အပိုင်း(၁၉၇၉)

ဘယ်လိုနောက်ကြောင်းလဲ

ဝိညာဥ်ဆိတ်ငြိမ်ခေါင်းလောင်းက နောက်သို့ ပျံသန်းသွားပြီး ၎င်းတွင် အက်ကြောင်းရေးရေး ထွက်ပေါ်လာသည်။ သွေးများက ထိုရန်ဟောင်၏ ပါးစပ်ထောင့်မှ စီးကျလာ၏။ ရီဖူရှင်းနှင့် အဝေးတွင် ရှိနေခဲ့သော ထိုရန်ဟောင်သည် သူ၏ မဟာလမ်းစဥ်နတ်ဝင်ရိုးကို ပြန်သိမ်းကာ သက်ပြင်းချလိုက်သည်။ ကြည့်ရသည်မှာ ထိုလူကို အနိုင်မတိုက်နိုင်ပုံရလေသည်။ သူက ရီဖူရှင်းကို မကိုင်တွယ်နိုင်ပေ။

ရန်ဟောင်က နောက်သို့ တိုက်ပွဲကို ဆက်လက်မတိုက်ခိုက်တော့ပေ။ ထိုရန်ဟောင်သည် မည်သည့်စကားမှမဆိုဘဲ ရှေးဟောင်းတော်ဝင် ယန်မိသားစု၏ မင်းသား ယန်တုန်းရန်နောက်သို့ ပြန်ဆုန်ခွာသွားခဲ့သည်။ ယန်တုန်းယန်၏ ဘယ်ဘက်တွင် နောက်ထပ် လူတစ်ယောက် ရှိနေသေးသည်။ ထိုသူ၏ အရှိန်အဝါက ပေါကြွယ်ကာ အစွမ်းထက်လှပြီး အလယ်အလတ်အဆင့် ရန်ဟောင်အထွတ်အထိပ်တွင် ရှိနေသည်။ သူ့ခန္ဓာကိုယ်မှ ပြင်းထန်လှသော မဟာလမ်းစဥ်အရှိန်အဝါကို ထုတ်လွှတ်နေသည်။

“အရှင်မင်းသား.. ရန်ဟောင်ထန်း ကိုယ်တိုင် တိုက်ခိုက်ဖို့ လိုအပ်မယ်လို့ ထင်တယ်။” လူတစ်ယောက်က ပြောလိုက်သည်။ ရန်ဟောင်ထန်းကို ယန်ထန်းဟု ခေါ်သည်။ သူသည်လည်း ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ မိသားစုဝင်တစ်ယောက် ဖြစ်သည်။ သူက အဓိကမိသားစုဝင် မဟုတ်သော်လည်း သူ၏ စွမ်းရည်က ကြောက်မက်ဖွယ်ကောင်းလှကာ တိုက်ပွဲစွမ်းရည်က ထူးခြားပြောင်မြောက်လှသည်။

ယန်တုန်းရန်က မတုံ့ပြန်ခဲ့ပေ။ သူက အဝေးမှ ရီဖူရှင်းကို လှမ်းကြည့်လိုက်သည်။ ယခုအချိန်ထိတိုင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ ကြောက်မက်ဖွယ် ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်မှ ထွက်ပေါ်မလာသေးပေ။ အနည်းဆုံး အမှန်တကယ် အစွမ်းထက်လှပါသည်ဟု ယန်တုန်းရန် အသိအမှန်ပြုနိုင်မည့်သူ တစ်ယောက်မှ မရှိသေးပေ။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က ရီဖူရှင်းကို သူ့ ပြိုင်ဘက် ဖြစ်စေချင်နေသည်လား။

ယန်တုန်းယန်က ယန်ထန်း၏ စွမ်းရည်ကို ရှင်းရှင်းလင်းလင်း သိရှိထားသည်။ ယန်ထန်းသည် အဆင့်နိမ့်ရန်ဟောင်အဖြစ် ရှိနေစဥ်က ချို့ယွင်းချက်မရှိသော နတ်ဝင်ရိုးကို ပိုင်ဆိုင်ခဲ့သော်လည်း နောက်တစ်ဆင့်ကို တက်ရောက်ပြီးနောက် ၎င်းကို ထိန်းသိမ်းမထားနိုင်ခဲ့ပေ။ သို့သော်လည်း ၎င်းက သူ၏ အစွမ်းထက်လှသော တိုက်ပွဲစွမ်းရည်ကို ကန့်သတ်မထားနိုင်ခဲ့ပေ။ ရီဖူရှင်းထက် ပို၍ အဆင့်မြင့်မားသော သူ၏ ဆဋ္ဌမဆင့်ရန်ဟောင် ကျင့်ကြံဆင့်နှင့်ဆိုလျှင် ယန်ထန်း တိုက်ခိုက်လာပါက ရီဖူရှင်းအား ရှုံးနိမ့်စေနိုင်မည့် အခွင့်အရေးရှိပေလိမ့်မည်။

ထို့နောက်တွင် ပိုမိုများပြားသော လူများက ယန်တုန်းရန်ထံသို့ တိုးဝင်လာသည်။ ထိုအချိန်တွင်လည်း ယန်တုန်းရန်က နည်းနည်းမှ မလှုပ်ရှားခဲ့ပေ။ ယန်ထန်း၏ ပုံရိပ်က လျှပ်တပြက်လှုပ်ရှားသွားခဲ့ပြီး အစစ်အမှန် သွေးသန့်နဂါးတစ်ကောင်က ကောင်းကင်တွင် ထွက်ပေါ်လာသည်။ မိုင်ပေါင်းများစွာ ရှည်လျားသည့် ကြီးမားသော နဂါးကြီးက တိမ်စိုင်များကို ထိုးဖောက်ဖြတ်သန်းလာသည်။ ယင်းသည် ကောင်းကင်ကို တုန်ခါသွားစေသော နဂါးဟိန်းသံကို ထုတ်ဖော်လိုက်သည်။ ယန်ထန်းက လေကို လက်နှင့် ဖမ်းဆုပ်လိုက်သည်။ သွေးသန့်နဂါးက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ထိုဟိန်းဟောက်သံများက လက်ရှိ ရှိနေသူများ၏ စိတ်ဝိညာဥ်ကို တုန်ခါသွားစေသည်။ တစ်ချိန်တည်းမှာပင် လွှမ်းမိုးနိုင်သော တိုက်ခိုက်မှုတစ်ခုက မဟာလမ်းစဥ်ကို ဖြတ်သန်းကာ ကျယ်လောင်သော အသံနှင့်အတူ တစ်ဖက်လူထံ တိုးဝင်သွားသည်။ ယင်းက ထိတ်လန့်တုန်လှုပ်နေသော ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များအား တိုက်ခိုက်လာသည်။

“နေနဂါးတေးသံ” ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များက တစ်ဖက်လူရှိနေရာသို့ ကြည့်လိုက်ပြီး ရေရွတ်လိုက်ကြသည်။ နေနဂါးတေးသံသည် တစ်စုံတစ်ယောက်၏ စိတ်ဝိညာဥ်ကို တိုက်ခိုက်နိုင်သည့်အပြင် အလွန် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုစွမ်းအားကို ပိုင်ဆိုင်ထားသည်။ ကောလာဟလများက ပြောကြသည်မှာ ထိုနည်းစနစ်နှင့် ဝါးမျိုတောင်တန်းမှ ထွက်လာခဲ့သော ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ ဘိုးဘေးသည် ကိုယ်ပိုင်အမည်ကို တည်ဆောက်ကာ ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့သည်။

၎င်းသည် ရှေးဟောင်းတော်ဝင် ယန်မိသားစု၏ နည်းစနစ်များထဲမှ တစ်ခုသာလျှင် ဖြစ်သည်။ ယန်ယွင်ကုန်းမြေမှ မရေတွက်နိုင်သော နယ်မြေများကို သိမ်းပိုက်နိုင်ခဲ့သည့် အစွမ်းထက်အင်အားစုတစ်ခုအနေနှင့် ရှေးဟောင်းတော်ဝင် ယန်မိသားစုက မြောက်ပိုင်းနယ်မြေတွင် အစွမ်းထက်ဆုံး အင်အားစုဖြစ်သည်မှာ သံသယဖြစ်ရန် မလိုပေ။

“သူ့မှာ နဂါးဧကရာဇ်ရဲ့ အရှိန်အဝါ ရှိတယ်။ သူကလည်း ရှေးဟောင်းတော်ဝင် ယန်မိသားစုရဲ့ မိသားစုဝင်တစ်ယောက်ပဲ။” လင်ချိုးက တစ်ဖက်လူကို ကြည့်ကာ မှတ်ချက်ပြုလိုက်သည်။ ယန်ထန်းက တိုက်ခိုက်လာသည့်အခါ သူတို့အနီးတွင် ရွှေရောင်ချီစွမ်းအင်လှိုင်းများ ထွက်ပေါ်လာကာ ကြီးမားသော သွေးသန့်ရွှေနဂါးတစ်ကောင် ဖြစ်လာခဲ့သည်။ ယင်းသည် လေဟာနယ်ကို လွှမ်းမိုး၍ တော်ဝင်မိသားစု အရှိန်အဝါတို့ကို ထုတ်လွှတ်နေပြီး တော်ဝင်မိသားစု နတ်နဂါးနှင့် ဆက်စပ်နေပေသည်။ ၎င်းသည် တစ်ဖက်လူက တော်ဝင်မိသားစု၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင် လင်ချိုးကို သတိပြုမိစေသည်။

အခြားတစ်ဖက်တွင် ရီဖူရှင်းက အများကြီး မတွေးခဲ့ပေ။ သူက ရှေးဟောင်းတော်ဝင်ယန်မိသားစုမှ တန်ခိုးရှင်များနှင့် အနှေးနဲ့အမြန် ရင်ဆိုင်ရမည် ဖြစ်သည်။ ဤတစ်ကြိမ်၌ နတ်မိမယ်တုံ့လိုင်က သူ့ကို အနာဂတ်အတွက် ပြင်ဆင်ရန် လေ့ကျင့်ဖို့ရာ သည်နေရာသို့ စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်  သူ မည်သည့်အခါကမှ ထင်မထားခဲ့မိသည်မှာ ရှေးဟောင်းတော်ဝင် ယန်မိသားစုနှင့် အခုလို မြန်ဆန်စွာ တွေ့ဆုံခဲ့ရမည်ကိုပင် ဖြစ်လေသည်။

ရှေးဟောင်းတော်ဝင် ယန်မိသားစုဝင်တစ်ယောက်ဖြစ်သော ယန်ထန်းကို ရီဖူရှင်းက အာရုံသိပ်မထားပေ။ သူက ချို့ယွင်းချက်ရှိနေသော နတ်ဝင်ရိုးကို ပိုင်ဆိုင်ထားပြီး အဆင့်မြင့်ရန်ဟောင်အောက်မှ တန်ခိုးရှင်တစ်ဦးဖြစ်လေရာ သူ့ကို ခြိမ်းခြောက်နိုင်စွမ်း မရှိပေ။ သူက ထိုသို့သော အခြေအနေနှင့် လူများကို လျစ်လျူရှုပေလိမ့်မည်။

ယန်ထန်း၏ တိုက်ခိုက်မှုက လွှမ်းမိုးနိုင်စွမ်းရှိပြီး အခြားရန်ဟောင်များနှင့် ရင်ဆိုင်နိုင်စွမ်းရှိလျှင်ပင် စီဖုန်းကို ဆန့်ကျင်ရန် လွယ်ကူလိမ့်မည် မဟုတ်ပေ။

တူညီသော ကျင့်ကြံဆင့်နှင့် စီဖုန်းတွင် ချို့ယွင်းချက်ကင်းမဲ့သော မဟာလမ်းစဥ် ရှိပေသည်။ သူတို့ ယှဥ်၍ တိုက်ခိုက်လာသည့်အခါ သူမက ယန်ထန်းထက် ပို၍ သာလွန် အစွမ်းထက်ပေလိမ့်မည်။

သို့သော်လည်း ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ တန်ခိုးရှင်များက အလွန် အစွမ်းထက်လှပေသည်။ သူတို့သည် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များကို သာမန်အတိုင်း ဖြတ်ကျော်ကာ သူတို့၏ လမ်းကြောင်းကို ရှင်းလင်းခဲ့သည်။ သူတို့က ရီဖူရှင်းကဲ့သို့ပင် လွှမ်းမိုး၍မရနိုင်သော တန်ခိုးရှင်များ ဖြစ်ပုံပေါ်သည်။

ထိုအချိန်တွင် ရီဖူရှင်းအား မည်သူကမှ ထပ်မံမတိုက်ခိုက်တော့ပေ။ သူတို့သည်လည်း ရီဖူရှင်းအား အဆင့်မြင့်ရန်ဟောင် အဆင့်အောက်မှ မည်သူမှ အနိုင်ယူရန် မဖြစ်နိုင်ကြောင်း သဘောပေါက်ကြပေသည်။

ထို့အခိုက်အတန့်တွင် ရီဖူရှင်းသည် အဝေးမှ သူ့ထံလာနေသော အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးကို မြင်လိုက်ရသည်။ ထိုလူ၏ ခန္ဓာကိုယ်ကို နတ်နဂါးတစ်ကောင်က ရစ်ပတ်ထားပြီး ရှေ့သို့ တဟုန်ထိုး တိုးဝင်လာသည်။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များက ထိုသူကို တားဆီးရန် ကြိုးစားပါသော်လည်း ထိုလူ၏ တိုက်ခိုက်မှုကြောင့် နောက်သို့ လွင့်စင်သွားကြပေသည်။

သူ ရောက်လာပြီး ရီဖူရှင်းဘေးနားမှ လူများက ထိုမြင်ကွင်းကို မြင်သည့်အခါ ထိုသူက ယန်ထန်းဖြစ်ကြောင်း တွေးမိလိုက်ကြသည်။ ယခုတွင် ယန်ထန်းက ရီဖူရှင်းထံသို့ တည့်မတ်စွာ ပြေးဝင်လာနေသည်။

ဝမ်ရှန့်စောင့်ကြည့်မျှော်စင် အပြင်ဘက်မှ စူးစမ်းလေ့လာနေသော တန်ခိုးရှင်များက ထိုတိုက်ပွဲသည် အလွန် ထူးခြားပြောင်မြောက်ရမည်ဟု ခန့်မှန်းနေကြပေသည်။ သူတို့က တိုက်ပွဲကို မျှော်လင့်နေကြပေသည်။ သူတို့သည် အစွမ်းထက်သော ယန်ထန်းနှင့် ရီဖူရှင်းတို့ တိုက်ခိုက်ကြသောအခါ မည်သည့် ရလဒ်ဖြစ်လာမည်ကို မသိပေ။

ထိုလမ်းစဥ်တိုက်ပွဲက အလွန် စိတ်လှုပ်ရှားဖွယ် ကောင်းမှာ သေချာပေသည်။

ထိုမျှော်လင့်စောင့်စားနေသော အကြည့်များ၏ အောက်မှာပင် ယန်ထန်းက ရီဖူရှင်းထံသို့ တိုးဝင်လာသည်။ မည်သည့်ရန်ဟောင်မှ သူ့လမ်းကို မတားဆီးထားနိုင်ပေ။ ကြီးမားသော နတ်နဂါးကြီးက ယန်ထန်းကို ရစ်ပတ်ထားပြီး သူက လေထဲတွင် ရပ်နေခဲ့သည်။ ထိုရွှေရောင်နဂါးက ကောင်းကင်ထက်တွင် ရစ်ပတ်နေခဲ့သည်။ ၎င်းက ကောင်းကင်ထက်သို့ ဦးတည်နေခဲ့သည်။ ကြီးမားသော နဂါးမျက်လုံးတစ်စုံက ရီဖူရှင်းကို ငုံ့ကြည့်ကာ လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါတို့ကို ထုတ်လွှတ်နေသည်။

နဂါးတစ်ကောင်၏ ဟိန်းဟောက်သံက လေဟာနယ်ကို ပြင်းထန်စွာ တုန်ယင်နေစေသည်။ ကြောက်မက်ဖွယ် အသံလှိုင်းများက အနီးအနားရှိ လူများ၏ စိတ်ဝိညာဥ်ကို တုန်ခါသွားစေသည်။ နတ်နဂါးအရိပ်များက အောက်သို့ ထိုးဆင်းလာကာ ရီဖူရှင်းကို တိုက်ခိုက်လိုက်သည်။ ထိုအရိပ်များ၏ အလယ်တွင် ကြီးမားသာ နဂါးတစ်ကောင်၏ လက်သည်းများ ထွက်ပေါ်လာသည်။ လက်သည်းက ကောင်းကင်မှ ကျဆင်းလာပြီး ချက်ချင်းပင် ကောင်းကင်ကို ဖုံးလွှမ်းလာသည်။

ရီဖူရှင်း၏ ပုံရိပ်က မည်သို့မှ မလှုပ်ရှားဘဲ သူ့နောက်တွင် တောက်ပသော မီးလျှံနီသဏ္ဌာန်တစ်ခု ပေါ်ပေါက်လာကာ တိမ်တိုက်များအတွင်း ထိုးခွင်းလာကာ ရီဖူရှင်း၏ အထက်သို့ ရောက်လာခဲ့သည်။ သူမက နတ်တောင်ပံများကို ဖြန့်ထုတ်လိုက်ပြီး ကောင်းကင်နှင့် နေမင်းကို ပိတ်ဆို့တားဆီးထားလိုက်ပေသည်။ မရေတွက်နိုင်သော ဖီးနစ်အရိပ်ကများ ပျံသန်းထွက်လာသည်။ သူမ၏ စိတ်ဝိညာဥ်က ဖျက်ဆီး၍မရနိုင်သော နတ်မီးလျှံများကဲ့သို့ ဖြစ်ပေါ်လာသည်။ မီးလျှံများက ကောင်းကင်ကို ဝါးမြိုနေသည်။

စူးရှသော ဖီးနစ်အော်မြည်သံတစ်ခု ထွက်ပေါ်လာပြီး နဂါးငိုကြွေးသံနှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်။ မရေတွက်နိုင်သော ငှက်မွေးများက ဖီးနစ်၏ နတ်တောင်ပံတို့မှ ထိုးထွက်လာသည်ဟု ထင်မှတ်ရပေသည်။ ထိုအမွေးအတောင်တစ်ခုချင်းစီက ဓားတစ်လက်ထက်ပို၍ ထက်ရှပေသည်။ ယင်းတို့က ဖျက်ဆီး၍မရနိုင်သော မဟာလမ်းစဥ်တိုက်ခိုက်မှုတစ်ခု ဖြစ်လာပြီး အောက်သို့ ဆင်းလာသည့် နဂါးလက်သည်းများထံ တိုးဝင်သွားသည်။

ကောင်းကင်ထက်တွင် နတ်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ကောင်းကင်ရှိ နေကို ဖြိုခွင်းလာသော ထက်ရှသည့် နဂါးလက်သည်းက  တစစီပြိုကွဲသွားခဲ့သည်။ ကြီးမားသည့် ဖီးနစ်အရိပ်တစ်ခုက စီဖုန်းနောက်တွင် ပေါ်ပေါက်လာသည်။ ၎င်းသည် သူ့အတောင်ပံများကို ဖြတ်သန်း၍ ကောင်းကင်သို့ ချက်ချင်း ထိုးတက်သွားခဲ့သည်။ မျက်စိတမှိတ်အတွင်းမှာပင် ကောင်းကင်ထက်၌ မဟာလမ်းစဥ်နယ်မြေတစ်ခု ဖြစ်ပေါ်လာသည်။ ဝူထုံနတ်မီးလျှံသည် ကောင်းကင်ကို လွှမ်းခြုံ၍ မီးလျှံများအား ထုတ်လွှတ်နေသည်။

ယန်ထန်းက မဟာလမ်းစဥ်နတ်မီးလျှံ နယ်မြေ၏ ဝန်းရံထားခြင်းကို ခံရပေသည်။ သူ၏ မျက်လုံးများက ရုတ်တရက် ပြောင်းလဲသွားသည်။ ထိုမီးလျှံများမှာ……

သူသာလျှင် မဟာလမ်းစဥ်နတ်မီးလျှံများ၏ စွမ်းအားကို ခံစားမိသည် မဟုတ်ပေ။ လူအများသည်လည်း တစ်ခုခုကို သတိပြုမိကြကာ စီဖုန်းကို အံ့အားတသင့် ကြည့်လိုက်ကြသည်။

ယင်းမှာ ဝူထုံနတ်မီးလျှံဖြစ်သည်။ အဝေးမှ ယန်တုန်းရန်သည်လည်း စီဖုန်းကို ကြည့်လိုက်သည်။ တောက်ပသော ဖီးနစ်ပုံရိပ် ပေါ်ပေါက်လာကာ လေဟာနယ်ကို တုန်လှုပ်သွားစေသည့် ဖီးနစ်အော်သံ ထွက်ပေါ်လာသည်။

ဝူထုံနတ်မီးလျှံသည် တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ အစွမ်းထက် မိစ္ဆာသားရဲ အရှင်ဖီးနစ် မီးလျှံများ ဖြစ်သည်။

ထိုသို့ဆိုလျှင် စီဖုန်း၏ သရုပ်မှန်မှာ ထက်ရှားလာပြီ ဖြစ်၏။

“အရှင်ဖီးနစ်ရဲ့ မျိုးဆက်က ဒီမှာ ထွက်ပေါ်လာလိမ့်မယ်လို့ ကျုပ် ထင်မထားမိဘူး။” ယန်တုန်းရန်က မှတ်ချက်ချလိုက်သည်။ သူပြောသည်ကို ကြားလိုက်သော အခြားရန်ဟောင်များကလည်း စီဖုန်း၏ သရုပ်မှန်ကို သတိပြုမိသွားကြပေသည်။ သူမက အရှင်ဖီးနစ်၏ မျိုးဆက်ဖြစ်သည်။

အရှင်ဖီးနစ်၏ မျိုးဆက်က အဘယ့်ကြောင့် ရီဖူရှင်းနှင့် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ လိုက်လာရသနည်း။

အရှင်ဖီးနစ်က တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ မိစ္ဆာသားရဲဖြစ်ကာ သူ့ မျိုးဆက်က အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၌ ကျင့်ကြံနေလိမ့်မည် ဖြစ်၏။ ဆိုလိုသည်မှာ ရီဖူရှင်းက ထိုက်ယွမ်ကုန်းမြေမှ အာခီမီအင်ပါယာနှင့် လာခဲ့ခြင်း မဟုတ်ဘဲ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ လာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ဝမ်တုမှ အင်အားစုများ၏ အဖွဲ့ဝင်များသည်လည်း မှင်တက်သွားကြသည်။ ရီဖူရှင်းဘေးမှ အမျိုးသမီးရန်ဟောင်က ထိုမျှ အံ့အားသင့်ဖွယ်ကောင်းသော ဇာစ်မြစ်ရှိနေသည်လား။

တိုက်ပွဲကို ဘေးမှ ကြည့်နေသော ယန့်ချန်က စီဖုန်းကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူ၏ အကြည့်များကို ရီဖူရှင်းထံ ရွှေ့လိုက်သည်။ ထိုအချိန်၌ သူသည် နောက်ဆုံးတွင် အာခီမီနတ်နန်းတော်က အဘယ့်ကြောင့် ဆေးဖော်စပ်ခြင်း နည်းစနစ်နှင့် တိုက်ပွဲစွမ်းရည်အားလုံးတွင် ဆိုးဆိုးဝါးဝါး ရှူံးနိမ့်ခဲ့ရသည်ကို နားလည်လိုက်သည်။

ရီဖူရှင်းက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေတွင် ကျင့်ကြံခဲ့သော တန်ခိုးရှင်တစ်ယောက် ဖြစ်ကာ သူ့ကို ဝမ်ရှန့်စောင့်ကြည့်မျှော်စင်တွင် လေ့ကျင့်ရန် သူတို့က စေလွှတ်ခဲ့ကြသည်။

သို့သော်လည်း အမှန်တကယ်တွင် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေနှင့် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကြားမှ ပတ်သတ်မှုအရ သူသည် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ တိုက်ရိုက်ဝင်ရောက်နိုင်ပြီး စမ်းသပ်မှုများကို ဖြတ်ကျော်ရန် မလိုအပ်ပေ။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသည် သူ၏ အရည်အချင်းများကို ထုတ်ဖော် ပြသစေလိုသည့်အတွက် သူ ထိုသို့လုပ်သည်ကို ခွင့်ပြုထားခြင်း ဖြစ်ရပေမည်။

ဆေးဖော်စပ်သူများ စုဝေးပွဲအတွင်း အာခီမီနတ်နန်းတော်မှ တန်ခိုးရှင်များက သူတို့ကိုယ်သူတို့ အမွှန်းတင်သောအခါ ရီဖူရှင်းနှင့်အခြားသူများက ထိုအခြေအနေတွင် ထင်မြင်ချက်များ ရှိခဲ့သည်မှာ အံ့သြစရာမဟုတ်တော့ပေ။ ရီဖူရှင်းသည် တုန်းဟွာပိုင်နက်အတွင်း ပြိုင်ဘက်ကင်း ထိပ်တန်းဆေးပညာ သန့်စင်မြင့်မြတ်နယ်မြေမှ လာသောသူ ဖြစ်ပေသည်။

ရီဖူရှင်းသည် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ ဆက်ခံသူ ဖြစ်နိုင်ပြီး သူတို့၏ ဆေးပညာနည်းစနစ်ကို ဆက်ခံထားပေလိမ့်မည်။

ထိုသို့တွေးမိသည့်အခါ ယန့်ချန်သည် အတော်ကလေး သဘောတကျ ဖြစ်သွားခဲ့သည်။ ရီဖူရှင်းက ဝမ်တုမှ ဟုတ်မဟုတ် အရေးကြီးပါသလား။

ရီဖူရှင်းက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ ဖြစ်သည်။ သူက ထိုသို့သော ပါရမီနှင့် စွမ်းရည်မျိုး ရှိသည်။ သူက တုန်းရှောင်းကုန်းမြေမှ တန်ခိုးရှင်တစ်ယောက်ဖြစ်ရန် အဆင့်အတန်းတစ်ခု လိုအပ်ခဲ့သည်လား။

ထို့ကြောင့် ရီဖူရှင်းအနေနှင့် အာခီမီနတ်နန်းတော်သို့ ဝင်ရောက်ခြင်းမှာ အချိန်ဖြုန်းခြင်းသာ ဖြစ်သည်။ ယခင်က ယန့်ချန်နှင့် အခြားလူများသည် အလွန် မောက်မာမိခဲ့ကြပေသည်။

ကောင်းကင်ထက်တွင် ပြင်းထန်သော တိုက်ခိုက်သံတို့ ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲတစ်ခုက စီဖုန်းနှင့် ယန်ထန်းကြား၌ ဖြစ်ပေါ်လာသည်။ ယန်ထန်း၏ တိုက်ပွဲစွမ်းရည်က အလွန် အစွမ်းထက်သော်လည်း သူသည် ကြီးမားသော ဖိနှိပ်မှုကို ခံစားနေရဆဲ ဖြစ်သည်။ သူက စီဖုန်း၏ တိုက်ခိုက်မှုကြောင့် နောက်သို့ အဆက်မပြတ်ဆုတ်ခွာနေရသည်။ တင့်တယ်လှသော ဖီးနစ်က နတ်နဂါးကို ဖိနှိပ်နေသည်။ ကြောက်မက်ဖွယ် ဝူထုံနတ်မီးလျှံက ယန်ထန်းကို တိုက်ပွဲမြေပြင်မှ တတ်နိုင်သမျှ မြန်မြန် ထွက်ပြေးလွတ်မြောက်ရန်သာ တွေးမိစေပေသည်။

ကောင်းကင်ထက်တွင် နောက်ထပ် ဖီးနစ်အော်မြည်သံတစ်ခု ထွက်ပေါ်လာသည်။ လူအုပ်ကြီးသည် ဖီးနစ်၏ နတ်မီးလျှံများနှင့် ဝါးမြိုခံနေရသော သွေးသန့်နဂါးတစ်ကောင်ကို မြင်တွေ့ကြရပေသည်။ အော်ညည်းသံနှင့်အတူ ယန်ထန်း၏ ပုံရိပ်က အပြင်ဘက်သို့ လွင့်ထွက်လာကာ အဝေးကြီးသို့ ပြန်ဆုတ်ခွာသွားရပေသည်။ သူ၏ ပုံရိပ်ကို မဟာလမ်းစဥ်စွမ်းအားတို့ဖြင့် ကာကွယ်ထားသော်လည်း သွေးချင်းချင်းရဲနေခဲ့သည်။ သူ၏ ဝတ်ရုံမှ သွေးများ စိမ့်ထွက်နေသည်ကို လူအများက မြင်တွေ့နိုင်ပေသည်။ သူ့တစ်ကိုယ်လုံးက အလွန် ဆိုးဆိုးရွားရွား သနားစဖွယ် ဖြစ်နေသည်။ လတ်ဆတ်သော သွေးများက သူ့ပါးစပ်ထောင့်မှ စီးကျလာသည်။

ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ တန်ခိုးရှင်တစ်ယောက်ဖြစ်သော ယန်ထန်းက ရှုံးနိမ့်သွားခဲ့ပေသည်။

“ချို့ယွင်းချက်ကင်း မဟာလမ်းစဥ်နတ်မီးလျှံ။” လူအများက အံ့အားသင့်စွာနှင့် ရေရွတ်လိုက်ကြသည်။ စီဖုန်း၏ စွမ်းရည်က အစွမ်းထက်လှသည်။ ယခုတိုက်ပွဲမတိုင်ခင်က လူအများသည် ၎င်းကို သတိမပြုမိခဲ့ကြပေ။

ဝမ်ရှန့်စောင့်ကြည့်မျှော်စင် ဝင်္ကပါအပြင်ဘက်တွင် အာခီမီနတ်နန်းတော်မှ တန်ခိုးရှင်တစ်ယောက်က အာခီမီအင်ပါယာနှင့် နတ်မိမယ်တုံ့လိုင်တို့အား ကြည့်ကာ ပြောလိုက်သည်။ “တုံ့လိုင်နတ်ဘုရားအကြီးအကဲရဲ့ ဆက်ခံသူက ဒီနေရာကို ရောက်လာမယ်လို့ ကျုပ်တို့ ထင်မထားမိခဲ့ဘူး။ ရိုင်းပြမှုကို ခွင့်လွှတ်ပေးပါ။”

ရှင်းလင်းစွာပင် သူတို့သည် နတ်မိမယ်တုံ့လိုင်၏ သရုပ်မှန်ကို သတိပြုမိကြပြီး ဖြစ်သည်။ လွန်ခဲ့သည့် နှစ်များအတွင်း နတ်မိမယ်တုံ့လိုင်က လူအများရှေ့တွင် ထွက်ပေါ်လာခဲသည်။ လူအများသည် သူမကို ယခင်က မမြင်ဖူးကြပေ။ ထို့ကြောင့် သူမကို မည်သူကမှ သတိမပြုမိခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း အရှင်ဖီးနစ်၏ မျိုးဆက်က ထွက်ပေါ်လာခဲ့ပြီး ရီဖူရှင်းနှင့် သူမကြားမှ ဆက်သွယ်မှုကို တွေးကြည့်လိုက်သည့်အခါ နတ်မိမယ်တုံ့လိုင်၏ အဆင့်အတန်းက ပေါ်ထွက်လာတော့သည်။ သူမသည် တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ ဆက်ခံသူဖြစ်သည်။

နတ်မိမယ်တုံ့လိုင်က တစ်ဖက်လူကို တစ်ချက်လှမ်းကြည့်ပြီးနောက် မည်သို့မှ မတုံ့ပြန်ခဲ့ပေ။ ထိုလူများသည် ယခုထိတိုင် ယဥ်ကျေး၍ ရိုးသားသလို ဟန်ဆောင်နေကြသေးသည်။

“ရီလျှို့နျန်က ခင်ဗျားရဲ့ တပည့်လား နတ်မိမယ်။” အာခီမီနတ်နန်းတော်မှ တန်ခိုးရှင်က မေးလိုက်သည်။

“မဟုတ်ဘူး။” နတ်မိမယ်တုံ့လိုင်က ချက်ချင်း ပြန်ဖြေလိုက်၏။ ၎င်းသည် တစ်ဖက်လူကို ကြောင်အသွားစေခဲ့သည်။ သူက သူမ၏ တပည့်မဟုတ်ဘူးလား။

သူတို့က ရီဖူရှင်း၏ သရုပ်မှန်ကို မှန်းဆနိုင်ပြီဟု ထင်ခဲ့ကြသည်။ သို့သော်လည်း နတ်မိမယ်တုံ့လိုင်က ပြတ်သားစွာ ငြင်းဆန်ခဲ့၏။ သူမ၏ အဆင့်အတန်းနှင့် ထိုသို့သော အကြောင်းအရာကို လိမ်နေရန် မလိုအပ်ပေ။

သို့ဆိုလျှင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ လာသော ရီဖူရှင်း၏ သရုပ်မှန်က မည်သည်နည်း။

***


Comment

Leave a Reply


Options

not work with dark mode
Reset