အပိုင်း(၁၈၉၈):

ကျွန်းစုပေါ်မှ သန့်စင်မြင့်မြတ်နယ်မြေ

“မဖြစ်နိုင်ဘူး…” အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ ပိုင်မုနှင့် အခြားလူများသည် သူတို့မြင်လိုက်ရသည့် မြင်ကွင်းကြောင့် တုန်လှုပ်နေကြ၏။ ပန်းသစ်ပင်သည် တည်ငြိမ်သွားသော်လည်း ၎င်း၏ အရွက်များနှင့် အကိုင်းအခက်တို့က ယိမ်းနွဲ့နေသေးကာ ဆူညံသံတို့ ထုတ်လွှတ်နေဆဲ ဖြစ်သည်။ ၎င်းက စွန့်ပစ်ခံလိုက်ရသည့်အတွက် ဝမ်းနည်းနေဟန်တူသည်။ အခြားသော တန်ခိုးရှင်များ ထိုနေရာ၌ ရှိနေသေးသော်လည်း ပန်းသစ်ပင်က သူတို့အား လျစ်လျူရှုလိုက်ပေသည်။

ထိုအ​ခြေအနေမျိုးက ကြားဖူးနားဝရှိနိုင်သော အခြေအနေမျိုးမဟုတ်ပေ။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေတွင် ကျင့်ကြံနေသော သူများပင် ထိုသို့သောအခြေအနေမျိုးကို မည်သည့်အခါမှ မတွေ့ကြုံဖူးပေ။

“တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ခဲ့တာပဲ။” အသံတစ်ခု ထွက်ပေါ်လာသည်။ နတ်မိမယ်တစ်​ယောက်က ပြောလိုက်ခြင်း ဖြစ်သည်။ လူတိုင်း၏ မျက်နှာထက်တွင် ထူးဆန်းသော အကြည့်တို့ ဖြစ်ပေါ်လာသည်။ သူတို့သည်လည်း ၎င်းကို ခန့်မှန်းမိကြပေသည်။

သူတို့က ပန်းသစ်ပင်အထက်ရှိ ပုံရိပ်များကို မော့ကြည့်လိုက်သည်။ သို့သော်လည်း သူတို့အားလုံးက မဟာလမ်းစဥ်ရောင်စဥ်များနှင့် ဖုံးလွှမ်းထားပြီး ထို့အထဲတွင် ရီဖူရှင်းအပါအဝင်ပင် ဖြစ်သည်။ သူ့အနီးတဝိုက်တွင် တောက်ပသော ရောင်ဝါတို့က လင်းလက်နေ၏။

သူက သိမ်းငှက်နက်၏ ကျောပေါ်တွင် ရပ်နေပြီး ဘယ်ညာသို့ ကြည့်လိုက်သည်။ အတွေးတစ်ချက်နှင့်ပင် သိမ်းငှက်နက်လေးသည် သူ့အတောင်များကို ခတ်ကာ ရှေ့ကို ပျံသန်းသွားပြီး ပေ့ကုန်းရွမ်နှင့် အခြားသူများကို ပန်းသစ်ပင်၏ အဝေးသို့​ခေါ်ဆောင်သွားပေသည်။

လူတိုင်းသည် သူတို့အနီးမှ လူများကို စူးစမ်းလေ့လာလိုက်ကြသော်လည်း အကြောင်းရင်းကို ရှာမတွေ့ခဲ့ပေ။ သူတို့က မည်သူဖြစ်ကြောင်း မသိရှိကြချေ။

သို့သော်လည်း သူတို့ကြားတွင် ဖုံးကွယ်ထားသော အစွမ်းထက် တန်ခိုးရှင်တစ်ဦး ရှိသည်။

တန်ခိုးရှင်တစ်ဦးချင်းစီသည် ထိုနေရာမှ အဝေးသို့ ထွက်သွားလေသည်။ ကြည့်ရသည်မှာ သူတို့သည် မည်သူဖြစ်ကြောင်း ရှာဖွေနိုင်ပုံမရပေ။

ကျွင်းချိုးယွင်က အဝေးသို့ ဆက်သွားကာ  ပျောက်ကွယ်သွားသည် ရီဖူရှင်းတို့အဖွဲ့ကို ကြည့်လိုက်သည်။ သူ၏ အေးစက်သော မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော စိတ်များဖြင့် ပြည့်နှက်နေပေသည်။

သူက ထိုသူမှာ ရီဖူရှင်း ဟုတ်မဟုတ်ခန့်မှန်းမနေချင်ပေ။ သို့သော် သူသည် ရီဖူရှင်းကို အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ အသက်ရှင်လျက် ထွက်မသွားစေလိုပေ။

“သွားကြစို့။” သူသည်လည်း အဝေးသို့ လျှောက်သွားခဲ့သည်။ နောက်တွင် ကျန်ရစ်ခဲ့သော အချို့သူများသည် ကြီးမားသော ပန်းသစ်ပင်ကြီးထံသို့ လျှောက်သွားကြသည်။ သို့သော် ၎င်းက ယခင်ကကဲ့သို့ လင်းလက်လာခြင်း မရှိပေ။ သစ်ပင်ကြီးက လှုပ်ရှားရမည်ကို အလွန် ပျင်းရိနေဟန်တူသည်။

ပန်းသစ်ပင်က မည်သူ့အတွက်ကိုမှ ဖူးပွင့်မပေးချင်တော့ပုံရလေသည်။

ထိုသည်မှာ နောက်တွင် ကျန်ခဲ့သော တန်ခိုးရှင်များထံ၌ ဒေါသတို့ ဖြစ်ပေါ်လာစေသည်။ သူတို့သည် ဤအလှည့်အပြောင်းကြောင့် အတော်လေး မပျော်မရွှင် ဖြစ်သွားကြသည်။ သူတို့သည် ထိုသစ်ပင်က သူတို့အား အထင်အမြင်သေးနေသည်ဟု ခံစားမိကြပေသည်။ သို့သော်လည်း သူတို့က မည်သည်ကိုမှ မလုပ်ဆောင်နိုင်ကြပေ။ သူတို့က သစ်ပင်အား တိုက်ခိုက်၍ မရချေ။

သူတို့က မည်သို့မှမတတ်နိုင်ဘဲ အလျင်အမြန် ထွက်ခွာသွားကြတော့သည်။

ထိုသို့ဖြစ်လာသောအခါ အခြားသူများက သစ်ပင်ထံ၌ စမ်းသပ်မှုခံယူရန် ဆန္ဒမရှိတော့ပေ။ သူတို့က ထိုသစ်ပင် သူတို့အား အထင်အမြင်သေးစွာ ပြုမူသည်ကို မမြင်လိုသဖြင့် လမ်းလျှောက်ကာ ထွက်သွားတော့သည်။

မကြာခင်မှာပင် တန်ခိုးရှင်အဖွဲ့လိုက်ကြီးက ထိုနေရာမှ ထွက်ခွာသွားတော့သည်။

အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ တန်ခိုးရှင်များက အရာအားလုံးကို မှင်တက်စွာ ကြည့်နေခဲ့သည်။ သူတို့သည် အိပ်မက်မက်နေသကဲ့သို့ ခံစားနေရပေသည်။ ထိုသို့သော အဖြစ်အပျက်မှာ ယခင်က ဖြစ်ပျက်ခဲ့ဖူးသော အဖြစ်တို့နှင့် မတူညီပေ။

သူတို့အားလုံးသည် လူအုပ်ကြီးထဲမှ မည်သူက သစ်ပင်အား ထူးဆန်းစွာ ပြုမူစေရန် လုပ်ဆောင်နိုင်ခဲ့ပြီး ဖုံးကွယ်ခဲ့ရသနည်းဟု သိချင်နေကြသည်။

သူက မည်သည့်အတွက် ဖုံးကွယ်ခဲ့ရသနည်း။

ထို့ပြင် ထိုသူအပြင် ပန်းပေါင်းများစွာ ပွင့်ဝေအောင် လုပ်ဆောင်နိုင်ခဲ့သော ထူးခြားဆန်းကြယ်သည့် လူတစ်ယောက် ရှိနေသေးသည်။ သူသည်လည်း အလွန် ထူးချွန်သော လူတစ်ယောက် ဖြစ်ပေလိမ့်မည်။

ထိုသူတို့က မည်သည့်နောက်ခံ ရှိပါစေ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသို့ လာသော တန်ခိုးရှင်များကြားတွင် ဝပ်နေသောကျား၊ ပုန်းကွယ်နေသော နဂါးများ ရှိကြပေသည်။

“သူ ဖြစ်နိုင်လား။” ထိုအတွေးက ပိုင်မု၏ ခေါင်းထဲတွင် ဖြစ်သည်လာသည်။ သူမ အဝေးသို့ ကြည့်နေရင်း တွေးမိသည့်သူမှာ ရီဖူရှင်း တစ်ယောက်တည်းသာ ဖြစ်လေသည်။

ထိုသူ၏ အရည်အချင်းက ကြောက်မက်ဖွယ် ကောင်းလှသည်။ ယခင် သူ ကျွင်းချိုးယွင်နှင့် တိုက်ခိုက်စဥ်က သူ၏ နတ်ဝင်ရိုးက ပြီးပြည့်စုံသော အဆင့်ဖြစ်သည်ကို သိရှိခဲ့သည်။ ထို့ပြင် သူက ရန်သူအပေါ် သနားညှာတာမှုမရှိ ဆုံးဖြတ်ချက်ပြတ်သားပြီး အလွန်ရက်စက်လှသည်။ သူက ကျွင်းချိုးယွင်၏ လူများကိုပင် သတ်ဖြတ်ခဲ့သေးသည်။

ကျွင်းချိုးယွင်နှင့် အခြားသူများ ပန်းသစ်ပင်ရှေ့၌ ရှိနေစဥ် ရီဖူရှင်းလည်း ရှိနေခဲ့သည်။ ထို့ပြင် ရီဖူရှင်းနှင့် ကျွင်းချိုးယွင်၏ စွမ်းအားကို အခြေခံပြီး ဆုံးဖြတ်ရလျှင် ရီဖူရှင်းက အနည်းငယ်ပိုထူးချွန်သည်။ ထို့ကြောင့် ရီဖူရှင်းက ပို၍ ဖြစ်နိုင်ချေများပေသည်။

ထိုသို့တွေးလိုက်သည့်အခါ သူမ၏ ခေါင်းထဲသို့ နောက်ထပ် အတွေးတစ်ခု ထပ်ဝင်လာသည်။ ကြည့်ရသည်မှာ သူမက ရီဖူရှင်းကို အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသို့ သွားခွင့်ပြုရန် တောင်းဆိုပေးခဲ့ခြင်းကမှန်ကန်သောအရာကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပုံရလေသည်။ ယခု ရီဖူရှင်းက ဤနေရာသို့ ရောက်ရှိလာခဲ့ပြီး သူက ဖုံးကွယ်ထားသော တစ်စုံတစ်ယောက် ဖြစ်နိုင်ချေရှိသည်။ အကယ်၍ သူသာ အစစ်အမှန်ဖြစ်လျှင် သူမက ကျွန်းမှ လူများကို သူ့အား ကာကွယ်ပေးပါရန် တောင်းဆိုမည် ဖြစ်သည်။ အမှန်တွင် သူမပင် တောင်းဆိုရန်မလိုဘဲ ကျွန်းမှ လူများက သူ့အား ထိခိုက်နစ်နာစေရန် ခွင့်ပြုလိမ့်မည် မဟုုတ်ပေ။

“သွားကြစို့။” သူမက ပုံရိပ်က လျှပ်စီးကဲ့သို့ပင် ရှေ့သို့ ရွေ့လျားသွားသည်။ အခြားသူများကလည်း သူမနှင့် လိုက်ပါလာ၏။

ရီဖူရှင်းက ထိုအကြောင်းကို အများကြီးတွေးမထားပေ။ သူက လူအများ၏ ပစ်မှတ်ထားခံရသောသူ မဖြစ်လိုသည့်အတွက် သူ့ကိုယ်သူ မဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက သူ့အား မြင့်မြင့်မားမား တွေးသည်မတွေးသည်ကိုတော့ သူက ဂရုမစိုက်ပေ။

ယခု သူက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသို့ စွမ်းအားတိုးပွားရန် အခွင့်အရေး ရမရ သိလိုသောကြောင့် လာခဲ့ခြင်း ဖြစ်သည်။

အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသည် ကျွန်းတစ်ကျွန်းတည်း မဟုတ်ဘဲ ကျွန်းများစုပေါင်းထားခြင်း ​ဖြစ်သည်။

ဤအံ့ဖွယ်တိုင်းပြည်တွင် ကျယ်ပြောလှသော သမုဒ္ဒရာတစ်စင်းရှိပြီး မြူဆိုင်းနေသော လေထုရှိသည်။ ကြည့်ရသည်မှာ မှော်ပင်လယ်နှင့် ဆင်တူသည်။

ဤထူးခြားဆန်းကြယ်သော ပင်လယ်ထက်တွင် ထူးခြားဆန်းကြယ်သော ကျွန်းငယ်လေးများ တည်ရှိနေသည်။ တစ်ခုချင်းစီက မတူကွဲပြားမှုများ ရှိပြီး အစွမ်းထက်သော အရှိန်အဝါများ ထုတ်လွှတ်နေကြသည်။

ယခင်က တုံ့လိုင်နတ်ဘုရားအကြီးအကဲသည် ဆေးဖော်စပ်ခြင်း၌ ထူးချွန်သော အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သူက တန်ခိုးရှင်များအတွက် သန့်စင်မြင့်မြတ်နယ်မြေဟု သတ်မှတ်နိုင်သော ဤနေရာကို ဖန်တီးတည်ဆောက်ခဲ့သည်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၌ အသုံးပြုသော ကျင့်ကြံမှုနည်းလမ်းများမှာ အစွမ်းထက်သည့် ဆေးဖော်စပ်နည်းများပင် ဖြစ်သည်။ တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ စွမ်းအားအထွတ်အထိပ်၌ ရှိသော ကာလတွင် လူအများကြီးသည် သူ့ထံမှ ဆေးပညာသင်ယူရန် လာရောက်ကြသည်။ သူတို့က တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ လက်အောက်တွင် ပညာသင်ယူလိုကြသည်။

ထိုအချိန်အခါက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသည် အဓိကနယ်မြေ၏ အကြွင်းမဲ့ဘုရင် ဖြစ်ခဲ့သည်။ ယနေ့၏ ဖန်းလိုင်နတ်ဘုရားဘုံကျွန်းဆွယ်ကဲ့သို့ အခြားထိပ်သီးအင်အားစုများ မရှိပေ။

“အဲဒါက ဘာလဲ။” ထိုအချိန်တွင် ရီဖူရှင်းသည် အဝေးသို့ မော့ကြည့်လိုက်၏။ သူက ကြောက်မက်ဖွယ်အလင်းများနှင့် ကာရံထားပြီး လျှပ်စီးစွမ်းအားများဖြင့် ပြည့်နှက်နေသော ကျွန်းတစ်ခုကို မြင်လိုက်ရသည်။ အဝေးမှပင် သူသည် ထိုနေရာ၌ ပုန်းကွယ်နေသော စွမ်းအားတို့ကို ရှင်းလင်းစွာ ခံစားမိပေသည်။

ထိုအချိန်၌ တန်ခိုးရှင်များက ၎င်းကျွန်းဘက်သို့ ဦးတည်ပျံသန်း​နေပြီး အပြင်ဘက်၌ ရပ်တန့်လိုက်ကြသည်။

“ကြည့်ရတာ လူတစ်ယောက်နဲ့ တူတယ်။” ရီဖူရှင်းက ပြောလိုက်ပြီး ကျွန်းသို့ တုန်လှုပ်စွာ ကြည့်လိုက်သည်။ အဆုံးမဲ့လျှပ်စီးစွမ်းအားများက စီးဆင်းနေပြီး လူသားနှင့် တူသော သဏ္ဌာန်တစ်ခု ဖြစ်တည်လာသည်။ ၎င်းသည် လျှပ်စီးစွမ်းအားများကို ထုတ်လွှတ်နေပြီး ကျွန်းပေါ်၌ မတ်တပ်ရပ်ကာ စောင့်ကြပ်နေသော လျှပ်စီးနတ်ဘုရားနှင့် တူပေသည်။ အားလုံးသောသူများသည် ၎င်းထံမှ ထွက်ပေါ်လာနေသော ထိုလျှပ်စီးစွမ်းအားများထဲတွင် သတ်ဖြတ်လိုသည့် ဆန္ဒများလည်း ရှိနေသည်ကို ခံစားမိပေသည်။ သူတို့သည် ထိုလျှပ်စီးစွမ်းအားများဖြင့် ချက်ချင်း သတ်ဖြတ်ခြင်းကို ခံရနိုင်သည်ဟူသော ခံစားချက်မျိုးကို ပေးစွမ်းပေသည်။

ကျွန်းတစ်ခုလုံးကို လျှပ်စီးနတ်ဘုရားက စောင့်ကြပ်နေပုံရသည်။ ထိုပုံရိပ်ပြီးက ၎င်း၏ လက်မောင်းကို မြှောက်ကာ သူတို့ရှိရာသို့ ရိုက်ချလိုက်လျှင် ဖျက်ဆီးခြင်း လျှပ်စီးများက ကျွန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

“အဲဒီမှာ ကျောက်စာချပ်တစ်ခုရှိတယ်။” ဟယ်လျန်ယိုက ပြောလိုက်သည်။ သူမက လျှပ်စီးများ ဖုံးလွှမ်းထားသော ကျွန်းကို ကြည့်နေ၏။ ကျွန်း၏ တစ်ဖက်ကမ်းတွင် ပေထောင်ချီမြင့်သော ကျောက်ထရံတစ်ခု ရှိနေပြီး လျှပ်စီးဖြင့် ဖြတ်တောက်ခံထားရသကဲ့သို့ ချောမွေ့နေသည်။ ၎င်းသည် ကြီးမားသော ကျောက်စာချပ်တစ်ခု အသွင်ဖြစ်ကာ စာလုံးများ ထွင်းထုခံထားရသည်။

“အဲဒါက အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ချန်ရစ်ခဲ့တာ ဖြစ်နိုင်တယ်။ အရင်တုန်းက တုံ့လိုင်နတ်ဘုရားအကြီးအကဲဆီကနေ ဆေးပညာသင်ယူဖို့ လူတွေအများကြီး ရောက်လာကြပေမယ့် သူက ဘယ်သူ့ကိုမှ အလကားသင်မပေးဘူး။ အဲဒါကြောင့် သင်ယူချင်တဲ့လူက အဖိုးအခပေးရတယ်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှာ ပျက်စီးနေတဲ့ သန့်စင်မြင့်မြတ်နယ်မြေတွေ ရှိသေးတယ်။ အဲဒါက ဒီမှာ ဆေးပညာလာသင်တဲ့ ထိပ်သီးပုဂ္ဂိုလ်တွေ ချန်ထားခဲ့တဲ့ အရာတွေပဲ။” အင်ပါယာဟယ်လျန်က ပြောလိုက်သည်။

ရီဖူရှင်းနှင့် အခြားသူများက ရှေ့သို့ ဆက်သွားကြသည်။ သူတို့က ထိုကျောက်စာချပ်၏ ရှေ့တွင် လူအများကြီး လွင့်မျောကာ ရပ်နေကြပြီး စာလုံးများကို လေ့လာနေသည်အား မြင်လိုက်ကြသည်။ ထွင်းထုထားသည်မှာ သမိုင်းတစ်ခု ဖြစ်ပြီး ဤနေရာ၌ ဆေးပညာလာရောက်သင်ယူပြီး လျှပ်စီးနတ်ဘုရား၏ စွမ်းအားကို ချန်ရစ်ခဲ့သော အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်၏ မှတ်တမ်းဖြစ်သည်။

“အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက တန်ခိုးရှင်တွေအပေါ် ဒီလောက် ဆွဲဆောင်နိုင်တာ မအံ့သြတော့ပါဘူး။” ရီဖူရှင်းက ပြောလိုက်သည်။ “တုံ့လိုင်နတ်ဘုရားအကြီးအကဲသာ ရှိနေသေးရင် ဒီကျွန်းစုက ပိုပြီးတောင်မှ ခမ်းနားထည်ဝါနေဦးမယ်။”

“အင်း” အင်ပါယာဟယ်လျန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ဒါက အစစ်အမှန် သန့်စင်မြင့်မြတ်နယ်မြေပဲ။ မရေတွက်နိုင်တဲ့ တန်ခိုးရှင်တွေက ဒီနေရာကို ရောက်ဖူးပေမယ့် ဒီမှာ ပညာသင်ယူဖို့ အရမ်းခက်ခဲခဲ့ကြတယ်။ ဒီနေရာက ဝင်ဖို့ အခက်ဆုံးနေရာပဲ။ ပါရမီရှင်မဟုတ်တဲ့လူတွေဆို စဥ်းတောင်မစဥ်းစားနဲ့တော့ပဲ။ ကံမကောင်းစွာနဲ့ တုံ့လိုင်နတ်ဘုရားအကြီးအကဲ သေဆုံးကတည်းက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို ပိတ်သိမ်းလိုက်တယ်။ ဒီနေရာကို လျှို့ဝှက်ကျွန်းစုတစ်ခုလိုမျိုး နှစ်ပေါင်းများစွာ ဖုံးကွယ်ထားခဲ့ပြီး ဆယ်နှစ်နေမှတစ်ကြိမ် ဖွင့်လှစ်ခဲ့တယ်။”

“အခု အရှေ့နတ်ဘုရားကျွန်းစုနယ်မြေရဲ့ အရှင်သခင်က ဘယ်သူလဲ။” ရီဖူရှင်းက မေးလိုက်သည်။

အင်ပါယာဟယ်လျန်နှင့် ပေကုံးအော့တို့က ခေါင်းကို ယမ်းလိုက်ကြသည်။ “မသိဘူး။ ဒါပေမယ့် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက နှစ်ပေါင်းများစွာ အင်အားစုဆောင်းလာတာ။ အခုဆို သူတို့ ဘယ်လောက်တောင် အစွမ်းထက်နေပြီလဲ မသိတော့ဘူး။”

***


Comment

Leave a Reply


Options

not work with dark mode
Reset