တုန်းဟွာကောင််းကင်သို့ တိုက်ရိုက်ဆင်းသက်နိုင်ပေသည်။

လိန်မိသားစု၏ ကလန်ခေါင်းဆောင်က အသက်အရွယ်ကြီးသူတစ်ယောက် ဖြစ်သည်။ သူ၏ ဘေး၌ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက အပြုံးနှင့် ရပ်နေခဲ့သည်။ ထိုသူမှာ လိန်မိသားစု၏ နောက်မျိုးဆက်တစ်ယောက်ဖြစ်ကာ ကောင်းကင်ဓား လိန်ခွမ်ရှန်းဟု ခေါ်လေသည်။ သူက အလွန် ကျော်ကြားလှသည်။  လိန်ခွမ်ရှန်းက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၌ ကျင့်ကြံခဲ့ပြီး ဆေးအင်ပါယာနှင့် ရင်းနှီးပေသည်။ ထိုရင်းနှီးသော ဆက်ဆံရေးကြောင့် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တုန်းဟွာကောင်းကင်သို့ အာကာသခရီးသွားဝင်္ကပါကို လိန်မိသားစုခြံဝန်းအတွင်း တည်ဆောက်ခဲ့သည်။

အာကာသဝင်္ကပါ၏ အထက်တွင် ရီဖူရှင်းနှင့် သူ့အဖွဲ့က လီချန်ရှန်းနှင့်အတူ ရှေ့တွင် ရပ်နေပြီး ကလန်ခေါင်းဆောင်အား ကြည့်ကာ ပြုံးပြလိုက်သည်။ “ကလန်ခေါင်းဆောင်လိန်က ယဥ်ကျေးလွန်းနေပါပြီ။ ကျုပ်တို့က အသိမပေးဘဲ လာခဲ့မိတာ။ အနှောက်အယှက် ဖြစ်သွားရင် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။”

“မင်းက အရမ်းနှိမ့်ချတာပဲ။” လိန်ကလန်ခေါင်းဆောင်က ပြုံးကာ ပြောလိုက်သည်။ “မင်းတို့အားလုံးက ခွမ်ရှန်းရဲ့ ညီအစ်ကိုတွေပဲ။ အနှောက်အယှက်ဖြစ်စရာ ရှိပါ့မလား။ နယ်မြေသခင် သတင်းထုတ်ပြန်ပြီးတော့ နယ်မြေသခင်အိမ်တော်က လူတွေ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို ကိုယ်တိုင်ကိုယ်ကျ သတင်းပါးတယ်လို့ ကြားတော့ မင်းတို့များ ရောက်လာမလား တွေးမိပါတယ်။ အားလုံးနဲ့ တွေ့ရဖို့ ပြင်ဆင်ပြီး စောင့်နေတာပါ။”

“စီနီယာအစ်ကိုလီ ပြန်တွေ့ရတာဝမ်းသာပါတယ်။” ကောင်းကင်ဓား လိန်ခွမ်ရှန်းက ပြုံးလျက် ထိုနေရာတွင် ရပ်နေသည်။ သူ့တွင် ထူထဲသော မျက်ခုံးမွေးများ လေးထောင့်ဆန်သည့် မေးရိုးနှင့် နက်ရှိုင်းသော မျက်လုံးတို့ ရှိသည်။ သူ၏ ပုံစံက အစွမ်းထက်ကာ သြဇာပြည့်ဝဟန်ပေါ်ပြီး လေးစားကြည်ညိုချင်စရာ ဥပဓိရုပ်မျိုးရှိလေသည်။ သူက ရပ်နေရုံနှင့်ပင် လူအများကို အံ့အားသင့်စေသည့် ခံစားမှုတို့က ပေးစွမ်းသည်။ ကောင်းကင်ဓားဟူသော အမည်မှာ အလကားပေးထားခြင်း မဟုတ်ပေ။

“ဂျူနီယာညီလေးလိန်” လီချန်ရှန်းက ပြုံးကာ ပြောလိုက်သည်။ “မတွေ့တာ ကြာပြီ။ မင်းက ငါရဲ့ အဆင့်ကိုတောင် မီခါနီးနေပြီ။ ဒီတလျှောက်လုံး မင်း ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှာ ကျင့်ကြံနေတာကို မမြင်ရတာ အံ့သြစရာမရှိတော့ပါဘူး။

“အဲဒါက ဘယ်လိုပြောရမလဲ။ ကျုပ် ဒီနှစ်တွေထဲမှာ ကျင့်ကြံဖို့နဲ့ နားလည်သဘောပေါက်မှုတွေ တိုးလာအောင် ကောင်းကင်ဒေသရဲ့ ကုန်းမြေတလျှောက် ခရီးထွက်ခဲ့တယ်။ ဒီကို ပြန်ရောက်တာ သိပ်မကြာသေးဘူး။ အခုလိုမျိုး ကျုပ် ညီအစ်ကိုတွေကို အတူတူ ပြန်တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဒါက ပျော်စရာကိစ္စပဲ။” ကောင်းကင်ဓား လိန်ခွမ်ရှန်းက ရယ်မောရင်း ပြောလိုက်သည်။ “ဒီတစ်ခေါက်တော့ စိတ်ကို အလိုလိုက်ပြီး ကောင်းကောင်း သောက်ပစ်ဦးမယ်။”

“ကောင်းပြီ ခွမ်ရှန်း၊ အပြင်ဘက်မှာ ရပ်နေပြီး စကားတွေ ပြောမနေနဲ့လေကွာ။” ကလန်ခေါင်းဆောင်က ရယ်မောကာ ပြောလိုက်သည်။ လိန်ခွမ်ရှန်းက ရှက်ရွံ့သော အပြုံးအား ပြုံးလိုက်၏။ “ညီအစ်ကိုတို့၊ ကျုပ်နဲ့အတူ လိုက်ခဲ့ပါ။ စားသောက်ပွဲက ပြင်ထားပြီးပြီ။ ကျုပ်တို့ နည်းနည်းလောက် အရင်သောက်ကြရအောင်။”

“ကောင်းပြီလေ။” လူတိုင်းက ပြုံး၍ ခေါင်းညိတ်လိုက်ကာ လိန်ခွမ်ရှန်းနှင့်အတူ လိန်မိသားစု စားသောက်ပွဲပြင်ထားသော ခန်းမဆောင်သို့ လိုက်ပါသွားခဲ့သည်။ လိန်ကလန်ခေါင်းဆောင်က လက်ကို ယမ်းကာ ပြောလိုက်၏။ “လူတိုင်းပဲ ထိုင်ကြပါ။”

လူတိုင်း ထိုင်ခုံများ၌ ဝင်ထိုင်လိုက်ကြပြီး သူတို့အား ဝိုင်များ တည်ခင်းပေးကြသည်။ သူတို့သည် လီချန်ရှန်း၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ကောင်းကင်ဓားက ကျုံးချန်အား အပြုံးနှင့် ကြည့်နေရင်း စကားပြောလိုက်သည်ကို မြင်လိုက်ရ၏။ “ဂျူနီယာညီလေးကျုံး ကျုပ် ထွက်သွားတုန်းက မင်းက အလယ်အလတ် ရန်ဟောင်အဆင့်ပဲ ရှိသေးတယ်။ အခု အဆင့်မြင့်ရန်ဟောင်ဖြစ်သွားတဲ့အပြင် မင်းရဲ့ မဟာလမ်းစဥ်ကလည်း ပြိုင်ဘက်ကင်းတယ်။ တုန်းဟွာကောင်းကင်မှာတောင် လူတိုင်းက အချိန်တိုင်းလိုလို မင်းအကြောင်း ပြောနေတာ ကြားရတယ်။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ရဲ့ ကျုံးချန်က ဓားနတ်မိမယ်ရဲ့ အကြီးဆုံးတပည့် ကျန်းယွဲ့လီနဲ့ ဖုန်းဆိုးမြေနတ်နန်းတော်က ‘ပျက်စီးခြင်း’ ထက် မနိမ့်ဘူးလို့ ပြောကြတယ်။”

“သူတို့က ဟိုးတုန်းကတည်းက ကျော်ကြားနေခဲ့တာ။ ဒါပေမယ့် ကျုပ်မှာတော့ လျှောက်ရမယ့် လမ်းအရှည်ကြီး ရှိသေးတယ်။” ကျုံးချန်က ပြန်ဖြေလိုက်သည်။

“ကောင်းပြီ။ ဒီလိုအဆင့်မှာ စောင့်ဆိုင်းရတဲ့ ပြဿနာလေးပါပဲ။ အခု ကျုပ်က မင်းအတွက် သင့်တော်တဲ့ ပြိုင်ဘက်မဟုတ်တော့မှာ စိုးမိတယ်။” ကောင်းကင်ဓား လိန်ခွမ်ရှန်းက ရယ်မောရင်း ပြောလိုက်သည်။

ကျုံးချန်က ခေါင်းကို ယမ်းလိုက်ပြီး တုံ့ပြန်ခြင်းမရှိဘဲ ပြုံးလိုက်သည်။ တစ်ဖက်လူပြောသည်မှာ အမှန်ပင် ဖြစ်သည်။ ယခု သူ၏ ခွန်အားအရ စီနီယာအစ်ကို ကောင်းကင်ဓားထက် သာလွန်နေသင့်ပေသည်။

“ကျုပ် ကြားတာတော့ နတ်သမုဒ္ဒရာကုန်းမြေမှာ ပြဿနာတချို့ရှိခဲ့တယ်လို့ ကြားပေမယ့် အသေးစိတ်တော့ မသိခဲ့ဘူး။ ဘာတွေ ဖြစ်ခဲ့တာလဲ။” လိန်ခွမ်ရှန်းက ထပ် မေးလိုက်သည်။ လွန်ခဲ့သော လအနည်းငယ်ခန့်ကာ အင်ပါယာရှီ၏ နတ်ဘုရားကပ်ဘေး ဖြတ်ကျော်ခြင်းက တုန်းဟွာနယ်မြေတစ်ခုလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့သည်။ ထိုအကြောင်းကို လူတိုင်းသိကြသည့်အတွက်ကြောင့် ပြဿနာ သတင်းကလည်း တုန်းဟွာကောင်းကင်၌ပင် ပျံ့နှံ့နေခဲ့ပေသည်။

“ရှေးဟောင်းတော်ဝင် ယန်မိသားစုနဲ့ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကြားက ရန်ငြိုးကတော့ အတော်ကြာပြီဆိုပေမယ့် ဒီတစ်ခေါက် အကြောင်းပြချက်တချို့ကြောင့် လင်းရှောင်နန်းတော်လည်း ပါဝင်ပတ်သတ်လာတယ်။” လိီခနြျရှနျးက ပြန်ဖြေလိုက်သည်။

“လင်းရှောင်နန်းတော်နဲ့ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က ထိပ်တိုက်တွေ့ဖူးတာလည်း မရှိဘဲနဲ့ ပါဝင်ပတ်သတ်လာတယ်လား။” လိန်ကလန်ခေါင်းဆောင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ လင်းရှောင်နန်းတော်က တုန်းဟွာကောင်းကင်တွင် အဓိကအင်အားစုတစ်ခု ဖြစ်သည်။ ပဋိပက္ခများက ပြင်းထန်လာလျှင် ထိုသည်မှာ ကျိန်းသေပင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်အတွက် သေချာပေါက် သတင်းကောင်း မဟုတ်ပေ။

“အခုချိန်မှာ အကြောင်းပြချက်ကို မသိသေးဘူး။ ကျုပ်တို့ တုန်းဟွာကောင်းကင်ကို ရောက်လာတာ သူတို့ တစ်ခုခု လုပ်မလား ကြည့်ချင်တာလည်း ပါတယ်။” လီချန်ရှန်းက ဆက်ပြောလိုက်သည်။

လိန်ကလန်ခေါင်းဆောင်က ခေါင်းညိတ်ကာ အများကြီး ထပ်မပြောတော့ပေ။ “မင်းတို့ထဲမှာ ဘယ်သူက ရီလျှို့နျန်လဲ။”

သူက စကားပြောနေရင်း လူအုပ်ကြီးအား ဝေ့ကြည့်လိုက်ကာ ရီဖူရှင်းအား မြင်သည့်အခါ ရပ်လိုက်သည်။

“ကျုပ်ပါ။” ရီဖူရှင်းက ပြုံးလိုက်သည်။

လိန်ကလန်ခေါင်းဆောင်က ရီဖူရှင်းအား လေးနက်စွာ ကြည့်လိုက်ပြီး သူ့မျက်လုံးများထဲတွင် လေးစားမှုအရိပ်အယောင်တို့ ရှိနေခဲ့သည်။ “ရှေးဟောင်းတော်ဝင် ယန်မိသားစုရဲ့ မင်းသား ယန်တုန်းရန်ကို ဓားတစ်ချက်တည်းနဲ့ အနိုင်ယူခဲ့တယ်။  ကျင့်ကြံဆင့်ကြားကွာခြားမှုကို ဂရုမစိုက်ဘဲ လင်းရှောင်နန်းတော်ရဲ့ သခင်ငယ် လင်းဟယ်ကို တိုက်ပွဲမှာ ရှုံးနိမ့်စေခဲ့တယ်။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က နောက်ထပ် ထူးချွန်တဲ့သူတစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့တာပဲ။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ရဲ့ အနာဂတ်မှာ အံ့သြစရာကောင်းတဲ့ ပုဂ္ဂိုလ် သုံးယောက် ရှိလိမ့်မယ်လို့ ခံစားမိနေတယ်။”

“စီနီယာက မြှောက်ပင့်လွန်းနေပါပြီ။” ရီဖူရှင်းက ယဥ်ကျေးစွာ ပြောလိုက်သည်။ “ပြီးတော့ ကျုပ်ကို ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ရဲ့ တပည့်လို့ သတ်မှတ်မရနိုင်ဘူး။ ဒါပေမယ့် စီနီယာအစ်ကိုလီနဲ့ စီနီယာအစ်ကိုကျုံးတို့ကတော့ ဆေးအင်ပါယာရဲ့ အမွေဆက်ခံသူတွေ ဖြစ်လာကြမှာပါ။”

လိန်ကလန်ခေါင်းဆောင်ထံ၌ အံ့အားသင့်သည့် အကြည့်တို့ ဖြစ်ပေါ်လာသည်။ သူက ဆေးအင်ပါယာ၏ တပည့်မဟုတ်သည်လား။

၎င်းက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကြောင့် ဖြစ်နိုင်ပေသည်။

“တုန်းဟွာကောင်းကင်ကရော ဘယ်လိုလဲ။ ဒါက နှစ်ငါးဆယ်မှ တစ်ခါ ကျင်းပတဲ့ အခမ်းအနားဆိုတော့ အရမ်းစည်ကားမှာပဲ။” လီချန်ရှန်းက ပြောလိုက်သည်။

“ဒါပေါ့။ တုန်းဟွာကောင်းကင်က လူတိုင်း ပျော်ရွှင်နေကြတာ။ တန်ခိုးရှင်တွေ အများကြီး​က ဒီကို ရောက်လာကြတာလေ။ ဒီတစ်ကြိမ် စုစည်းလာတဲ့ တန်ခိုးရှင်တွေအတွက် နယ်မြေသခင် အိမ်တော်ကို ဖွင့်ပေးထားမှာ။ ဘယ်သူက အောင်မြင်ပြီး နယ်မြေသခင်အိမ်တော်က အဖွဲ့ဝင်ဖြစ်လာမလဲဆိုတာတော့ ဘယ်သူသိမလဲ။” လိန်ကလန်ခေါင်းဆောင်က ဆက်ပြောလိုက်သည်။ “ထပ်ပြောရရင် ကုန်းမြေတွေ အားလုံးက ထိပ်သီးတန်ခိုးရှင်တွေ တုန်းဟွာကောင်းကင်မှာ စုစည်းလာကြတယ်။ အဲဒါကြောင့် ကျုပ်တို့က ထူးချွန်ပြောင်မြောက်တဲ့ တိုက်ပွဲတွေကို ကြည့်ရှုနိုင်ပြီး နယ်မြေသခင် ဘယ်လိုရွေးမလဲ စောင့်ကြည့်ရမယ်။”

“ကျုပ်တို့က ကလန်ခေါင်းဆောင်ကို အကြံဉာဏ်တောင်းချင်လို့။ လျူနျန့်ကို နယ်မြေသခင်အိမ်တော်မှာ ကျင့်ကြံစေချင်တယ်။” လီချန်ရှန်း ပြောလိုက်သည့်စကားက ကလန်ခေါင်းဆောင်ကို အံ့သြသွားစေသည်။ ရီဖူရှင်းက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ မဝင်ဘဲ ကျင့်ကြံရန် နယ်မြေသခင်အိမ်တော်ကို ဝင်ရောက်ချင်နေသည်လား။

သူက ထိုကိစ္စအား အမှန်တကယ် နားမလည်နိုင်ပေ။ ထိုသည်က အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကြောင့်လား။

“ကောင်းပါပြီ။” သူက အများကြီး မတွေးတော့ဘဲ ခေါင်းညိတ်ကာ ကတိပေးလိုက်သည်။ “ကျုပ် ဘာလုပ်နိုင်မလဲ ကြည့်လိုက်ဦးမယ်။ ဒါပေမယ့် ကျုပ်တို့ အာရုံစိုက်မထားရင်တောင် ခုချိန်မှာ ပြဿနာသေးသေးလေးကအစ လူတိုင်း သိနိုင်ကြမှာပဲ။”

“အဲဒါ မှန်တယ်။” လီချန်ရှန်းက ခေါင်းညိတ်လိုက်သည်။ “ဒါဆို ကျုပ်တို့ အေးအေးဆေးဆေးပဲ စောင့်နေတော့မယ်။”

***

Comment

Leave a Reply

Options

not work with dark mode
Reset