အပိုင်း (၁၉၄၀)

ကျွန်းမှ ထွက်ခွာခြင်း

အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ စမ်းသပ်မှုအတွက် စုစည်းလာကြသူများက စမ်းသပ်မှုပြီးဆုံးပြီးနောက် ဖန်းလိုင်ကုန်းမြေတွင် စုဝေးနေကာ တန်ခိုးရှင်အများစုက ချက်ချင်း ထွက်ခွာမသွားကြပေ။

အားလုံးသော တန်ခိုးရှင်များက ဤခရီး၌ တစ်ခုခု ရရှိခဲ့ကြပြီး အများစုက ကြီးမားသော အကျိုးအမြတ်များရခဲ့ကြ၏။ သို့သော် သူတို့ထဲက မည်သူကမှ ရီဖူရှင်းနှင့် မယှဥ်နိုင်ကြချေ။ အဆုံးမှာတော့ ရီဖူရှင်းက မဟာလမ်းစဥ်အမွေအနှစ်၏ အရင်းအမြစ်များကို ရရှိခဲ့ခြင်း ဖြစ်ပေသည်။

သို့သော် ရီဖူရှင်းက သူကိုယ်တိုင်အတွက် မဟာလမ်းစဥ်အမွေအနှစ် အနည်းငယ်ကိုသာ ရရှိခဲ့သည်။ သူက အခြားသော အမွေအနှစ်များစွာကို ထိပင်မထိခဲ့ပေ။

ထို့ကြောင့် လူတိုင်းက အကျိူးအမြတ်များရရှိရန် ကိုယ်ပိုင်အခွင့်အရေးများ ရှိကြသည်။

သူတို့ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ ထွက်ခွာလာပြီးနောက် ဖန်းလိုင်နတ်ဘုရားဘုံသည် ပုံမှန်ထက်ပိုသော အရောင်းအဝယ် အလဲအလှယ်များနှင့် ပို၍ပင် အလုပ်ရှုပ်နေကြတော့သည်။ ထို့အပြင် လူအများက ဇာတ်ကြောင်းများ ပြန်ပြောပြကာ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ အတင်းအဖျင်းများနှင့် ထိုနေရာ၌ ဖြစ်ပျက်ခဲ့သည်တို့ကို ဆွေးနွေးကြပေသည်။

ဥပမာအနေနှင့် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသို့ ဝင်ရောက်ခဲ့သော လူတချို့ကြားမှ ကောလာဟလများမှာ သူတို့ကြားမှ တန်ခိုးရှင်တစ်ယောက်က ရှေးဟောင်းတော်ဝင်မိသားစု ဖြစ်သော ကျန်းကလန်မှ ထူးခြားဆန်းကြယ်သည့် တန်ခိုးရှင်တစ်​ယောက် ဖြစ်သည်ဟူ၍ ဖြစ်​လေသည်။

အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသို့ သွားခဲ့သော တန်ခိုးရှင်များကြားတွင် ရှေးဟောင်းတော်ဝင်မိသားစုက သီးခြားတည်ရှိနေသော အင်အားစုမျိုး ဖြစ်သည်။ ထို့ကြောင့် လူအများက အတော်လေးအံ့သြနေသည်မှာ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသည် ရှေးဟောင်းတော်ဝင်မိသားစုမှ တန်ခိုးရှင်များပင် ဆွဲဆောင်နိုင်ခြင်းကို ဖြစ်၏။

သို့သော်လည်း ဤတစ်ကြိမ်၌ လူအများ၏ အာရုံစိုက်မှုကို အခံရဆုံးလူမှာ ​ရှေးဟောင်းတော်ဝင်မိသားစု ကျန်းကလန်မှ တန်ခိုးရှင်များ မဟုတ်ခဲ့ပေ။ ထိုလူမှာ ရန်ဟောင်တစ်ပါးဖြစ်သော တုံ့ယွမ်အိမ်တော်၏ အိမ်တော်သခင် ယဲ့လျနျန် ဖြစ်ပေသည်။

ထိုလူက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေတွင် ထူးချွန်ပြောင်မြောက်သော အရည်အချင်းကို ပြသနိုင်ခဲ့သည်။ သူသည် မဟာလမ်းစဥ် အမွေအနှစ်များကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ရန်ဟောင်အများအပြားကို သတ်ဖြတ်ခဲ့သည်။ သူ၏ နည်းလမ်းများက အကြင်နာကင်းမဲ့ကာ ရက်စက်လှသည်။ လူအများက သူ့ကြောင့် ထိတ်လန့်အံ့သြသွားခဲ့ရသည်မှာ သူသည် ဖန်းလိုင်ကုန်းမြေမှ ထိပ်သီးအင်အားစုတစ်ခုဖြစ်သော ကျွင်းမိသားစု တန်ခိုးရှင်အားလုံးကို သတ်ဖြတ်ပစ်လုနီးပါး ဖြစ်ခဲ့ခြင်းပင် ဖြစ်သည်။

ထို့ပြင် သူက ကျွင်းချိုးယွင်၏ ကျင့်ကြံခြင်းပင် ဖြစ်သည်။

ဤအဖြစ်အပျက်က ဖန်းလိုင်ကုန်းမြေ တဝိုက်တွင်ပျံနှံ့သွား​ပြီးဖြစ်ကာ ဖန်းလိုင်ကုန်းမြေ၏ အင်အားစုများသည်လည်း ဤနေရာသို့ တန်ခိုးရှင်များ စေလွှတ်ကြသည်။ ဖန်းလိုင်နတ်ဘုရားဘုံတွင် ကျွင်းမိသားစု၏ တန်ခိုးရှင်များအား နေရာအနှံ့တွေ့နိုင်ပေသည်။ တုံ့ယွမ်အိမ်တော်သခင် ထွက်လာသည်နှင့် သူ့ကို သေခြင်းတရားသာ စောင့်ဆိုင်းနေပေလိမ့်မည်။

သို့သော် တုံ့ယွမ်အိမ်တော်သခင်က အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ အရေးကြီးပုဂ္ဂိုလ်ဟု သတ်မှတ်နိုင်ပြီး သူက ကျင့်ကြံရန် ကျွန်းသို့ ဝင်ရောက်ခဲ့သည်။

တစ်ချိန်တည်းမှာပင် ဖန်းလိုင်နတ်ဘုရားဘုံ၌ နောက်ထပ် ကောလာဟလတစ်ခု ပျံ့နှံ့လာပေသည်။ ကောလာဟလများက ပြောကြသည်မှာ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ ဖွင့်လှစ်စဥ်က လျှို့ဝှက်ဆန်းကြယ်သော တန်ခိုးရှင်တစ်ယောက်​သည် ပန်းသစ်ပင်ကို အပြည့်အဝပွင့်လန်းလာအောင် လုပ်နိုင်ခဲ့သည်ဟူ၍ ဖြစ်လေသည်။ သို့သော်လည်း ထိုလူက မည်သူဖြစ်သည်ကို လူအများက မသိရှိကြပေ။ အချို့လူများသည် ၎င်းက ပန်းသစ်ပင်၏ သဘာဝကြောင့် ဖြစ်ခဲ့ရခြင်းဟု တွေးကြပြီး အခြားသူများက သူ၏ သရုပ်မှန်ကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။

လူအများသည် သစ်ပင်က ထိုသို့ ထူးထူးခြားခြား တုံ့ပြန်စေနိုင်ခဲ့သူမှာ တုံ့ယွမ်အိမ်တော်သခင်မှလွဲ၍ အခြားသူမရှိဟု ယုံကြည်ကြပေသည်။

အရှေ့နတ်ဘုရားကျွန်းစုနယ်မြေအတွင်း ထိုလူ၏ စွမ်းဆောင်ချက်က အလွန် ပြောင်မြောက်ခဲ့သည်။ သူက မဟာလမ်းစဥ်အခွင့်အရေးများ ရရှိနိုင်ခဲ့ပြီး အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ ပင်မကျွန်းစုသို့ စစ်တုရင်ကစားပွဲဖြတ်ကျော် ဝင်ရောက်နိုင်ခဲ့သည်။ မည်သူကမှ သူ့ကို မယှဥ်နိုင်ပေ။ နောက်ထပ်ပြောကြသည်မှာ သူက ဝူထုံကျွန်းသို့သွားကာ ဝူထုံနတ်မီးလျှံကို ယူဆောင်သွားနိုင်ခဲ့သည်ဟူ၍ ဖြစ်သည်။ သို့သော် ၎င်းက ကောလာဟလမျှသာ ဖြစ်၍ ထိုသည်က အမှန်ဟုတ်မဟုတ် မသိရှိကြပေ။

ကောလာဟလများက မည်သို့ဖြစ်နေပါစေ အရှေ့နတ်ဘုရားကျွန်းစုနယ်​မြေ၌ လူအများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သော တုံ့ယွမ်အိမ်တော်သခင်သည် တစ်ချိန်က ပိုင်မု အကူအညီကြောင့်သာ ကျွင်းချိုးယွင်၏ သတ်ဖြတ်ခံရမှုမှ လွတ်မြောက်လာခြင်း ​ဖြစ်သည်။

ဖန်းလိုင်နတ်ဘုရားဘုံတွင် ပုံရိပ်များစွာက လှုပ်ရှားသွားလာနေကြသည်။ အချို့က မြေပြင်တွင် လမ်းလျှောက်နေကြပြီး အချို့က ကောင်းကင်ထက်တွင် ရှိကာ အခြားသူများက လေထဲ၌ လမ်းလျှောက်နေကြသည်။

ထိုအချိန်တွင် နောက်ထပ် လွှမ်းမိုးနိုင်သော အရှိန်အဝါက လေဟာနယ်ကို လွှမ်းမိုးလာသည်။ တန်ခိုးရှင်များအားလုံးက ခေါင်းမော့ကြည့်လိုက်သည့်အခါ အနက်ရောင်ဝတ်စုံများကို ဝတ်ဆင်ထားသည့် တန်ခိုးရှင်တစ်စုက သူတို့အထက် လေထဲမှ ဖြတ်သန်းသွားသည်ကို မြင်လိုက်ရသည်။ ၎င်းက လူအုပ်ကြီးအား အတော်လေး ယောက်ယက်ခတ်သွားစေသည်။ ထိုအဖွဲ့တွင် ရန်ဟောင်များ ဖြစ်ကြသည်။

“သူတို့က ကျွင်းမိသားစုက တန်ခိုးရှင်တွေလား။” တစ်စုံတစ်ယောက်က မေးလိုက်သည်။

“မဟုတ်ဘူး။” လူအုပ်ထဲမှ မျက်လုံးထဲတွင် သရော်ရိပ်များ ရှိနေသည့် တစ်ယောက်က ပြောလိုက်သည်။ သူက အသံကို နှိမ့်ကာ ဆက်ပြောလိုက်၏။ “သူတို့က ယွင်မိသားစု တန်ခိုးရှင်တွေလေ။”

“ဖန်းလိုင်ကုန်းမြေရဲ့ ယွင်မိသားစုလား။” အနီးအနားရှိ လူအများက ထိတ်လန့်တုန်လှုပ်သွားကြသည်။ ဖန်းလိုင်ကုန်းမြေတွင် ယွင်ကလန်နှင့် ကျွင်းမိသားစုက တူညီသော အဆင့်အတန်းတွင် ရှိကြသည်။ သူတို့က ကြီးမားသော စစ်တပ်တစ်ခုကိုပင် ယူ​ဆောင်လာကာ မည်သည့်နေရာသို့ သွားကြမည်နည်း။

လူတိုင်းက ထိတ်လန့်တုန်လှုပ်မှုမှ သတိပြန်မလည်လာသေးခင် နောက်ထပ်အားကောင်းသော အရှိန်အဝါက သူတို့ရှေ့သို့ ဆင်းသက်လာသည်။ သူတို့ခေါင်းကို တဖန် မော့လိုက်သည့်အခါ ကြီးမားသော စစ်တပ်တစ်ခုက သူတို့အား ဖြတ်ကျော်သွားသည်ကို မြင်တွေ့လိုက်ကြရ​​ပြန်သည်။ ဤသည်မှာ လူအများကို အံ့သြမှင်တက်သွားစေ၏။ မည်သည်တို့ ဖြစ်နေသနည်း။

“သူတို့ကရော ယွင်ကလန်က တန်ခိုးရှင်တွေပဲလား။”

“ကျုပ် သူတို့ထဲက တစ်ယောက်ကို အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှာ မြင်ဖူးတယ်။ အဲဒီတုန်းက သူက စန့်ကွမ်းကလန်က စန့်ကွမ်းချိုးရယ်နဲ့အတူ ရှိနေပြီး သူမကို ကာကွယ်ပေးနေတာ။” တစ်ယောက်က ပြောလိုက်၏။ ၎င်းသည် လူအုပ်ကြီးအား နောက်တစ်ကြိမ် ထိတ်လန့်သွားစေပြန်သည်။ စန့်ကွမ်းကလန်မှ တန်ခိုးရှင်များသည်လည်း ရောက်ရှိလာကြပြီ ဖြစ်သည်။

အရှေ့နတ်ဘုရားကျွန်းစုနယ်မြေတွင် ကျွင်းမိသားစုနှင့် စန့်ကွမ်းကလန်က ထိပ်တိုက်မတွေ့ခဲ့သော်လည်း သူတို့ကြား၌ ပဋိပက္ခများ ရှိခဲ့သည်။ ထို့ပြင် ထိုသည်ကပင် ကျွင်းချိုးယွင်၏ ကျင့်ကြံရေးကို ဖျက်ဆီးခံခဲ့ရစေသည်။

လူတိုင်းသည် မုန်တိုင်းကြီးတစ်ခု ဖြစ်လာတော့မည်ကို ခံစားမိကြပေသည်။

​ယခုတွင် ဖန်းလိုင်ကုန်းမြေမှ ထိပ်သီးအင်အားစုကြီး သုံးခုက ဖန်းလိုင်နတ်ဘုရားဘုံ၌ စုဝေးလာကြပုံရလေသည်။

အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ ဝင်ပေါက်တွင် လူများစွာ လမ်းလျှောက်နေကြသည်။ ထိုလူများကို ဦးဆောင်လာသည့် အမျိုးသမီးက ထူးခြားလှသော အရှိန်အဝါတို့ ရှိနေပြီး မှင်တက်အောင်လှပပေသည်။

သူမက ခြေလှမ်းလိုက်ပြီး သူမ ဘေးမှ လူအုပ်ကြီးကို ကြည့်ကာ သူမ၏ နတ်အာရုံကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် တန်ခိုးရှင်များက ထွက်ပေါ်လာပြီး သူမထံ ရောက်ရှိလာသည်။ အလွန်လျင်မြန်စွာပင် သူတို့က စန့်ကွမ်းချိုးရယ် အနီးတွင် ရပ်တန့်လိုက်ပြီးနောက် ပြောလိုက်သည်။ “သခင်မလေး။”

“အင်း” စန့်ကွမ်းချိုးရယ်က ​ခေါင်းညိတ်လိုက်ပြီး ပြောသည်။ “အားလုံး ရောက်ကြပြီလား။”

“အကုန်ရောက်ပါပြီ။” အခြားသူများက ပြန်ဖြေလိုက်သည်။ စန့်ကွမ်းချိုးရယ်က ရှေ့သို့ ခြေလှမ်းကာ ပြောလိုက်၏။ “သွားကြစို့။”

သူမ ပြောပြီးသွားသည်နှင့် တန်ခိုးရှင်အဖွဲ့ကြီးက သူတို့ရှိနေရာမှ အဝေးသို့ ထွက်ခွာသွားလေသည်။ သူမ ကျွန်းမှ ထွက်မလာခင် သူမ၏ ကလန်မှ တန်ခိုးရှင်များ စစ်ကူအနေနှင့် ရောက်လာကြကြောင်း သတိပြုမိပေသည်။

အရှေ့နတ်ဘုရားကျွန်းစုနယ်မြေတွင် ဖြစ်ပျက်ခဲ့သော အဖြစ်များကြောင့် သူမသည် တစ်စုံတစ်ခုဖြစ်ပွားမည်ကို စိုးရိမ်နေခဲ့သည့်အတွက် သူမက အစီအစဥ်တချို့ ပြုလုပ်ခဲ့သည်။

တခဏကြာပြီးနောက် သူတို့သည် ဖန်းလိုင်နတ်ဘုရားဘုံရှိ စားသောက်ဆိုင်သို့ ရောက်ရှိလာကြသည်။ ထိုနေရာတဝိုက်သည် အတော်လေး တိတ်ဆိတ်ပြီးလေထုက သန့်ရှင်းပေသည်။ မလိုအပ်သည့် ဆူညံမှုများ ရှိမနေခြင်းမှာ စားသောက်ဆိုင်တစ်ခုလုံးကို တစ်စုံတစ်ယောက်မှ ငှားရမ်းထားခြင်းကြောင့် ဖြစ်သည်။ ထိုနေရာတွင် သက်လတ်ပိုင်းအမျိုးသားကြီးတစ်ဦးက တိတ်ဆိတ်စွာ ထိုင်ရင်း အရက်သောက်နေသည်။ စန့်ကွမ်းချိုးရယ် ရောက်လာသောအခါ ထိုသူက အရက်ခွက်ကို ချ၍ ခေါ်လိုက်သည်။ “ချိုးရယ်။”

“အဖေ” စန့်ကွမ်းချိုးရယ်က ပြန်ပြောလိုက်၏။ သက်လတ်ပိုင်းလူကြီးက စန့်ကွမ်းချိုးရယ်၏ အဖေပင် ဖြစ်လေသည်။ ထိုသည်မှာ ထိုလူက စန့်ကွမ်းကလန်၏ လက်ရှိခေါင်းဆောင် စန့်ကွမ်းဟုန်ဟု ဆိုလိုပေသည်။

“အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှာ ကျင့်ကြံရေးအခြေအနေ ဘယ်လိုရှိခဲ့လဲ။” စန့်ကွမ်းဟုန်က စန့်ကွမ်းချိုးရယ်ကို မေးလိုက်သည်။ သူသည် သူ့သမီး၏ အရှိန်အဝါက အနည်းငယ်ပြောင်းလဲသွားကြောင်း ခံစားမိပြီး သူမက အရေးပါသော အရာများကို ရရှိခဲ့ခြင်း ဖြစ်နိုင်သည်ဟု တွေးလိုက်သည်။

“အင်း။ သမီး အခွင့်အရေးတော်တော်များများ ရခဲ့ပါတယ်။” စန့်ကွမ်းချိုးရယ်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ဒါပေါ့ ဒီခရီးမှာ သမီးရခဲ့တာ ရှိတယ်ဆိုပေမယ့် အရေးကြီးဆုံးကတော့ တစ်စုံတစ်ယောက်နဲ့ ခင်မင်ရင်းနှီးမှု တည်ဆောက်နိုင်ခဲ့တာပဲ။”

“တုံ့ယွမ်အိမ်တော်သခင်လား။” စန့်ကွမ်းဟုန်က မေးလိုက်သည်။

“အင်း၊ တုံ့ယွမ်အိမ်တော်သခင် ရီလျှို့နျန်။” စန့်ကွမ်းချိုးရယ်က ​ခေါင်းညိတ်လိုက်သည်။ “အရင်တုန်းက သမီး အဖေ့ဆီ သတင်းတချို့ ပို့ခဲ့ဖူးတယ်။ အဲဒီ ရီလျှို့နျန်က အရမ်းထူးချွန်တဲ့ အရည်အချင်းရှိတယ်။ ဖန်းလိုင်ကုန်းမြေတစ်ခုလုံးမှာ သူနဲ့ ယှဥ်နိုင်တဲ့ တစ်စုံတစ်ယောက်ကို ရှာဖို့ မလွယ်ဘူး။”

စန့်ကွမ်းဟုန်က ခေါင်းညိတ်လိုက်သည်။ “အဖေလည်း သူ့အကြောင်း ကောလာဟလတွေ ကြားဖူးတယ်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေရဲ့ သဘောထားကိုရော လေ့လာခဲ့သေးလား။”

“အင်း” စန့်ကွမ်းချိုးရယ်က ပြန်ဖြေလိုက်သည်။ “အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက သူ့ကို သေချာပေါက် ထောက်ပံ့ပေးလိမ့်မယ်။”

“မင်း သေချာရဲ့လား။” စန့်ကွမ်းဟုန်က မေးလိုက်သည်။ “သူတို့က ဘယ်အတိုင်းအတာထိ လုပ်ဖို့ ဆန္ဒရှိလဲ။”

“သေချာတယ်။” စန့်ကွမ်းချိုးရယ်က လေးနက်စွာ ပြန်ဖြေလိုက်သည်။ “သမီးရဲ့ ခန့်မှန်းချက်သာ မှန်မယ်ဆိုရင် အရှေ့နတ်ဘုရားကျွန်းစုနယ်​မြေက စစ်ကြေညာရမယ်ဆိုရင်တောင် သူ့ရဲ့ အသက်လုံခြုံဖို့အတွက် အကုန်ပေးဆပ်ပြီး လုပ်ပေးလိမ့်မယ်။”

သူမ ကျွန်းမှ မထွက်ခွာခင် ရီဖူရှင်းက သူမကို စကားအနည်းငယ် ပြောခဲ့သည်။ သူတို့က စကားမပြောခဲ့လျှင်ပင် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ အ​ခြေအနေများအရ သူမသည် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ လူများက ရီဖူရှင်းကို မည်သို့ ဆက်ဆံကြောင်း ရှင်းလင်းစွာ ပြောနိုင်ပေသည်။

သည်ရီဖူရှင်းက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေတွင် စည်းစိမ်ယစ်နေပေသည်။

ထိုသည်က ရီဖူရှင်းက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ သခင်ငယ်လေးတစ်ယောက် ဖြစ်သလို လူအများကို ခံစားမိစေသည်။

“နားလည်ပြီ။” စန့်ကွမ်းဟုန်က ခေါင်းညိတ်လိုက်ပြီး သူ၏ မျက်လုံးများက ထက်ရှကာ လင်းလက်နေသည်။ သူက နှလုံးသားထဲ၌ အနည်းနှင့်အများ ဆုံးဖြတ်ထားပြီးဖြစ်သည်။ ဤသည်က သူ့အတွက် အလွန်ကြီးမားသော အခွင့်အရေး ဖြစ်ပေသည်။

ထိုအချိန်၌ လွှမ်းမိုးနိုင်သော အရှိန်အဝါတစ်ခုက အပြင်ဘက်မှ စားသောက်ဆိုင်သို့ ကျရောက်လွှမ်းခြုံလာသည်။ စန့်ကွမ်းကလန်မှ တန်ခိုးရှင်များက ချက်ချင်း ရှေ့ထွက်ကာ မကြိုဆိုသော ဧည့်သည်ကို ရပ်တန့်ရန် ကြိုးစားခဲ့သည်။ အဝေးမှ ပုံရိပ်များက ခမ်းနားထည်ဝါစွာ ဆင်းသက်လာပြီး လေထဲတွင် ရပ်တန့်လိုက်ကာ စားသောက်ဆိုင်ကို စိုက်ကြည့်နေပေသည်။

“စန့်ကွမ်းဟုန်” အေးစက်သော အသံကို ကြားလိုက်ရသည်။ စန့်ကွမ်းဟုန်က ထရပ်ကာ ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်း၍ ကောင်းကင်ထက်ရှိ ပုံသဏ္ဌာန်ကို မော့ကြည့်လိုက်သည်။

“ကျွင်းရှောင်ယောင်” စန့်ကွမ်းဟုန်က ရောက်လာသော လူကို ကြည့်နေသည်။ ကျွင်းမိသားစုခေါင်းဆောင်က ရောက်လာပြီဖြစ်သည်။ ကျွင်းချိုးယွင်က ကျွင်းရှောင်ယောင်၏ သားဖြစ်သည်။ သူ့နောက်တွင် ရှိနေသော ရန်ဟောင်များက ကြောက်မက်ဖွယ် အရှိန်အဝါတို့ကို ထုတ်လွှတ်ထားသည်။

ကျွင်းရှောင်ယောင်၏ မျက်လုံးများက စန့်ကွမ်းချိုးရယ်ထံ၌ ကျရောက်နေသည်။ သူ့မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ သယ်ဆောင်ထား၏။ သူက ပြောလိုက်သည်။ “ကျုပ် ကြားတာတော့ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှာ စန့်ကွမ်းချိုးရယ်က ကျွင်းမိသားစုနဲ့ ထိပ်တိုက်တွေ့ခဲ့တာကြောင့် ကျွင်းမိသားစုရဲ့ တန်ခိုးရှင်တွေ အများကြီး သေကြေပျက်စီးဒဏ်ရာရကြတယ်တဲ့။ စန့်ကွမ်းဟုန်၊ စန့်ကွမ်းကလန်က ကျုပ်ကို ရှင်းပြချက်တစ်ခုလောက် မပေးသင့်ဘူးလား။”

“ညီအစ်ကိုရှောင်ယောင်။ ခင်ဗျား မှားနေမှာပဲ ကျုပ် စိုးမိတယ်။” စန့်ကွမ်းဟုန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ “ကျုပ် အခုလေးတင် ကျုပ်သမီးကို မေးပြီးပြီ။ သူမ ပြောတော့ အစကနေ အဆုံးထိ သူမ နည်းနည်းလေးတောင် မလှုပ်ရှားခဲ့ဘူးတဲ့။ ပြီးတော့ စန့်ကွမ်းကလန်ကလူတွေလည်း မပါကြဘူးတဲ့။ သူတို့ ကျုပ်ကို မလိမ်ဘူးဆိုတာ ကျုပ် ယုံတယ်။”

“စန့်ကွမ်းဟုန်၊ ကျုပ်မှာ မင်းနဲ့ ဒီကိစ္စကို အငြင်းအခုန်လုပ်ဖို့ စိတ်ကူးမရှိဘူး။” ကျွင်းရှောင်ယောင်က အေးစက်စွာ ပြန်ပြောလိုက်သည်။ “ကျုပ်မေးတာကိုပဲ တိုက်ရိုက်ဖြေ။ ဒီကိစ္စကို ဘယ်လိုဖြေရှင်းမှာလဲ။”

“ဘာကိုဆိုလိုတာလဲ နားမလည်ဘူး။” စန့်ကွမ်းဟုန်က ကျွင်းရှောင်ယောင်နှင့် ခြားနားစွာပင် ကောင်းကောင်းမွန်မွန် ပြန်​ဖြေလိုက်သည်။

သူ ပြောပြီးသွားသည်နှင့် ကျွင်းရှောင်ယောင်၏ ခန္ဓာကိုယ်မှ နှိုင်းယှဥ်မရအောင် ခြိမ်းခြောက်နိုင်စွမ်းရှိသော မဟာလမ်းစဥ်စွမ်းအားတို့ ထွက်ပေါ်လာသည်။ သူတို့၏ ပတ်လည်တွင် မဟာလမ်းစဥ်စွမ်းအားတို့က မုန်တိုင်းထန်လာသလို ထင်မှတ်ရသည်။ လူအများက အဝေး၌ ရှိနေသော်လည်း သူတို့ထံမှ အေးစက်မှုက အရိုးထဲထိ ထိုးဖောက်လာသလို ခံစားလိုက်ကြရသည်။

သူတို့ စကားပြောနေစဥ်မှာပင် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ တန်ခိုးရှင်များ အဆက်မပြတ် ထွက်လာကြပေသည်။

နောက်ဆုံးတွင် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ ဝင်ပေါက်၌ ဆံပင်အဖြူရောင်နှင့် ပုံရိပ်က လျှောက်ထွက်လာသည်။ သူ ထွက်လာသည့်အခါ သူသည် လူအများ၏ အမြင်အာရုံကို သူ့ထံ လွှဲယူလိုက်သကဲ့သို့ပင် လူတိုင်းက သူ့အား စိုက်ကြည့်နေကြပေသည်။

အရှေ့နတ်ဘုရားကျွန်းစုနယ်မြမှ လမ်းလျှောက်ထွက်လာသော ပုံရိပ်မှာ ရီဖူရှင်းပင် ဖြစ်သည်။

သူက ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေ​ပြီး မရေတွက်နိုင်သော အကြည့်များကို ခံစားမိပေသည်။ သူက အနည်းငယ် အံ့အားသင့်သွားသည်။ သူ ထိုမျှထိ ရေပန်းစားနေမည်ဟု ထင်မထားခဲ့ပေ။

အဝေးမှ နတ်အာရုံများစွာကလည်း သူ့ထံ တိုးဝင်လာရင်း လွှမ်းခြုံရန် ကြိုးစားနေသည်။

ရီဖူရှင်းက ခေါင်းကို နောက်သို့ လှည့်ကြည့်လိုက်ပြီး ဒုက္ခိတဖြစ်နေသော ကျွင်းချိုးယွင်ကို ကြည့်ကာ ​ပြောလိုက်သည်။ “မင်း မိသားစုက မင်းကို လာကြိုနေတယ်။”

ကျွင်းချိုးယွင်၏ အရှိန်အဝါက အားနည်းနေပြီးသား ဖြစ်သော်လည်း ထို့ထက်ပို၍ အလွန်အမင်း အားနည်းသွားသည်။ သူက တစ်ပိုင်းသေအံ့ဆဲဆဲ အ​ခြေအနေသို့ ရောက်သွားလုနီးပါးပင်။ သူ့မျက်လုံးများတွင် အဆိပ်ပြင်းသော အမုန်းတရားတို့ကို သယ်ဆောင်ထားသလို မျှော်လင့်ချက်တို့နှင့်လည်း လင်းလက်နေပေသည်။

နောက်ဆုံးတွင် ရီ​ဖူရှင်းက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို ထွက်ခွာလာခဲ့ပြီဖြစ်ပြီး သူသည် သူ့ကိုယ်သူအတွက် ရီဖူရှင်း၏ သေဆုံးခြင်းကို မြင်တွေ့ရပေတော့မည်။

အဝေးမှ အားကောင်းလှသော အရှိန်အဝါတို့က သူ့ထံ တိုးဝင်လာသည်။ ရီဖူရှင်းက ထိုနေရာသို့ ကြည့်လိုက်လျှင် ရန်ဟောင်များက နေရာအနှံ့မှ ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ကြရသည်။ သူတို့က မတူညီသော နေရာများတွင် ရပ်နေပြီး ထိုနေရာကို ပိတ်ဆို့ထားလိုက်ကြသည်။

သိသာစွာပင် သူတို့က အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့ပုံရသည်။

ရီဖူရှင်းက သူတို့ မည်သူဖြစ်ကြောင်း သိရှိပေသည်။ သူသည် နတ်အာရုံမှတဆင့် ထိုလူတို့၏ ကျင့်ကြံခြင့်အဆင့်တို့အား သိရှိလိုက်သည်။ အများစုက အဆင့်မြင့်ရန်ဟောင်တန်ခိုးရှင်များ ဖြစ်ကြသည်။

ထို့ပြင် အဝေး​ကြီးမှနေ၍ တန်ခိုးရှင်များ လာနေဆဲပင် ဖြစ်သည်။ သူတို့၏ ရုပ်ခန္ဓာများက အဝေးကြီး၌ ရှိနေသေးသော်လည်း နတ်အာရုံက ကျရောက်နေခဲ့ပြီ ဖြစ်သည်။ သူတို့၏ အားကောင်းလှသာ မဟာလမ်းစဥ် အရှိန်အဝါက ကောင်းကင်တစ်ခွင်လုံးကို လွှမ်းခြုံ၍ ဖိနှိပ်ထားပေသည်။

ရီဖူရှင်းက မော့ကာ အဝေးသို့ ကြည့်လိုက်လျှင် လမ်းလျှောက်လာနေသော ပုံသဏ္ဌာန်အများအပြားကို မြင်တွေ့ရပေသည်။ သူက ထိုနေရာတွင် တစ်ယောက်တည်း မတ်တပ်ရပ်နေပြီး ဖိအား ခပ်ရေးရေးကို ခံစားရသော်လည်း အနှောက်အယှက်မဖြစ်ပေ။ သူက ထိုနေရာ၌ တိတ်ဆိတ်စွာ ရပ်နေကာ အဖြူရောင်ဝတ်ရုံက လေထဲ လွင့်နေခဲ့သည်။

ဖန်းလိုင်ကုန်းမြေမှ ထိပ်သီးအင်အားစုဖြစ်သော ကျွင်းမိသားစုက သည်ကိစ္စကို ရပ်တန့်လိုပါက သူသည်လည်း လက်လွှတ်ပေးနိုင်ပေသည်။ အဆုံးမှာတော့ ကျွင်းချိုးယွင်တစ်ယောက်သာ သူ့အား ဒေါသထွက်စေခဲ့သူဖြစ်သည်။ သို့သော် ထိုသည်က မဖြစ်နိုင်တော့ပုံရလေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset