Switch Mode

Chapter 12

သူက လူမဟုတ်ဘူး

“လူဆိုးကောင်!”

ရုံးခန်းအတွင်းတွင် ဖန့်ယင်း ရှက်သွေးဖြာကာ ဒေါသလည်း ထွက်နေ၏။

ကျောင်း၏ နတ်ဘုရားမလေး အဖြစ် သတ်မှတ်ခြင်း ခံထားရသော်လည်း ဖန့်ယင်းသည် မည်သူနှင့်မှ ချစ်ရေးချစ်ရာ ကိစ္စ ပတ်သက်မှုမရှိပေ။ သူမ မည်သည့် သူစိမ်းယောကျ်ားနှင့်မှ ထိတွေ့မှု မရှိခဲ့ပေ။

သူမကို ရုပ်ပိုင်းဆိုင်ရာ ထိတွေ့လည့်သူက သူမ၏ ကျောင်းသား ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့သည့်အပြင် သူမတင်ပါးအား လူမြင်ကွင်း၌ ရိုက်လိုက်လိမ့်မည်ဟုလည်း ထင်မထားခဲ့ပေ။

တင်ပါးမှ စူးခနဲ နာကျင်သွားရပြီး ဖန့်ယင်း၏ မျက်နှာလှလှလေးသည် ပို၍ နီရဲလာကာ မြေကြီးထဲ ပြေးဝင်ပုန်းချင်စိတ် ဖြစ်လာရသည်။

“ဒါပေမယ့် သူ ဘယ်လိုလုပ်ပြီး ငါ့သွေးအမျိုးအစားကို သိနေတာလဲ?”

ဖန့်ယင်း မျက်မှောင်ကြုတ်မိသွားသည်။ သူမှ သွေးအမျိုးအစားကို လူ အနည်းငယ်သာ သိပြီး သူမ မည်သူ့ကိုမျှ ထုတ်မပြောဖူးခဲ့ပင်မယ့် ယဲ့ဖန်က လူကြားထဲ ထုတ်ပြောလိုက်သည်။

“ပြီးတော့ အဲ့ကောင်က ၁၁နာရီ ၅မိနစ်ဆို ငါ ဓမ္မတာ လာမယ်ဆိုပဲ အဓိပ္ပာယ်မရှိလိုက်တာ”

ဖန့်ယင်း လှောင်ပြုံး ပြုံးမိသွားသည်။

သူမ၏ ဓမ္မတာသည် လစဥ် မှန်ကန်သည်။ ဒီလက နောက်သုံးရက်နေမှ လာမှာ ဖြစ်သည်။

“ယဲ့ဖန် ငါ့ရဲ့ ဓမ္မတာကိစ္စကို အတိအကျ ပြောနေတာ မဖြစ်နိုင်ဘူး”

ဖန့်ယင်း သူပြောတာကို မယုံပေ။ သူမမျက်လုံးထဲတွင် သူသည် ရမ်းသမ်း၍ လျှောက်ပြောနေသည်ဟု မြင်မိသည်။

“ဟွန့်… ကောင်စုတ် တွေ့ကြသေးတာပေါ့…”

ဖန့်ယင်း ဒေါသတကြီး အံကြိတ်လိုက်မိသည်။ ထိုအချိန်တွင် သူမကိုယ်လေး တုန်ယင်သွားသည်။ သူမ ဆတ်ခနဲ ဖြစ်သွားကာ မျက်နှာ နီရဲလာသည်။

“လာ…လာနေတာလား … ဟင် …”

သူမ မျက်လုံး အပြူးသားနှင့် သူမ ဓမ္မတာလာတာကို မယုံနိုင်ဖြစ်နေသည်။

“မယုံနိုင်စရာပဲ”

ဖန့်ယင်း အလန့်တကြားနှင့် နာရီ ကြည်လိုက်သောအခါ ၁၁နာရီ ၅မိနစ် ဖြစ်နေသည်။ ချက်ချင်းပင် ဖန့်ယင်း မှင်တက်မိသွားသည်။

“မဖြစ်နိုင်လိုက်တာ ဘယ်လိုဖြစ်ပြီး ၃ရက် စောနေရတာလဲ ဟိုကောင်ကရော ဘယ်လိုလုပ်ပြီး သိနေတာလဲ”

မည်သည့်ပစ္စည်းကမှ တစ်စုံတစ်ယောက်၏ လစဥ်ကိစ္စကို မှန်ကန်စွာ မပြောနိုင်ပေ။ ဒါကို ယဲ့ဖန်က ဘယ်လိုလုပ်ပြီး သိနေရတာပါလိမ့်။

လစဥ်ကိစ္စ ဖြစ်နေသည်ကို ခံစားမိပြီး ဖန့်ယင်းတစ်ယောက် သူမဗီရိုထဲ အသည်းအသန် ရှာဖွေတော့သည်။

သူမ လစဥ်သုံး ပစ္စည်းကို ရှာတွေ့တော့မှ စိတ်သက်သာရာ ရသွားသည်။

“မသုံးရသေးလို့ တော်သေးတာပေါ့ မဟုတ်ရင် ငါတော့ ဒုက္ခရောက်ပြီ”

ရုံးခန်းကို ဝေ့ကြည့်ရင်း အတန်းတွေ ပြီးရင် အချိန်အနည်းငယ် လိုသေးသည်ကို ဖန့်ယင်း သိလိုက်သည်။ ထို့ကြောင့် အခုအချိန်အတွင်း ဘယ်သူမှ ရုံးခန်းထဲ ဝင်လာမည်မဟုတ်ပေ။

“သန့်စင်ခန်းက နည်းနည်းလှမ်းတယ် အဲ့ကို ရောက်ရင် ငါ့စကပ်မှာ ပေနေလောက်ပြီ ငါ ဒီမှာပဲ လဲလိုက်တော့မယ်”

ဖန့်ယင်း ရုံးခန်းတံခါးအား အထဲမှ သော့ခတ်လိုက်သည်။ ထို့နောက် အခန်းထောင့်သို့ သွား အမျိုးသမီးသုံး လစဥ်ပစ္စည်းအား လဲလှယ်လိုက်ပြီး စိတ်သက်သာရားသွားသည့်ဟန်ဖြင့် သက်ပြင်းချလိုက်သည်။

ထိုစဉ် အသံတစ်သံ ထွက်ပေါ်လာသောကြောင့် ဖန့်ယင်း ဖင်ထိုင်ရက်သား လဲကျသွားသည်။

“ဆရာမဖန့် ကူဖို့လိုသေးလား”

ရုတ်တရက် ထွက်လာသောအသံမို့ သူမ မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားလိုက်ရသည်။

သူမ လှည့်ကြည့်လိုက်သောအခါ အရပ်ရှည်ရှည်နှင့် ပိန်ပိန်ပါးပါး ကောင်လေးတစ်ယောက်က သူမဘေး၌ ရပ်နေသည်။ချောမောသောအသွင်နှင့် သူသည် ထူးဆန်းသော အပြုံးမျိုး ခပ်ရဲ့ရဲ့ပြုံးနေသည်။

“ယဲ့ဖန် …. နင် နင် ဘယ်တုန်းက ဝင်လာတာလဲ”

သူမ တံခါးကို အထဲမှ သော့ခတ်လိုက်သည်ကို သေသေချာချာ မှတ်မိပါသည်။

 **ဒီကောင် ဘယ်လို ဝင်လာတာလဲ**

သူ့မျက်နှာကို ကြည့်ခြင်းအားဖြင့် သူ ဒီကို ရောက်နေသည်မှာ အတန်ကြာနေသည့်ပုံပင်၊ သို့သော် သူမ သူ့ကို လုံးဝ သတိမထားမိခဲ့။

**မ..မဖြစ်နိုင်ဘူး**

“ဒီအတိုင်း လမ်းလျှောက်ပြီး ဝင်လာတာပဲလေ”

ယဲ့ဖန် ပခုံးတွန့်ကာ ရွှတ်နောက်နောက် ပုံဖြင့် ပြောလိုက်သည်။

“ဆရာမဖန့် ကျွန်တော် လစဥ်သုံးပစ္စည်း လဲပေးတဲ့ နေရာမှာ ကျွမ်းကျင်တယ်နော် နှစ်နှစ်ဆယ်လောက် ရှိပြီ၊ သေးသေး ကြီးကြီး နေ့ဘက်ဖြစ်ဖြစ် ညဘက်ဖြစ်ဖြစ်၊ ခင်ဗျား တွေးထားတဲ့ ပစ္စည်းပုံစံမျိုး ကျွန်တော် ပြောင်းပေးနိုင်တယ်၊ ခင်ဗျား စမ်းကြည့်မလား”

ထိုသို့ပြောပြီး ယဲ့ဖန်က ဖန့်ယင်းအား စနောက်ကာ မျက်စိတစ်ဘက် မှိတ်ပြလိုက်သည်။

ယဲ့ဖန်စကားကြောင့် ဖန့်ယင်း သတိလစ်မတတ် ဖြစ်သွားရသည်။

**ငတုံးကောင်**

**ဒီငတုံး အကုန်မြင်သွားတဲ့ပုံပဲ**

သူမ၏ ဓမ္မတာအချိန်ကိုပါ သိနေသည့်အပြင် သူမ လဲလှယ်နေသည်ကိုပါ သူ မြင်လိုက်သည်ကို သတိထားလိုက်မိပြီး ဖန့်ယင်း အသက်ရှူမဝ ဖြစ်လာကာ သွေးအန်မတတ် ဖြစ်လာသည်။

“လဲမယ် … နင့်စောက်ခေါင်းကိုပဲ လဲလိုက်ပါလား”

ဖန့်ယင်း မျက်နှာကြီး နီမြန်းတာ ဆဲဆိုလိုက်သည်။

ယဲ့ဖန် ပခုံးတွန့်ကာ ပြုံးစိစိဖြင့်

“ဟုတ်ပါပြီ.. ထားပါတော့လေ…အိုး ဆရာမဖန့် ကျွန်တော့်ကို ဘာလို့ ဒီကို ခေါ်တာလဲ။ ကျွန်တော့်ရဲ့ နည်းလမ်းတကျ လုပ်ဆောင်ပေးတဲ့ ကိစ္စအတွက် ကျေးဇူးတင်စကား ပြောမလို့လား။ ကျွန်တော် ပြောတာက ခြင်သတ်ပေးတာကို ပြောတာလေ”

“ဆရာမဖန့် ဆရာမရဲ့ ကျောင်းသားတစ်ယောက် အနေနဲ့ ဒီလို လုပ်ဆောင်ပေးရတဲ့အတွက် ဝမ်းသာမိပါတယ်။ ဒါပေမယ့် ဆရာမက ကျေးဇူးဆပ်ချင်ရင် ကျွန်တော့်ကို လက်ထပ်လိုက်လို့ ရပါတယ်။ ခင်ဗျားရဲ့ သေးလွန်းတဲ့ရင်၊ ပြားနေတဲ့တင်ပါးနဲ့ ရုပ်ဆိုးဆိုးပုံကို ကျွန်တော် သည်းခံနိုင်ပါတယ်”

**ဘာ**

**နင့်ကို လက်ထပ်ရမယ်**

**သေးလွန်းတဲ့ရင်၊ ပြားနေတဲ့တင်ပါးနဲ့ ရုပ်ဆိုးဆိုးပုံ**

*နင် သည်းခံနိုင်ပါတယ်*

**လဲသေလိုက်ပါလား**

ဖန့်ယင်း ဒေါသထွက်သွားသည်။ ဒီလောက် အရှက်မရှိတဲ့သူမျိုး သူမ တစ်ခါမှ မမြင်ဖူးပေ။

**သူ ငါ့ကို အသားယူတာ အသိသာကြီးကို သူက ငါ့အသက်ကို ကယ်ခဲ့တယ်ပဲ ပြောရသေးတယ်။ သူက ငါနဲ့ လက်ထပ်ဖို့တောင် စိတ်ကူးယဥ်နေသေးတယ်**

**သူ …သူ က တကယ့်ကို ငတုံး၊ နှာဘူး၊ လူဆိုးကောင်ကြီး**

“ယဲ့ဖန်…နင် အရှက်မရှိလိုက်တာ”

ဖန့်ယင်း ဒေါသကို ထိန်းမထားတော့ပေ။ ဒီကျောင်းစားက သူမတင်ပါးအား ရိုက်ပြီး အသားယူသလို သူမအား အချိန်တိုင်း ရိသဲ့သဲ့လုပ်လိမ့်မည်ဟု သူမ ထင်မထားခဲ့မိပေ။

ဖန့်ယင်း ဖတ်စာအုပ် တစ်အုပ်အား ယဲ့ဖန်ထံ ပစ်ပေးလိုက်သည်။

“တစ်အုပ်လုံးကို မှတ်မိအောင်ဖတ် … တစ်အုပ်လုံးနော် … နင် တစ်ခုမှားတာနဲ့ ကျောင်းဘောလုံးကွင်းကို တစ်ပတ် ပတ်ပြေးရမယ်။ ဆယ်ခါမှားရင် ဆယ်ကြိမ် ပတ်ပြေးရမယ်”

ဖန့်ယင်း မကောင်းဆိုးဝါးသဖွယ် ရယ်လိုက်သည်။ ဒါ လုံးဝကို ပြင်းထန်စွာ အပြစ်ပေးခြင်းပင်။

ထိုဖတ်စာအုပ်တွင် စာလုံးရေပေါင်း သောင်းဂဏန်းမက ပါသည်။ သာမန်လူတစ်ယောက်အတွက် ဘာ အမှားမှမရှိဘဲ တစ်အုပ်လုံး မှတ်မိဖို့ မလွယ်ပေ။

ယဲ့ဖန် ဘေဘောလုံးကွင်းထဲ ချွေးသံတရွှဲရွှဲနှင့် အမောစို့ကာ ပြေးနေမည့်ပုံကို တွေးရင်း ဖန့်ယင်း တော်တော်လေး စိတ်ကျေနပ်သွားသည်။

**ဟွန်း… နင်ကများ ငါလို အလှလေးကို အသားယူရဲတယ်ပေါ့ ဟုတ်လား။ ကြည့်ကြသေးတာပေါ့**

ဖန့်ယင်း ရက်ရက်စက်စက် တွေးနေသည်။ ဖန့်ယင်း၏ စကားကို ကြားသောအခါ ယဲ့ဖန် စာအုပ်ကို ကောက်ယူကာ သူမရည်ရွယ်ချက်အား နားမလည်သလို ခပ်သွက်သွက် ဖတ်လိုက်သည်။

အပေါ်ယံလျှပ်၍ ဖတ်လိုက်ပြီးနောက် သူက ဖန့်ယင်းအား ခပ်လျော့လျာ့ပြုံး၍ ပြောလိုက်သည်။

“ဆရာမဖန့် ကျွန်တော် အကုန်မှတ်ပြီးသွားပြီ”

ဘာ!

ဖန့်ယင်း နားကြားလွဲသည်ဟုတောင် ထင်လိုက်မိသည်။

“နင် ဘာပြောလိုက်တယ် … နင် အကုန်မှတ်ပြီးသွားပြီ ဟုတ်လား?”

ထိုစာအုပ်တွင် စာမျက်နှာပေါင်း ဒါဇင်နှင့်ချီ၍ ပါဝင်သည်။ ဥာဏ်အကောင်းဆုံး ကျောင်းသားပင် အမှားပါခွင့်ပြုမိဆိုလျင်တောင် မှတ်မိဖို့ အနည်းဆုံး လဝက်ခန့် အချိန်ယူရမည် ဖြစ်သည်။

သို့သော် ယဲ့ဖန်က ခဏလေး ဖတ်ပြီး မှတ်မိသွားပြီတဲ့လား။

**ဒါမဖြစ်နိုင်ဘူး**

“ကောင်းပြီလေ ယဲ့ဖန် နင် မှတ်မိတယ်ဆိုမှတော့ ငါ မေးတာကို သေချာနားထောင်”

ဖန့်ယင်းသည် ယဲ့ဖန် သူမနှင့် ငြင်းခုန်ခွင့်မပေးပေ။ သူမ ယဲ့ဖန်အား မြန်နိုင်သမျှမြန်မြန် အပြစ်ပေးချင်နေလှသည်။ သူ အမှားပါတာနှင့် ပြင်းထန်စွာ အပြစ်ပေးခံရမည်ပင်။

ဖန့်ယင်း ဖတ်စာအုပ်အား ယူလိုက်ကာ ယဲ့ဖန်အား လှောင်ပြုံးပြုံး၍ မေးလိုက်သည်။

“ယဲ့ဖန် စာမျက်နှာ ၃၃၊ ၄လိုင်းမြောက်မှာရှိတဲ့ ၆လုံးမြောက် စာလုံးက ဘာလဲ”

ဖန့်ယင်း အားရပါးရ ပြုံးလိုက်သည်။ သူမ ယဲ့ဖန်အား စာအုပ်ကို အာဂုံဆောင်ခွင့် မပေးဘဲ ပိုခက်အောင် ကြုံရာမေးလိုက်ခြင်း ဖြစ်သည်။

ဥာဏ်အအကောင်းဆုံးသူပင် ဘယ်နေရာမှာ ဘာစာလုံးရှိသည်ဆိုတာကို တိကျစွာ မမှတ်မိနိုင်ပေ။

ဖန့်ယင်း မြေခွေးတစ်ကောင်လို ပြုံးလိုက်သည်။

“Lattice!”

ယဲ့ဖန် ခပ်တည်တည်နှင့် ဖြေလိုက်သည်။ ယဲ့ဖန်စကားကို ကြားပြီး ဖန့်ယင်း ဆတ်ခနဲ တောင့်တင်းသွားသည်။

ဘာ!

ဖန့်ယင်း မှင်တက်မိသွားသည်။ သူမ စာမျက်နှာ ၃၃ကို လှန်ကြည့်လိုက်သောအခါ တကယ်ပင် “Lattice” ဆိုသော စာလုံးရှိနေသည်။

“မဖြစ်နိုင်ဘူး”

ဖန့်ယင်း တုန်လှုပ်စွာဖြင့် ဆက်မေးလိုက်သည်။

“စာမျက်နှာ ၂၆ ရဲ့ နောက်ဆုံးလိုင်းက စာလုံးက ဘာလဲ”

“Over!”

“စာမျက်နှာ ၄၁က…”

“Learning!”

“စာမျက်နှာ…က”

“Heavy!”

အမေးနှင့် အဖြေက ဆက်တိုက်ပင်။

ဆက်၍ မေးရင်း ဖန့်ယင်း၏ လှပသောမျက်နှာက အံ့ဩသည့်အသွင်မှ ပြောင်းလဲလာပြီး အလေးအနက် ဖြစ်လာသည်။

နောက်ဆုံးတွင် ဖန့်ယင်း ကျေရာတွင် ချွေးများနှင့် ရွှဲနစ်နေကာ မျက်နှာက သရဲကို မြင်လိုက်ရသည့်နှယ် ဖြူစုတ်နေသည်။

“ငါ…ငါ သူ့ကို မေးခွန်းမေးတာ ၂၆ ခု ရှိပြီ သူ အကုန် မှန်အောင် ဖြေနိုင်နေပါလား။ မဖြစ်နိုင်လိုက်တာ”

ဖန့်ယင်း လုံးဝကို မှင်တက်မိသွားသည်။

လူတစ်ယောက်က ဒီလောက် ဥာဏ်ကောင်းနေလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။ အပေါ်ယံ လျှပ်ဖတ်ရုံနှင့် သူက စာလုံးအားလုံးကို မှတ်မိနေသည်။

**သူက လူမဟုတ်ဘူး**

Comment

Leave a Reply

Options

not work with dark mode
Reset