Switch Mode

Chapter 14

သူက ပဟေဠိတစ်ခုလိုပဲ

ယဲ့ဖန် သူမရုံးခန်းထဲမှ ထွက်သွားပြီးတာတောင်မှ ဖန့်ယင်း၏ လှပသောမျက်နှာလေးသည် အနီရောင်သန်းနေသေး၏။ ခုနလေးတင် သူမတင်ပါး အရိုက်ခံလိုက်ရသည်ကို ပြန်အမှတ်ရမိရင်း သူမ စိတ်ရောကိုယ်ပါ လန်းဆန်းလာသလို ခံစားလာရသည်။

“ဒါပေမယ့် သူ့လက်ဝါးနဲ့ ငါ့ကို ဘယ်လိုလုပ်ပြီး အဆိပ်ဖြေပေးတာလဲ”

တစ်ယောက်ယောက်၏ တင်ပါးကို ရိုက်ပြီး အဆိပ်ဖြေလို့ရသည်ဆိုတာကို ဖန့်ယင်း ယခုအချိန်ထိ မယုံနိုင်သေးပေ။ သိပ်ကို အံ့ဩဖွယ်ကောင်းလှ၏။

အချိန်ခဏမျှ ငြိမ်သက်နေပြီးနောက် ဖန့်ယင်း ဖုန်းကို ထုတ်၍ တစ်စုံတစ်ယောက်ထံသို့ ဖုန်းခေါ်လိုက်သည်။

ပျင်းရိပျင်းတွဲဖြစ်နေသော အမျိုးသမီးအသံ ထွက်ပေါ်လာသည်။

“ဟေး… မမလေးဖန့် ရှင် နောက်ဆုံးတော့ ကျွန်မဆီ ဖုန်းခေါ်ဖို့ အချိန်ရလာပြီပဲ … ရှင် စာသင်တဲ့နေရာမှာ ဈာန်ဝင်ပြီး ကျွန်မကို မေ့နေပြီ မှတ်နေတာ”

သူမကတော့ ချင်ရွှယ်ပင် ဖြစ်သည်၊ သူမသည် ဖန့်ယင်း၏ အရင်းနှီးဆုံးသူငယ်ချင်း ဖြစ်သည့်အပြင် ကျန်းရှီမြို့ရှိ “First People” ဆေးရုံ၏ ဥက္ကဋ္ဌလည်း ဖြစ်ပေသည်။

ချင်ရွှယ်သည် ဟားဗတ်တက္ကသိုလ်မှ ဘွဲ့ရခဲ့သည့် ဆရာဝန်တစ်ဦး ဖြစ်သည်၊ တစ်ချို့သော အကြောင်းကိစ္စများကြောင့် သူမသည် ကျန်းရှီမြို့ရှိ “First People” ဆေးရုံ၏ ဥက္ကဋ္ဌအဖြစ် နှိမ်ချဆက်ဆံခံရခြင်း ဖြစ်သည်။

သို့သော် သူမသည် ရွှေတံဆိပ်ဆုရှင် ဆရာဝန်တစ်ဦး အဖြစ် ကျော်ကြားသလို နိုင်ငံ့ရတနာတစ်ပါး ဟုလည်း နာမည်ကြီးပေသည်။ မြို့တော်ကြီးမှ များစွာသော အာဏာရှိလူကြီးများပင် သူမထံမှ ဆေးကုသမှု ခံယူချင်၍ ကျန်းရှီမြို့အထိ လာရောက် ဆေးကုသကြသည်။

ချင်ရွှယ်၏ ကလူ၏သို့ မြူ၏သို့ လုပ်တတ်သော အမူအရာမျိုးကို မြင်ယောင်မိရင်း ဖန့်ယင်း တခစ်ခစ် ရယ်မိသည်။

“ရွှယ်… စ မနေနဲ့တော့… ငါ နင့်ကို အရေးကြီးတဲ့ ကိစ္စတစ်ခုလောက် မေးချင်လို့”

“ပျင်းစရာကြီး…” ချင်ရွှယ်က ပျင်းရိနေသောအသံဖြင့် စွဲမက်ဖွယ်ကောင်းစွာ ပြောလိုက်သည်။ “ဆက်ပြော”

ဖန့်ယင်း ခပ်သွက်သွက် မေးလိုက်သည်။

“နင် နတ်ဆိုးခြင် အကြောင်း ကြားဖူးလား”

**နတ်ဆိုးခြင်**

ထိုအကြောင်း ကြားလိုက်သည်နှင့် ချင်ရွှယ် ချက်ချင်း လေးနက် တည်ငြိမ်လာကာ ပြန်ပြောလိုက်သည်။

“ငါ သိတယ်… အဲ့ဒါကို yama (သေမင်း) ခြင် လို့လည်း ခေါ်သေးတယ်၊ အဲ့ခြင်က ကြည့်လိုက်ရင် သာမန်ခြင်တွေနဲ့ ဆင်တယ်၊ အကိုက်ခံရပြီးပြီးချင်း မူမမှန်တာမျိုး ခံစားရမှာ မဟုတ်ဘူး။ ဒါပေမယ့် ၁၅မိနစ်လောက် ကြာသွားတာနဲ့ နင် ယားယံပြီး ထုံထိုင်းလာမယ်၊ ထိရောက်တဲ့ ဆေးကုသမှုမျိုး မခံယူဘူးဆိုရင် အရေပြားမှာ ပြည်တောင်တည်လာနိုင်တယ်၊ ပြီးတော့ ၁၅မိနစ်အတွင်း ဆေးကုသမှုမျိုး မခံယူရင် သေချာပေါက် သေသွားလိမ့်မယ်။ အခုအချိန်ထိ အဲ့အဆိပ်ကို ထိထိရောက်ရောက် ဖြေပေးနိုင်တဲ့ အဆိပ်ဖြေဆေးမျိုး မရှိသေးဘူး”

ချင်ရွှယ်၏အသံက ရုတ်တရက် ပင်ပန်းနွမ်းနယ်သည့်ဟန် ပေါက်လာသည်။

“အဲ့လိုခြင်မျိူးက အရှေ့တောင်အာရှက အပူပိုင်း အမြဲစိမ်း သစ်တောဒေသမှာပဲ ရှိတာ၊ ဒါပေမယ့် ဒီရက်ပိုင်းအတွင်း ကျန်းရှီမြို့မှာ ပေါ်လာတယ်၊ ငါ အခုတလော အဲ့ကိစ္စနဲ့ အလုပ်ရှုပ်နေတာ။ တစ်ချို့လူနာတွေ အဲ့ခြင်ကိုက်တာ ခံရပြီး သေသွားကြတယ်”

ဘာ?

ဖန့်ယင်း မှင်တက်မိသွားသည်။

**ယဲ့ဖန် ငါ့ကို လိမ်တာ မဟုတ်ဘူးပဲ**

ဖန့်ယင်း သူမ ခံစားခဲ့ရသည့် လက္ခဏာများကို ချင်ရွှယ်အား အလျင်အမြန် ပြောပြလိုက်သည်။

ဖန့်ယင်း ပြောတာကို နားထောင်ပြီးနောက် ချင်ရွှယ် အရမ်းကို လေးနက်လာသော အသံဖြင့် လောဆော်လိုက်သည်။

“ဖန့်ယင်း… ငါ ပြောတာ နားထောင်၊ နင့်ကျောင်းသား ပြောတာ မှန်တယ်။ နင့် ပြောပုံအရဆို နင် တကယ့်ကို နတ်ဆိုးခြင် ကိုက်တာခံရတာပဲ။ မြန်မြန်… ငါ့ဆေးရုံကို လာခဲ့။ မြန်မြန် … နင် တစ်ချက်လေး နောက်ကျတာနဲ့ သေသွားနိုင်တယ်”

ဖန့်ယင်း အတွက် စိုးရိမ်ကာ ချင်ရွှယ်၏ အသံက ထိတ်လန့်ကြောက်ရွံ့နေသည့်ဟန် ပေါက်လာသည်။

ဖန့်ယင်း ကြောင်သွားပြီးမှ သူမကို အလျင်အမြန် ရှင်းပြလိုက်သည်။

“ရွှယ် နင် ဘာမှမစိုးရိမ်နဲ့ … အဆိပ်က ပြေသွားပြီ … ငါ အခု မသက်မသာခံစားရတာမျိုး မရှိတော့ဘူး”

ဘာ?

ချင်ရွှယ် ထခုန်မိမတတ် ဖြစ်သွားသည်။

နတ်ဆိုးခြင်၏ အဆိပ်ပြင်းထန်မှုကို ချင်ရွှယ် ကောင်းကောင်းကြီး နားလည်သည်။ သူမဆေးရုံမှ လူနာတစ်ချို့ပင် ထိုခြင်ကြောင့် ဆုံးပါးသွားရသည်ပင်။

သို့သော် ထိရောက်သည့် အဆိပ်ဖြေဆေးမျိုး ပြည်တွင်းကော ပြည်ပမှာပါ မရှိပေ။

**ဖန့်ယင်းက သူ့ကိုယ်ထဲက အဆိပ်က ပြေသွားပြီလို့ ပြောတယ် … ဒါ… ဒါ မဖြစ်နိုင်ဘူး**

“မမလေးဖန့် ငါ့ကို လာမနောက်နဲ့နော်၊ ဒါ မဖြစ်နိုင်ဘူး!” ချင်ရွှယ် လုံးဝကို သံသယဝင် နေသည်။

“နားထောင် ဒီအဆိပ်အတွက် ထိရောက်တဲ့ဆေးမျိုး ဈေးကွက်ထဲမှာ လုံးဝမရှိဘူး။ နင် အကောင်းဆုံး ဆေးကုသမှုမျိုး မခံယူရင် နင် သေသွားလိမ့်မယ်”

ချင်ရွှယ့်စကားကို ကြားပြီး ဖန့်ယင်း ခါးသက်သက် ပြုံးလိုက်မိသည်။ သူမတောင်မှ မယုံနိုင်သေးတာ၊ ချင်ရွှယ်သာဆို ပိုလို့တောင် ဆိုးပေလိမ့်မည်။

“ရွှယ် ငါ တကယ်ပြောနေတာ … ငါ အကိုက်ခံရတာ နာရီဝက်လောက် ရှိနေပြီ … နင့်စကားအတိုင်းဆို ငါ သေတောင်သေနေလောက်ပြီ… ဒါပေမယ့် အခု…ကြည့်… ငါ နင်နဲ့ စကားပြောနေတယ်မလား”

ချင်ရွှယ် ငြိမ်ကျသွားသည်။ ထို့နောက် အမောတကော ပြောသည့်အသံကို ဖန့်ယင်း ကြားလိုက်ရသည်။ ချင်ရွှယ် တော်တော်လေး အလျင်လိုနေဟန် ပေါ်သည်။

“မမလေးဖန့်…. ငါ့ကို နင် မြန်မြန်ပြော … နင် ဘယ်လိုလုပ်လိုက်တာလဲဆိုတာ… ဘုရားရေ.. ဒါ လုံးဝကို အံ့ဩစရာပဲ”

စိတ်လှုပ်ရှားမှုကြောင့် ချင်ရွှယ် အသံတွေတုန်နေသည်။ သို့သော် သူမစကားကြောင့် ဖန့်ယင်း မျက်နှာနီရဲသွားသည်။

“ငါ့ကျောင်းသားက ငါ့ကို အဆိပ်ဖြေပေးလိုက်တာ” ဖန့်ယင်း ထိုစကားကို ရှက်ရှက်နှင့် နှုတ်ခမ်းကို ကိုက်ရင်း ပြောလိုက်သည်။

*ကျောင်းသား*

ချင်ရွှယ် ခဏလောက် ကြောင်သွားသည်။

“မမလေးဖန့် နင် ရူးနေလား … နင့်ကျောင်းသားက ဟုတ်လား … grade 3 ကျောင်းသားက ဘယ်လိုလုပ် နတ်ဆိုးခြင်ရဲ့ အဆိပ်ကို ဖြေတတ်မှာလဲ”

ချင်ရွှယ် လုံးဝ မယုံနိုင်ပေ။

ကမ္ဘာတစ်ဝှမ်းမှ ဆေးဝါးကျွမ်းကျင်သော ပညာရှင်များပင် ဘာမှမတတ်နိုင်တာကို အလယ်တန်းကျောင်းက grade 3 ကျောင်းသားက လုပ်နိုင်သည်တဲ့လား။

“တကယ်ပြောတာ အဲ့ကျောင်းသားက ….”

ထို့နောက် ဖန့်ယင်းက ယဲ့ဖန် သူမကို မည်သို့ကုသပေးသည်ကို အတိုချုံး၍ ပြောပြလိုက်သည်။ ထိုကျောင်းသားက ဖန့်ယင်းအား သူမတင်ပါးကို ရိုက်၍ အဆိပ်ဖြေပေးလိုက်သည်ကို ချင်ရွှယ် ကြားပြီး ကြက်သေ သေသွားသည်။

“နင့်… နင့်တင်ပါးကို ရိုက်တယ်?”

ချင်ရွှယ် ခဏမျှ ငြိမ်သွားပြီးနောက် အားရပါးရ အော်ရယ်တော့သည်။

“ဟီးဟီး… ကျန်းရှီမြူနီစီပယ် စီနီယာအလယ်တန်းကျောင်းရဲ့ အလှဆုံးဆရာမ၊ ဖန့်မိသားစုရဲ့ သခင်မလေး၊ နိုင်ငံတောင်ပိုင်းရဲ့ နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်မလေး၊ သခင်လေးတွေ အားလုံး လိုချင်တပ်မက်နေတဲ့ အလှနတ်ဘုရားမလေး နင်က နင့်ကျောင်းသားက နင့်တင်ပါးကို ရိုက်တာကို ခံလိုက်ရတယ်… ငါတော့ ရယ်ရလွန်းလို့ အူတောင်နာတယ်”

ချင်ရွှယ် မျက်ရည်တောင် ထွက်ကျမတတ် ဖြစ်သွားသည်။

နိုင်ငံတောင်ပိုင်းရဲ့လူတစ်ချို့သာ ဒီအကြောင်းကြားသွားလျင် အံ့ဩတုန်လှုပ်သွားလိမ့်မည်ကို သူမ သိနေသည်။

အကယ်၍များ နိုင်ငံတောင်ပိုင်းရဲ့ သခင်လေးတွေသာ သူတို့နတ်ဘုရားမလေးက တင်ပါးကို အရိုက်ခံလိုက်ရသည်ကို သိသွားမည်ဆိုလျင် သူတို့ ထိုကျောင်းသားကို တစ်စစီ ဖြစ်သွားအောင် လုပ်ကြလိမ့်မည်။

သူမသူငယ်ချင်း၏ ရယ်သံကို ကြားပြီး ဖန့်ယင်း ဆွံ့အသွားသည်။

“တော်သင့်ပြီ … ကောင်မစုတ် … နင် ရယ်မနေနဲ့တော့ … နင် ဒီကိစ္စကို လျှို့ဝှက်ထားရမယ်နော် တစ်ခြား ဘယ်သူမှ သိလို့ မဖြစ်ဘူး”

“စိတ်မပူပါနဲ့ မမလေးဖန့်ရယ်”

ချင်ရွှယ် တခစ်ခစ်ရယ်ရင်း စကားလမ်းကြောင်း လွှဲလိုက်သည်။

“ငါ သူ့ကို မြင်ဖူးချင်တယ်၊ သူ နတ်ဆိုးခြင်ရဲ့ အဆိပ်ကို ဘယ်လိုဖြေလိုက်တယ်ဆိုတာကို ငါ သိချင်တယ်”

ဖန့်ယင်းလည်း ဒီကိစ္စကို သဘောတူမိသည်။

“ဖန့်ယင်း … အဲ့ကျောင်းသားက ဘယ်လိုလူမျိုးလဲ … ဘယ်လိုလုပ်ပြီး သူ့ဆရာမရဲ့ တင်ပါးကို ရိုက်ရဲတာပါလိမ့်”

ချင်ရွှယ် ဖန့်ယင်းအား သိချင်စိတ်ဖြင့် မေးလိုက်သည်။

*သူက ဘယ်လိုလူစားမျိုးလဲ*

ဖန့်ယင်း တွေဝေသွားသည်။ ရုတ်တရက် သူမ ယဲ့ဖန်အား နားမလည်နိုင်တော့ကို သတိပြုမိသွားသည်။

**ဉာဏ်ကောင်းတယ်၊ လက်ဖျားခါရလောက်အောင် ဆေးကုတတ်တယ်၊ ရွှတ်နောက်နောက်နိုင်တယ်၊ ရဲတင်းလွန်းတယ်၊ ထူးဆန်းပြီး နှာဘူးကျတတ်တယ်**

**သူက နတ်ဆိုးလိုပဲ**

ဖန့်ယင်း သက်ပြင်းချကာ “သူက ပဟေဠိတစ်ခုလိုပဲ”


Comment

Leave a Reply

Options

not work with dark mode
Reset