အပိုင်း (၁၉၇၄)

လက်သီးတစ်ချက်

မဟာလမ်းစဥ်၏ အော်မြည်သံများက ဝင်္ကပါအတွင်းမှ အဆက်မပြတ် ပဲ့တင်ထပ်လာနေပြီး မြောက်ပိုင်းမှ ရန်ဟောင်များက တဟုန်ထိုး ပြေးဝင်သွားကာ ပြင်းထန်သော တိုက်ပွဲကို အစပျိုးလိုက်သည်။

တုန်းရှောင်းကုန်းမြေရှိ အင်အားစုအမျိုးမျိုးမှ တန်ခိုးရှင်များက အချင်းချင်း မတိုက်ခိုက်တော့ဘဲ ပြင်ပအင်အားစုကို တိုက်ခိုက်ရန် စုစည်းလိုက်ကြသည်။ မဟုတ်လျှင် သူတို့က ဆိုးဆိုးဝါးဝါး ဆုံးရှုံးရလိမ့်မည် ဖြစ်၏။

မြောက်ပိုင်းနယ်မြေမှ တန်ခိုးရှင်များ စတင်တိုက်ခိုက်လာပြီးနောက် သူတို့သည် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ လူများက စောင့်ကြည့်ရုံသာ ကြည့်နေပြီး ဝင်မစွက်ဖက်သည်ကို သတိထားမိလိုက်ပေသည်။ သူတို့က ထိုအဓိပ္ပါယ်အား နားလည်ပေသည်။ ဤသည်မှာ တိုက်ပွဲမြေပြင်၌ ရှိနေသူများအား အကဲဖြတ်နိုင်ရန် သူတို့ကို တာဝန်လွှဲလိုက်ခြင်း ဖြစ်ပေသည်။ ဤဝင်္ကပါက သူတို့အတွက် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ စမ်းသပ်ချက် ဖြစ်လေသည်။

ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ ကျင့်ကြံရန် ဝင်ရောက်ဖို့ရာ ဝင်္ကပါအား အရင် ဖြတ်ကျော်ရပေမည်။

သို့ပေမယ့် ဤတစ်ကြိမ်အကဲဖြတ်ခြင်းက အနည်းငယ် ကွဲပြားသွားသည်။ မြောက်ပိုင်းနယ်မြေမှ ရန်ဟောင်များသည် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များ ဝင်္ကပါ၏ တိုက်ပွဲမြေပြင်သို့ ဝင်ရောက်တိုက်ခိုက်မည့်နေရာ၌ အစားထိုးဝင်ရောက်သွားခြင်းကြောင့် ဖြစ်လေသည်။

ချင်းဟယ်နန်းတော်မှ တန်ခိုးရှင်များက ရီဖူရှင်းနှင့် သူ့လူများကို ဆက်လက်မတိုက်ခိုက်တော့ပေ။ ယခု သူတို့၏ အာရုံက ရက်စက်စွာ တိုက်ခိုက်လာသည့် ရန်ဟောင်များဘက်သို့ ရောက်ရှိသွားလေသည်။ လူအများသည် စတင်လှုပ်ရှားလိုက်ကြပြီး တစ်ယောက်ချင်းစီက အဆင့်တူပြိုင်ဘက်များအား ရှာဖွေကာ ဝင်္ကပါ၏ ကန့်သတ်ချက်ကြား လမ်းစဥ်တိုက်ပွဲတစ်ခု စတင်ခဲ့သည်။

ထိိုအခိုက်တွင် ဝင်္ကပါအတွင်း လေဟာနယ်က ပြိုကျပျက်စီးတော့မယောင် ဖြစ်လာပြီး  ထိုအဓိကရုဏ်းသည် ကောင်းကင်နှင့် မြေကြီးအား ဖျက်ဆီးပစ်နိုင်တော့မလို ထင်မှတ်ရပေသည်။

ဝမ်ရှန့်စောင့်ကြည့်မျှော်စင်အပြင်ဘက်မှ တန်ခိုးရှင်များသည် တစ်ချိန်တည်း ဖြစ်ပွားလာသည့် တိုက်ပွဲများကို စူးစမ်းနေပေသည်။ သူတို့သည် တိုက်ပွဲတစ်ခုချင်းစီ၏ အသေးစိတ်ကို စောင့်ကြည့်လိုပြီး မည်သည့်လွဲချော်မှုမှ မဖြစ်လိုသော်လည်း တိုက်ခိုက်မှုများက အလွန် လျင်မြန်လှသည်။ ထိုကြီးမားသော တိုက်ပွဲက မတူညီသော နေရာများ၌ တစ်ချိန်တည်း ပေါက်ကွဲထွက်လာလေသည်။ သူတို့သည် တိုက်ပွဲတစ်ခုတည်းကိုသာ အာရုံစိုက်ရန် ရွေးချယ်နိုင်ပြီး အခြားတိုက်ပွဲများကို အကြည့်တစ်ချက်မျှသာ စွန့်ကြဲ၍ အကဲခတ်နိုင်ပေသည်။ သူတို့၏ နတ်အာရုံများက ဝင်္ကပါအတွင်း မကျူးကျော်နိုင်သည့်အတွက် သူတို့သည် သာမန်မျက်ဝန်းများဖြင့်သာ ကြည့်ရှုနိုင်ကြပေသည်။

“မြောက်ပိုင်းနယ်မြေရဲ့ ရန်ဟောင်တွေက အတော်လေး ရိုင်းစိုင်းကြမ်းတမ်းတာပဲ။” တစ်စုံတစ်ယောက်က မှတ်ချက်ချလိုက်သည်။

“ဒီတန်ခိုးရှင်တွေက ယန်ပြည်ထောင်ရဲ့ ရှေးဟောင်းတော်ဝင်မိသားစုကနေ လူကိုယ်တိုင်လာခဲ့ကြတာ။ အဲဒီလူငယ်က တန်ခိုးရှင်တွေ အများကြီး ခြံရံထားတာမို့ သူက ယန်ပြည်ထောင်ရှေးဟောင်း တော်ဝင်မိသားစုဝင်တစ်ယောက် ဖြစ်ရမယ်။ သူက လမ်းစဥ်ရှာဖွေဖို့ ရန်ဟောင်တစ်စုကို ဦးဆောင်လာတယ်။ ဒီလိုဆိုတော့ သူတို့က သူတို့လူတွေထဲက အသန်မာဆုံးတွေ ရွေးချယ်လာတာ ဖြစ်နိုင်တယ်။ ဒါပေမယ့် ကျုပ်တို့ကတော့ ကွာခြားတယ်။ ကျုပ်တို့ဆီက အစွမ်းထက်တန်ခိုးရှင်တွေက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို ဝင်ရောက်ပြီး ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှာ လက်ရှိ ကျင့်ကြံနေကြပြီ။ ဒီတစ်ခေါက်မှာ အစွမ်းထက်တန်ခိုးရှင်အချို့ ဝင်္ကပါထဲ ဝင်လာတယ်ဆိုပေမယ့် တစ်ဖက်အဖွဲ့လိုမျိုး အတော်ဆုံးတွေကို ဂရုတစိုက်ရွေးချယ်ထားတာမျိုး မဟုတ်ဘူး။” ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းရှိသည့် တစ်စုံတစ်ယောက်က တိုက်ပွဲ၏ အဓိက အချက်ကို မြင်ပေသည်။

သူတို့ထံ၌ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ ဝင်ရောက်နိုင်သော အခွင့်အရေးက နှစ်တိုင်းရရှိပြီး အစွမ်းထက် တန်ခိုးရှင်များက အချိန်နှင့်အမျှ ကျင့်ကြံရန် ဝင်ရောက်လာကြလေသည်။ ဤနှစ်တွင် ထူးချွန်ထက်မြက်သူအချို့ တက်ရောက်သော်လည်း ထိုသည်မှာ တစ်ဖက်အဖွဲ့နှင့် လုံးလုံးလျားလျား ကွာခြားပေသည်။ ယန်ပြည်ထောင်၏ ရှေးဟောင်းတော်ဝင် မိသားစုမှ ဦးဆောင်လာသော ထိုလူများမှာ ယန်ယွင်ကုန်းမြေရှိ ထိပ်သီးအင်အားစုများမှ ဆင်းသက်လာသော အစွမ်းထက် တန်ခိုးရှင်တစ်စုဖြစ်မည်မှာ မလွဲဧကန်ပင်။

ထိုရှုထောင့်မှ ကြည့်လျှင် သူတို့သည် အရေးမသာသည့် ဘက်၌ ရှိနေကြပေသည်။

“ဒီလိုရက်စက်တဲ့ တိုက်ခိုက်မှုအောက်မှာ အကုန်လုံး ရှင်းလင်းခံလိုက်ရမှာကို စိုးမိတယ်။” တန်ခိုးရှင်တစ်ယောက်က မျက်မှောင်ကြုတ်လိုက်သည်။ သူတို့သည် ဝမ်တုရှိ အဓိကအင်အားစုအချို့မှ ဖြစ်ပြီး ထိုအင်အားစုများမှ စီနီယာများက ဝင်္ကပါအတွင်းသို့ မဝင်ရောက်နိုင်သည့်အတွက် တိုက်ပွဲအတွင်းမှ အဖြစ်အပျက်တို့အား မြင်သည့်အခါ ဒေါသထွက်ရုံသာ တတ်နိုင်ပေသည်။ မြောက်ပိုင်းနယ်မြေမှ ရန်ဟောင်များသည် ပြင်းထန်သော အရှိန်အဟုန်ရှိပြီး အလွန် ရက်စက်ကြမ်းကြုတ်လှ၏။ မတူညီသော အဆင့်များတွင် သူတို့သည် ပျက်စီးခြင်းတို့ ဖြစ်ပေါ်စေနိုင်စွမ်းရှိသည်ဟု ဆုံးဖြတ်နိုင်ပေသည်။

၎င်းတိုက်ပွဲသည် ထိုနေ့က ကောင်းကင်တိုက်ပွဲနန်းတော်မှ လမ်းစဥ်တိုက်ပွဲနှင့် တူညီသည်။ ထိုနေ့က တိုက်ပွဲသည် ယနေ့ တိုက်ပွဲကြီးအတွက် အကြိုလေ့ကျင့်ခဲ့ခြင်း ဖြစ်နိုင်ပေသည်။

အာခီမီနတ်နန်းတော်မှ တန်ခိုးရှင်များက တစ်နေရာတည်းတွင် စုဝေးနေသော်လည်း မတူညီသော ဝင်္ကပါအစီအရင်အတွင်း ရှိနေခဲ့သည်။ အဆုံးမှာတော့ သူတို့က မတူညီသော အဆင့်များ၌ ရှိနေခဲ့သည် မဟုတ်ပါလား။

အာခီမီနတ်နန်းတော်၏ ဆက်ခံသူချီမုက အလယ်ဗဟို၌ ရပ်နေခဲ့သည်။ သူသည် မြောက်ပိုင်းမှ ထိုဟိတ်ဟန်ကြီးသော ရန်ဟောင်များကို ကြည့်လိုက်ပြီးနောက် သူ့အနောက်သို့ ပြန်လှည့်ကာ ရီဖူရှင်းနှင့် အခြားသူများကို ကြည့်လိုက်သည်။

ရီဖူရှင်းနှင့် သူ့လူများက အမြန်ဆုံးနှုန်းနှင့် ခရီးဆက်နေသည့်အတွက်ကြောင့် သူတို့ ပြန်လှည့်ကြည့်လိုက်သောအခါ အဝေးကြီးကို ရောက်နေခြင်း ဖြစ်သည်။

အခြားတစ်ဖက်တွင် တိုက်ပွဲနန်းတော် ခေါင်းဆောင်လောင်းလျာ ယန့်ချန် ဦးဆောင်သော ကောင်းကင်တိုက်ပွဲနန်းတော်မှ တန်ခိုးရှင်များသည် ထိုနေရာ၌သာ ရပ်နေကြ၏။ သူသည် ကြောက်မက်ဖွယ် အရှိန်အဝါတို့ကို ထုတ်လွှတ်ကာ အလွန် လွှမ်းမိုးနိုင်သော တိုက်ခိုက်ရေးစွမ်းအားတို့က သူ့ကို ဝန်းရံထားသည်။ သူက အာခီမီနတ်နန်းတော်မှ ချီမုကဲ့သို့ ရီဖူရှင်းနှင့် အခြားတန်ခိုးရှင်များကို လှမ်းကြည့်လိုက်သည်။ သူက ပြောလိုက်၏။ “ကောင်းကင်တိုက်ပွဲနန်းတော်မှာ ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး မင်းမှာ အမြင်မတူတာတွေ ရှိနေမှာ သေချာတယ်။ ဒါပေမယ့် အရာအားလုံးက အတိတ်မှာပဲ။ အခု မြောက်ပိုင်းက တန်ခိုးရှင်တွေ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို ကျူးကျော်လာပေမယ့် ကာကွယ်နိုင်မယ့်သူ ဘယ်သူမှ မရှိဘူး။ ဒါကြောင့် လူတိုင်းပဲ ရန်ငြိုးတွေကို ခဏ ဘေးဖယ်ပြီး ဒီ ပြဿနာကို အရင်ဆုံး ရင်ဆိုင်ဖို့ မျှော်လင့်ပါတယ်။”

ချီမုနှင့် အာခီမီနတ်နန်းတော်မှ အခြားတန်ခိုးရှင်များက ရီဖူရှင်းနှင့် အခြားလူများကို ကြည့်ကာ ခပ်တိုးတိုး ပြောလိုက်သည်။ “ကျုပ်မှာ ကန့်ကွက်စရာမရှိဘူး။”

ရှင်းလင်းစွာပင် သူသည်လည်း တစ်ဖက်လူ၏ စွမ်းအားကို ခံစားမိပေသည်။ ဤအချိန်၌ မည်သည့် အတွင်းရေးပဋိပက္ခမဆို အချင်းချင်း ပို၍ ထိခိုက်စေလိမ့်မည်သာ ဖြစ်ကာ သူတို့အား အရည်အချင်းမမီ ဖြစ်သွားစေပေလိမ့်မည်။

“ရန်ဟောင်ရီရော ဘယ်လိုထင်လဲ။” ယန့်ချန်က ရီဖူရှင်းကို မေးလိုက်သည်။

“စိတ်မဝင်စားဘူး။” ရီဖူရှင်းက အေးဆေးတည်ငြိမ်စွာ ပြန်ဖြေလိုက်၏။ သူသည် အဝေးမှလာသော မြောက်ပိုင်းနယ်မြေ၏ တန်ခိုးရှင်များကို ကြည့်လိုက်သည်။ သူ ဆေးအင်ပါယာနှင့် တွေ့ရမည်ကို မြောက်ပိုင်းယန်ယွင်ကုန်းမြေမှ လာသည့် တန်ခိုးရှင်များသည်ပင် မရပ်တန့်နိုင်ပေ။

သူက မည်သူနှင့်မှ လက်တွဲရန်မလိုအပ်ချေ။ အထူးသဖြင့် အစောပိုင်းတွင် သူ့အား ထိခိုက်စေလိုခဲ့သော သူများနှင့် ဖြစ်သည်။

သူ့အနီးမှ တန်ခိုးရှင်များက သူ့စကားများကို ကြားသည့်အခါ သူတို့၏ မျက်လုံးများက ထက်ရှသွားသည်။ သူတို့က အလျှော့ပေးကာ သူ့အား လမ်းဖွင့်ပေးခဲ့သော်လည်း ရီဖူရှင်းက အလွန်မောက်မာနေဆဲ ဖြစ်သည်။

ယန့်ချန်က မျက်မှောင်ကြုတ်လိုက်ပြီး အနည်းငယ် စိတ်မကျေနပ်ဖြစ်သွားသည်။ သူက ပြောလိုက်၏။ “ရန်ဟောင်ရီ၊ အရင်တုန်းက အထင်လွဲတာတချို့ ရှိခဲ့ပေမယ့် အခု အရေးကြီးတာ မျက်စိရှေ့က အခြေအနေပဲမလား။”

“မျက်စိရှေ့က အခြေအနေလား။” ရီဖူရှင်းက တစ်ဖက်လူကို ကြည့်လိုက်သည်။ “ကျုပ် မှတ်မိသလောက်ဆို ကျုပ်က ဝမ်တုက မဟုတ်သလို တုန်းရှောင်းကုန်းမြေက ကျင့်ကြံသူလည်းမဟုတ်ဘူးလို့ ပြောဖူးသလားပဲ။”

“…” ရီဖူရှင်း ပြောလာသည်အား ကြားသည့်အခါ ယန့်ချန်ထံ၌ ပြောစရာမရှိတော့ပေ။ ရီဖူရှင်းက အလေးအနက်ပင် သူ့ကိုယ်သူ တုန်းရှောင်းကုန်းမြေမှ အခြားတန်ခိုးရှင်များနှင့် ခွဲခြားကာ သီးသန့်သတ်မှတ်ထားဆဲ ဖြစ်ပေသည်။

လင်ချိုးက ရီဖူရှင်း၏ စကားများကို ကြားသောအခါ ပြုံး၍ ပြောလိုက်သည်။ “အရင်တုန်းက မြောက်ပိုင်းနယ်မြေ တန်ခိုးရှင်တွေ မရှိတော့ မင်းတို့က သူ့ကို တိုက်ခိုက်ဖို့ ပူးပေါင်းပြီး ရှင်းရှင်းလင်းလင်း စည်းခြားခဲ့တယ်။ အခု မြောက်ပိုင်းက လူတွေ ရောက်လာတော့ မင်းတို့က သူ့ရဲ့ ခွန်အားကို အသုံးချချင်နေကြတယ်။ မင်းတို့ လေသံက ဘာလို့ ဒီလောက်မြန်မြန် ပြောင်းလဲနိုင်ရတာလဲ။”

“မင်းက ကိုယ့်ကိုယ်ကိုယ် လူတိုင်းထက် အရမ်း သာလွန်တယ်လို့ ထင်နေတာလား။” လင်ချိုးနှင့် ရီဖူရှင်းဘေးမှ တန်ခိုးရှင်အချို့က မှတ်ချက်ပြုလိုက်သည်။ ယခုကဲ့သို့ အချိန်ဖြစ်လျှင်ပင် သူတို့သည် ထိုစဥ်ကအတိုင်း သူတို့နှင့် မည်သည့်ပတ်သတ်စရာမှ မရှိသကဲ့သို့ နေသင့်ပေသည်။

ကောင်းကင်ထက် မနီးမဝေးမှ ကြောက်မက်ဖွယ် မဟာလမ်းစဥ်အရှိန်အဝါက ထိုးဖောက်ထွက်လာပြီး မရေတွက်နိုင်သော ရန်ဟောင်များက ထိုနေရာတွင် တိုက်ခိုက်လိုက်ကြသည်။ သူတို့ထဲမှ တစ်ယောက်မှာ မြောက်ပိုင်းနယ်မြေ တော်ဝင်မိသားစုမှ ကျင့်ကြံသူ ဖြစ်ပေသည်။ သူက ရီဖူရှင်းအား ကြည့်ကာ သူတို့ ကောင်းကင်တိုက်ပွဲနန်းတော်သို့ ဝင်လာသည့်နေတွင် မြင်တွေ့ခဲ့ဖူးကြောင်း သတိရလိုက်သည်။ ထိုအချိန်၌ ဤလူသည် တိုက်ပွဲမှ ရှောင်တိမ်းကာ ချက်ချင်း ထွက်ခွာသွားလေသည်။

“အငြင်းပွားဖို့မလိုပါဘူး။ ကျုပ်တို့အားလုံး မဆုံးဖြတ်နိုင်ဘူးဆိုတော့ ကြည့်ရတာ ဆေးအင်ပါယာကို အကြံဉာဏ်ပေးဖို့ သွားတောင်းဆိုရမယ့်ပုံပဲ။” တစ်ကိုယ်လုံး ရွှေရောင်အလင်းများ တောက်ပနေသော တော်ဝင်ယန်မှ တန်ခိုးရှင်တစ်ယောက်က ပြောလိုက်သည်။ သူ ခြေလှမ်းလိုက်သည်နှင့် အစွမ်းထက်သော စွမ်းအားများက ဖြန့်ကျက်လာကာ ကောင်းကင်နှင့် မြေကြီးက ပေါက်ကွဲသံ ထွက်လာပြီး လေဟာနယ်က တုန်ခါလာသည်။

သူ့အပြင် အခြားမတူညီသော နေရာများမှ တပြိုင်တည်း တိုက်ခိုက်လာသည့် တန်ခိုးရှင်များလည်း ရှိနေသည်။

ဘုန်း…

အာခီမီနတ်နန်းတော်မှ ချီမုသည် တိုက်ပွဲအား ရင်ဆိုင်ရန် ရည်ရွယ်ချက်မရှိဘဲ နောက်သို့ ဆုတ်ခွာလိုက်ကာ အာခီမီနတ်နန်းတော်မှ ကျန်သူများကလည်း သူ့အတိုင်း လိုက်ပါလုပ်ဆောင်ကြပေသည်။ သူတို့၏ အပြုအမူကို မြင်သောအခါ အခြားတန်ခိုးရှင်များသည်လည်း နောက်ဆုတ်ကာ လက်လျှော့လိုက်ကြသည့်အတွက် ထိုအပြုအမူက လူအများကို အံ့အားသင့်စေခဲ့သည်။

သူတို့ နောက်သို့ ဆုတ်ခွာလိုက်ပြီးနောက် ရီဖူရှင်းက တစ်ဖက်အဖွဲ့နှင့် မျက်နှာချင်းဆိုင် ဖြစ်သွားခဲ့သည်။ တခြားစကားဆိုရလျှင် ရီဖူရှင်းနှင့် သူ့လူများက မြောက်ပိုင်းမှ တန်ခိုးရှင်များနှင့် တိုက်ရိုက်ရင်ဆိုင်လိုက်ရခြင်း ဖြစ်သည်။

ရီဖူရှင်းထံမှ ထွက်ပေါ်လာသော အရှိန်အဝါကို ခံစားမိလိုက်သည့်အခါ မြောက်ပိုင်း တော်ဝင်မိသားစုမှ တန်ခိုးရှင်များက သူ့အား တစ်ချက်လှမ်းကြည့်လိုက်သည်။ လေဟာနယ်ကို တုန်ခါစေသော ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ထိုမျက်လုံးများထဲတွင် လွှမ်းမိုးနိုင်စွမ်းရှိသော အရိပ်အယောင်တို့ လင်းလက်သွားသည်။

ထိုနေ့၌ ရီဖူရှင်းက တိုက်ပွဲကို ရှောင်တိမ်းခဲ့သည်။ ယနေ့ သူက မည်သို့ လုပ်ဆောင်လိမ့်မည်နည်း။

ချီမုနှင့် အခြားလူများကလည်း ရီဖူရှင်းကို ကြည့်လိုက်ကြသည်။ ဤတစ်ကြိမ်၌ သူက မရှောင်တိမ်းနိုင်လျှင် သူက မည်သို့ဖြစ်စေ တိုက်ခိုက်ရတော့မည် ဖြစ်သည်။ သူက သူတို့နှင့်အတူ မတိုက်ခိုက်နိုင်လျှင် တစ်ယောက်တည်း ရင်ဆိုင်သင့်သည်။

မြောက်ပိုင်းမှ ရန်ဟောင်များ၏ မျက်လုံးထဲတွင် အထင်အမြင်သေးသော လှောင်ပြောင်သရော်ဟန် အကြည့်တို့ ဖြစ်ပေါ်လာသည်။ သူ၏ ပုံရိပ်က ဖျတ်ခနဲ လှုပ်ရှားကာ ရီဖူရှင်းနှင့် အခြားလူများထက် ရပ်တန့်ဆင်းသက်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ မဟာလမ်းစဥ် နတ်ရောင်ဝါတို့ ပေါက်ကွဲထွက်လာပြီး အစွမ်းထက် ဖိအားက အောက်သို့ကျဆင်းလာကာ ကျယ်ပြောသော လေဟာနယ်အတွင်း ဖိနှိပ်နိုင်သော မဟာလမ်းစဥ်စွမ်းအားက ပျံ့နှံ့လာကာ မွန်းကြပ်ဖွယ် ကောင်းလာပေသည်။ အဆုံးမဲ့ လေးလံသော စွမ်းအားက ရီဖူရှင်းအား လွှမ်းခြုံလာ၏။

နောက်တခဏတွင် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ မြင့်မားထည်ဝါသည့် ပုံရိပ်တစ်ခု ပေါ်ပေါ်လာသည်။ ထိုစစ်နတ်ဘုရား မဟာလမ်းစဥ်နတ်ဝင်ရိုးသည် ကောင်းကင်ထက်တွင် မားမားမတ်မတ် ရပ်တည်နေကာ သူ့အောက်ရှိအရာအားလုံးကို ခြေထောက်နှင့် တက်နင်းလိုက်ပေသည်။ ကြောက်မက်ဖွယ် ကျယ်လောင်သော တုန်ခါသံကို ကြားလိုက်ရပြီး ကောင်းကင်နှင့် မြေကြီးပင် ကွဲကြေသွားသလို ထင်မှတ်လိုက်ရပေသည်။ ရွှေရောင်ကျောက်တိုင်တစ်ခု ပေါ်ပေါ်လာပြီး လေဟာနယ်ကို ဖျက်ဆီးကာ ကောင်းကင်အား ကြေကွဲသွားစေသည်။

ထိတ်လန့်အံ့သြဖွယ်ကောင်းစွာပင် ကောင်းကင်မှ ရွှေရောင်အလင်းတန်းတို့ ကျဆင်းလာနေသကဲ့သို့ ခြေဖဝါးတစ်ဖက်က ရီဖူရှင်းပေါ် တိုက်ရိုက်တက်နင်းလာပေသည်။

ရီဖူရှင်းက ခေါင်းကို မော့ကာ သူ့အား တက်နင်းလာသည့် ခြေထောက်ကို ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်အထက်တွင် ခမ်းနားထည်ဝါသော မဟာလမ်းစဥ် အရှိန်အဝါတစ်ခု ထိုးထွက်လာ၏။ သူ၏ မျက်လုံးများက ကောင်းကင်သို့ ဝေ့ဝဲကြည့်လိုက်သောအခါ အခမ်းနားဆုံး ဓားအရှိန်အဝါက သူ့မျက်လုံးများမှ ထိုးထွက်လာကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ပြင်းထန်သော စွမ်းအားများ လွှမ်းခြုံထားပေသည်။ ထိုအခိုက်အတန့်တွင် လောကကြီးက သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသလို ထင်မှတ်ရပြီး သူ့ထံမှ ပြိုင်ဘက်ကင်း အရှိန်အဟုန်တို့ ပေါက်ကွဲထွက်လာသည်။ သူက ထိုနေရာ၌ ပုံမှန်အတိုင်းသာ ရပ်နေသော်လည်း သူသည် ကျော်လွှား၍မရနိုင်သော ထင်ယောင်ထင်မှား ခံစားချက်အား ပေးစွမ်းပေသည်။

လေဟာနယ်အတွင်း ထိုမြောက်ပိုင်းနယ်မြေမှ တော်ဝင်တန်ခိုးရှင်သည် မမြင်နိုင်သော ခြိမ်းခြောက်မှုကို ခံစားလိုက်ရ၏။ ထိုမျက်လုံးများတွင် ပြင်းထန်သော ယုံကြည်ချက်များနှင့် ပြည့်နှက်နေပြီး သူ့ပြိုင်ဘက်မှာ သူ လေးနက်စွာ တိုက်ခိုက်ရန် မည်သည့် အာရုံစိုက်မှုမှ မထိုက်တန်သကဲ့သို့ပင်။

စစ်နတ်ဘုရား၏ ခြေရာဆင်းသက်လာသောအခါ မြင့်မားသော ကျောက်တိုင်များ၏ ရောင်စဥ်တန်းများက ရီဖူရှင်း ခန္ဓာကိုယ်ကို ထိုးဖောက်ရန် ကြိုးစားလာခဲ့သည်။ သို့သော် ထိုအချိန်တွင် ရီဖူရှင်းက သူ့လက်ကို မြှောက်ကာ ထိုခြေရာအား လက်သီးတစ်ချက် ပစ်လွှတ်လိုက်ပေသည်။

ကောင်းကင်နှင့် မြေကြီးကြားတွင် ဆင်အော်မြည်သံများကို ကြားလိုက်ရသည်။ ၎င်းမှာ ကောင်းကင်ကို တုန်ခါစေသော နတ်ဆင်များ ဖြစ်သည်။ လက်သီးတစ်ချက်နှင့် မဟာလမ်းစဥ်က ပြိုကျသွားပြီး လေဟာနယ်က ပျက်စီးလာသည်။ လူအုပ်ကြီးသည် မဟာလမ်းစဥ် ခြေရာများမှ ဖြစ်တည်လာသော ထိုအလင်းတန်းက နှစ်ပိုင်းကွဲထွက်သွားကာ တောက်ပသော မဟာလမ်းစဥ်အလင်းများက အရပ်မျက်နှာအသီးသီးသို့ ဖြန့်ကျက်သွားလေသည်။ အလင်းတန်းများက ဆက်လက်ဖြန့်ကျက်သွားနေကာ ကျောက်တိုင်က ဆက်လက်ပြိုကျနေကာ အလင်းများက အထက်သို့ ဆက်လက်တက်သွားပြီး ဆက် စစ်နတ်ဘုရား၏ ခြေဖဝါးသို့ ဆင်းသက်သွားလေသည်။

ဘုန်း…

အံ့သြထိတ်လန့်ဖွယ် ပြင်းထန်သော ပေါက်ကွဲသံကို ကြားလိုက်ကြရသည်။ စစ်နတ်ဘုရား၏ ခြေဖဝါးက ပေါက်ကွဲ ပြိုပျက်သွားပေသည်။ ထို့နောက် စစ်နတ်ဘုရား၏ ပုံရိပ်က အက်ကြောင်းများ စတင်ဖြစ်ပေါ်လာပြီး ပေါက်ကွဲထွက်တော့မလို ထင်မှတ်ရပေသည်။ ထိုလက်သီးချက်တွင် ကြောက်မက်ဖွယ် စွမ်းအားများ ပါဝင်နေသည်။ ၎င်းသည် လေဟာနယ်ထဲမှ တော်ဝင်မိသားစု တန်ခိုးရှင်၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ပြင်းထန်စွာ ထိခတ်သွားလေသည်။ သူက နာကျင်စွာ ညည်းညူလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်က နောက်သို့ လွင့်ထွက်သွားကာ လေဟာနယ်အတွင်း၌ သွေးတစ်ပွက် အန်ထွက်သွားခဲ့သည်။

ရီဖူရှင်းက ထိုနေရာ၌သာ ရပ်နေခဲ့သည်။ သူက မလှုပ်ရှားသလိုပင် ဖြစ်သည်။ သူက လက်ကို ပြန်ချလိုက်ပြီး လူတိုင်း၏ အာရုံစိုက်မှုက သူ့ထံ ရောက်ရှိလာခဲ့သည်။ သူတို့က အေးခဲသွားပြီး အကြီးအကျယ် ထိတ်လန့်တုန်လှုပ်နေခဲ့၏။

ဤစွမ်းအားက ထိုမျှ ကြောက်မက်ဖွယ် ကောင်းနိုင်သည်လား။

ကောင်းကင်တိုက်ပွဲနန်းတော်နှင့် အာခီမီနတ်နန်းတော်မှ တန်ခိုးရှင်များသည်ပင် သူတို့၏ နှလုံးသားများက ပြင်းထန်စွာ တုန်ယင်သွားပေသည်။ သို့သော်လည်း ရီဖူရှင်းက အနီးဝန်းကျင်ရှိ လူတိုင်းကို ကြည့်လိုက်ပြီး ဂရုမစိုက်ဟန်နှင့် ပြောလိုက်သည်။ “ဒီအဆင့်လောက်က ကျုပ်နဲ့ တိုက်ခိုက်ဖို့ အဆင့်မီတယ်ထင်နေလား။”

***


Comment

Leave a Reply


Options

not work with dark mode
Reset