Switch Mode

အပိုင်း(၁၉၉၉)

ချီးကျူးခြင်း

လိပ်တောင်ကုန်းထိပ်တွင် နန်ဘုံနတ်နန်းကဲ့သို့ အငွေ့အသက်များ လွှမ်းမိုးနေသော ခြံဝင်းတစ်ခုရှိသည်။ ထိုနေရာတွင် အဆောက်အဦးတချို့ ဆောက်လုပ်ထား၏။ ၄င်းကား အင်ပါယာရှီနှင့် သူ၏လူများ နေထိုင်ရာနေရာဖြစ်သည်။

ထိုနေရာကား ကြီးမားကာ ရီဖူရှင်းနှင့် သူ့မိတ်ဆွေများ ဝင်သွားသောအခါ သူတို့သည် အေးအေးလူလူစကားပြောနေကြသော လူအမြောက်အများကို မြင်တွေ့ကြရသည်။

“ဆေးအင်ပါယာ…” ရီဖူရှင်းက ထင်သာမြင်သာရှိသော လူတစ်ယောက်အား တွေ့မြင်သည်။ ဆေးအင်ပါယာကား တခြားထူးခြားသော ပုဂ္ဂိုလ်တချို့နှင့်အတူ ရောက်နေပြီးဖြစ်သည်။ သူတို့မှာ ဆေးအင်ပါယာနှင့် အဆင့်အတန်းတူ တန်ခိုးရှင်များ ဖြစ်ဟန်ရှိသည်။ သူတို့မှာ တုန်းဟွာပိုင်နက်အတွင်း၌ ခေါင်းဆောင်များဖြစ်ကြောင်း လူတိုင်းက ပြောနိုင်သည်။

သူတို့က ထူးခြားသော နည်းလမ်းဖြင့် ရောက်လာခဲ့ကြ၏။ သူတို့တည်ရှိခြင်းကို အပြင်မှ လူများ မသိကြပေ။ မည်သူမှလည်း ဤနေရာ၌ နတ်အာရုံကို အသုံးပြုကာ ခိုးကြည့်ရဲကြမည် မဟုတ်ပေ။ ၄င်းက အင်ပါယာရှီအပါအဝင် စီနီယာတန်ခိုးရှင်များအား မလေးမစားရာ ကျရောက်ပေသည်။

ရီဖူရှင်းက သူတို့ရှိနေရာကို လှမ်းကြည့်ကာ အုပ်စုအတွင်းမှ လူတစ်ယောက်အား တွေ့မြင်သည်။ သူကား ရိုးရှင်းသော ဝတ်စုံကို ဝတ်ထားကာ အသက်ငါးဆယ်ဝန်းကျင် ရုပ်ရည်ရှိ၏။ သို့သော်လည်း သူသည် တက်ကြွလန်းဆန်းနေကာ ဘေးပတ်ဝန်းကျင်မှ လူများအား သက်တောင့်သက်သာဖြစ်စေသော အငွေ့အသက်ကို ပေးသည်။

စိတ်ဝင်စားစရာကောင်းသည်ကား သူ့ထံမှ မည်သည့်အရှိန်အဝါကိုမှ မခံစားရခြင်းပင်။ သူကား သာမန်လူတစ်ဦးကဲ့သို့ ထင်မြင်ရသော်လည်း ထိုနေရာတွင် ရပ်နေသော ထိုလူသည် မည်သည့်နည်းနှင့်မှ သာမန်လူ မဖြစ်နိုင်ပေ။

အင်ပါယာရှီ…။ ရီဖူရှင်းက တွေးလိုက်သည်။ သူကား ပြီးပြည့်စုံသော မဟာလမ်းစဉ်ကို ပိုင်ဆိုင်ကာ နတ်ဘုရားကဒ်ဘေးကို ကျော်ဖြတ်ရတော့မည့်သူလည်း ဖြစ်သည်။

လီချန်ရှန်း၏အဆိုအရ တုန်းဟွာပိုင်နက်တွင် ကဒ်ဘေးသုံးခုကို ကျော်ဖြတ်နိုင်သူ မရှိသေးပေ။ ပထမကဒ်ဘေးကို ကျော်ဖြတ်နိုင်သူလည်း မရှိသေးပေ။ သို့သော်လည်း ခြွင်းချက်ကား ပိုင်နက်ခေါင်းဆောင်ခြံဝင်းပိုင်ရှင်ဖြစ်သည်။ ထိုလူ၏ကျင့်ကြံဆင့်ကို မည်သူမှ မခန့်မှန်းနိုင်ပေ။

နတ်ဘုရားကဒ်ဘေးကို ပြီးပြည့်စုံသော နတ်ဝင်ရိုးပိုင်ရှင်များသည်သာ ကြုံတွေ့နိုင်ပေသည်။ အက်ကြောင်းများရှိသော နတ်ဝင်ရိုးပိုင်ရှင်များကား သူတို့ ဘဝသက်တန်းတစ်ခုလုံး အင်ပါယာအတုအဆင့်တွင်သာ အမြဲတမ်း နေထိုင်သွားရပေမည်။

အကယ်၍ အင်ပါယာရှီသာ နတ်ဘုရားကဒ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့ပါက သူသည် တုန်းဟွာပိုင်နက်တွင် နံပါတ်၁ တန်ခိုးရှင် ဖြစ်လာပေလိမ့်မည်။

ထိုသို့သော ကျင့်ကြံဆင့်ဖြင့် သူသည် ကောင်းကင်ဒေသတစ်ခုလုံးတွင်ပင် ထိပ်သီးတန်ခိုးရှင်တစ်ဦးအဖြစ် သတ်မှတ်နိုင်၏။

ထိုစဉ် အင်ပါယာရှီက ပြုံးလျှက် လူအများကို လှမ်းပြောသည် “ကျုပ်က ပြင်ပလောကကို မရောက်တာ အတော်ကြာပြီ။ ဒါကြောင့် တုန်းဟွာပိုင်နက်က လူငယ်တွေကို မမြင်ဖူးဘူး။ အရှင်ဒွန်ဟောင်က ကောင်းကင်ဒေသကို စုစည်းပြီးနောက်မှာ အေးချမ်းတဲ့ခေတ်ကာလကို ရောက်လာပြီးတော့ ပိုထူးချွန်တဲ့လူငယ်တွေလည်း ထွက်ပေါ်လာခဲ့တယ်။ အနာဂတ်မှာ မင်းတို့လည်း ငါ့လို နတ်ဘုရားကဒ်ဘေးကို ရင်ဆိုင်နိုင်ဖို့ မျှော်လင့်တယ်”

“ဒီဂျူနီယာလေးတွေက အင်ပါယာရှီကို လိုက်မှီဖို့ ခရီးရှည်ကြီး လိုပါသေးတယ်။ လက်ရှိမျိုးဆက်မှာ လူနည်းနည်းလေးကပဲ ပြီးပြည့်စုံတဲ့ နတ်ဝင်ရိုးကို အဆင့်မြင့်ရန်ဟောင်သို့အထိ ထိမ်းသိမ်းနိုင်ကြတယ်” အကြီးအကဲတစ်ဦးက ပြောသည်။

“ဒါက မျိုးဆက်တိုင်းပါပဲ။ နောက်မျိုးဆက်မှာလည်း ပိုပြီး ထူးခြားတဲ့လူတွေ ထွက်ပေါ်လာဦးမှာပဲ” အင်ပါယာရှီက ပြုံးလျှက်ပြောသည်။

“ဒါ အမှန်ပဲ။ မျိုးဆက်တိုင်းမှာ ထူးထူးခြားခြား အလားအလာမြင့်လူငယ်တွေ ထွက်ပေါ်လာတတ်တယ်။ ဝမ်ရှန့်မျှော်စင်က ကျုံးချန်လည်း မကြာခင်က အောင်မြင်ခဲ့တာပဲမလား” တစ်ယောက်က ပြုံးလျှက်ပြောသည်။

“အင်း… ကျုံးချန်က တကယ်ပဲ မဆိုးဘူး” ဆေးအင်ပါယာက ပြုံးလျှက်ပြောသည်။ သူက ကျုံးချန်ကို လှမ်းပြောသည် “ကျုံးချန်… စီနီယာတွေကို လာပြီး နှုတ်ဆက်ချေ”

“ဟုတ်ကဲ့ ဆရာ…” ကျုံးချန်က ခေါင်းညိတ်ကာ ထိုနေရာသို့ လျှောက်သွားသည်။ သူတို့ရှေ့တွင်ရပ်ကာ ကျုံးချန်က ဦးညွှတ်သည် “ဂျူနီယာက စီနီယာများကို ဂါရဝပြုပါတယ်”

“အင်း…” အင်ပါယာရှီက ခေါင်းညိတ်သည် “မင်းက တကယ်လည်း ငယ်သေးတယ်။ အနာဂတ်မှာ ဒီထက် အများကြီးစွမ်းအားကြီးလာမှာပဲ။ တုန်းဟွာပိုင်နက်မှာ တခြားစွမ်းအားမြင့်လူငယ်တွေ ဘယ်မှာလဲ”

“သူတို့က မြူနှင်းဝေနတ်နန်းတော်က ကျန်းယွဲ့လီ၊ ဖုန်ဆိုးမြေက ‘ပျက်စီးခြင်း’၊ ပိုင်နက်ခေါင်းဆောင်ရဲ့သားတော် တို့ပဲ။ သူတို့သုံးယောက်က ပြီးပြည့်စုံတဲ့နတ်ဝင်ရိုးကို ထိမ်းသိမ်းထားနိုင်တုန်းပဲ’ နန်ဟွာကလန်ခေါင်းဆောင်က ပြုံးလျှက်ပြောသည်။ သူက မြူနှင်းဝေနန်းတော်နှင့် ပျက်စီးခြင်းနတ်နန်းတော်ဘက်သို့ လှမ်းကြည့်သည်။ ကျန်းယွဲ့လီနှင့် ‘ပျက်စီးခြင်း’ တို့နှစ်ဦးလုံး ထိုနေရာတွင် ရှိနေသည်။

“ကျန်းယွဲ့လီက အင်ပါယာရှီကို ဂါရဝပြုပါတယ်” ကျန်းယွဲ့လီက ဦးညွှတ်သည်။

တခြားတစ်ဘက်တွင် ‘ပျက်စီးခြင်း’ ကလည်း အင်ပါယာရှီအား မည်သည့်စကားမှ မဆိုဘဲ ဦးညွှတ်သည်။ ဖုန်ဆိုးမြေေမှ လူများမှာ မူလအားဖြင့် မောက်မာကာ မာနကြီးပေသည်။ သူတို့မှာ များသောအားဖြင့် တစ်ကိုယ်တည်း လှုပ်ရှားလေ့ရှိ၏။ သို့သော်လည်း အင်ပါယာရှီအပေါ်တွင်တော့ ‘ပျက်စီးခြင်း’က လေးစားသမှု ထားရပေသေးသည်။ သူကား မကြာခင် နတ်ဘုရားကဒ်ဘေးကို ကျော်ဖြတ်မည့်သူဖြစ်၏။

အင်ပါယာရှီက သူတို့အား ခေါင်းညိတ်သည်။ သူက ကျန်းယွဲ့လီကို မေးသည် “မင်းဆရာ မလာဘူးလား”

“ဆရာက လာမယ်ပြောပါတယ်” ကျန်းယွဲ့လီက ပြန်ပြောသည်။

သူတို့ပြောနေစဉ် အဝေးမှ အားကောင်းသော အရှိန်အဝါတစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက်တွင် ဓားအလင်းတန်းတစ်ခုသည် ကျန်းယွဲ့လီဘေးသို့ ကျဆင်းလာ၏။ သူမသည် အေးစက်သော အငွေ့အသက်များ ရှိပြီး ဓားတစ်လက်အလား၊ ကောင်းကင်လမ်းစဉ်နှင့် တသားတည်းဖြစ်နေသည့် ခံစားချက်အား ပေးသည်။

သူမသည် မြူခိုးဝေနတ်နန်းတော်သခင်မ ဖြစ်သလို၊ တုန်းဟွာပိုင်နက်၏ဓားနတ်မယ် လည်းဖြစ်၏။

သူမသည် တုန်းဟွာပိုင်နက်၏အတော်ဆုံးဓားသမားဖြစ်သည်။

“အင်ပါယာရှီက နတ်ဘုရားကဒ်ဘေးကို ကျော်ဖြတ်တော့မှာဆိုတော့ ကျွန်မက မလာလို့ ဘယ်ဖြစ်ပါ့မလဲ” ဓားနတ်မယ်က ပြောသည်။

“ကျုပ်လည်း ဒီလိုပဲ တွေးတယ်။ ခင်ဗျားတို့လည်း နောက်ပိုင်း ဒီလိုနေ့ရက်ကို ကြုံလာရမှာပဲ” အင်ပါယာရှီက ပြုံးလျှက်ပြောသည်။ ဓားနတ်မယ်သည်လည်း ပြီးပြည့်စုံသော လမ်းစဉ်ကို ပိုင်ဆိုင်ထားကာ တုန်းဟွာပိုင်နက်၏အစွမ်းအထက်ဆုံးထဲမှ တစ်ဦးဖြစ်သည်။ သူမသည် တုန်းဟွာပိုင်နက်၌ ထိပ်ဆုံသုံးဦးစာရင်းဝင် တန်ခိုးရှင်ဖြစ်၏။

ဓားနတ်မယ်က သူ၏စကားကို ပြန်မပြောပေ။ အင်ပါယာရှီက သူ့နောက်မှ လူများကို ပြောသည် “ကြည့်ရတာ မြူခိုးဝေနတ်နန်းတော်မှာ အစွမ်းထက်လူငယ်တွေ ထွက်ပေါ်လာတာပဲ”

”မြူခိုးဝေနန်းတော်မှာ ကျန့်ယွဲ့လီအပြင် နန်းတော်သခင်ရဲ့တိုက်ရိုက်တပည့်တွေဖြစ်တဲ့ ချူဟန်ရှင်းနဲ့ ချင်းချင်းတို့ကလည်း ပြီးပြည့်စုံတဲ့လမ်းစဉ်ကို ထိမ်သိမ်းပြီးတော့ အလယ်အလတ်ရန်ဟောင်ဖြစ်လာတယ်။ သူတို့လည်း အနာဂတ်မှာ အခွင့်အလမ်းရှိတယ်။ မြူခိုးဝေနန်းတော်ရဲ့ နောက်မျိုးဆက်က တကယ်စိတ်လှုပ်ရှားစရာကောင်းတယ်” တစ်ယောက်က ပြုံးလျှက်ပြောသည်။ ပြောလိုက်သူကား လင်းရှောင်နန်းတော်ခေါင်းဆောင်ဖြစ်သည်။ သူသည် တောက်ပြောင်သော အဝတ်အစားကို ဝတ်ထားကာ ကြီးမားသော အရှိန်အဝါအား ပိုင်ဆိုင်ထား၏။

“တုန်းဟွာကုန်းမြေမှာ အင်အားစုတိုင်း ထူးခြားအစွမ်းထက်တဲ့ လူငယ်မျိုးဆက်တွေကို ပိုင်ဆိုင်ထားကြတယ်။ ပြီးတော့ ကောင်းကင်ဒေသက အတိုင်းအဆမဲ့ကြီးတယ်။ ဘယ်လို အစွမ်းထက် လူငယ်တွေ တည်ရှိတယ်ဆိုတာ ဘယ်သူသိမှာလဲ” ဓားနတ်မယ်နောက်မှ ကျန်းယွဲ့လီက ပြောသည်။

“လင်းဟယ်တစ်ယောက် နတ်သမုဒ္ဒရာကုန်းမြေမှာ အစွမ်းထက်တဲ့လူတစ်ယောက်နဲ့တွေ့ခဲ့တယ် ကြားတယ်။ သူက တုံ့လိုင်နတ်ဘုရားအကြီးအကဲရဲ့မျိုးဆက်လို့ ကြားတယ်” လင်းရှောင်နတ်နန်းတော်သခင်က ဆေးအင်ပါယာကို ပြောသည်။

ဆေးအင်ပါယာနှင့် တုံ့လိုင်နတ်မိမယ်တို့က မျက်မှောင်ကျုံ့လိုက်သည်။ တုံ့လိုင်နတ်ဘုရားအကြီးအကဲသည် မဆုံးပါးခင်က ကျင့်ကြံခြင်းလောက၏ထိပ်သီးပိုင်းတွင် ရပ်တည်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ဖြစ်သည်။ သူ၏သေဆုံးခြင်းက ထိရှမခံသော ကိစ္စရပ်ဖြစ်၏။

သူ၏စကားကိုကြားလျှင် ယန်မိသားစုမှ လူများ၏မျက်လုံးများ စူးရှသွားသည်။ သူတို့က ရီဖူရှင်းရှိရာသို့ လှမ်းကြည့်ကြ၏။

“ကျုပ်က အရှေ့နတ်ဘုရားကျွန်းစုကို ကံကောင်းပြီး ဝင်ခွင့်ရခဲ့တယ်။ ဒါကြောင့်ပဲ တုံ့လိုင်နတ်မိယ်က ကျုပ်ကို ဂရုစိုက်ပေးခဲ့တာဖြစ်ပါတယ်” ရီဖူရှင်းက လူအများ ကြည့်နေသည်ကို သတိပြုမိကာ ပြုံးလျှက်ပြောသည်။

သို့သော်လည်း သူက လင်းရှောင်နတ်နန်းတော်သခင်၏ချီးကျူးမှုကို သဘောမကျပေ။ သူက ဤသို့သော နေရာတွင် ထင်ပေါ်လာခြင်းက ကောင်းကျိုးထက် ဆိုးကျိုးများကြောင်း သိပေသည်။ လင်းရှောင်အကြီးအကဲက တမင်လုပ်ခြင်းလား၊ မတော်တဆလားကိုတော့ သူ မပြောတတ်ပေ။

“မင်းက တကယ်ပဲ နှိမ့်ချလွန်းတယ်” လင်းရှောင်အကြီးအကဲက ပြုံးလျှက်ပြောသည် “မင်းက ရန်ဟောင်အလယ်အလတ်အဆင့်အထိ ပြီးပြည့်စုံတဲ့လမ်းစဉ်ကို ထိမ်းသိမ်းလာခဲ့သလို မင်းရဲ့တိုက်ရည်ခိုက်ရည်အရ တုန်းဟွာပိုင်နက်မှာ ထိပ်ဆုံးသုံးယောက်စာရင်းထဲ ထည့်လို့ရလောက်တယ်”

သူက ထိုသို့ပြောလျှင် ရီဖူရှင်းကို ကြည့်နေသော လူအများ၏အမူအရာများ ပြောင်းလဲသွားကြသည်။

ရီဖူရှင်းလည်း စိတ်ထဲမှာ ကျိန်ဆဲလိုက်၏။ တစ်ဘက်လူက သူ့အား တမင်ချီးကျူးနေသည်လား။

ထိုအဖြစ်က ရီဖူရှင်းအား မသက်မသာ ခံစားရစေသည်။

ရီဖူရှင်းက အသာအယာဦးညွှတ်ကာ ပြောသည် “စီနီယာက ချီးကျူးလွန်းပါပြီ။ ကျုပ်ရဲ့ကျင့်ကြံဆင့်က နိမ့်ပါသေးတယ်။ ဒါကြောင့် စီနီယာရဲ့ချီးကျူးမှုနဲ့ မထိုက်တန်သေးပါဘူး။ နောက်ဆုံးအကြိမ် လင်းရှောင်နန်းတော်ရဲ့သခင်လေးနဲ့တွေ့တုန်းကဆိုရင် ကျုပ်ရဲ့အရည်အချင်းက သူ့ထက် နိမ့်သေးတာ တွေ့ခဲ့ရပါတယ်”

“အစ်ကိုရီက ဘာပြောတာလဲ” လင်းဟယ်က ပြောသည် “အစ်ကိုရီပဲ နတ်သမုဒ္ဒရာကမ်းပါးရဲ့လျှို့ဝှက်ချက်ကို နားလည်ခဲ့တာလေ”

“ဒါက ကံကောင်းလို့ပါ။ ကျုပ်တို့က လမ်းစဉ်ကို ဆင်ခြင်တဲ့အခါ သဘောထားမတိုက်ဆိုင်တာ ရှိခဲ့ပေမဲ့ အစ်ကိုလင်းရှောင်က ကျုပ်တို့ လမ်းလွဲတယ်လို့ ပြောတုန်းက အစ်ကိုလင်းရဲ့ ယုံကြည်မှုနဲ့ ဉာဏ်ရည်ဉာဏ်သွေးဟာ အဆင့်အတန်းမြင့်လွန်းလှပါတယ်” ရီဖူရှင်းက ပြုံးလျှက်ပြောသည်။

ရီဖူရှင်း၏စကားကိုကြားလျှင် လင်းဟယ်၏မျက်လုံးများက စူးရှသွားသည်။ ရီဖူရှင်းက သူ့အား လှောင်ပြောင်နေသည်လား။

“မင်းတို့နှစ်ယောက် ငြင်းမနေကြနဲ့တော့” ထိုအခိုက် အင်ပါယာရှီနောက်မှ လူတစ်ယော်က ထွက်လာသည်။ သူက ရီဖူရှင်းကို မေးသည် “ကမ်းပါးလျှို့ဝှက်ချက်ကို နားလည်ခဲ့တာ ငါ့တူလား”

ရီဖူရှင်းက သူ့အား ကြည့်သည်။ ထိုလူကား ထွားကျိုင်းကာ ဆံပင်ရှည်များက သူ့နောက်ကျောအထိ ကျဆင်းနေပြီး အင်ပါယာရှီကဲ့သို့ အငွေ့အသက်များပေးသည်။

ထို့အပြင် ထိုလူသည် အင်ပါယာရှီနှင့်အတူ ရှိနေခြင်းက သူ၏အဆင့်အတန်းကို ကိုယ်စားပြုနေ၏။

“ကျွန်တော် ကံကောင်းသွားတာပါ” ရီဖူရှင်းက ပြောသည်။

“အင်း… မဆိုးဘူး” ထိုလူက ခေါင်းညိတ်သည် “ငါ ကမ်းပါးကို ဆင်ခြင်လေ့လာတုန်းက အဲဒီအမှတ်အသားတွေကို ထားခဲ့တယ်။ တစ်ယောက်ယောက်က အဲဒါကို နားလည်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ မင်းမှာ အကန့်အသတ်မဲ့တဲ့ အလားအလာတွေ ရှိတယ်”

ထိုစကားအရ ထိုလူမှာ မိုးကြိုးကဒ်ဘေးကောင်းကင်အရှင်ဖြစ်ကြောင်း ရီဖူရှင်းက ရိပ်မိလိုက်သည်။

ရီဖူရှင်းက ဦးညွှတ်လိုက်သည် “ကျွန်တော်က စီနီယာဆီက အများကြီးသင်ယူခဲ့ရပါတယ်”

“ဒါက မင်းရဲ့အခွင့်အလမ်းပါပဲ” သူက ရီဖူရှင်းကို ကြည့်ကာ ပြောသည်။ သူက ရီဖူရှင်းအား သဘောကျသွားသည်မှာ သေချာ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset