အပိုင်း(၁၉၈၃)

ဓားတစ်လက်

ဝမ်ရှန့် စောင့်ကြည့်မျှော်စင် အတွင်းနှင့် အပြင်မှ မရေတွက်နိုင်သည့် လူများက ထိုနေရာသို့ စိုက်ကြည့်နေကြသည်။

ထိုအချိန်တွင် မန္တာန် ဝင်္ကပါများ မရှိတော့ပေ။ လူတိုင်းသည် နှစ်ဖက်လုံးမှ ထုတ်ဖော်ထားသော လမ်းစဥ်အရှိန်အဝါနှင့် ပြိုင်ဘက်ကင်း နတ်ဘုရား စွမ်းရည်တို့ကို ရှင်းလင်းစွာ သိရှိနိုင်ကြပေသည်။ နှစ်ဖက်လုံး၌ ပြီးပြည့်စုံသော မဟာလမ်းစဥ် နတ်၀င်ရိုး ရှိလေသည်။

ထိုနေရာတွင် ရီဖူရှင်း၏ ခန္ဓာကိုယ်အထက်၌ ကြီးမားသော နတ်ဆင် တစ်ကောင် ပေါ်ပေါက်လာသည်။ ထို့နောက် မရေတွက်နိုင်သော နတ်ဆင်များက ကောင်းကင်နှင့် မြေကြီး အကြောင်း အနီး၀န်းကျင်တွင် ပေါ်ပေါက်လာပြီး ကောင်းကင်တွင် မျောလွင့်၍ ခြေဆောင့်နင်းလိုက်ကာ ထိုနေရာကို နတ်ဆင်များ၏ ပိုင်နက်နယ်မြေတစ်ခုအဖြစ် ပြုလုပ်လိုက်သည်။ လူအများသည် ၎င်းက ရီဖူရှင်း၏ မဟာလမ်းစဥ် နတ်၀င်ရိုးဖြစ်ကြောင်း သဘောပေါက်လိုက်ကြသည်။

မရေတွက်နိုင်သော နတ်ဆင်များက အောက်သို့ ဆင်းလာပြီး ကောင်းကင်နှင့်မြေကြီးကို ဖိနှိပ်၍ မဟာလမ်းစဥ်များကို ပျက်စီးသွားစေရန် ချေနင်းပစ်နေသည်။ ၎င်းတို့၏ စွမ်းရည်က မည်မျှ ပြင်းထန်သည်ဟု မည်သူမှ မခန့်မှန်းနိုင်ကြပေ။

သို့သော်လည်း ယန်တုန်းရန်သည် အလွန် ထူးချွန်ထက်မြတယက်သော သူတစ်ယောက်ဖြစ်ကာ ရှေးဟောင်းတော်၀င် ယန်မိသားစုမှ မင်းသားတစ်ပါးဖြစ်သည်။ တော်၀င် အရှိန်အဝါတို့က သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားပြီး သူသည် ဝင့်ကြွား၍ တော်ဝင်ဆန်နေသည်။ ရွှေရောင်နဂါးတစ်ကောင်က ကောင်းကင်ထက်တွင် ပေါ်ပေါက်လာသည်။ နဂါးနတ်ဘုရားကဲ့သို့ ပုံရိပ် တစ်ခုသည် ကောင်းကင်တွင် ရပ်တည်နေပြီး တစ်ချိန်ထဲမှာပင် ထောင်သောင်းချီသော နတ်နဂါးတို့က ဟစ်ကြွေးလာသည်။ နဂါးဟိန်းသံများက လမ်းစဥ်များကို ပြိုကွဲသွားစေပြီး လေဟာနယ်ကို ကွဲအက်ကာ များပြားလှသော နတ်ဆင်များ၏ အရိပ်တို့က ချေမွ ​ဖျက်စီးခံလိုက်ရသည်။

ရုတ်တရက်ပင် ကောင်းကင်ထက်တွင် ကြီးမားလှသော ဗုဒ္ဓတစ်ပါး၏ ပုံရိပ်က ထွက်ပေါ်သည်။ ရီဖူရှင်းက ရှေးဟောင်းဗုဒ္ဓ တစ်ပါးအသွင်သို့ ပြောင်းလဲသွားပြီး မိစ္ဆာနှိမ်နင်း ဓမ္မတေးသံကို ထုတ်လွှတ်လိုက်သည်။ အသံလှိုင်း နှစ်ခုက လေထဲတွင် ထိပ်တိုက်တွေ့ဆုံနေပြီး မဟာလမ်းစဥ်ကို ပြိုကျ ပျက်စီး သွားစေသည်။

မြင့်မြတ်သော နဂါးတစ်ကောင်သည် ကောင်းကင်ထက်သို့ ထိုးတက်သွားပြီး တိမ်များကို ထွင်းဖောက်ကာ ဟိန်းဟော​က်လိုက်သည်။ ယန်တုန်းရန်က လက်ကိုမြှောက်ကာ လက်သီးတစ်ချက်ပစ်သွင်းလိုက်သည်။ နဂါး၏ အရိပ်သည် တစ်ချိန်ထဲမှာပင် ပြေးထွက်သွားကာ ရီဖူရှင်း၏ ခန္ဓာကိုယ်ကို ဝါးမျိုပြီး ကောင်းကင်ကို ချိုးဖျက်ရန် ကြိုးစားလိုက်သည်။

ရီဖူရှင်းက သူ့အောက်ဘက်မှ လေဟာနယ်ကို ငုံ့ကြည့်နေသည်။ သူ၏ ခြေထောက်များက လေဟာနယ်ကို နင်းဖြတ်လိုက်ပြီး နတ်ဆင်တို့ကကောင်းကင်ပေါ် ခြေဆောင့်နင်းလိုက်ကြသည်။ ထိုနောက် သူသည်လည်း မိစ္ဆာနှိမ်နင်း ဓမ္မတေးသံနှင့် နတ်ဆင် လေဟာနယ်ခွင် လက်သီးတို့ကို ရောစပ်ကာ လက်သီးတစ်ချက် ပစ်သွင်းလိုက်ပြီး တစ်ချိန်တည်းမှာပင် ပြိုင်ဘက်ကင်းမဟာလမ်းစဥ် မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်လာစေသည်။

ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ အဆင့်မြင့်ရန်ဟောင်များစွာက မတူညီသော နေရာများတွင် ထွက်ပေါ်လာပြီး မမြင်နိုင်သော တာအိုစွမ်းအင် စီးဆင်းမှုကို တားဆီးလိုက်ကာ ကြောက်မက်ဖွယ်တိုက်ခိုက်မှုများက ဝမ်ရှန့် စောင့်ကြည့်မျှော်စင်နှင့် တိုက်ပွဲအား ​ကြည့်ရှူနေသော တန်ခိုးရှင်များကို သက်ရောက်မှုမှ တားဆီးကာကွယ်ပေးလိုက်သည်။

ကြီးမားသော နတ်ဆင်ကြီးနှင့် နတ်နဂါးတို့က ကောင်းကင်နှင့်မြေကြီး၏ အကြားတွင် ထိပ်တိုက်တွေ့ဆုံနေကြသည်။ မရေတွက်နိုင်သော လူများသည်လည်း ထိုနေရာသို့ မော့ကြည့်နေကြ၏။ ကောင်းကင်တွင် ခမ်းနားထည်ဝါသော မဟာလမ်းစဥ် အသံများ ထွက်ပေါ်လာသည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်က နောက်သို့ ဆုတ်ခွာသွားခဲ့ပြီး ယန်တုန်းရန်သည်လည်း နောက်သို့ ပြန်ဆုတ်သွားခဲ့ရသည်။ သူတို့က အနေအထားများကို ပြောင်းလဲနိုင်စွမ်း မရှိသေးပေ။

ယန်တုန်းရန်၏ ခန္ဓာကိုယ်မှ ပို၍ ပြင်းထန်သော မဟာလမ်းစဥ် အရှိန်အဝါသို့ ပေါက်ကွဲထွက်လာသည်။ ရွှေရောင် နတ်ရောင်ဝါသည် ကောင်းကင် တစ်ခုလုံးကို လွှမ်းခြုံထားပြီး သူက လေဟာနယ်ထဲရှိ ပုံရိပ်ကို ကြည့်နေခဲ့သည်။ ရီဖူရှင်းက လေထဲတွင် ခြေဆောင့်နင်းလိုက်ပြီး ဝမ်ရှန့်စောင့်ကြည့်မျှော်စင်အောက်မှ သူ့ကိုဖိနှိပ်လာသည့် အားအင်တို့ကို တိုက်ရိုက် တားဆီးပစ်လိုက်သည်။

အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ တန်ခိုးရှင်က အရှေ့သို့ လျှောက်လာပြီး သူ့အား ဖိနှိပ်ချင်နေသည့် ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ တန်ခိုးရှင်နဲ့ ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

သို့သော် ရီဖူရှင်း၏ တိုက်ခိုက်မှုများက အလွန် ရက်စက် ကြမ်းကြုတ်လှပြီး နေနဂါးတေးသံကို ဖိနှိပ်ပစ်းလိုက်သည်။ သူ၏ အဆင့်က တစ်ဖက်လူထက်ပို၍ မြင့်မားနေခြင်းကြောင့်သာ မဟုတ်လျှင် နေနဂါးတေးသံသည်ပင် ထိန်းချုပ် ဟန့်တားခံရပေလိမ့်မည်။

ယန်တုန်းရန်က ရီဖူရှင်းကို စိုက်ကြည့်လိုက်သည်။ လေထဲတွင် ရပ်နေသော သူ၏ ခန္ဓာကိုယ်မှ ရုတ်တရက်အလွန် မြင့်မြတ်လှသော တော်ဝင်အရှိန်အဝါတို့ကို ထုတ်လွှတ်လာခဲ့သည်။ တော်ဝင် အရှိန်အဝါ စွမ်းအင်လှိုင်းတို့က ကောင်းကင်ကို ဖြတ်သန်းသွားခဲ့သည်။ ထိုအချိန်တွင် ခမ်းနားထည်ဝါသော ရွှေရောင် အလင်းတို့က နေမင်းထံမှ အလင်းဓားများကဲ့သို့ ထွက်ပေါ်လာပြီး ရီဖူရှင်းထံသို့ တိုးဝင်သွားသည်။

ဟမ်… ရီဖူရှင်းက မျက်မှောင်ကြုတ်လိုက်ပြီး သူထံသို့ ချက်ချင်းရောက်ရှိလာသော နတ်အလင်းများကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ ထိုအလင်းတန်းများက သူ့ထံရောက်ရှိလာသော်အခါ ရွှေရောင် နဂါး အရိပ်တစ်ခု ထွက်ပေါ်လာသည်ဟု ထင်မှတ်ရပေသည်။ သူက လက်ကိုမြှောက်ကာ ဝှေ့ယမ်း လိုက်ပြီးနောက် နတ်ဆင် တစ်ကောင် ထွက်ပေါ်လာကာ နဂါးအရိပ်နှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်။ ထိုနောက်တွင် မရေတွက်နိုင်သော နတ်အလင်းတို့ ထိုးထွက်လာပြီး အလင်းတန်း တစ်ခုချင်းစီ၌ ပြင်းထန်လာသော တိုက်ခိုက်မှုစွမ်းအားတို့ ပါဝင်နေသည်။

၎င်းသည် အလွန် သန်မာ၍ ယခင် တိုက်ခိုက်မှုထက် လျှင်မြန်လှပေသည်။

တိုက်ပွဲကွင်းပြင်မှ လူအများသည် ထိုမြင်ကွင်းကို ကြည့်လျှင် သူတို့၏ စိတ်ထဲ၌ တုန်လှုပ်နေကြသည်။ ထိုနေရာတွင် သိန်းသန်းချီသော တိုက်ခိုက်မှုများက တခဏအတွင်း၌ ထွက်ပေါ်လာသည်ဟုထင်မှတ်ရပြီး ရီဖူရှင်း၏ နတ်ဆင်က ခက်ခက်ခဲခဲ ခုခံနေရပုံရလေသည်။ ထိုမျှသာမက မရေတွက်နိုင်သော နတ်အလင်းသို့ ထွက်ပေါ်လာသောအခါ ကောင်းကင်တစ်ခွင်ကို လွှမ်းခြုံထားလိုက်ပြီး ရီဖူရှင်း၏ ခန္ဓာကိုယ်ကိုလည်း ဖုံးလွှမ်းထားခဲ့သည်။ ကောင်းကင်နှင့်မြေကြီးကို သူ၏ မဟာလမ်းစဥ် နတ်အလင်းတို့နှင့် ဝန်းရံထားပြီး မဟာလမ်းစဥ် သီးသန့်နယ်မြေတစ်ခုသို့ ပိုင်းခြားထားလိုက်သည်။

အလင်းလွှာသည် ထိုနတ်အလင်းများနှင့် ရောယှက်ကာ အဆုံးမဲ့ ကြီးမားလှသော နဂါးပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ယန်တုန်းရန်၏ ခန္ဓာကိုယ်နှင့် နတ်နဂါးတို့၏ အရိပ်တို့က တစ်ခုတည်း အဖြစ်သို့ ပေါင်းစပ်သွားခဲ့သည်။

ယန်တုန်းရန်သည် ရီဖူရှင်းကို မဟာလမ်းစဥ် သီးခြားနယ်မြေအတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။ ၎င်း၏ ကိုယ်ပိုင်နယ်မြေက နဂါးတစ်ကောင်၏ သီးခြားနယ်မြေအဖြစ်သို့ ပြောင်းလဲသွားသည်။

ယန်တုန်းရန်က ပို၍ အခြေအနေ ကောင်းနေပုံရနေသည်။ အဆုံးမှာတော့ သူက ပို၍ အဆင့်မြင့်သော ကျင့်ကြံသူ တစ်ဦးသာဖြစ်သည်။

ယန်တုန်းရန်က ရီဖူရှင်းဆီသို့ ကြည့်လိုက်သည်။ သူ၏ အမူအရာက အေးစက်နေပြီး ပုံမှန်အတိုင်းသာ ရှိကာ အလွန် လွှမ်းမိုးနိုင်စွမ်း ရှိနေသည်။ သူက လေဟာနယ်ထဲသို့ ခြေလှမ်းလိုက်သည့်အခါ ကောင်းကင်ကို လှုပ်ခါသွားစေနိုင်သောနဂါး ဟိန်းသံများ ထွက်ပေါ်လာသည်။ ထို့နောက်သူက လက်သီးကို မြှောက်၍ ကောင်းကင်ကို ဖြတ်သန်း၍ ထိုးနှက်လိုက်သည်။ ရီဖူရှင်းသည် သီးခြားနယ်မြေ၏ နယ်နိမိတ်ကိုသာလျှင် ခံစားမိပြီး လေဟာနယ်က အေးခဲသွားပုံရလေသည်။ သူသည် ယန်တုန်းရန်က သူ့ကို မဟာလမ်းစဥ် သီးခြားနယ်မြေအတွင်းသို့ ခေါ်ဆောင်သွားကြောင်း သိရှိထားပေသည်။

ဘုန်း…

ယန်တုန်းရန်က လေဟာနယ်ကို ဖြတ်ကာ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ ရီဖူရှင်းရှိ နေရာတစ်ဝိုက်တွင် ဆူညံသံများ ထွက်ပေါ်လာခဲ့သည်။ လေဟာနယ်က အက်ကွဲသွားတော့မလို

ထင်မှတ်ရ​ပေသည်။ ထိုမဟာလမ်းစဥ်သီးခြားနယ်မြေအတွင်း၌ ထိုနေရာအတွင်းမှ မဟာလမ်းစဥ် လေဟာနယ်အပါအဝင် အရာအားလုံးက ယန်တုန်းရန်၏ ထိန်းချုပ်မှုအတွင်း၌သာ ရှိနေသည်။

လူအများသည် ရီဖူရှင်း ရှိနေရာ လေဟာနယ် ပြိုကျပျက်စီးသွားသည်ကို မြင်တွေ့လိိုက်ရသည်။ ၎င်းသည် သူ၏ ခန္ဓာကိုယ် တစ်လျှောက် အက်ကွဲလာပေသည်။

ဘန်း…

ရီဖူရှင်း၏ အရှေ့တွင် လေဟာနယ်ကို ဖျက်စီးပစ်နိုင်သော တာအို စွမ်းအင်တို့က ပေါက်ကွဲ ထွက်လာပြီး ကျယ်လောင်သောအသံက ပဲ့တင်ထပ်လာခဲ့သည်။ သို့သော် အဆုံးတွင် ၎င်းက ရီဖူရှင်း၏ ခန္ဓာကိုယ်ကို မဖျက်စီးနိုင်ခဲ့ပေ။ သူသည် ထိုနေရာတွင် တည်ငြိမ်စွာ ရပ်နေခဲ့ပြီး မမြင်ရသော စွမ်းအားလှိုင်းများက သူ၏ အနီးတွင် ပေါ်ပေါက်လာသည်။ သူ၏ ခန္ဓာကိုယ်မှ ရှေးဟောင်း နတ်သစ်ပင် တစ်ပင် ထွက်ပေါ်လာသည်ဟု ထင်မှတ်ရကာ မရေတွက်နိုင်သော အကိုင်းအခက်နှင့်အရွက်များက ပက်ဝန်းကျင်သို့ ဖြန့်ကျက်လာခဲ့သည်။ ၎င်းဖြတ်သွားရာ နေရာတိုင်းမှ မဟာလမ်းစဥ်များကို ကောင်းမွန်စွာ ထိန်းချုပ်ထားခဲ့သည်။ ယန်တုန်းရန်၏ တိုက်ခိုက်မှုများသည် ထိုနေရာသို့ ဖြတ်သန်းသွားသော်လည်း ချိုးဖျက်နိုင်ခြင်း မရှိခဲ့ပေ။

မည်သည်တို့ ဖြစ်နေသနည်း။ ယန်တုန်းရန်က မျက်မှောင်ကြုတ်လိုက်သည်။ သူသည် သူ၏ မဟာလမ်းစဥ် သီးခြားနယ်မြေအတွင်း​ ထိန်းချုပ်မှု ပျောက်ဆုံးသွားသည်ဟု ခံစားခဲ့လိုက်ရသည်။ ရီဖူရှင်း၏ ခန္ဓာကိုယ် တစ်ဝိုက်တွင် မမြင်ရသော လေစီးကြောင်းများ ဖြန့်ကျက်လာပြီး ထိုနေရာရှိ မဟာလမ်းစဥ်စွမ်းအားတို့မှာ ချက်ချင်းပင် ရီဖူရှင်း၏ ဖယ်ထုတ်ခြင်းကို ခံလိုက်ရသည်။

သူက ထိုနေရာ၌ သူ၏ မဟာလမ်းစဥ် သီးခြားနယ်မြေကို လုပ်ဆောင်နိုင်စွမ်း ရှိနေသေးသည်လား။

ယန်တုန်းရန်က မယုံကြည်နိုင်ခဲ့ပေ။ သူ၏ လက်သီးက တစ်ချိန်ထဲမှာပင် လေကို ဖြတ်ထွင်းသွားခဲ့ကာ တုန်ခါသောအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ရီဖူရှင်း ရှိနေသည့် လေဟာနယ်ကို ထိုးဖောက်နိုင်ခြင်း မရှိသေးပဲ သူ၏ ထိန်းချုပ်မှုအောက်မှ လွတ်ထွက်နေခဲ့သည်။

ယန်တုန်းရန်က ရီဖူရှင်းကို စိုက်ကြည့်လိုက်သည်။ သူက ကောင်းကင်ကို လက်ညှိးညွှန်လိုက်ပြီး မြင့်မြတ်သော နဂါးတစ်ကောင်၏ ပုံရိပ် ထွက်ပေါ်လာကာ ရီဖူရှင်း ရှိနေရာ နေရာသို့ ရီဖူရှင်း ရှိနေရာ လေဟာနယ်ကို တိုက်ရိုက် ဝါးမျိုလိုက်သည်။ မဟာလမ်းစဥ် သီးခြားနယ်မြေကို လွှမ်းမိုးထားသော ထိုနဂါးက ရီဖူရှင်းကိုပါ မျိုချပစ်လိုက်ချင်ပုံ ရနေသည်။

ရီဖူရှင်းက လုံးဝ မလှုပ်ရှားခဲ့ဘဲ သူ၏ လက်များကို ချိပ်စည်းသဏ္ဌာန် ပုံဖော်လိုက်ကာ အနီးဝန်းကျင်ရှိ အကိုင်းအခက်နှင့် သစ်ရွက်များက ဓားစွမ်းအားများကဲ့သို့ လျှင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။ ဓားအချင်းချင်း ထိခိုက်သံများက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ လျှပ်တပြတ်အတွင်းမှာပင် အဆုံးမဲ့ နတ်ဓားများက ရီဖူရှင်း၏ ခန္ဓာကိုယ်ကို ဝန်းရံသွားပြီး တသားတည်း ဖြစ်လာကာ အလွန် ခမ်းနားထည်ဝါသော မြင်ကွင်းတစ်ခုကို ဖန်တီးလိုက်သည်။

မရေတွက်နိုင်သော အကြည့်တို့က တိုက်ပွဲကွင်းပြင်မှ မြင်ကွင်းကို ထိတ်လန့် တုန်လှုပ်စွာနှင့် ကြည့်နေခဲ့ကြသည်။ ကောင်းကင်ကို ဖုံးလွှမ်းထားသော ကြီးမားသည့် နတ်နဂါးကြီးက အလွန်ပင် ကြီးမားလှသည်။ ၎င်း၏ ပါးစပ်ကို ဖွင့်ကာ ကောင်းကင်ကို ဝါးမျိုရန် ကြိုးစားနေပြီး ၎င်း၏ အရိပ်က ရီဖူရှင်း၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသည်။ ၎င်းသည် နက်မှောင်သည်ထက် နက်မှောင်လာကာ နတ်နဂါးကြီးက အောက်သို့ ထိုးဆင်းလာပြီး လေဟာနယ်တစ်ခုလုံးကို ဝါးမြိုရန် ကြိုးစားလိုက်သည်။

သို့သော် တစ်ချိန်ထဲမှာပင် ရီဖူရှင်းသည် သူ၏ လက်ညှိးကို ကောင်းကင်ထက်သို့ ညွှန်ပြလိုက်ကာ နောက် တခဏ၌ သူ၏ ခန္ဓာကိုယ်က ကြီးမားလှသော နတ်နဂါးကြီး၏ ဝါးမြိုခြင်း ခံလိုက်ရသလို ပျောက်ကွယ်သွားခဲ့ပေသည်။

လူအများ၏ နှလုံးသားက ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။ သို့သော် နောက်တခဏတွင် သူတို့သည် ကြီးမားလှသော နဂါးကြီး၏ ကိုယ်ထဲက ပြင်းထန်စွာ လှုပ်ခါလာသည်ကို မြင်တွေ့လိုက်ရသည်။ နဂါးကြီး၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းမှာ ခမ်းနားထည်ဝါလှသော အလင်းသို့ ထွက်ပေါ်လာသည်။ ကြည့်ရသည်မှာ ၎င်းတို့က ဓားအလင်းများကဲ့သို့ ထင်မှတ်ရပေသည်။

ဘန်း…

နတ်နဂါးကြီး၏ ကျောဘက်ပေါ်တွင် ဓားသွားအလင်းတစ်ခုက သူ၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ခုတ်ဖြတ်သွားခဲ့သည်။ မျက်စိကျိန်းလောက်အောင် တောက်ပသော ဓားအလင်းများတိမ်များဆီသို့ တည့်မက်စွာ တိုးဝင်သွားခဲ့သည်။ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး နတ်နဂါး၏ ကြီးမားလှသော ခန္ဓာကိုယ်က ဓားစွမ်းအားများအောက်တွင် ကွဲထွက်သွားခဲ့ပေသည်။

လူအများသည် လေဟာနယ် ပြင်းထန်စွာ တုန်ခါလာသည်ကို ခံစားလိုက်ရပြီး နတ်အလင်းတန်းများ ထိုးထွက်လာကာ မဟာလမ်းစဥ် သီးခြားနယ်မြေက ကွဲအက် ပျက်စီးသွားသည်ကို မြင်တွေ့ခဲ့ရသည်။

ထိုနေရာ၌ ရီဖူရှင်း၏ ပုံရိပ်က ပြန်လည်ထွက်ပေါ်လာသည်။ သူ၏ ငွေရောင် ဆံပင်များက လေထဲတွင်ကခုန်နေပြီး သူ၏ ခန္ဓာကိုယ်က သန့်စင်မြင့်​​မြတ်ကာ အမတတစ်ဦးကဲ့သို့ပင် ဖြစ်သည်။

“မင်းရဲ့ မဟာလမ်းစဥ် သီးခြားနယ်မြေက အရမ်းအားနည်းတာပဲ။” ရီဖူရှင်းသည် ယန်တုန်းရန်ကို ငုံ့ကြည့်လိုက်သည်။ သူ၏ အကြည့်များက ယန်တုန်းရန်၏ အသိစိတ်များကို ကျူးကျော်ဝင်ရောက်လာကာ သူ၏ ကျောရိုးတလျှောက် အေးစိမ့်လာသည်ဟု ခံစားလိုက်ရပေသည်။

နောက်တခဏတွင် မမြင်ရသော တာအိုစွမ်းအင် စီးဆင်းမှုများက ရီဖူရှင်း၏ ခန္ဓာကိုယ်ထက်တွင် ထွက်ပေါ်လာပြီး ကောင်းကင် တခွင်ကို လွှမ်းခြုံသွားခဲ့သည်။ ကောင်းကင်ထက်တွင် သိန်းသန်းချီ သည့် နတ်ဓားများက အော်မြည်သံများ ထုတ်လွှတ်နေကာ ကြောက်မက်ဖွယ် ဓားစွမ်းရည် မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်လာစေသည်။

နှိုင်းယှဥ်၍ မရအောင် အားကောင်းလာသည့် ဓားစွမ်းအားများက ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။ မတူညီသည့် တည်နေရာကိုးခုတွင် ဓားတစ်လက်စီ ထွက်ပေါ်လာသည်။ သန်းပေါင်းများစွာသော ဓားစွမ်းအားများက ဓားကိုးလက်၏ ဝန်းကျင်တွင် အလွန် လျင်မြန်စွာ လှည့်ပတ်နေကြသည်။

ခမ်းနားထည်ဝါသည့် ဓားအလင်းများက လင်းလက်နေပြီး သန်းချီသည့် ဓားစွမ်းအားများ စုပေါင်းကာ ဓားတစ်လက် အဖြစ်ပြောင်းလဲသွားသည်။

“သွား” ရီဖူရှင်းက ယန်တုန်းရန်ကို ညွှန်ပြလိုက်သည်။

တခဏအတွင်းမှာပင် ကောင်းကင်မှ ကျဆင်းလာသော ဓားအလင်းတစ်ခုက ထွက်ပေါ်လာခဲ့သည်။ ထိုဓားအလင်းသည် နတ်ဓားပေါင်းသန်းချီနှင့်ပြုလုပ်ထားခြင်းဖြစ်ပြီး ကောင်းကင်ကို တိုက်ရိုက် ထိုးဖောက်နိုင်စွမ်းရှိသော ကြီးမားသော ဓားတစ်လက်ကဲ့သို့ ဖြစ်ပေသည်။ ၎င်းသည် ကျယ်ပြန့်သော လေဟာနယ် အကွာအဝေးကို လျစ်လျုရှုထားနိုင်သည်။

“အံ့သြစရာပဲ။”

နတ်မိမယ်တုံ့လိုင်က ထိုဓားကို မြင်သည့်အခါ သူမ၏ လှပသော မျက်လုံးများအတွင်း၌ ထူးဆန်းသည့် အလင်းတို့ ဖြတ်ပြေးသွားသည်။ ထို ဓားစွမ်းရည်သည် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ ဆက်ခံထားသော ဓားနည်းစနစ် တစ်ခုဖြစ်သည်။ ကြည့်ရသည်မှာ ရီဖူရှင်းက ၎င်းကို ကျွမ်းကျင်သွားသည့်ပုံ ပေါ်နေသည်။

ဓားကို ထုတ်လွှတ်လိုက်သည့်အခါ ၎င်းသည် မိုင်ပေါင်းများစွာ ကွာဝေးသောနေရာမှ ပြိုင်ဘက်ကို ဓားတစ်ချက်ထဲနှင့် ချက်ချင်း သတ်ပစ်နိုင်သည့်ပုံ ရလေသည်။

လူအုပ်ကြီးသည် ကောင်းကင်သို့ မော့ကြည့်နေကြပြီး ကောင်းကင်နှင့်မြေကြီးကို ဖောက်ထွင်းထားသော ဓားတစ်လက်ကိုမြင်ကာ ယန်တုန်းရန်၏ ခန္ဓာကိုယ်မှ နဂါးအော်မြည်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။ သို့သော် နောက်တခဏတွင် မြင့်​မြတ်သော နဂါးကြီးက ပြိုကွဲ ပျက်စီးသွားပြီး ယန်တုန်းရန်၏ ခန္ဓာကိုယ်သည်လည်း အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားကာ လေဟာနယ်မှ မြေပြင်သို့ ထိုးချခြင်းကို ခံလိုက်ရပေသည်။

ဘုန်း…

ကြောက်မက်ဖွယ် ဓားစွမ်းအားများက ကမ္ဘာမြေကို ဖြတ်သန်းကာ ဖျက်စီးသွားခဲ့သည်။ ထိုနောက် ဓားအလင်းများက ပျောက်ကွယ်သွားပြီး ၎င်း အနီးရှိ အရာအားလုံးက ဘာမှ မကျန်တော့အောင် ဖျက်ဆီးခံလိုက်ရပေသည်။ ဓားတစ်လက်ကြောင့် မြေပြင်ပေါ်တွင် တွင်းနက်ကြီး ပေါ်ပေါက်လာပြီး ကြောက်မက်ဖွယ် အက်ကြောင်းများကို ဖြစ်ပေါ်လာစေသည်။ ရှေးဟောင်း တော်ဝင်ယန်မိသားစုမှ အစွမ်းထက် တန်ခိုးရှင်များသည် ရှေ့သို့ တက်လာပြီး ထိုတွင်းနက်ဆီသို့ လှမ်းလိုက်ကြသည်။ သွေးများစွန်းနေသော ပုံရိပ်တစ်ခုက ထိုဓားစိုက်သွားသော တွင်းထဲမှ လမ်းလျှောက်တက်လာခဲ့သည်။ သူ၏ အဝတ်များက စုတ်ပြတ်နေပြီး သူ၏ ရှည်လျားသော ဆံပင်တို့က ရှုပ်ထွေးနေခဲ့သည်။ သူသည် ရန်ဟောင်တစ်ပါး၏ အရှိန်အဝါတို့ကို ဆုံးရှုံးသွားပြီး ဖရိုဖရဲ ဖြစ်နေခဲ့သည်။ သူသည် လေထဲမှ ပုံရိပ်ကို မော့ကြည့်လိုက်သည်။ သူက ဤတစ်ကြိမ်သည် ရီဖူရှင်းတွက် လာခဲ့သည် မဟုတ်ပဲ ၀မ်ရှန့်စောင့်ကြည့်မျှော်စင်အတွက် လာခဲ့ခြင်းဖြစ်သည်။ သူသည် ရီဖူရှင်း၏ ဓားအောက်တွင် ရှုံးနိမ့်ခဲ့ကြသည်။ သူက အရှေ့နတ်ဘုရား ကျွန်းစုနယ်မြေမှ တန်ခိုးရှင်၏ လက်အောက်တွင် ရှုံးနိမ့်ခဲ့ရပေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset