Switch Mode

အပိုင်း (၁၉၉၈)

ကျော်ကြားသောပုဂ္ဂိုလ်များ

“ရီလျှို့နျန်…” တိုးညင်းသော ခေါ်သံတစ်ခုကို ကြားရသည်။ ခေါ်လိုက်သူကား လင်းဟယ်ဖြစ်သည်။ “ကျုပ်က ဝမ်ရှန့်မျှော်စင်မှာ အစ်ကိုရီရဲ့ပြိုင်စံရှားစွမ်းအားကို ကြားသိခဲ့ရတယ်။ ခင်ဗျားက ယွင်ယန်ကုန်းမြေက တန်ခိုးရှင်တွေသာမက၊ ကြီးမြတ်တဲ့ယန်မင်းသားကိုတောင်မှ အနိုင်ယူခဲ့တယ်။ ကျုပ်က အစ်ကိုရီကိုသာ ကြိုသိခဲ့မယ်ဆိုရင် နတ်ပင်လယ်မှာတုန်းက သေချာပေါက် ကြိုပြီး အရှုံးပေးခဲ့တယ်”

တစ်စုံတစ်ယောက်က လင်းဟယ်အား လျှို့ဝှက်စွာ ကြည့်ကာ သူ၏စိတ်တွင်း၌ ဘာဖြစ်နေသည်ကို တွေးနေသည်။ လင်းဟယ်၏မျက်လုံးများက သဘာဝကျသော အပြုံးနှင့် ချဉ်းကပ်လွယ်သော ခံစားချက်များကို ပေးနေသည်။ သို့သော်လည်း ထိုအဖြစ်က ရီဖူရှင်းအား အလွန်အမင်း မသက်မသာ ဖြစ်စေသည်။

ရှေဟောင်းတော်ဝင် ယန်မိသားစုသည်လည်း ရောက်ရှိနေပြီဖြစ်သည်။ သူတို့ရှိနေစဉ်မှာ လင်းဟယ်က ထိုသို့စကားများကို ပြောနေခြင်းသည် ရီဖူရှင်းကို ချီးကျူးသည်လား၊ ရှေးဟောင်းတော်ဝင် ယန်မိသားစုကို အရှက်ရစေလိုသည်လား။

မှန်သည်၊ ယန်မိသားစုနှင့် ရီဖူရှင်းအကြား ရန်ကြွေးများကြောင့် တစ်ဘက်လူအား အပြစ်လုပ်မိမည်ကို ရီဖူရှင်းက မစိုးရိမ်သော်လည်း လင်းဟယ်၏အပြုအမူကို သူက မကြိုက်ပေ။

တခြားတစ်ယောက်သာ ထိုသို့စကားကိုဆိုပါက သေချာပေါက် စိတ်ရင်းဖြင့် ချီးကျူးခြင်းဖြစ်သော်လည်း လင်းဟယ်က ထိုသို့သော သဘောမရှိသည်မှာ သေချာ၏။

အမှန်တကယ်လည်း လင်းဟယ်ပြောလိုက်သည်နှင့် ဖိအားတစ်ခု ဖြစ်ပေါ်လာသည်။ ယန်မိသားစုမှ လူများ စတင်လျှောက်လာခဲ့၏။ ဦးဆောင်လာသူကား အသက် ၃၅ နှစ်ခန့် အရွယ်ရှိကာ တောက်ပြောင်သော အဝတ်အစားများကို ဝတ်ထားသည်။ သူ့ထံမှ စစ်မှန်သော နဂါး၏အရှိန်အဝါများကို ထုတ်လွှတ်ကာ တော်ဝင်ဆန်သောအငွေ့အသက်များ ရှိနေသည်။ ယန်တုံ့ရန်သည် သူ့ဘေးတွင် ရပ်နေ၏။

“ယန်ဟန်ရှင်း… အဆင့်ကိုးရန်ဟောင်” လီချန်ရှန်းက ရီဖူရှင်းကို စိတ်ဖြင့် ပြောသည်။

လီဟန်ရှင်းကား ယန်မိသားစုမှ မင်းသားများအကြားတွင် အစွမ်းအထက်ဆုံးဖြစ်သည်။ သူ၏ကျင့်ကြံခြင်းသည် ရန်ဟောင်အမြင့်ဆုံးသို့ ရောက်နေပြီဖြစ်သည်။

ယန်ဟန်ရှင်း လျှောက်လာသည်တွင် ချက်ချင်းပင် လူအများက လှမ်းကြည့်ကြသည်။

လင်းဟယ်၏စကားက သေချာပေါက် သွေးထိုးသော စကားများဖြစ်ကြောင်း လူတိုင်းက သိသော်လည်း မည်သူမှ ထုတ်မပြောကြပေ။ ရှေးဟောင်းတော်ဝင်ယန်မိသားစုသည် ထိုသို့သော အရှက်ရမှုကို မည်သည့်နည်းနှင့်မှ သည်းခံမည် မဟုတ်ပေ။

ထိုနေရာမှ လူတိုင်း တိတ်ဆိတ်နေနေသည်။ ယန်ဟန်ချင်းက ရပ်လိုက်သော်လည်း ရီဖူရှင်းအား မကြည့်ပေ။ သူ၏မျက်လုံးများက ကျုံးချန်ထံသို့ ရောက်လာသည်။ ရီဖူရှင်းသည်ကား သူ၏မျက်လုံးထဲတွင် အဆင့်တူသည်ဟု သတ်မှတ်ထားခြင်း မရှိပေ။

“ကျုံးချန်က အဆင့်မြင့်ရန်ဟောင်အဆင့်သို့ တက်သွားပြီလို့ ကြားတယ်။ ဒါကြောင့် ကျုပ်က တုန်းရန်ကို စေလွှတ်ပြီးတော့ ဂုဏ်ပြုစကား ပြောစေခဲ့တယ်။ မင်းက ပြီးပြည့်စုံတဲ့ဝင်ရိုးကို အဆင့်မြင့်ရန်ဟောင်ဖြစ်တဲ့အထိ ထိမ်းထားနိုင်တယ်လို့ ကြားတယ်။ ဂုဏ်ပြုပါတယ်” ယန်ဟန်ရှင်းက ထိုသို့ပြောသော်လည်း သူ့ထံမှ ဖိအားများကတော့ ထွက်ပေါ်နေသည်။

“ကျေးဇူးပဲ…” ကျုံးချန်က ပြုံးလျှက် ပြောသည်။ သူ၏ကျင့်ကြံဆင့်ဖြင့် တစ်ဘက်လူ၏ဖိအားသည် သူ့အား မခြိမ်းခြောက်နိုင်ပေ။

“ပြီးပြည့်စုံတဲ့ အဆင့်ခုနစ်ရန်ဟောင်က အဆင့်ကိုးရန်ဟောင်နဲ့ တန်းတူတယ်လို့ ပြောနိုင်တယ်။ မင်း အဆင့်မြင့်ရန်ဟောင်ဖြစ်လာပြီးနောက် မင်းရဲ့ဖိနှိပ်ခြင်းဝိညာဉ်ဂိတ်က ဘယ်လောက်စွမ်းလာမလဲ ငါသိချင်လိုက်တာ”

ကျုံးချန်က ပြုံးလျှက်ပြောသည် “မင်း နောက်ပိုင်း တွေ့မှာပါ”

“ဆိုးသွမ်းကုန်းမြေကလူ မကြာခင် ရောက်လာလိမ့်မယ်။ မင်းက အဆင့်တက်သွားမှတော့ သူ့ကို အနိုင်ယူနိုင်မလား သိချင်တယ်” ယန်ဟန်ချင်းက ပြောသည်။ သူ၏လေသံက ဝမ်ရှန့်မျှော်စင်မှ လူများကို မသက်မသာ ဖြစ်စေသည်။ သူက ကျုံးချန်အား ဂျူနီယာတစ်ယောက်အလား ဆက်ဆံနေ၏။

ကျင့်ကြံခြင်း၌ အချိန်ကာလ ကွာခြားသော်လည်း ကျုံးချန်ကား သေချာပေါက် အဆင့်မြင့်တန်ခိုးရှင်တစ်ဦး ဖြစ်နေပြီဖြစ်သည်။ အမှန်တကယ်အားဖြင့် ကျုံးချန်တွင် ယန်ဟန်ရှင်းထက် အလားအလာ ပိုကောင်းသေးပေသည်။

“မင်းက ဆိုးသွမ်းကုန်းမြေက လူနဲ့ ဘာလို့ ကိုယ်တိုင် သွားမတိုက်တာလဲ” လီချန်ရှန်းက ဘေးမှနေ၍ မေးသည်။

ကျုံးချန်ကလည်း ပြုံးသည်။ သူကလည်း ထိုသို့ တွေးနေသည်။

“ဘယ်သူသိချင်လို့လဲ။ ဘာလို့ တစ်ခါတည်း မစမ်းကြည့်တာလဲ” ထိုစဉ် အဝေးမှ အားကောင်းသော အသံတစ်သံကို ကြားရသည်။ လူအများက လှမ်းကြည့်လျှင် လိပ်တောင်ကုန်းမှ လူတစ်ဦး ဆင်းသက်လာသည်ကို တွေ့ရ၏။ သူ့ထံမှ ကြီးမားသော ဖိအားများ ထုတ်လွှတ်နေသည်။

ပျက်စီးခြင်းနတ်ဘုရားနန်းတော်မှ တန်ခိုးရှင်များ ရောက်လာခြင်းဖြစ်သည်။ သူတို့သည် အနောက်ဘက် ဆိုးသွမ်းကုန်းမြေ(ဝါ)ပျက်စီးခြင်းကုန်းမြေမှ လာကြခြင်းဖြစ်သည်။

လူအများအပြားက ဆိုးသွမ်းကုန်းမြေမှ တန်ခိုးရှင်အား လှမ်းကြည့်ကြသည်။

မည်သူမှ သူ၏နာမည်ကို မသိပေ။ သူ့အား လက်ရှိမျိုးဆက်မှ လူများက ‘ပျက်စီးခြင်း’ ဟုသာ သိထားကြသည်။ သူသည် ပျက်စီးခြင်းနတ်ဘုရားနန်းတော်၏ဆက်ခံသူဖြစ်၏။

ပျက်စီးခြင်းနတ်ဘုရားနန်းတော်သခင်အား ပျက်စီးခြင်းနတ်ဘုရား၏ခေါ်ကြသည်။ ယခု သူ၏ဆက်ခံသူမှာ ‘ပျက်စီးခြင်း’ဟု လူသိများသည်။

ပျက်စီးခြင်းနတ်ဘုရားနန်းတော်၏ဇစ်မြစ်မှာ နတ်ဘုရားများထံမှ ဆင်းသက်လာသည်ဟု ဒဏ္ဌာရီများက ဆိုသည်။

‘ပျက်စီးခြင်း’ က ယန်ဟန်ရှင်းကို မေးသည် “မင်း စမ်းကြည့်ချင်လား”

သူ၏စကားကိုကြားလျှင် လူအများအပြားက စိတ်ဝင်တစား လှမ်းကြည့်ကြသည်။

ယခု ကုန်းမြေသခင်အိမ်တော်မှ လူသာလျှင် ကျန်တော့သည်ဟု လူအများက တွေးကြသည်။

တုန်းဟွာကုန်းမြေတွင် လက်ရှိမျိုးဆက်၏အကျော်ကြားဆုံးလူသုံးဦးတွင် ကုန်းမြေသခင်အိမ်တော်မှ လူသည်လည်း တစ်ယောက်အပါအဝင်ဖြစ်သည်။ နောက်နှစ်ယောက်မှာ တစ်ဦးသည် ပျက်စီးခြင်းနတ်ဘုရားနန်းတော်မှ ‘ပျက်စီးခြင်း’ ဖြစ်သည်။

နောက်တစ်ယောက်သည်ကား မြူခိုးဝေနတ်နန်းတော်မှ ဓားနတ်မိမယ်ကျန်းယွဲ့လီဖြစ်သည်။

ယခု ကျုံးချန်သည် ထိုအဆင့်ထဲသို့ ဝင်ရောက်လာသော စတုတ္ထမြောက်လူဖြစ်၏။

ထိုလူများ စုစည်းလာခြင်းက သေချာပေါက် စိတ်ဝင်စားစရာ ကောင်းပေတော့သည်။

လူတိုင်းက ယန်ဟန်ရှင်းအား ကြည့်နေကြကာ သူ မည်သို့ တုံ့ပြန်မည်ကို သိလိုနေကြသည်။

ယန်ဟန်ရှင်းက ‘ပျက်စီးခြင်း’ကို ကြည့်သည်။ တစ်ဘက်လူသည် ပြီးပြည့်စုံသော နတ်ဝင်ရိုးရှိသော်လည်း သူကား အဆင့်ကိုးရန်ဟောင်တစ်ပါးဖြစ်သည်။ သူက ပြောသည် ‘မင်းက ဂျူနီယာပဲရှိသေးတယ်။ မင်း ရန်ဟောင်အဆင့်ရှစ်ကို ရောက်ရင်တော့ အခွင့်အရေးရှိနိုင်တယ်”

သူသည်လည်း အဆင့်မြင့်ရန်ဟောင်သို့ မရောက်မှီက ပြီးပြည့်စုံသော ဝင်ရိုးပိုင်ရှင်ဖြစ်သည်။ ထို့ကြောင့် သူ့စွမ်းရည်ကိုလည်း အထင်သေး၍ မရပေ။

“မင်းက ငါ့ကို တိုက်ခိုက်မယ်လို့ ထင်ခဲ့တာ” ‘ပျက်စီးခြင်း’က မခိုးမခန့်ပြောသည်။ သူ၏လေသံထဲတွင် ယန်ဟန်ရှင်းအား အထင်သေးသော အငွေ့အသက်များ ရှိနေသည်။ သူ၏မျက်လုံးထဲတွင် ယန်ဟန်ရှင်းသည် ယန်မိသားစုမှ ဖြစ်သော်လည်း သူ၏အာရုံကို မဖမ်းစားနိုင်ပေ။

သူအလေးထားသောသူကား သူကဲ့သို့ ပြီးပြည့်စုံသော ဝင်ရိုးပိုင်ရှင်များသာဖြစ်သည်။

‘ပျက်စီးခြင်း’က ကျုံးချန်အား ပြိုင်ဘက်တစ်ယောက်ကို ကြည့်သည့် အကြည့်ဖြင့် ကြည့်သည်။

ကျုံးချန်အပြင် သူက ကျန်းယွဲ့လီကိုလည်း ယှဉ်ပြိုင်လို၏။ သူမသည် အဆင့်ရှစ်ရန်ဟောင်သို့ တက်လှမ်းသွားပြီးဖြစ်ကာ ယခင်ကထက် များစွာ စွမ်းအားကြီးလာသည်။

ထိုအခိုက်တွင် ကောင်းကင်မှ ဖိအားများ ပိုမိုကြီးမားလာသည်။ တိမ်များ လှုပ်ရှားကြကာ အင်ပါယာရှီသည် တန်ခိုးရှင်တချို့ဖြင့် ထွက်ပေါ်လာကာ လူအများကို ပြောသည် “ထိပ်သီးအင်အားစုက လူတွေအားလုံးကို ကြိုဆိုပါတယ်။ အနားယူဖို့အတွက် အတွင်းစက်ဝန်းထဲမှာပဲ နေကြပါ”

သူ ဆိုလိုသည်ကို လူတိုင်းက နားလည်ကြသည်။ ကြည့်ရသည်မှာ အင်ပါယာချီသည် သူ၏ကပ်ဘေး ရောက်လာတော့မည်ကို သိနေဟန်ရသည်။ ထို့ကြောင့် တန်ခိုးရှင်များအား ဖိတ်ကြားခြင်းဖြစ်သည်။

အင်ပါယာရှီကား လူတိုင်းကို စောင့်ကြည့်ခွင့်ပေးကာ သူ၏သနားကြင်နာမှုအား လူတိုင်းကို ပြသပေးနေသည်။ လူတိုင်း ဝင်ရောက်ရန်မူကား ထိုလူများအားလုံးအတွက် နေရာ လောက်ငှမည် မဟုတ်ပေ။

“ကျေးဇူးပါ အင်ပါယာရှီ…” လူအများအပြားက ပြန်ပြောကြသည်။ ထို့နောက် သူတို့အားလုံးက ထွက်ပေါလာသူများထံသို့ လျှောက်သွားကြသည်။ လတ်တလော ပဋိပက္ခမှာလည်း ပျောက်ကွယ်သွား၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset