Switch Mode

Chapter 13

ကျွန်တော် ခင်ဗျားကို နားလည်မှုလွဲခဲ့တယ်

မယုံနိုင်စရာပဲ!

ဖန့်ယင်း ဒီလောက် ဉာဏ်ရည်ထက်မြက်သည့်သူမျိုး တစ်ခါမှ မမြင်ခဲ့ဖူးပေ။

မာတိကာကို မှတ်မိနိုင်သည့် ဉာဏ်ရည်ရှိသောသူပင် စာလုံးတစ်လုံးချင်းစီတိုင်း၏ တည်နေရာကို အတိအကျ မှတ်မိနိုင်မည် မဟုတ်ပေ။

သို့သော် ယဲ့ဖန်ကတော့ မှတ်မိနေသည် မဟုတ်ပါလား။ ယဲ့ဖန် ထူးဆန်းနေသည်ကို ဖန့်ယင်း ရုတ်တရက် သတိရလိုက်သည်။

အရင်တုန်းက ယဲ့ဖန်သည် ကြောက်ရွံ့တတ်ကာ သိမ်ငယ်တတ်ပြီး ကျောင်းသားများ၏ အလှောင်ခံ ဖြစ်ခဲ့သည်။ ယခုတော့ သူက ရွှတ်နောက်နောက်နှင့် ထူးဆန်းလာသည်။

ဖန့်ယင်းအမြင်တွင်တော့ ယဲ့ဖန်သည် တစ်ခုခုကို ဖုံးကွယ်ထားသည့်ဟန် ရှိပြီး ထိုအရာကပင် သူ့ကို ထူးဆန်းသည့်အသွင် ဖြစ်အောင် ပြုလုပ်ပေးနေသလိုပင်။

“ယဲ့ဖန် နင်… နင် ဘယ်လိုလုပ်လိုက်တာလဲ?”

ဖန့်ယင်း ယဲ့ဖန်အား စိုက်ကြည့်ကာ သိချင်စိတ်ဖြင့် မေးလိုက်သည်။ သူမ မေးလိုက်သည့် စကားကို ကြားပြီး ယဲ့ဖန် တစ်ခဏမျှ ကြောင်သွားသည်။ ထို့နောက် သူ့ခေါင်းသူ ကုတ်ကာ အူကြောင်ကြောင် ဖြစ်နေသောရုပ်နှင့် ပြန်ပြောလိုက်သည်။

“ကျွန်တော် ဖတ်ကြည့်လိုက်တယ်လေ ပြီးတော့ ကျွန်တော် မှတ်မိသွားတာပဲ။ ဘာဖြစ်လို့လဲ။ ဘာပြဿနာ ရှိလို့လဲဗျ။”

**ဘာဖြစ်လို့လဲ**

သာမန်ကာလျှံကာ ပြောလိုက်သော စကားကြောင့် ဖန့်ယင်း မေ့လဲမတတ် ဖြစ်သွားရသည်။

**ဘာပြဿနာ ရှိလို့လဲ ဟုတ်လား**

**ပြဿနာ အကြီးကြီး ရှိတာပေါ့ဟဲ့**

**တစ်ခြားကျောင်းသားတွေဆို တစ်လလောက် ဖွတ်ဖွတ်ညက်ညက်ကြေအောင် လေ့လာပြီးမှ မှတ်မိမှာကို ဒီကောင်က မြင်ရုံနဲ့ မှတ်မိသွားတယ်။ ဒါ မယုံနိုင်စရာပဲ။ သူသာ စာအုပ်တိုင်းကို ခဏဖတ်ရုံနဲ့ မှတ်မိမယ်ဆိုရင် သူ ဘာသာတိုင်း အမှတ် (၁၀၀) ရနေတော့မှာပဲ**

တစ်ခြားကျောင်းသားများနှင့် ယဲ့ဖန်အား နှိုင်းယှဉ်မိကာ ဖန့်ယင်း တစ်ခြားကျောင်းသားများကို သနားမိသွားသည်။

**နှာဘူးနဲ့ ဆုံမိတာက ကြောက်စရာ မကောင်းဘူး ဘာက ပိုကြောက်ဖို့ကောင်းတာလဲ ဆိုတော့ အဲ့နှာဘူးက ဉာဏ်ကောင်းနေတာပဲ**

**ယဲ့ဖန်က သေချာပေါက် ဉာဏ်ကောင်းတဲ့နှာဘူး ဖြစ်ရမယ်**

**သူ့ရဲ့ တစ်မူထူးခြားတဲ့ မှတ်ဉာဏ်နဲ့ဆို သူက ငါ့အတန်းထဲက နောက်ထပ်ပါရမီရှင်တစ်ယောက် ဖြစ်လာမှာပဲ။ အနာဂတ်မှာ သူသာ ထိပ်တန်းတက္ကသိုလ်ကိုသာ ဝင်ခွင့်ရမယ်ဆိုရင် သူ့ဆရာမဖြစ်တဲ့ ငါက ဂုဏ်တက်လာမှာပဲ**

ဖန့်ယင်းက ယဲ့ဖန်အား ရှားပါးရတနာတစ်ပါးကို ကြည့်နေသည့်အလား တောက်ပသောမျက်လုံးများဖြင့် ကြည့်နေသည်။

ထိုအချိန်တွင် ဖန့်ယင်း ဘာကို တွေးနေသည်မှန်း ယဲ့ဖန် မသိပေ။ သူသည် ဖန့်ယင်း၏ တင်ပါးအား ခိုးကြည့်လိုက်ပြီး ပြုံး၍ ပြောလိုက်သည်။

“ဆရာမဖန့် တကယ်တော့ ကျွန်တော့်မှာ ဆရာမကို ပြောစရာတစ်ခု ရှိသေးတယ်ဗျ။ ခုနက ဆရာမကို ကိုက်ခဲ့တဲ့ခြင်က ရှားပါးတဲ့ နတ်ဆိုးခြင်ဗျ။ အဲ့ကောင် ကိုက်တာ ခံလိုက်ရတဲ့သူက ခဏလောက်တော့ ဘာမှခံစားရမှာမဟုတ်ဘူး။ ဒါပေမယ့် နည်းနည်းလောက် ကြာလာတာနဲ့ အကိုက်ခံရတဲ့သူက ယားယံလာပြီး ခန္ဓာကိုယ် တောင့်တင်းလာမယ်။ သူ့ရဲ့အဆိပ်က လူတစ်ယောက်ရဲ့ အဓိက သွေးကြောစနစ်ကို သေစေပြီး စိတ်ချောက်ချားစေတယ် ဒါမှမဟုတ် သေစေနိုင်တဲ့အထိ ဖြစ်စေတယ်။”
**ဘာ**

*နတ်ဆိုးခြင်*

ဖန့်ယင်း ကြက်သေ သေသွားသည်။ သူမ ထိုကဲ့သို့သော ခြင်အမျိုးအစားအကြောင်း တစ်ခါမှ မကြားဖူးပေ။ ယဲ့ဖန် ပေါက်ကရပြောနေသည်ဟု သူမ တွေးမိကာ မျက်မှောင်ကြုတ်မိသွားသည်။

ထိုအချိန်မှာပင် ဖန့်ယင်း သူမတင်ပါးမှ စပ်ဖျဉ်းဖျဉ်းဖြစ်သလို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး တုန်ယင်သွားသည်။

“အား….”

ဖန့်ယင်း ပြုတ်ကျမလို ဖြစ်သွားသည်။ ထိုသည်သာမကသေး ပုရွက်ဆိတ်တွေ သူမတင်ပါးပေါ် ပြေးနေသလိုမျိုး ခံစားရပြီး သူမ ယားယံလာသည်။

ခဏလေးအတွင်းမှာပင် သူမ ထုံကျဉ်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူမတင်ပါးမှ ဘာမှမခံစားရတော့သလို ဖြစ်သွားသည်။

**ဘုရားရေ…. ဒါ မှန်နေတာပဲ**

သေးငယ်သောခြင်လေးတစ်ကောင်က ဒီလောက် အဆိပ်ပြင်းလိမ့်မည်ဟု ဖန့်ယင်း ထင်မထားခဲ့မိပေ။ စက္ကန့်ပိုင်းအတွင်းမှာပင် သူမမျက်နှာ ဖြူဖတ်ဖြူလျော် ဖြစ်လာသည်။

သို့သော် ယဲ့ဖန်သည် ဖန့်ယင်း၏ ပုံမှန်မဟုတ်သောမျက်နှာကို သတိမထားမိသည့်ဟန်ဖြင့် လက်ချိုးရေကာ တစ်ခုခုကို ဇဝေဇဝါဖြင့် ခပ်တိုးတိုး ပြောနေသည်။

“နတ်ဆိုးခြင်ရဲ့အဆိပ်က အကိုက်ခံရပြီး ၁၅ မိနစ်လောက် ကြာတာနဲ့ အစွမ်းပြနေပြီ…အာ? ဆရာမ အခုထိ အဆင်ပြေနေသေးတာလား?”

**သေလိုက်ပါလား**

ယဲ့ဖန်စကားကို ကြားပြီး ဖန့်ယင်း သွေးအန်မတတ် ဖြစ်သွားသည်။

**ဒီလို အစွမ်းပြမယ်ဆိုတာ သူ အစောကြီးကတည်းက သိနေတာပဲ။ သိနေရဲ့သားနဲ့ ဘာလို့ ကြိုမပြောပဲ အခုမှ လာပြောရတာလဲဟဲ့။ ခွေးသူတောင်းစားရဲ့**

ဖန့်ယင်း သူ့အား အရမ်းဒေါသထွက်နေသည်။

**နင်သာ ကြိုပြောရင် ငါ ဆေးရုံကို သွားရင်သွား မဟုတ်ရင်လည်း ဆေးရုံကားခေါ်မှာပေါ့ဟဲ့။ အခုတော့ အဆိပ်က အစွမ်းပြနေပြီလေ မသာရဲ့**

သူမတင်ပါးမှ ထုံကျဉ်မှုသည် ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့လာသည်ကို ခံစားလိုက်မိသောအခါ သူမ စိုးရိမ်ပူပန်လာသည်။

**ငါတော့ သေပါပြီ ဒီသကောင့်သားကြောင့် ငါ သေရတော့မယ်**

“ယဲ့ဖန်…. နင်!”

ဖန့်ယင်း အရမ်းဒေါသထွက်ကာ ယဲ့ဖန်အား ကျိန်ဆဲမိမတတ် ဖြစ်သွားသည်။ ဖန့်ယင်း သူ့အား အော်လိုက်မှသာ ယဲ့ဖန် တစ်ခုခုဖြစ်နေမှန်း သိလိုက်ရသည်။ ထို့နောက် သူက ပြုံး၍

“အိုး… ဆရာမဖန့် အဆိပ်က အစွမ်းပြနေမှန်း ကျွန်တော် မသိလိုက်ဘူး။ ဘာလို့ ခုနကတည်းက ကျွန်တော့်ကို မပြောတာလဲ”

ဖန့်ယင်း ဆွံ့အသွားရသည်။

**ဘာလို့ ငါက ခုနကတည်းက မပြောတာလဲ ဟုတ်လား? ငါ အခုပြောနေတယ်လေဟဲ့ အကောင်ရဲ့**

ဖန့်ယင်း ငိုချင်လာသည်။ သို့သော် သူမ မျှော်လင့်ချက် မဲ့နေသည့်အချိန်တွင် ယဲ့ဖန်သည် ရှေ့သို့တိုးလာကာ သူမကို ဖက်၍ စားပွဲပေါ်သို့ ဆွဲလှဲချလိုက်သည်။

“နင်… နင် ဘာလုပ်တာလဲ”

ဖန့်ယင်း သူ့အား ရှက်လည်းရှက် ဒေါသလည်းထွက်နေသည့် အသံဖြင့် မေးလိုက်သည်။ စားပွဲပေါ်သို့ ဆွဲလှဲခံလိုက်ရသည့်အတွက် သူမ၏ နောက်ပိုင်းအလှက ထင်းခနဲ ပေါ်လွင်နေသောကြောင့် သူမမျက်နှာလေး နီရဲနေသည်။ ယဲ့ဖန် ဤကဲ့သို့ လုပ်ရဲလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

**သူ…သူ ငါ အားနည်းနေတာကို အခွင့်ကောင်းယူပြီး ငါ့ကို လိင်ပိုင်းဆိုင်ရာ စော်ကားမလို့လား*

ဖန့်ယင်း ထိတ်လန့်တုန်လှုပ်ကာ တုန်ယင်လာသည်။

“ယဲ့ဖန်! ရပ်…ရပ်လိုက်”

သူမ အားကုန်ရုန်းကန်ရင်း သူမ၏ လှပသောမျက်လုံးလေးများ မျက်ရည်များ စီးကျလာသည်။ သို့သော် ယဲ့ဖန်သည် သူမအား လျစ်လျူရှုကာ အပြုံးလေးနှင့် ပြောလိုက်သည်။

“ဆရာမဖန့် ကျေးဇူးပြုပြီး ခဏလေး သည်းခံပေးပါ၊ သိပ်မများပါဘူး အကြိမ်ရေ နည်းနည်းလောက်ပါပဲ။”

*ဘာ*

သူမကို ဒီကောင် စော်ကားမော်ကားပြုမူတော့မည်ကို ဖန့်ယင်း သေချာပေါက် နားလည်လိုက်သည်။ သူမ၏ ရုံးခန်းအတွင်းမှာပဲ သူမကျောင်းသား၏ စော်ကားခြင်း ခံရတော့မည့်အဖြစ်ကို တွေးမိပြီး ဖန့်ယင်း အလွန်အမင်း ဝမ်းနည်းလာသည်။

ဖြန်း!

သူမတင်ပါးမှ ဆစ်ခနဲ ခံစားလိုက်ရသည်။

…..

ယဲ့ဖန်က သူမအား စော်ကားခြင်း မဟုတ်ဘဲ သူမတင်ပါးကိုသာ ရိုက်လိုက်သည်ကို သိလိုက်ရသောအခါ သူမ ကြက်သေ သေသွားရသည်။

“နင်…”

ဖန့်ယင်း တစ်ခုခုပြောရန် ဟန်ပြင်လိုက်သည့်အခိုက်မှာပဲ ရှင်းလင်းကျယ်လောင်သော အသံများအား ဆက်တိုက် ကြားလိုက်ရသည်။

ဖြန်း! ဖြန်း! ဖြန်း!

အကြိမ်ရေ အနည်းငယ်မျှ အရိုက်ခံလိုက်ရပြီးနောက် ဖန့်ယင်း သူမတင်ပါး အလွန်အမင်း နာကျင်နေသည်ကို ခံစားလိုက်ရသည်။ သို့သော် ထူးဆန်းစွာပင် သူမ ထုံကျဉ်၍ ယားယံမှုတို့ကို ထပ်၍မခံစားရတော့ပေ။ ယဲ့ဖန်၏ လက်တွင် ထူးဆန်းသော မှော်စွမ်းအားများ ရှိနေသည်ဟု သူမ ထင်လိုက်မိသည်။

“သူ… သူ ငါ့ကို ကုပေးနေတာလား?”

ဖန့်ယင်း၏မျက်နှာတွင် မယုံကြည်နိုင်သော အမူအရာမျိုး ပေါ်ပေါက်လာသည်။

**ဒီအကြောင်းကလွဲပြီး ငါ့တင်ပါးက ဘာလို့ ထုံမနေတော့တာလဲဆိုတာကို ငါ မသိတော့ဘူး**

ဖန့်ယင်း တွေဝေနေစဉ်မှာပဲ ယဲ့ဖန် ရိုက်နေရာမှ ရပ်သွားသည်။ ထို့နောက် သူ့နဖူးမှ ချွေးကို သုတ်လိုက်ပြီး “ဟူး… ဆရာမဖန့် အခု အဆင်ပြေသွားပြီ၊ ဆရာမကိုယ်ထဲက အဆိပ်ကို ထုတ်ပြီးသွားပြီ”

*ဟင်… သူ တကယ် ကုပေးတာလား*

ယဲ့ဖန် သူ ဘာလုပ်နေသည်ကို ထုတ်မပြောခင်အထိ ဖန့်ယင်း သူ့အပြုအမူကို နားမလည်ခဲ့ပေ။

**ငါ သူ့ကို တကယ် အထင်လွဲခဲ့မိတာပဲ။ သူ ငါ့ကို စော်ကားဖို့ ကြံစည်တာ မဟုတ်ဘဲ အဆိပ်ဖြေပေးဖို့ လုပ်နေတာကိုး။ ဒါပေမယ့် ဒီလိုနည်းလမ်းမျိုး ရှိတယ်လို့ ငါ မကြားဖူးပါဘူး**

“ကျေး… ကျေးဇူးတင်ပါတယ် ယဲ့ဖန်”

ထိုစကား ပြောနေသည့်အချိန်တွင် ဖန့်ယင်း မျက်နှာလေး နီရဲတွတ်နေသည်။ ဘာကြောင့်ပဲဖြစ်ဖြစ် သူမကျောင်းသားမှ သူမ၏တင်ပါးကို ရိုက်လိုက်ခြင်း ဖြစ်သည့်အတွက် သူမ ရှက်နေသည်။

ဖန့်ယင်း၏ ရှက်နေသောမျက်နှာလေးကို ကြည့်ပြီး ယဲ့ဖန် စိတ်လှုပ်ရှားသွားသည်။ ထို့နောက် သူ့ခေါင်းသူ ကုတ်ကာ ပြုံး၍ ပြောလိုက်သည်။

“ကိစ္စမရှိပါဘူး ဆရာမဖန့် …. ဆရာမ ကျွန်တော့်အကူအညီလိုရင် ပြောသာပြောပါ။ ကျွန်တော် ကူညီပါ့မယ်၊ ဥပမာ ကလေးတွေကို ရိုက်တာတို့၊ တစ်ယောက်ယောက်ကို ကျိန်ဆဲတာတို့၊ မင်္ဂလာခန်းမထဲ အတူတူဝင်တာမျိုးတို့ပေါ့”

…..

ယဲ့ဖန်စကားကို ကြားပြီး ဖန့်ယင်း အံကို ကြိတ်မိကာ နဖူးတွင် ချွေးများ စို့တက်လာသည်။

**သူတောင်းစား**

ယဲ့ဖန်သည် သူမအကြည့်အား မသိကျိုးကျွန်ပြုကာ သူမအား လေးနက်စွာကြည့်၍ ပြောလိုက်သည်။

“ဆရာမဖန့် ကျွန်တော် ဆရာမကို တောင်းပန်ပါရစေ။ အစောပိုင်းတုန်းက ကျွန်တော် ဆရာမကို နားလည်မှုလွဲခဲ့မိတယ်”

ဟင်?

ယဲ့ဖန်၏ အပြုအမူ ရုတ်တရက် ပြောင်းလဲသွားသည့်အတွက် ဖန့်ယင်း မှင်တက်မိသွားသည်။ ထို့ကြောင့် သူမသည်လည်း တည်ငြိမ်လာကာ သူ့အား သိချင်စိတ်ဖြင့် မေးလိုက်သည်။

“နင်က ငါ့ကို နားလည်မှုလွဲတယ်?”

“အဟမ်း…အဟမ်း …”

ယဲ့ဖန် ပြုံး၍ ဆက်ပြောသည်။

“အစောပိုင်းတုန်းက ကျွန်တော် ဆရာမတင်ပါးကို ပြားတယ်လို့ ပြောခဲ့မိတယ်။ ဒါ ကျွန်တော့်အမှားပါ၊ တကယ်တော့ ဆရာမတင်ပါးက တော်တော်လေး ခံစားလို့ကောင်းတယ်ဗျ”

*သေစမ်း*

ဖန့်ယင်း ချက်ချင်း အသိစိတ်လွတ်သွားရသည်။

“ယဲ့ဖန်… နင် သေပေတော့…”

“အား…အား…အား”

Comment

Leave a Reply

Options

not work with dark mode
Reset