အပိုင်း (၁၉၈၂)

ရှုံးနိမ့်အောင် လုပ်လိုက်

ရီဖူရှင်းသည် မူလဘုံမှာ ရှိသော အင်အားစုများ အထူးသဖြင့် ထိပ်သီးအင်အားစုများက နတ်ရတနာများကို ပိုင်ဆိုင်ထားကြောင်း သိရှိပေသည်။

နတ်ရတနာများသည် တန်ခိုးရှင်များကို ပြီးပြည့်စုံသော မဟာလမ်းစဥ်ကို ရရှိစေရန် ထောက်ပံ့ပေးပြီး ပြီးပြည့်စုံသော နတ်၀င်ရိုးကို ဖွဲ့စည်းနိုင်မည့် အလားအလာကို မြှင့်တင်ပေးသည်။ သို့သော်လည်း အပြင်ဘက် လောကတွင် နတ်ရတနာများ မြင်ဖူးသည်မှာ ယခုက ပထမဆုံးဖြစ်သည်။ ၀မ်ရှန့်စောင့်ကြည့်မျှော်စင်ကိုယ်တိုင်ကပင် နတ်ရတနာတစ်ခု ဖြစ်နေပေသည်။

ဆေးအင်ပါယာက ၀မ်ရှန့်စောင့်ကြည့်မျှော်စင်၏ အရှေ့ဘက်၌ တည်ဆောက်ထားသော ထူးဆန်းလေကျင့်ကြံခြင်းဘုံကျောင်းတွင် ကျင့်ကြံနေသည်။

သူတို့ရှေ့မှ အနက်ရောင်၀တ်စုံနှင့်လူမှာ ဆေးအင်ပါယာ ဖြစ်ကြောင်း သိသာပေသည်။

ဆေးအင်ပါယာသည် အသက်သုံးဆယ်ခန့်သာရှိသည်ဟု ထင်မှတ်ရသည်။ အပေါ်ယံကြည့်လျှင် ရီဖူရှင်းနှင့် အသက် သိပ်မကွာသည့် ပုံပေါ်သော်လည်း သူက နှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့ပြီး ဖြစ်သည်။ သူ၏ မျက်လုံးများက နက်နဲလှသည်။ သူ၏ ကျင့်ကြံခြင်း အဆင့်ကဲ့သို့ပင် ဖွင့်ဆိုရှင်းပြ၍ မရနိုင်သော အရှိန်အဝါတို့ကို ထုတ်လွှတ်ထား၏။ သို့သော်လည်း သူသည် ကောင်းကင်လမ်းစဥ်နှင့် တသားတည်း ဖြစ်နေပြီး အခြားသူများ အားလုံးထက် သာလွန်သော အဆင့်တစ်ခုတွင် ရှိနေသည်ဟု ထင်မှတ်ရသည်။

သူသည် တုန်းရှောင်းကုန်းမြေမှ နံပါတ်တစ် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး တုန်းရှောင်းကုန်းမြေကို ဗဟိုပြု၍  အဆုံးမဲ့နယ်ပယ်များအတွင်း အစွမ်းထက်ဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

သူတို့အား ဦးဆောင်လာသည့် အဖိုးကြီး၊ နတ်မိမယ်တုံ့လိုင်နှင်လ အခြားသူများမှာ သူ့ကို ဦးညွှတ်၍ အရိုအသေ ပေးလိုက်ကြသည်။ ရီဖူရှင်းသည်လည်း တူညီစွာပင် အရိုအသေပေး၍ ပြောလိုက်သည်။ “ဆေးအင်ပါယာကို ဂါရ၀ပြုပါတယ်။”

ဆေးအင်ပါယာက ခေါင်းညိတ်လိုက်ပြီးနောက် နတ်မိမယ်တုံ့လိုင်ကို ကြည့်ကာ မေးလိုက်သည်။ “မင်း တပည့်လား။”

နတ်မိမယ်တုံ့လိုင်က သူမ၏ ခေါင်းကို ခါယမ်း၍ ပြောလိုက်သည်။ “ဦးလေး၊ အစကတော့ သူက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို စမ်းသပ်မှုခံယူဖို့ လာခဲ့တာပါ။ ဒါပေမယ့် သူက ဆေးလုံးကို သောက်ခွင့်ရတဲ့ အခွင့်အရေးတစ်ခုကို ရခဲ့တယ်။ ပြီးတော့  အဖေ့ရဲ့ အမွေတွေကို ဆက်ခံခဲ့တာမို့ သူ့ကို အခု ကျွန်မအဖေရဲ့ တပည့်လို့ သတ်မှတ်လို့ရတယ်။”

တစ်ဖက်တွင် သူတို့ကို ဦးဆောင်လာသော အဖိုးကြီးမှာ အနည်းငယ် အံ့သြသွားခဲ့သည်။ သူ တွေးခဲ့သည်မှာ ရီဖူရှင်းက နတ်မိမယ်တုံ့လိုင်၏ ဆက်ခံသူဟူ၍သာ ဖြစ်သည်။ သူ မည်သည့်အခါမှ တွေးထင်မထားခဲ့မိသည်က ရီဖူရှင်းသည် တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ ဆက်ခံသူ ဖြစ်နေသည်ကိုပင် ဖြစ်သည်။

ဆေးအင်ပါယာ ရီဖူရှင်းကို ကြည့်သော အကြည့်များက ပို၍ လေးနက်လာသည်။ ထို့နောက် သူက ပြောလိုက်၏။ “သူက မင်း အဖေရဲ့ ဆက်ခံသူ ဖြစ်နေမှတော့ ဘာလို့ ကျုပ်ကို အစောကထဲက မပြောခဲ့ရတာလဲ။”

“နောက်ဆုံးတစ်ခေါက် စီနီယာအစ်ကို အာခီမီအင်ပါယာရဲ့ နေရာကို ဖြတ်သွားတုန်းက သူက ဒီနေရာမှာ အခွင့်အရေးတွေကို စမ်းသပ်ဖို့ လာမှာလို့ သိရတော့ တစ်ခြားသူတွေနဲ့အတူတူ လိုက်လာခဲ့တာ။ ဦးလေး သူ့ရဲ့ စွမ်းရည်တွေကို မြင်တွေ့ရအောင်လို့ပါ။” နတ်မိမယ်တုံ့လိုင်က ပြန်ဖြေလိုက်သည်။ ဆေးအင်ပါယာက ခေါင်းညိတ်လိုက်၏။ “မင်းအဖေက ကွယ်လွန်သွားတာ နှစ်ပေါင်းများစွာ ကြာခဲ့ပေမယ့် ဆက်ခံသူတစ်ယောက် ထွက်ပေါ်လာလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ အနည်းဆုံးတော့ စိတ်ပူစရာ တစ်ခု လျော့သွားတာပေါ့လေ။”

သူက ပြောပြီးသည်နှင့် ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်သည်။ “မင်းရဲ့ မဟာလမ်းစဥ်က ပြီးပြည့်စုံတယ်။ မင်း အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို ရောက်ခဲ့တယ် ဆိုကတည်းက သာလွန်တဲ့ အတွေ့အကြုံတွေလည်း ရှိလိမ့်မယ်။ ဘယ်ကနေ လာခဲ့တာလဲ။”

ရီဖူရှင်းက နတ်မိမယ်တုံ့လိုင်ကို ကြည့်လိုက်သည်။ လူတိုင်းက ဤနေရာ၌ ရှိနေပြီး နတ်မိမယ်တုံ့လိုင်သာလျှင် သူ၏ မူလ ဇာစ်မြစ်ကို သိရှိထားသည်။ စီဖုန်းပင်လျှင် ကောင်းစွာ နားလည် သဘောမပေါက်ခဲ့ချေ။

“ကျွန်မ ပြောပြပါ့မယ်။” တုံ့လိုင်နတ်မိမယ်က ပြောလိုက်သည်။ သို့သော်လည်း မည်သူကမှ သူမ၏ စကားသံကို မကြားတော့ချေ။ ရီဖူရှင်းသည် သူမက ဆေးအင်ပါယာကို စိတ်ချင်းဆက်သွယ်၍ ပြောနေခြင်းဖြစ်ကြောင်း သတိပြုမိလိုက်သည်။ အာခီမီအင်ပါယာနှင့် အခြားသူများက ယုံကြည်ရပါသော်လည်း ဤကိစ္စသည် အလွန် အရေးကြီးလှသော ကိစ္စရပ် ဖြစ်၍ သိသည့်လူ နည်းလေ ပိုကောင်းလေပင် ဖြစ်သည်။

ဆေးအင်ပါယာနှင့် သူမ၏ အဖေက အလွန်ရင်းနှီးသူများ ဖြစ်သည့်အတွက်ကြောင့် သူ့ကို မည်သည့်အရာမှ ဖုံးကွယ်ထားရန် မလိုအပ်ပေ။ သူမသည် ရီဖူရှင်းအား ဤ နေရာသို့ခေါ်ဆောင်လာခဲ့ပေရာ ဆေးအင်ပါယာအနေနှင့် ရီဖူရှင်း၏ အခြေအနေကို နားလည်သဘောပေါက်ရန် လိုအပ်ပေသည်။

ဆေးအင်ပါယာ၏ မျက်လုံးအတွင်း၌ ထူးဆန်းသည့် အကြည့်တို့ ဖြစ်ပေါ်လာသည်။ သူသည် ရီဖူရှင်းက တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ ဆက်ခံသူဟု ကြားစဥ်အခါကပင် စိတ်မလှုပ်ရှားခဲ့သော်လည်း ယခုအချိန်တွင် သူ၏ မျက်နှာထက်၌ ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ ရှင်းလင်းစွာပင် သူသည် ရီဖူရှင်းက မူလဘုံမှ လာခဲ့ပြီး အင်အားစုများ၏ စုပေါင်းတိုက်ခိုက်မှုကြောင့် ကောင်းကင်ဒေသသို့ ထွက်ပြေးလာခြင်းဖြစ်ကြောင်း နတ်မိမယ်တုံ့လိုင်ထံမှ ကြားသိခဲ့ရလေသည်။

သူက ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။ “မင်းအဖေ ကွယ်လွန်သွားခဲ့ပြီးတော့ ကျုပ်တို့ အင်အားစုတွေကြားထဲမှာ ပြောစရာမလိုတဲ့ သဘောတူညီမှုတစ်ခု ရှိလာခဲ့တယ်။ ပြီးတော့ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကလည်း တုန်းဟွာပိုင်နက်ရဲ့ အမြင်ကနေ တဖြေးဖြေး မှေးမှိန်ပျောက်ကွယ်သွားခဲ့တယ်။ နှစ်များစွာ ကုန်လွန်သွားပြီး ရှေးဟောင်းတော်ဝင် ယန်မိသားစုက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို ဂရုမစိုက်တော့ဘူးဆိုရင်တောင် သူ့ရဲ့ ထွက်ပေါ်လာမှုက ယန်ပြည်ထောင်ကို စိုးရိမ်စိတ်ဖြစ်လာစေလိမ့်မယ်။ ရှေးဟောင်းတော်ဝင် ယန်မိသားစုက သူတို့အတွက် ပြဿနာဖြစ်နိုင်မယ့် အလားအလာရှိတဲ့ ကိစ္စမှန်သမျှကို ဖျက်ဆီးပစ်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူး။”

“အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို ယန်ပြည်ထောင်ရဲ့တိုက်ခိုက်မှုကနေ ရှောင်ရှားဖို့ ကျုပ် မင်းကို တပည့်အဖြစ် လက်ခံမှာမဟုတ်ဘူး။ ဒါပေမယ့် မင်းက အကဲဖြတ်မှုကို ကျော်ဖြတ်နိုင်တယ်ဆိုတော့ ၀မ်ရှန့်စောင့်ကြည့်မျှော်စင်မှာနေပြီး ကျင့်ကြံဖို့ အခွင့်အရေးရှိတယ်။” ဆေးအင်ယာပါက ပြောလိုက်သည်။ ရီဖူရှင်းနှင့် အခြားလူများက သူ၏ ဆိုလိုရင်းကို  ချက်ချင်း နားလည်သဘောပေါက်သွားခဲ့ကြသည်။ သူက တပည့်တစ်ယောက်အဖြစ် လက်မခံလိုသော်လည်း ရီဖူရှင်းအား ၀မ်ရှန့်စောင့်ကြည့်မျှော်စင်၌ ကျင့်ကြံရန်ခွင့်ပြုသည်။

ကျင့်ကြံသည့် အချိန်အတိုင်းအတာအတွက် ရှေးဟောင်းတော်၀င် ယန်မိသားစုက မည်သည်ကိုမှ ပြောဆိုနိုင်လိမ့်မည်မဟုတ်ပေ။ ထိုသည်မှာ ရှင်းလင်းစွာပင် ဆင်ခြေပေးရန် မည်သည့်အကြောင်းရင်းမှ ပေးလိမ့်မည် မဟုတ်ပေ။

“သူတို့ ခန့်မှန်းထားတဲ့ အတိုင်းပဲလို့ သွားပြောလိုက်။ သူတို့ကို အခု ပြန်ခိုင်းလို့ရပြီ။” ဆေးအင်ပါယာက အဖိုးအိုကို ပြောလိုက်သည်။

“ဟုတ်ကဲ့” အဖိုးအိုက ခေါင်းညိတ်လိုက်ပြီးနောက် ယန်တုန်းရန်ကို သတင်းပေးရန် ထွက်ခွာသွားခဲ့သည်။

သို့သော် နောက်တခဏ အကြာတွင် အောက်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာ၏။ “ယန်တုန်းရန်က ၀မ်ရှန့်စောင့်ကြည့်မျှော်စင်ကို လမ်းစဥ်ရှာဖွေဖို့ ရောက်လာခဲ့တယ်။ ၀င်္ကပါတိုက်ပွဲမှာလည်း တစ်ကြိမ်တစ်ခါမှ မရှုံးနိမ့်ခဲ့ဖူးဘူး။ စည်းမျဥ်းအရဆိုရင် ကျုပ်က ဆေးအင်ပါယာနှင့် တွေ့ခွင့်ရှိသင့်တယ် မဟုတ်လား။”

အောက်ဘက်မှ ထိုအသံကို ၀မ်ရှန့်စောင့်ကြည့်မျှော်စင် တစ်ခုလုံးမှ လူတိုင်း ကြားကြရပေသည်။ သိသာစွာပင် ဆေးအင်ပါယာသည်လည်း ထိုစကားကို ကြားခဲ့၏။ သူက အဝေးသို့ တစ်ချက်လှမ်းကြည့်လိုက်သည်။

အဖိုးအိုက  ချက်ချင်းပင် ပြန်လှည့်လာပြီး သူ့အား ဦးညွှတ်ကာ ပြောလိုက်သည်။ “ယန်တုန်းရန်က ထွက်သွားဖို့ ငြင်းဆန်နေတယ်။”

“သူက တစ်ခါမှ မရှုံးနိမ့်သေးဘူးမလား။” ဆေးအင်ပါယာက တီးတိုး ရေရွတ်လိုက်သည်။ သူက ရီဖူရှင်းအား ကြည့်ကာ မေးလိုက်၏။ “မင်းသူ့ကို အနိုင်တိုက်နိုင်လား။”

“တိုက်နိုင်တယ်။” ရီဖူရှင်းက ခေါင်းညိတ်ကာ တိုက်ရိုက်တုံ့ပြန်လိုက်သည်။ အဖိုးအိုက နောက်ထပ် အံ့သြမှင်တက် သွားခဲ့သည်။ သူက သူ့ကိုယ်သူ အလွန် ယုံကြည်ချက် ရှိနေသည်လား။

ရီဖူရှင်းကဲ့သို့ပင် ယန်တုန်းရန်သည်လည်း ပြီးပြည့်စုံသော မဟာလမ်းစဥ် နတ်ဝင်ရိုးနှင့် အလယ်အလတ် ရန်ဟောင်တစ်ပါးဖြစ်သည်။ သူက အလွန်အရည်အချင်း ရှိပြီး ကြောက်မက်ဖွယ် တိုက်ပွဲစွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ သို့သော် ရီဖူရှင်း၏ လေသံကညယုံကြည်ချက်တို့နှင့် ပြည့်လျှံနေသည်။

သူက လုပ်နိုင်သည်ဟု ပြောခဲ့သည်။

သူက ယန်တုန်းရန်ကို အနိုင်ယူရန် အလွန် ယုံကြည်ချက် ရှိနေသည်။

ဆေးအင်ပါယာက ခေါင်းညိတ်၍ ပြောလိုက်သည်။ “ဒီလိုဆိုရင် သူ့ကို အနိုင်တိုက်လာခဲ့။”

“ကောင်းပြီ။” ရီဖူရှင်းက ခေါင်းညိတ်လိုက်ပြီးနောက် ထွက်ခွာသွားသည်။ သူ၏ အဖြူရောင်ဆံပင်က လေထဲတွင် မျောလွင့်နေပြီး သူ၏ အပြုအမှုများမှ အကြွင်းမဲ့ ယုံကြည်ချက်တို့ကို ထုတ်ဖော်ပြသနေသည်။

ဆေးအင်ပါယာက ရှေ့သို့ ခြေလှမ်းလိုက်ပြီး ဟန်အင်ကျွန်း၏ အစွန်းသို့ တိုက်ရိုက် ရောက်ရှိသွားသည်။ သူက အဝေးမှ ထိုနေရာကို စူးစိုက်စွာ ကြည့်နေပြီး ရီဖူရှင်း၏ တိုက်ပွဲကို လူကိုယ်တိုင် စူးစမ်းလေ့လာရန် စီစဥ်နေသည်။

သူက ရီဖူရှင်း၏ မူလဇာစ်မြစ်ကို နတ်မိမယ်တုံ့လိုင်ထံမှ ကြားသိခဲ့ပြီး သူသည်လည်း ရီဖူရှင်း အကြောင်းကို အလွန် သိချင်စိတ် ပြင်းပြနေသည်။ မူလဘုံမှ ပါရမီရှင်၏ အရည်အချင်းက မည်မျှ အားကောင်းမည်နည်း။

ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ အစွန်းဘက်တွင် မြောက်ပိုင်းမှ လာသော ရန်ဟောင်တစ်ပါးက ငြိမ်သက်စွာ ရပ်နေခဲ့သည်။ ယန်တုန်းရန်သည် သူ၏ ခေါင်းကို မော့ကာ အဝေးရှိ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်တွင် အကြည့်များကို စူးစိုက်ထားခဲ့သည်။ ရီဖူရှင်းက သူတို့ထံသို့ လာနေသည်ကို မြင်လိုက်ရ၏။

“ဆေးအင်ပါယာ” တစ်စုံတစ်ယောက်က ရေရွတ်လိုက်သည်။ သူတို့သည် အဝေး၌ ရှိနေသော ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ ထိပ်ဖျား အစွန်းဘက်တွင် ရပ်နေသော အမျိုးသား တစ်ယောက်ကို မြင်နိုင်ပြီး ထိုသူက လက်ကို နောက်ပစ်ကာ သည်နေရာသို့ ကြည့်နေခဲ့သည်။

ထိုနေရာက အလွန်ဝေးကွာသော်လည်း လူအများစုက ရန်ဟောင်များဖြစ်လေရာ ရှင်းလင်းစွာ မြင်နိုင်ကြပေသည်။

ဆေးအင်ပါယာသည် ရီဖူရှင်းအား  ယန်တုန်းရန်ကို လာရောက် တိုက်ခိုက်ရန် ပြောခဲ့သည်လား။

ထို့ပြင် သူက ဤတိုက်ပွဲကို လူကိုယ်တိုင် စူးစမ်းလေ့လာချင် နေသည်လား။

တုန်းရှောင်းကုန်းမြေနှင့် အနီးဝန်းကျင်မှ ကုန်းမြေများရှိ တန်ခိုးရှင် အများအပြား၏ မျက်လုံးထဲတွင် ဆေးအင်ပါယာသည် နတ်ဘုရားတစ်ပါးကဲ့သို့ တည်ရှိမှုမျိုး ဖြစ်သည်။ ထို့ပြင် သူတို့သည် ဆေးအင်ပါယာက တိုက်ပွဲတစ်ခုကို ကိုယ်တိုင်လေ့လာနေသည်အား မြင်ရသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

၎င်းက အစွမ်းထက် ရှေးဟောင်းတော်ဝင် ယန်မိသားစု၏ တည်ရှိမှုကြောင့်လား။

အဖြူရောင်ပုံရိပ်သည် လေထဲတွင် မျောလွင့်ပြီး မြောက်ပိုင်းနယ်မြေမှ ရန်ဟောင်များ၏ အထက်တွင် ဆင်းသက်လိုက်သည်။ ရီဖူရှင်းက သူ့၏ ခေါင်းကို ငုံ့ကာ အောက်ဘက်ရှိ ယန်တုန်းရန်ကို ကြည့်လိုက်သည်။ ၎င်းသည် ယခင်က ယန်တုန်းရန် သူ့ကို ကြည့်သည့် အကြည့်များကဲ့သို့ပင် ဖြစ်၏။ သူတို့၏ အနေအထားသည် ယခုတွင် ပြောင်းပြန်ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

ယန်တုန်းရန်သည်လည်း သူ၏ ခေါင်းကို မော့ကာ ဝမ်ရှန့် စောင့်ကြည့်မျှော်စင်မှ ပြန်လာသော ရီဖူရှင်းကို ကြည့်လိုက်သည်။ “ဒီလောက် အစောကြီး ပြန်လာတာလား။”

ယခင်က အဖိုးအိုသည် ရီဖူရှင်းက စမ်းသပ်မှုကို အောင်နိုင်သွား၍ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ ဝင်ရောက်ကာ ဆေးအင်ပါယာ၏ သင်ကြားပို့ချမှုကို နားထောင်နေသည်ဟု ပြောခဲ့သည်။

ဆိုလိုသည်မှာ ဆေးအင်ပါယာက ရီဖူရှင်းအား ကျင့်ကြံခြင်းတွင် ကိုယ်တိုင်ကိုယ်ကျ လမ်းညွှန်ပေးနေပေသည်။

ယခုမူ ရီဖူရှင်းက အလွန်လျှင်မြန်စွာ ပြန်ရောက်လာခဲ့သည်မှာ သူ့အတွက်ကြောင့်ပေလား။

“အင်း” ရီဖူရှင်းက ခေါင်းညိတ်လိုက်ပြီး ယန်တုန်းရန်ကို ကြည့်လိုက်သည်။ “ဆေးအင်ပါယာက မင်းကို လက်ခံဖို့ ဆန္ဒမရှိပဲ ယန်ပြည်ထောင်ကို ပြန်သွားဖို့ ပြောနေတယ်။”

“ဝမ်ရှန့် စောင့်ကြည့်မျှော်စင်က ကိုယ်ပိုင် စည်းကမ်းကို ချိုးဖောက်လိုက်တာပဲ။ ကျုပ်က တစ်ခါမှ မရှုံးနိမ့်ခဲ့ဘူး။ ဘာလို့ ဆေးအင်ပါယာနှင့် တွေ့ခွင့်မရတာလဲ။” ယန်တုန်းရန်က ပြန်တုံ့ပြန်လိုက်သည်။

သူက ပြောပြီးသည့်အခါ သူ၏ ခန္ဓာကိုယ်မှ နဂါးအော်မြည်သံ ခပ်တိုးတိုးထွက်ပေါ်လာပြီး လေဟာနယ်ကို တုန်လှုပ်သွားစေသည်။ သူက လေဟာနယ်အတွင်း ရီဖူရှင်း၏ နေရာသို့ ကြည့်လိုက်သည်။

“မင်း ရှုံးလိမ့်မယ်။” ရီဖူရှင်းက ရှေ့သို့ လျှောက်လာပြီး ပြောလိုက်သည်။ ထို့နောက် မဟာလမ်းစဥ် စွမ်းအင် လှိုင်းများက ကောင်းကင်ထက်မှ အဆင်မပြတ် ကျဆင်းလာပေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset