အပိုင်း(၁၉၁၄)

တောင်စွန်းတစ်ခုပေါ်မှ ဂီတသင်္ကေတများ

ဓားတောင်ထွတ်၏ရှေ့၌ ရီဖူရှင်းသည် တင်ပျဉ်ခွေထိုင်နေသည်။ ကျောက်တုံးကိုးခုစင်မြင့်ထက်၌ မည်သည့်ကျင့်ကြံသူမှ မရှိတော့ပေ။

ရီဖူရှင်းရှိနေခြင်းကြောင့် ကျောက်တုံးကိုးခုစင်မြင့်ထက် တက်ရောက်ပြီးကျင့်ကြံရန် မည်သူမျှ အရည်အချင်းမပြည့်မှီပေ။ ဖြစ်ပျက်ခဲ့သမျှအရာအားလုံးသည် အခြားသောကျင့်ကြံသူများအနေနှင့် သူတို့၏ကန့်သတ်ချက်ကို သိစေရန်ဖြစ်သွားသည်။ ကျောက်တုံးကိုးခုစင်မြင့်ထက်တွင် တက်ရောက်ကျင့်ကြံခြင်းသည် သူတို့ကိုယ်သူတို့ အရှက်ရစေလိမ့်မည်။

များစွာသောလူများသည် ဤအဖြစ်အပျက်မတိုင်ခင်က ထွက်ခွာသွားကြသည်။ သို့တိုင် လူအများအပြားသည် ကျန်နေခဲ့ပြီး ရီဖူရှင်း၏ကျင့်ကြံခြင်းကို ကြည့်ရှူနေကြသည်။

အချိန်တဖြေးဖြေးကုန်ဆုံးသွားသည်နှင့်အမျှ ဓားတောင်ထွတ်သည် တောက်ပသည့်အလင်းဖြင့် တစ်ဖန်ပြန်လည် လင်းလက်လာသည်ကို တွေ့လိုက်ရသည်။ ဓားကိုးစင်းသည် ရီဖူရှင်းကို လှည့်ပတ်နေပြီး ဓားတောင်ထွတ်တွင် သူ၏ဓားသိုင်းကို လေ့ကျင့်နေသည့် ပုံရိပ်ယောင်တစ်ခုကို ခပ်ရေးရေးမြင်နေရသည်။ သို့သော် ဤအရာအားလုံးသည် အနည်းငယ်မှိန်နေပြီး အမှန်တကယ်ဟု မထင်ရပေ။

ယခု ရီဖူရှင်းသည် မျက်လုံးကို တင်းတင်းမှိတ်ထားသည်။ သူသည် ဓားတောင်ထွတ်နှင့် အပြန်အလှန်ဆက်သွယ်နေသည်။ ပဲ့တင်ထပ်စေသည်။ ဓားအသိသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် စီးဆင်းနေသည်။ သူ၏ခန္ဓာကိုယ်၌ စီးဆင်းနေသည့် ဓားအသိသည် ဓားတောင်ထွတ်တွင်လည်း စီးဆင်းနေပုံရသည်။

သူ၏အတွေးထဲတွင် ပုံရိပ်တစ်ခုပေါ်လာသည်။ အာကာသဟင်းလင်းပြင်ကျယ်တွင် သူတစ်ယောက်တည်း မတ်တပ်ရပ်နေသည်။ သူသည်လက်ထဲမှဓားကို ထပ်ခါထပ်ခါလွှဲနေသည်။ ဓားပုံစံတခုစီသည် မတူညီပေ။ မရေမတွက်နိုင်အောင်လွှဲပြီးနောက် ပုံစံကိုးမျိုးသည် တစ်ခုထဲသို့ပေါင်းစည်းသွားပြီး ဓားတစ်စင်းဖြစ်ပေါ်လာသည်။

ဓားကို တစ်ကြိမ်လွှဲခါလိုက်သည်နှင့် ထောင်သောင်းချီသည့် ဓားအရိပ်များထွက်ပေါ်လာသည်။ ကောင်းကင်၌ ဓားပုံရိပ်လမ်းကြောင်းများစွာ ထွက်ပေါ်လာသည်။ အချို့လမ်းကြောင်းများသည် မြန်ပြီး အချို့က နှေးသည်။ လမ်းကြောင်းတစ်ခုစီတိုင်းသည် မတူညီကြပေ။ သို့‌တိုင် ကြောက်မက်ဖွယ်ဓားပုံရိပ်များသည် အာကာသတွင်းသို့ထိုးဖောက် ဝင်ရောက်လာသည်။ ဓားအရိပ်များသည် တစ်သားတည်းဖြစ်လာသည့်အခါ ထောင်သောင်းချီသောဓားအရိပ်များသည် ဓားတစ်စင်းဖြစ်ပေါ်လာစေသည်။ ဤဓားသည် အရာအားလုံးကိုချေမှုန်းနိုင်ပုံရသည်။

ထိုအခိုက်ကောင်းကင်ကို ထိုးဖောက်နေသည့် ကြောက်မက်ဖွယ် ဓားအလင်းသည် ဓားတောင်ထွတ်ပေါ်၌ ပေါ်လာသည်။ ကျင့်ကြံသူများသည် သူတို့၏နှလုံးသားတွင် ရုတ်တရတ် တုန်လှုပ်မှုများကို ခံစားလိုက်ရသည်။ ရီဖူရှင်း၏ခန္ဓာကိုယ်ပေါ်မှ ဓားအလင်းရောင်ခြည်တန်းကိုလဲ သူတို့ တွေ့မြင်လိုက်သည်။ ၎င်းသည် ဓားတောင်ထွတ်သို့ ဦးတည်သွားသည်။ ရီဖူရှင်းနှင့် ဓားတောင်ထွတ်ကြားတွင် ရီဖူရှင်း၏ပုံရိပ်ယောင်များစွာ ထွက်ပေါ်လာသည်။ ပုံရိပ်ယောင်တိုင်းသည် ဓားတချောင်းစီဖြင့် ထိုးစိုက်ခံနေရပုံ ပေါ်သည်။

ဂျိန်း

ကြောက်မက်ဖွယ် မိုးခြိမ်းသံပေါက်ကွဲ ထွက်ပေါ်လာပြီး ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို ခွဲထုတ်လိုက်ပုံရသည်။ ခဏအကြာ၌ ဓားတောင်ထွတ်သည် ကွဲအက်သွားသည်ကို ကျင့်ကြံသူများ အံ့အားသင့်စွာတွေ့ရှိခဲ့ကြသည်။ ကောင်းကင်ကို ထိုးဖောက်ထားသည့် ဓားအသိအလင်းတန်းတစ်ခုသာလျှင် ရောင်ခြည်ဖြာထွက်နေသည်။

မူလက ထိုနေရာ၌ထိုင်နေသော ရီဖူရှင်းသည် သူ၏မူလနေရာမှ ပျောက်ကွယ်သွားသည်။ လူအုပ်သည် သူအားထပ်တွေ့လိုက်သောအခါ သူသည်ကွဲအက်နေသည့် ဓားတောင်ထွတ်ထိပ်၌ ကောင်းကင်ကို ထိုးဖောက်နေသော ဓားအသိကြားတွင် မတ်တပ်ရပ်နေသည်။ ဓားပေါ်လာသည့်အခိုက်တွင် သူသည် ဓားတစ်‌စင်းဖြစ်သွားပြီး ဓားလှုပ်ရှားသည့်နောက်သို့ လိုက်သွားသည်။ အဆင့်မြင့်ရန်ဟောင်အချို့ပင် ထိုသည်ကို ရှင်းရှင်းလင်းလင်းမြင်ရန် မလုပ်နိုင်ပေ။

ထိုသည်က အလွန်အင်အားကြီးလှသည်။ ဤအရာကား ဓားတောင်ထွတ်တွင်ကျန်ခဲ့သည့်နောက်ဆုံးဓားပုံစံပေလေါ။ လူအုပ်ကြီးသည်အံ့အားသင့်သွားသည်။ ရီဖူရှင်းသည် ဓားအသိ၏သန့်စင်မွမ်းမံခြင်းအားခံနေရပြီး ဓားအလင်းရောင်ဖြင့်လွှမ်းခြုံနေလေသည်။ ဓားအသိသည် သူနှင့်အပြည့်အဝပေါင်းစပ်လိုပုံရသည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အလွန်ထက်မြက်သောဓားတစ်လက်ဖြစ်လာပုံရသည်။ သူသည်ဖျက်ဆီး၍မရနိုင်သည့်သူတစ်ယောက်ဖြစ်ပြီး အစွမ်းအစရှိသူဖြစ်သည်။

“ဓားတောင်ထွတ်က တကယ်ကိုကွဲအက်သွားပြီ။ နှစ်ပေါင်းများစွာကြာအောင်ဘယ်သူမှမလုပ်နိုင်ခဲ့ဘူး။ ဒီဓားတောင်ထွတ်က ဒီနေရာမှာ အမြဲတမ်း‌ရှိနေခဲ့တယ်။ အခုတော့ ကွဲအက်သွားခဲ့ပြီ” တစ်စုံတစ်ယောက်သည် ဖြစ်ရပ်မှန်ကိုတမ်းတမ်းတတ ရေရွတ်ပြောဆိုလိုက်သည်။

“ကျုပ် အရင်ကဒီနေရာကိုလေးကြိမ်ရောက်ဖူးတယ်။ နှစ်ပေါင်း၃၀ကြာတဲ့အထိတောင် ဒီဓားတောင်ထွတ်က ဒီနေရာမှာရှိနေဆဲပဲ။ ကျုပ်အရှေ့နတ်ဘုရားကျွန်းစုကိုရောက်တိုင်း ဓားအသိကိုနားလည်ဖို့ ဒီနေရာကိုလာတယ်။ နှစ်ပေါင်းများစွာကြာပြီးတော့ ဓားအသိကိုးခုမှာ ခုနှစ်ခုကို ကျုပ်နားလည်သဘောပေါက်ခဲ့တယ်။ နောက်နှစ်(၂၀)ကျရင် ဓားတောင်ထွက်ပေါ်မှာဓားအသိအားလုံးကို နားလည်ဖို့အခွင့်အရေးရမယ်လို့ အစကထင်ခဲ့တယ်။ လူတစ်ယောက်က ကျုပ်ရဲ့ရာစုနှစ်များစွာအားထုတ်မှုကို ဟာသတစ်ခုလိုတစ်ကြိမ်တည်းနဲ့လုပ်ပြလိမ့်မယ်လို့ ဘယ်တုံးကမှမထင်ထားခဲ့ဘူး” အကြီးအကဲတစ်ဦးကရေရွတ်လိုက်သည်။ သူကဆက်လက်ပြီး “ကျွန်တော်ရှက်လိုက်တာ” ဟုပြောလိုက်သည်။

“ကျုပ်တို့အားလုံးအတူတူပါပဲ။ ကျုပ်တို့လွန်ခဲ့တဲ့ဆယ်နှစ်ထဲကတွေ့ခဲ့ကြတာလေ” အခြားအကြီးအကဲကပြောလိုက်သည်။ သူသည်သက်ပြင်းချလိုက်သည်။သူ၏စိတ်ထဲတွင် ခံစားချက်တွေပြည့်နှက်နေသည်။

ဤနေရာ၌အစဥ်အဆက်တည်ရှိခဲ့သော မဟာလမ်းစဉ်၏ကံကြမ္မာတွေ့ကြုံမှုများသည် တစ်နေ့တွင်ပြိုပျက်သွားလိမ့်မည်ဟုသူတို့မတွေးခဲ့မိကြပေ။ အနာဂတ်မျိုးဆက်များသည် ထိုအရာများကို နားလည်နိုင်မည်မဟုတ်တော့ပေ။

ဤအဆင့်နိမ့်ရန်ဟောင်သည် တစ်ရက်အတွင်းဓားအသိများကိုကျွမ်းကျင်ခဲ့ပြီးအမွေဆက်ခံနိုင်ခဲ့သည်။

“ဒါက ဘာဓားအမျိုးအစားလဲဆိုတာကို ငါတကယ်သိချင်မိတယ်။ ထင်ရှားတဲ့ဓားသမားတစ်ယောက်က ဒါကိုချန်ထားခဲ့တာ။ တစ်ယောက်ယောက်က ဒီဓားကိုအောင်အောင်မြင်မြင်နားလည်ခဲ့မယ်ဆိုရင် သူတို့ရဲ့တိုက်ခိုက်ရေးစွမ်းရည်က တိုးတက်လာမှာဖြစ်တယ်။ အဲ့ဒီလူက ဓားအသိကိုအမွေဆက်ခံရရှိခဲ့တော့ သူ့ရဲ့ဓားစွမ်းရည်က အရင်ကထက်ပိုပြီး အဆပေါင်းများစွာအင်အားကြီးလာလိမ့်မယ်”

လူအုပ်ကြီးသည် ထိတ်ထိတ်ပျာပျာဆွေးနွေးနေကြသည်။ သူတို့သည်ကြောက်မက်ဖွယ်ဓားသမား အရှေ့နတ်ဘုရားကျွန်းစုတွင်ပေါ်လာသည်ကို မြင်တွေ့ရန်စိတ်လှုပ်ရှားနေခဲ့သော်လည်း သူတို့သည် ဓားလမ်းစဥ်၏ကံကြမ္မာ အခွင့်အရေးကို ဆုံးရှုံးခဲ့ရသည်။ ထိုသည်မှာ ထာဝရဖျက်ဆီးခြင်းခံလိုက်ရခြင်းဖြစ်သည်။ ဤလူသည် ထူးကဲသည့်အရည်အချင်းရှိသော်လည်း သူသည်မဟာလမ်းစဉ်၏အမွေအနှစ်ကို ဖျက်ဆီးလိုက်ပြီး သူတစ်ဦးတည်းရယူခဲ့သည်။ သူသည် အမှန်တကယ်ပင် စိတ်ပျက်စရာကောင်းသည့် လူတစ်ယောက်ဖြစ်သည်။

သို့တိုင် သူတို့သည် သူ့လိုဖြစ်ချင်နေကြသည်။ ကံမကောင်းစွာဖြင့် သူတို့သည် သူ၏အောင်မြင်မှုကိုပုံတူမကူးချနိုင်ပေ။

ရီဖူရှင်း၏ခန္ဓာကိုယ်သည် တောက်ပသည့်ဓားအလင်းရောင်ဖြင့် ရောင်ခြည်ဖြာထွက်လာသည်။ တဖြေးဖြေးမှေးမှိန်မသွားမီ အချိန်အတော်ကြာရောင်ခြည်ဖြာထွက်ခဲ့သည်။ သူသည်မျက်လုံးဖွင့်လိုက်သည်။သူ၏မျက်လုံးများမှ ထက်မြက်သည့်ဓားများပစ်လွှတ်လိုက်ပုံရသည်။ ဓားသံများဆူညံသွားသည်။

ဓားတစ်‌လက်သည် ပုံစံကိုးမျိုးရှိပြီး ဓားကိုးလက်သည် တစ်လက်အဖြစ်သို့ပေါင်းစည်းသွားသည်။ ဤဓားပုံစံပညာရပ်သည် မည်သည့်နေရာမှ ရရှိခဲ့သည်ကို မည်သူမျှမသိပေ။

ဤဓားပုံစံသည် ဟင်းလင်းပြင်အကွာအဝေးကိုမမှုဘဲ ချက်ခြင်းသတ်နိုင်သည်။ သူ၏ဓားပုံစံများ၏အနှစ်သာရများကြောင့် ရီဖူရှင်းသည် ပြိုင်ဘက်များကိုအတွေးတစ်ခုဖြင့်ပင်သတ်နိုင်လိမ့်မည်။ထို့နောက်သူသည် ဓားပညာရပ်ကို အနန္တဓားဟုအမည်ပေးခဲ့သည်။

ရီဖူရှင်းသည် သူ့ကိုယ်သူ ဓားပညာရပ်နာမည်တစ်ခုရလာပြီဟု တွေးလိုက်သည်။

အဆုံးမရှိဓား၊ တဒင်္ဂဓား၊ အနန္တဓား…ထိုဓားပညာရပ်သုံးခုသည် ထူးကဲသည့်စွမ်းအားရှိပြီး ဓားသိုင်းပညာ၌ ရီဖူရှင်း၏အောင်မြင်မှုများသည်လည်း အဆက်မပြတ်တိုးတက်လာသည်။

တဒင်္ဂနတ်ဓားသည် အနန္တဓားနှင့်ပေါင်းလိုက်လျှင် ၎င်း၏စွမ်းအားသည် ပို၍ဖျက်ဆီးနိုင်စွမ်းရှိမည်ဖြစ်သည်။ အဝေးမှတိုက်ခိုက်ခြင်းနှင့် အနီးကပ်တိုက်ခိုက်ခြင်းများကိုပေါင်းစပ်ပြီး ထိုဓားများသည် ၎င်းတို့၏ပြိုင်ဘက်များကို အစုအပြုံလိုက်သတ်ဖြတ်နိုင်သည့်ကြောက်မက်ဖွယ်ဓားများဖြစ်လာလိမ့်မည်။

ရီဖူရှင်းသည် ပျောက်ကွယ်သွားသည့်‌ဓားတောင်ထွတ်ကိုကြည့်လ်ိုက်သည်။ ထို့နောက် သူသည်လူအုပ်ဘက်ကိုလှည့်လိုက်သည်။ လူအုပ်သည် သူ့အား စူးစိုက်စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည့်အခါ သူသည် မထိန်းနိုင်ဘဲ ခြောက်ကပ်ကပ်ရယ်မောလိုက်သည်။ သူကပြောလိုက်သည်။ “တောင်းပန်ပါတယ် ဓား‌ေတာင်ထွတ်က သူ့ဘာသာသူ ကွဲအက်သွားတာပါ”

သူ့ဘာသာသူကွဲအက်သွားတာလား…

လူအုပ်သည် ရီဖူရှင်းအားကြည့်လိုက်သည်။ သူတို့သည် အပြစ်ကင်းသည့်မျက်နှာထားနှင့်တောင်းပန်နေသည့်သူ့ကိုကြည့်ပြီး သူ့အားအမှန်တကယ်ရိုက်နှက်ပစ်ချင်လာကြသည်။

ဓားတောင်ထွတ်သည်သူ့ဘာသာသူကွဲအက်မည်တဲ့လား…

ဤသည်က ရီဖူရှင်း၏ကျင့်ကြံခြင်းကြောင့်ပင်ဖြစ်သည်။ သို့တိုင် ရီဖူရှင်းသည်ဓားတောင်ထွတ်တွင် ဓားအသိကိုနားလည်ခဲ့ပြီး မဟာလမ်းစဉ်၏ကံကြမ္မာတွေ့ကြံမှုကိုရရှိခဲ့သော တစ်ယောက်တည်းသောသူဖြစ်သဖြင့် သူတို့ဘာပြောနိုင်မည်နည်း။

သက်ပြင်းချခြင်းကိုသာလျှင်သူတို့လုပ်နိုင်သည်။

ရီဖူရှင်းသည် ရှားချင်းယွမ်နှင့်ကျန်အဖွဲ့များထံသို့ပြန်လာခဲ့သည်။ အင်ပါယာဟယ်လျန်နှင့်ပေ့ကုန်းအော့တို့သည် ရီဖူရှင်းအားကြည့်ပြီးပြုံးလိုက်သည်။ ဤသူသည် သူ့ဘာသာကိုယ်ပိုင်ကျင့်ကြံနိုင်သည်။ ယခုအခါ သူသည် ကျင့်ကြံရန်အခြားသူများ၏အခွင့်အရေးများကိုလုယက်ခဲ့သည်။

“မင်းက ရက်စက်လွန်းတယ်” ပေ့ကုန်းအော့ကပြောလိုက်သည်။

“ကျွန်တော်က ကိုယ့်ဘာသာကျင့်ကြံရုံပါ” ရီဖူရှင်းသည် ပခုံးတွန့်၍ပြောလိုက်သည်။

“အမ် မင်းက ကိုယ့်ဘာသာကျင့်ကြံတာပဲ။ ဒါပေမယ့် အဲ့ဒါကအခြားသူတွေကျင့်ကြံဖို့နေရာတစ်ခုမရှိအောင် ဖြစ်သွားစေတယ်။ ကံကောင်းထောက်မစွာနဲ့ ဒီဓားတောင်ထွတ်ကိုပဲ မင်းဖျက်ဆီးခဲ့ပြီး ပုံရိပ်ယောင်ကောင်းကင်ပိုင်နက်က မဟာလမ်းစဉ်ကံကြမ္မာကြုံတွေ့မှုတွေ ကျန်ရှိနေသေးတယ်။ တော်သေးတာက ကျန်တဲ့သူတွေအနေနဲ့ အခြားနေရာတွေမှာကံစမ်းနိုင်ပါသေးတယ်” ပေ့ကုန်းအော့က ဆက်ပြောလိုက်သည်။

ရီဖူရှင်းသည်ခေါင်းငြိမ့်ပြီးပြောလိုက်သည်။ “ကျွန်တော်တို့လဲ အခြားတစ်နေရာမှာ ကျွန်တော်တို့ကံကို စမ်းသင့်တယ်”

“အင်း” ကျန်လူများသည် ခေါင်းငြိမ့်သဘောတူပြီးထွက်သွားကြသည်။ ရီဖူရှင်းသည် ဟင်းလင်းပြင်ကျယ်ကို ဖုံးအုပ်ပြီး သူ၏အသိကိုဖြန့်ကျက်လိုက်သည်။ သူသည် သူတို့လိုအပ်သည့်မဟာလမ်းစဉ်၏ကြိုတင်‌လမ်းညွှန်ချက်များရှိသော သင့်တော်သည့်နေရာတစ်ခုအား သူတို့ကျင့်ကြံရန်အတွက် ရှာဖွေနေသည်။

ရီဖူရှင်း၏အဖွဲ့သည် အခြားနေရာသို့အလွန်လျင်မြန်စွာရောက်သွားသည်။ အလားတူလေဟာပြင်တစ်ဝိုက်တွင် ရပ်နေကြသည့် လူအများအပြားရှိသည်။ သူတို့သည် ရှေ့မှတစ်ခုခုကို စူးစိုက်ကြည့်နေကြသည်။

လူအုပ်ကြီးမတိုင်မီက ကြီးမားသည့်တောင်စောင်းတစ်ခုရှိခဲ့သည်။‌‌ ချောင်ကမ်းပါးပေါ်ရှိ ကျောင်ဆောင်တစ်ခုပေါ်တွင် ရွှေရောင်အက္ခရာများကိုထွင်းထားသည်။ ၎င်းတို့သည်မထင်မရှားဖြစ်နေပြီး ထူးခြားသည့်ဘာသာစကားဖြင့်ရေးထားပုံရသည်။ သို့တိုင် ထိုနေရာ၌ရပ်နေခြင်းဖြင့် မဟာလမ်းစဉ်၏သက္ကတရွတ်ဆိုခြင်းကို ခံစားမိနိုင်သည်။ ၎င်းသည် ပြင်းထန်သည့်ဖိအားကိုပေးနေသည်။

“ဒါတွေက ဗုဒ္ဓဘာသာရဲ့အဆုံးအမတွေလား” ရီဖူရှင်းသည် ထိုအက္ခရာများ၏နောက်မှ အသိကိုခံစားမိသည့်အခါပြောလိုက်သည်။ ဤစွမ်းအားသည် ဗုဒ္ဓဘာသာ၏လက်ရေးမူများ ဖြစ်ဟန်တူသည်။

ဤသည်ကိုကြည့်ခြင်းအားဖြင့်  ဗုဒ္ဓဘာသာကျင့်ကြံသူများသည် ယခင်ကအရှေ့နတ်ဘုရားကျွန်းစုကို ဆေးရှာရန်လာရောက်ခဲ့ကြပြီးဖြစ်မည်။ ထိုအချိန်ကတုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ လွှမ်းမိုးမှုသည် မည်မျှကြောက်မက်ဖွယ်ကောင်းခဲ့သည်ကို ဤသည်ကသက်သေပြလျှက်ရှိသည်။

“ဘေးမှာ စာသားအချို့ရှိတယ်” ရှားချင်းယွမ်က ချောက်ကမ်းပါး၏ ညာဘက်ထောင့်အောက်ခြေကိုကြည့်ပြီး ပြောလိုက်သည်။ ကျောက်တုံးမျက်နှာပြင်ပေါ်တွင်အက္ခရာတန်းများကို ထွင်းထားသည်။ ရီဖူရှင်းသည် စာသားများကိုကြည့်လိုက်သည်။ မျှော်လင့်ထားသကဲ့သို့ ထိုရွှေရောင်အက္ခရာများသည် ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါး ချန်ထားခဲ့ခြင်းဖြစ်သည်။ သူသည် မဟာလမ်းစဉ်မှပြင်းထန်သောဒဏ်ရာဒဏ်ချက်များကိုခံစားခဲ့ရသမျှ‌ ဆေးကုသရန်လာခဲ့ခြင်းဖြစ်သည်။ တုံ့လိုင်နတ်ဘုရားအကြီးအကဲသည် သူ၏မဟာလမ်းစဉ်မှဒဏ်ရာဒဏ်ချက်များကို ကုသပေးခဲ့သည်။ ထို့ကြောင့်ဘုန်းတော်ကြီးသည် ကျေးဇူးတင်သည့်အနေဖြင့် ဗုဒ္ဓဘာသာလမ်းစဉ်အဆုံးအမများကို ချန်ထားခဲ့သည်။

ထိုအက္ခရာများကို တိတ်တဆိတ်နားလည်ဆင်ခြင်နေသည့် လူအများအပြားရှိသည်။ ထိုသူများထဲမှ တင်ပျဉ်ခွေထိုင်နေသော ထူးခြားသည့်အရှိန်အဝါရှိသောအမျိုးသမီးကို ရီဖူရှင်းမြင်လိုက်ရသည်။ များစွာသောဗုဒ္ဓဘာသာသင်္ကေတများသည် သူမ၏ခန္ဓာကိုယ်အားလှည့်ပတ်နေပြီး သူမ၏ရုပ်သွင်သည်ဗုဒ္ဓ၏အလင်းရောင်ဖြင့်ဝန်းရံထားသည်။သူမသည် စျာန်ဝင်ကာ သန့်စင်နေပုံရသည်။

ရီဖူရှင်းသည် မထင်ရှားသောအက္ခရာများကိုကြည့်လိုက်သည်။ အက္ခရာများသည် စာသားမဟုတ်သလို သူခံစားလိုက်ရသည်။

မဟာလမ်းစဉ်၏ရောင်ဝါသည် သူ၏ခန္ဓာကိုယ်မှထွက်ပေါ်လာသည်။ သူသည် ချောက်ကမ်းပါးမျက်နှာပြင်ရှိရွှေရောင်အက္ခရာများအား ထင်ထင်ရှားရှားမြင်နိုင်သည်။ သူ၏အကြည့်သည် နှိုင်းယှဉ်၍မရနိုင်အောင်လေးနက်လာသည်။ သူသည်လှည့်စားမှုအားလုံးကိုဖောက်၍ မြင်နိုင်သည်။

ချက်ချင်းပင် အက္ခရာများသည် ခုန်ပေါက်ကာ သူ၏ရှေ့တွင်ရှိနေပုံရသည်။

တေးဂီတသင်္ကေတတွေ…

ရီဖူရှင်းသည် စိတ်ထဲမှပြောလိုက်သည်။မျှော်လင့်ထားသလို ထိုအက္ခရာများသည် အက္ခရာများမဟုတ်ဘဲ တေးဂီတသ‌င်္ကေတများဖြစ်ကြသည်။

ချောက်ကမ်းပါးမျက်နှာပြင်ရှိသင်ကြားချက်များသည် တေးဂီတလမ်းစဉ်တစ်ခုအတွက်ဖြစ်သည်။ စည်းချက်လမ်းစဉ်ကိုမကျင့်ကြံခဲ့သူများသည် မည်သည့်အရာမဆို နားလည်ရန်ခက်ခဲလိမ့်မည်။ သူတို့သည် ထိုအရာကိုနားလည်နိုင်မည်မဟုတ်ပေ။

“ဘာလို့ ငါဒါကနေ ဘာတစ်ခုမှ မရနိုင်ရတာလဲ” ပေ့ကုန်းရွှမ်မှရေရွတ်လိုက်သည်။ဤမတိုင်မီက သူမသည် ဓားတောင်ထွတ်၏ဓားအသိကို အနည်းငယ်နားလည်နိုင်သေးသည်။ သို့သော် ဤချောက်ကမ်းပါးမျက်နှာပြင်ရှိအရာအားလုံးကို သူမနားမလည်နိုင်ပေ။

“ဒါကို မင်းနားမလည်နိုင်တာ ပုံမှန်ပါပဲ” ဘေးမှတစ်စုံတစ်ယောက်ကပြုံးပြီးပြောလိုက်သည်။ သူတို့မြင်နေသမျှကို လူဘယ်လောက်များများနားလည်နိုင်ကြသနည်း။

“ငါ့အတွက်လဲအတူတူပဲ” ပေ့ကုန်းအော့ကဝန်ခံလိုက်သည်။ ပေ့ကုန်းရွမ်သည် ငြင်သာစွာခေါင်းငြိမ့်လိုက်သည်။ သူမ၏အဖေပင်လျှင် နားမလည်နိုင်ပေ။ထိုသို့ဆိုလျှင် ဤလမ်းစဉ်သည် သေချာပေါက်ထူးခြားလိမ့်မည်။ ရီဖူရှင်းသည်လည်း နားလည်နိုင်မလားဆိုသည်ကို သူမ သိချင်သည်။

သူမသည် ကြည့်လိုက်ရာ ရီဖူရှင်းသည် ထိုနေရာ၌ ရပ်နေသည်ကိုမြင်လိုက်သည်။ “ဒါက စည်းချက်လမ်းစဉ်ဖြစ်တာမလို့ မင်းနားမလည်တာကပုံမှန်ပါပဲ”

“စည်းချက်လမ်းစဉ်လား” ပေ့ကုန်းရွမ်သည် ထူးဆန်းသည့်အကြည့်ဖြင့်မေးလိုက်သည်။ “ဒီအက္ခရာတွေက တေးဂီတကျင့်စဥ်အကြောင်းကိုပြောထားတာလား”

“ဒါတွေက အက္ခရာတွေမဟုတ်ဘူး။ တေးဂီတသင်္ကေတတွေပဲ။ မင်းက ဒီလမ်းစဉ်အမျိုးအစားကိုကျင့်ကြံတဲ့သူတစ်ယောက်မဟုတ်ရင် နားလည်ဖို့ခက်ခဲလိမ့်မယ်။ မင်းအားလုံးကို နားလည်ဖို့မလိုပါဘူး” ရီဖူရှင်းကပြောလိုက်သည်။ ပေ့ကုန်းရွမ်ကခေါင်းငြိမ့်လိုက်သည်။ သူမသည်ရီဖူရှင်းကိုကြည့်ပြီး အနည်းငယ်ဆွံ့အသွားသည်။ ဤမတိုင်မီ ရီဖူရှင်းသည် ဝူထုံကျွန်းပေါ်၌ ကုချင်းဖြင့်သီချင်းတစ်ပုဒ်တီးခတ်ခဲ့သည်။ ထိုသည်ကိုကြည့်ခြင်းဖြင့် သူသည် မျှော်လင့်ထားသလိုပင် စည်းချက်လမ်းစဉ်ကိုကောင်းစွာနားလည်ပုံရသည်။

အမျိုးသမီးရန်ဟောင်နောက်မှ အနည်းငယ်သောပုံရိပ်ယောင်များသည် ရီဖူရှင်းကိုကြည့်ပြီးပြောလိုက်သည်။ “မင်းပါလား”

“ခင်ဗျားတို့အားလုံး ကျွန်တော်ကို မှတ်မိကြတာလား” ရီဖူရှင်းမှမေးလိုက်သည်။

“ငါတို့ တုံ့လိုင်နတ်ဘုရားဘုံမှာတွေ့ခဲ့ကြတာလေ” ထိုသူကပြုံးပြီးပြောလိုက်သည်။ ယင်းမတိုင်မီ တုံ့လိုင်နတ်ဘုရားဘုံ၌ ရီဖူရှင်းနှင့် ကျွင်းချိုးယွင်ကြားအငြင်းပွားမှုဖြစ်နေစဉ်က သူတို့အားလုံးရှိခဲ့သည်။

ရီဖူရှင်းသည် ဘာမှ မပြောတော့ပေ။

“ငါသူ့အကြောင်းကို တွေးနေတုန်းပဲရှိသေးတယ် သူရောက်လာပြီ” ထိုသူက‌ထပ်ပြောလိုက်သည်။ ရီဖူရှင်းသည်မျက်မှောင်ကြုံ့လိုက်သည်။ သူ့စိတ်အသိအတွင်း၌ ကြီးမားသောပုံရိပ်ယောင်အုပ်စုတစ်စုသည် သူတို့ကိုချဉ်းကပ်လာနေသည်။ ထိုအချိန်တွင် အကြမ်းဖက်ရန်ရည်ရွယ်ချက်ရှိ‌ေသာအေးစက်စက်အသိသည် သူ့အပေါ်ကျရောက်လာသည်။

ရီဖူရှင်းသည် လှည့်မကြည့်သော်လည်း မည်သူရောက်လာသည်ကို အသေအချာသိသည်။ ထိုသူသည် ကျွင်းချိုးယွင်ဖြစ်သည်။

ကျွင်းချိုးယွင်သည် လူအမြောက်အများခေါ်ဆောင်လာသည်။ ထိုမတိုင်မီက သူသည် အရှေ့နတ်ဘုရားတံဆိပ်များကိုလဲလှယ်ခဲ့သည်။ ထို့ကြောင့် သူ့ဘက်တွင် မရေမတွက်နိုင်သောကျင့်ကြံသူများရှိသည်။ သူတို့ရောက်သည့်အခါ ကျင့်ကြံသူအုပ်စုကြီးသည် ဤနေရာရှိ အခြားသောကျင့်ကြံသူများကို စိတ်ဖိစီးမှုဖြစ်စေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset