အပိုင်း (၁၉၈၁)

ဝမ်ရှန့်စောင့်ကြည့်မျှော်စင်

ယန်တုန်းရန်က စီဖုန်းကို ရှုံးနိမ့်စေခဲ့ပြီး သူသည် တစ်ယောက်တည်း ကျန်ရစ်နေသော ရီဖူရှင်းကို ကြည့်လိုက်သည်။

ယခု သူ့ကို တားဆီးနိုင်သော တစ်ဦးတည်းသောသူမှာ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ​မှ ထိုတန်ခိုးရှင်သာ ဖြစ်ပေလိမ့်မည်။

ယန်တုန်းရန်သည် ရီဖူရှင်းက သူ့အား အမှန်တကယ် ​တားဆီးနိုင်လိမ့်မည်ဟု မတွေးပေ။ ရီဖူရှင်း၏ ကျင့်ကြံဆင့်က သူ့လောက်ပင် မမြင့်ချေ။ သူက အဆင့်ငါးရန်ဟောင်တစ်ပါး ဖြစ်သော်လည်း ရီဖူရှင်းက အဆင့်လေး၌သာ ရှိသေးပေသည်။ သူက ကျင့်ကြံဆင့်တစ်ဆင့် မြင့်နေသည်ကို မဆိုထားနှင့် တူညီသော အဆင့်တွင် ရှိလျှင်ပင် သူက ရီဖူရှင်းထက် ပို၍ အစွမ်းထက်လိမ့်မည်ဟု သေချာပေသည်။

စီဖုန်းက အစွမ်းထက်သော ဖြစ်တည်​မှုတစ်ခု ဖြစ်သည်မှာ သေချာသော်လည်း သူ၏ အမြင်အရ ရီဖူရှင်း၏ ခွန်အားက အများဆုံး စီဖုန်းနှင့် တူညီသော အဆင့်ခန့်သာ ရှိပေလိမ့်မည်။

ရီဖူရှင်းက ယန်တုန်းရန်ကို အာရုံစိုက်နေခဲ့ပြီး သူ၏ မျက်လုံးထောင့်မှ အပြုံးတစ်ခုကို မြင်တွေ့လိုက်ရသည်။ သို့သော်လည်း ထို့အပြုံးတွင် ရီဖူရှင်းသည် သတ်ဖြတ်လိုစိတ်များအား ခံစားမိခဲ့ပေသည်။

ယန်တုန်းရန်က သူ၏ အသက်ကို ယူရန် ရည်ရွယ်နေသည်။

ဘုန်း….

လေဟာနယ်က ပြင်းထန်စွာ တုန်ယင်နေပြီး ရီဖူရှင်းသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တင်းကြပ်လာသည်ကို ခံစားမိခဲ့သည်။ ထို့နောက်် မဟာလမ်းစဥ်ကို ပြိုကွဲသွားစေနိုင်သော ကြောက်မက်ဖွယ် အသံလှိုင်းများဖြစ်သည့် နဂါးအော်မြည်သံတို့ ထွက်ပေါ်လာကာ ရီဖူရှင်းထံ တိုးဝင်လာသည်။

ရီဖူရှင်း၏ ရွှေရောင်ခန္ဓာကိုယ်က လေထဲတွင် တောက်ပနေပြီး ဗုဒ္ဓဓမ္မတေးသံတံနှင့် လွှမ်းခြုံထားလေသည်။ ဗုဒ္ဓတစ်ပါး ပေါ်ပေါက်လာကာ ဟိန်းဟောက်နေသော နဂါးကြီးနှင့်  ဗုဒ္ဓ၏ အရိပ်များက ထိပ်တိုက်တွေ့ဆုံခဲ့သည်။ တစ်ချိန်တည်းမှာပင် ယန်တုန်းရန်၏ ခန္ဓာကိုယ်က နတ်နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ အောက်သို့ ထိုးဆင်းလာသည်။ ၎င်းသည် ချက်ချင်းပင် ရီဖူရှင်း၏ ရှေ့သို့ ရောက်ရှိလာ၏။  ရီဖူရှင်း၏ အမြင်မှ ၎င်းသည် အဆုံးမဲ့ ကြီးမားသော နဂါးတစ်ကောင် ကောင်းကင်မှ ဆင်းသက်လာကာ အကန့်အသတ်မဲ့ လွှမ်းမိုးနိုင်သော စွမ်းအားများနှင့် တိုက်ခိုက်လာသည်။

ကောင်းကင်နှင့်မြေကြီးကြားတွင် ဆင်များ၏ ခြေဆောင့်နင်းသံတို့ ထွက်ပေါ်လာသည်။ ရီဖူရှင်းက လက်ကို မြှောက်ကာ တိုက်ခိုက်မှုကို ဖော်ထုတ်လိုက်၏။ နတ်ဆင်များ၏ ပုံရိပ်တို့က ထွက်ပေါ်လာပြီး မဟာလမ်းစဥ်ကို ဖိနှိပ်ကာ တစ်ဖက်လူ၏ မဟာလမ်းစဥ်ကြောက်မက်ဖွယ် အင်အားတို့နှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်။ ယခင်က တိုက်ပွဲမှာ နဂါးနှင့် ဖီးနစ်ကြားမှ တိုက်ပွဲဖြစ်ကာ ယခုသည် နဂါးနှင့်ဆင် ကြားမှ တိုက်ပွဲဖြစ်လေသည်။

ကျယ်လောင်သော တုန်ခါသံများကို အဆက်မပြတ်ကြားနေရပြီး လေဟာနယ်အတွင်း ပြည့်နှက်နေသော မဟာလမ်းစဥ်စွမ်းအားများက ကွဲအက်လာသည်။ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ရီဖူရှင်းသည် အဝေးသို့ ဆုတ်ခွာလိုက်ရကာ သူ၏ သွေးကြောများစီးဆင်းမှုနှင့် အသက်ရှုလမ်းကြောင်းကို အကြီးအကျယ် နှောက်ယှက်ခံရသလို ခံစားလိုက်ရသည်။

သူ့ပြိုင်ဘက်၏ ခန္ဓာကိုယ်သည်လည်း နောက်သို့ ဆုတ်ခွာသွားရပေသည်။ နတ်နဂါးက ယန်တုန်းရန်အဖြစ်သို့ ပြန်လည်ပြောင်းလဲသွားခဲ့ပြီး ရီဖူရှင်းအား ငုံ့ကြည့်၍ ပြောလိုက်သည်။ “အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှာ ဒီလို လွှမ်းမိုးနိုင်စွမ်းရှိတဲ့ စွမ်းအားကို ကျွမ်းကျင်ပိုင်နိုင်တဲ့သူ သိပ်မရှိဘူး။ သူတို့ မင်းကို ဒီလောက် တန်ဖိုးထားတာ အံ့သြစရာ မရှိတော့ပါဘူး။”

ရီဖူရှင်းက ယန်တု​န်းရန်၏ စကားကို ကြားသည့်အခါ တစ်ဖက်လူက အများအပြားသိရှိထားကြောင်း နားလည်သဘောပေါက်သွားပေသည်။

အရှေ့နတ်ဘုရားကျွန်းစုနယ်မြေတွင် လွန်ခဲ့သော ​နှစ်ပေါင်းများစွာက စစ်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်။ နောက်ပိုင်း ဖြစ်ပျက်ခဲ့သည်များကို ဖ​မ်းလိုင်ကုန်းမြေက ကောင်းစွာ သိရှိထားသည်။ ယန်ယွင်ကုန်းမြေက ဖမ်းလိုင်ကုန်းမြေမှ အဖြစ်အပျက်တို့ကို အမြဲမပြတ်စနည်းနာနေနိုင်မည် မဟုတ်သော်လည်း အခြားသူများထံမှ တစ်ခုနှစ်ခု ကြားထားခြင်း ဖြစ်ပေလိမ့်မည်။

ရီဖူရှင်းသည် ယန်တုန်းရန်က အသံလှိုင်း၊ လေဟာနယ်၊ ထိန်းချူပ်ခြင်း… အစရှိသော စွမ်းအင်အမျိုးအစားတော်တော်များများတွင် ကျွမ်းကျင်ကြောင်း သိရှိခဲ့သည်။ သူက တိုက်ခိုက်မှုတွင် ထိုမဟာလမ်းစဥ်စွမ်းအားများကို ပေါင်းစပ်လိုက်သောအခါ အလွန် အစွမ်းထက်လာခဲ့ပေသည်။ မဟုတ်လျှင် သူ့ကို ဆန့်ကျင်တိုက်ခိုက်ရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။

စီဖုန်း၏ ရှုံးနိမ့်မှုက သူ့ခန့်မှန်းချက်အတွင်း၌သာ ရှိပေသည်။

နတ်နဂါးက ကောင်းကင်ထက်တွင် အော်မြည်နေပြီး ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံသွားသည်။ သူတို့အနီးမှ တန်ခိုးရှင်များက တိုက်ခိုက်မှုကို ရပ်တန့်ကာ ရီဖူရှင်းတို့ တိုက်ခိုက်နေသော နေရာသို့ လှည့်ကြည့်လာကြသည်။ သို့သော် ထိုအချိန်တွင် ဝင်္ကပါမှ ပြင်းထန်သော တုန်ခါမှုတို့ကို ထုတ်လွှတ်လာကာ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များကို မော့ကြည့်လာစေသည်။ သူတို့သည် လေဟာနယ်ဝင်္ကပါက အဆက်မပြတ် ပြောင်းလဲမှုများအောက်တွင် ရောက်နေသည်ကို မြင်လိုက်ရပေသည်။

“ဘာတွေဖြစ်နေတာလဲ။ ဝင်္ကပါက ပျောက်သွားတော့မယ်။” လူအများသည် ဇဝေဇဝါဖြစ်နေပြီး တစ်ချိန်တည်းမှာပင် အံ့အားသင့်သည့် အရိပ်အယောင်တို့ ဖြစ်ပေါ်လာသည်။ အပြင်ဘက်မှ လူများသည်လည်း ဝမ်ရှန့်စောင့်ကြည့်မျှော်စင်အထက် ကောင်းကင်သို့ မော့ကြည့်လိုက်သည့်အခါ ထိုနေရာ၌ ရပ်နေကာ လက်ကို ဝှေ့ယမ်းလိုက်သော အဖိုးအိုကို မြင်လိုက်ရသည်။ ခဏကြာပြီးနောက် မဟာလမ်းစဥ် လေဟာနယ်ဝင်္ကပါက ပျောက်ကွယ်သွားလေသည်။ ရီဖူရှင်းနှင့် အခြားလူများသည် လေဟာပြင်တစ်ခုအတွင်း ရပ်နေသည်ကို သတိပြုမိသည့်အခါ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ နန်းတော်ထက်တွင် ထွက်ပေါ်လာသော ထိုရန်ဟောင်ကို သံသယဖြင့် ​ကြည့်လိုက်ကြသည်။

ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များက ဝင်္ကပါအစီအရင်ကို ပိတ်ပစ်ခဲ့သည်လား။

ထိုသည်က မည်သည့်အဓိပ္ပါယ်နည်း။

ဝင်္ကပါ ပျောက်ကွယ်သွားပြီးနောက် အတွင်းမှ လူများက ကောင်းကင်သို့ မြင့်တက်လာသည့် အဝေးရှိ နန်းတော်များသို့ မော့​ကြည့်လိုက်သည်။

“ဒီနှစ် တုန်းရှောင်းကု​န်းမြေနဲ့ အနီးဝန်းကျင်က ကုန်းမြေတွေမှာ အရည်အချင်းမီတဲ့ လူ ဘယ်သူမှ မရှိဘူး။” အဝေးစင်မြင့်ထက်တွင် ရပ်နေ​သော အဖိုးအိုက ကြေညာလိုက်သည်။ ရုတ်တရက် တန်ခိုးရှင်အများအပြားက စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့သည်။ သူတို့ထဲက မည်သူမှ ဝ​​မ်ရှန့်စောင့်ကြည့်မျှော်စင်သို့ ဝင်ခွင့်မရခဲ့သည်လား။

“ရီလျှို့နျန်၊ ဖီးနစ်နဲ့အတူ တက်လာခဲ့။” အဖိုးအိုက ရီဖူရှင်းကို ပြောလိုက်သည်။

လူတိုင်းတိတ်ဆိတ်သွား၏။ သေချာပေါက်ပင် ရီဖူရှင်းနှင့် စီဖုန်းက အရည်အချင်း ပြည့်မီပေသည်။ သို့သော် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ ချမှတ်ထားသော အကဲဖြတ်စည်းမျဥ်းများအရ သူတို့၌ အခွင့်အရေး အပြည့်ရှိသည်။ ပုံမှန်အားဖြင့် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က သူတို့စိတ်ကျေနပ်သမျှအရာအားလုံးကို လုပ်ဆောင်နိုင်ပေသည်။

“ဟုတ်ကဲ့” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။

“အကြီးအကဲ” ထိုအချိန်၌ ယန်တုန်းရန်က သူ၏ မျက်လုံးများကို ရှေ့သို့ ကြည့်နေရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “ကျုပ်လည်း ဝင်္ကပါအတွင်းမှာ ကျရှုံးခဲ့တာမျိုး မရှိဘူး။ အခု ကျုပ် ဆေးအင်ပါယာနဲ့ တွေ့ချင်တယ်။”

အဖိုးအိုက သူ့ကို ကြည့်ကာ ပြောလိုက်သည်။ “ဘာကိစ္စရှိလို့လဲ။”

ယန်တုန်းရန်က အဖိုးအိုကို ကြည့်ကာ ပြောလိုက်၏။ “ပြီးခဲ့တဲ့ တိုက်ပွဲမှာ ရှေးဟောင်းတော်ဝင် ယန်မိသားစုက  အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို လွှတ်ထားပေးဖို့ သဘောတူခဲ့တာက ဆေးအင်ပါယာအနေနဲ့ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို အဆက်အသွယ်မလုပ်ပါဘူးလို့ ကတိပေးထားခဲ့လို့ပဲ။ ဒါကြောင့် ဒီနှစ်တွေမှာ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို အခက်တွေ့အောင် မလုပ်ခဲ့ဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်က အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက ပြန်အသက်ဝင်လာပြီး ဖ​မ်းလိုင်ကုန်းမြေတစ်ခုလုံးကို မုန်တိုင်းထန်စေခဲ့တယ်။ အခု အဲဒီတန်ခိုးရှင်တွေက လမ်းစဥ်ရှာဖွေဖို့ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို ရောက်လာပြီး ဆေးအင်ပါယာရဲ့ လက်အောက်မှာ ကျင့်ကြံဖို့ ပြင်ဆင်နေတယ်။ ဒီလိုဆိုရင် ရှေးဟောင်းတော်ဝင် ယန်မိသားစုက အရှေ့နတ်ဘုရားကျွန်းစုနယ်​မြေနဲ့ ကျုပ်တို့ရဲ့ အပေးအယူကိစ္စကို ပြန်စဥ်းစားရတော့မယ်။”

ယန်တုန်းရန်၏ စကားများကို ကြားသောအခါ ရီဖူရှင်းက အံ့အားသင့်သွားခဲ့သည်။ သူက အတိတ်မှာ ဖြစ်ခဲ့သော အခြားကိစ္စရပ်များကို မသိပေ။ တုံ့လိုင်နတ်မိမယ်က သူနှင့် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို ရှေးဟောင်းတော်ဝင်ယန်မိသားစုက ဆန့်ကျင်လာမည်အား စိုးရိမ်နေသည်မှာ မထူးဆန်းပေ။ ၎င်းသည် သူ့အား ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ ပို့ဆောင်ရသော အဓိက အကြောင်းရင်း ဖြစ်လေသည်။ ကြည့်ရသည်မှာ ယခင်တိုက်ပွဲ​ပြီးသည့်နောက် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို ထိန်းသိမ်းရန် သဘောတူညီချက်များ ပြုလုပ်ထားခဲ့ပုံရလေသည်။ ထို့ကြောင့်ပင် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက ယခုထိတိုင် ပြင်ပလောကနှင့် အဆက်အသွယ်မလုပ်ဘဲ ကျွန်းကို ပိတ်သိမ်းထားခဲ့ခြင်း ဖြစ်လေသည်။

သို့သော်လည်း ရှေးဟောင်းတော်ဝင်ယန်မိသားစုက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသို့ ရောက်ဖူးခဲ့ခြင်း မရှိပေ။ ထို့ကြောင့် အပြင်လောကရှိ မည်သူကမှ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ သူ၏ အဆင့်အတန်းကို မသိရှိသလို တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ အမွေအနှစ်ကို ဆက်ခံခဲ့သည်အားလည်း မသိရှိပေ။ လွန်ခဲ့သည့် နှစ်များက သူသည် အရှေ့နတ်ဘုရားကျွန်းစုနယ်​မြေ၌ ​ကျင့်ကြံခဲ့သည်။ ၎င်းက ရှေးဟောင်းတော်ဝင် ယန်မိသားစုကဲ့သို့ အစွမ်းထက်ကလန်တစ်ခုကု သက်ရောက်ခြင်းမရှိသင့်ပေ။

မဟုတ်လျှင် သူတို့က အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို အစောကြီးကတည်းက ရောက်လာပြီး ဖြစ်ပေလိမ့်မည်။

ထိုရှုထောင့်မှကြည့်လျှင် ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ တန်ခိုးရှင်များက သူနှင့် ထိပ်တိုက်တွေ့ပြီး သူ၏ ထူးခြား​ပြောင်မြောက်သည့် စွမ်းရည်တို့အား မြင်သည့်အခါ တောင်းဆိုချက်ပြုလုပ်ခဲ့သည်မှာ တိုက်ဆိုင်မှုသာ ဖြစ်ပေလိမ့်မည်။

“တခြားဘာကိစ္စရှိသေးလဲ။” အဖိုးအိုက ထပ်မေးလိုက်သည်။ သိသာစွာပင် သူက ရှေးဟောင်းတော်ဝင်ယန်မိသားစုမှ တန်ခိုးရှင်အများအပြားက ကောင်းကင်တိုက်ပွဲနန်းတော်၌ ရန်စခဲ့ကြပြီး ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ စမ်းသပ်မှုကို ပါဝင်ခဲ့ကာ တုန်းရှောင်းကုန်းမြေမှ တန်ခိုးရှင်များအား ချေမှုန်းခဲ့သည်။ သူတို့၏ ပထမဆုံး ပစ်မှတ်က ရီဖူရှင်း မဟုတ်ခဲ့ပေ။

အဆုံးမှာတော့ ရီဖူရှင်း၏ သရုပ်မှန်အား မည်သူမှ မသိခဲ့ကြသလို သူ စမ်းသပ်မှု၌ ပါဝင်မည်ကိုလည်း မသိခဲ့ကြချေ။

ယန်တုန်းရန်က ခေါင်းကို မော့ကာ အဖိုးအိုအား ကြည့်လိုက်သည်။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ သဘောထားက အတော်လေး စိမ်းသက်နေသော်လည်း အံ့သြစရာ မရှိပေ။ သူတို့ ဤနေရာသို့ ရောက်လာသော ရည်ရွယ်ချက်က အခြေအနေကို ​ပိုပြင်းထန်လာစေရန် ဖြစ်သည်။ ထပ်ပြောရလျှင် နှစ်ဖက်လုံး၌ နက်ရှိုင်းသော ရန်ငြိုးများ ရှိနေလေရာ ရင်းနှီးစွာဆက်ဆံရန် အကြောင်းရင်း မရှိပေ။

“ပြီးတော့ ကျုပ် ဒီနေရာကို ရောက်နေတာက မြောက်ပိုင်းက တန်ခိုးရှင်တွေနဲ့ တုန်းရှောင်းကုန်းမြေက တန်ခိုးရှင်တွေကို ပညာဖလှယ်စေဖို့ပဲ။ ရိုးရိုးသားသားပြောရရင် အတော်လေး စိတ်ပျက်မိတယ်။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က တန်ခိုးရှင်တွေရဲ့ စွမ်းရည်ကတောင် ဟိုလိုလိုဒီလိုလို ဖြစ်နေသလိုပဲ။ အခုချိန်ထိ စစ်မှန်တဲ့ ပြိုင်ဘက်နဲ့ မတွေ့ရသေးဘူး။” ယန်တုန်းရန်က ကျယ်လောင်စွာ ပြောလိုက်သည်။ “ဆေးအင်ပါယာရဲ့ လက်အောက်မှာ ကျင့်ကြံနေပြီး ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ရဲ့ နံပါတ်တစ်ပါရမီရှင်လို့ ခေါ်တဲ့သူ…. သူ ဘယ်မှာလဲ။”

မကြာသေးခင်က ရှေး​​ဟောင်းတော်ဝင် ယန်မိသားစုသည် သတင်းဆိုးအချို့ရရှိခဲ့သည့်အတွက် စုံစမ်းရန် အဖွဲ့လိုက်ခရီးထွက်လာခြင်း ဖြစ်ပေသည်။

သူသည် ယခင်က အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ တန်ခိုးရှင်များကို အလေးအနက်မထားခဲ့သလို ရှေးဟောင်းတော်ဝင် ယန်မိသားစုက သာ၍ပင် ဆိုးသေးသည်။ သို့သော် ယခုတွင် ရီဖူရှင်းက သူ့ကို သတိကြီးကြီးထားစေခဲ့ပြီး သူ ပိုဂရုစိုက်သူမှာ ဆေးအင်ပါယာ၏ လက်အောက်မှသူ ဖြစ်သည်။

ဝမ်ရှန့်စောင့်ကြည့်မျှော်စင် အပြင်ဘက်မှ လူများသည် ယန်တုန်းရန်၏ စကားများကို ကြားသည့်အခါ လေးနက်သွားကြသည်။ သူတို့က ချက်ချင်းပင် တစ်စုံတစ်ယောက်ကို တွေးလိုက်မိကြ၏။

ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ နံပါတ်တစ်ပါရမီရှင်သည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အရည်အချင်းရှိပြီး တုန်းရှောင်းကုန်းမြေတစ်ခုလုံး၌ နံပါတ်တစ်ဖြစ်သည်မှာ သံသယဖြစ်ရန် မလိုပေ။

“မင်းက သူ့ကိုတွေ့ချင်တာလား။” အဖိုးအိုက ယန်တုန်းရန်ကို မေးလိုက်သည်။

“အင်း ကျုပ် သူနဲ့ ပညာဖလှယ်ချင်တယ်။” ယန်တုန်းရန်က တုံ့ပြန်လိုက်သည်။

“မင်းက အရည်အချင်း မပြည့်သေးဘူး။ မင်းအကိုကြီးကို လာဖို့ပြောလိုက်။ သူဆိုရင်​တော့ အရည်အချင်း မီနိုင်တယ်။” အဖိုးအိုက ယန်တုန်းရန်ကို စိတ်မကျေမနပ် ဖြစ်နေလေရာ ပေါ့ပေါ့ပါးပါး တုံ့ပြန်ခဲ့သည်။ သို့သော် ကောလဟာလများသာ အမှန်ဖြစ်ပါက သူသည် အခြားသူနှင် ပညာဖလှယ်ရန် အရည်အချင်း မပြည့်မီပေ။

ရှေးဟောင်းတော်ဝင် ယန်မိသားစုသည်ထိုသူက အဆင့်မြင့်ရန်ဟောင်တစ်ပါး ဖြစ်သွားပြီဖြစ်ကာ ချို့ယွင်းချက်ကင်းသော နတ်ဝင်ရိုးကို ပိုင်ဆိုင်ထားသည်ဟု သတင်းရခဲ့သည်။

ယင်းက ထိုလူသည် အမှန်တကယ် ချို့ယွင်းချက်ကင်းသော နတ်ဝင်ရိုးပိုင်ရှင်ဖြစ်ပါက ထိုလူသည် ရှေးခေတ်တော်ဝင်မိသားစုအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။

“ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က ဘယ်သူကမှ ကျုပ်ကိုတောင် အနိုင်မတိုက်နိုင်တာ။ ကျုပ်အစ်ကိုက ဘာလို့ ကိုယ်တိုင်လာရမှာလဲ။” ယန်တုန်းရန်က မေးလိုက်သည်။

အဖိုးအိုက ပြုံးလိုက်သည်။ သူက  တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို နားလည်ပြီးသား ဖြစ်၏။

“ဒီကိစ္စအတွက်ဆိုရင်လည်း ပြန်သွားပြီး မင်းအစ်ကိုကို ကိုယ်တိုင်လာဖို့ ပြောလိုက်ပါ။” အဖိုးအိုက ယန်တုန်းရန်အတွက် လမ်းဖွင့်မပေးဘဲ ပိတ်ပြောလိုက်သည်။

ယန်တုန်းရန်က လဟာပြင်တွင် ရပ်နေ​သေးပြီး တစ်ဖက်လူကို စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။ “ကျုပ် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို ရောက်ဖို့ ကုန်းမြေတွေအများကြီးကို ဖြတ်ကျော်ခဲ့ရတယ်။ ဆေးအင်ပါယာနဲ့ တွေ့ပြီး လမ်းညွှန်မှုရမယ့် အခွင့်အရေး မရှိရင် တိုက်ခိုက်ချင်တယ်။”

ပြောရရင် သူက လွယ်လွယ်နဲ့ အလျှော့ပေးရန် စိတ်ကူးမရှိပေ။

အဘိုးအိုက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ရီဖူရှင်းနှင့် တခြားသူများကို ကြည့်လိုက်သည်။ “မင်းတို့ အရင်သွားနှင့်ကြ။”

ရီဖူရှင်းက ခေါင်းညိတ်လိုက်ကာ စီဖုန်းနှင့်အတူ ရှေ့တက်လိုက်သည်။ ထိုအချိန်တွင် နတ်ဘုရားမတုံ့လိုင်နှင့် အာခီမီအင်ပါယာတို့က ရီဖူရှင်းနှင့်အတူသွားရန် ​လှေကားတက်လာခဲ့သည်။

အဖိုးအိုသည် ပြန်လှည့်ကာ သူတို့ကို ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ အတွင်းပိုင်းသို့ ခေါ်ဆောင်သွားခဲ့သည်။

ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ အမြင့်ဆုံးနေရာသို့ မရောက်ခင် အချိန်သိပ်မကြာခဲ့ပေ။ ၎င်းသည် တိမ်မြူခိုးများဖြင့် ဝန်းရံထားသည့် ကောင်းကင်နန်းတော်နှင့် တူပေသည်။ အရှေ့မှ အမြင့်ဆုံးနေရာရှိ စင်မြင့်ပေါ်တွင် ငြိမ်သက်စွာထိုင်နေသော တစ်စုံတစ်ဦးရှိသည်။

ထိုလူသည် အနက်ရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး မှင်ရည်ကဲ့သို့ မည်းနက်နေသော ဆံပင်ရှည်များကို သူ့နောက်ကျောတွင် လွတ်လွတ်လပ်လပ် ချထားခဲ့သည်။ ထိုလူသည် ကောင်းကင်လမ်းစဥ်နှင့် တသားတည်းဖြစ်နေပုံရသည်။ ရီဖူရှင်း ဤနေရာသို့ မရောက်ခင် ထိုလူ၏ တည်ရှိမှုကို မခံစားမိခဲ့ပေ။

အနက်ရောင်ဝတ်ဆင်ထားသော ထိုသူ၏ နောက်တွင် အစစ်အမှန် ‘ဝမ်ရှန့်စောင့်ကြည့်မျှော်စင်’ ရှိနေခဲ့သည်။ ၎င်းသည် သမိုင်းတစ်ခုအဖြစ် မရေမတွက်နိုင်သော နှစ်များစွာကို ကျော်ဖြတ်ခဲ့ပုံရသည်။ သို့သော်လည်း ရီဖူရှင်းက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ အကြည့်ရောက်သွားသည့်အခါ သူ၏ သက်စောင့်ဟော်နန်းအတွင်းမှ ရှေးဟောင်း ကမ္ဘာ့သစ်ပင်က သေချာသည့် အကြောင်းရင်းတစ်ခုကြောင့် အရူးအမူး စတင်လှုပ်ရှားလာသည်။

ထိုဝမ်ရှန့်စောင့်ကြည့်မျှော်စင်က အမှန်တကယ် နတ်ရတနာတစ်ခု ဖြစ်နေသည်လား။

***


Comment

Leave a Reply


Options

not work with dark mode
Reset