အပိုင်း(၁၈၉၁):

ရက်ရက်စက်စက်သတ်ဖြတ်ခြင်း

တိုက်ခိုက်မှုများ အဆက်မပြတ် ဖြစ်ပေါ်လာသည်။ သူတို့၏တိုက်ကွက်များက အသေသတ်ကွက်များဖြ်သည်။ ထို့အပြင် သူတို့ထဲတွင် တချို့မှာ အလယ်အလတ်ရန်ဟောင်များဖြစ်ကြ၏။

ဟယ်လျန်ယိုနှင့် ပေ့ကုန်းရွမ်တို့၏အမူအရာများ အထိတ်တလန့်ဖြစ်လာသည်။ သူတို့က အစွမ်းကုန်ထုတ်ကာ ခုခံကြ၏။

ပတ်ဝန်းကျင်မှလူများအားလုံးက အဖြစ်အပျက်ကို ကြည့်နေကြသည်။ အခြေအနေက မြန်ဆန်စွာ ဖြစ်ပျက်သွားကာ သူတို့က ကောင်းကောင်းပင် နားမလည်ကြပေ။

တိုက်ခိုက်မှုများက ထိုအမျိုးသမီးနှစ်ဦးအား ထိမိရန် စက္ကန့်ပိုင်းမျှအလို ရုတ်တရက် ကြောက်မက်ဖွယ်ဓားအားလှိုင်းတစ်ခုသည် ထိုနေရာအား ထွင်းဖောက်လာ၏။ ဓားအလင်းသုံးခုသည် ရန်ဟောင်တချို့ကို ဖြတ်သန်းသွားကာ ထိုလူများ၏အသက်ကို နှုတ်ယူသွားသည်။ ဓားအလင်းသုံးခုသည် လှပသော အလင်းကွေးများအဖြစ် လေဟာနယ်ကို ဖြတ်သန်းကာ နောက်ဆုံးတွင် ဟယ်လျန်ယိုနှင့် ပေ့ကုန်းရွမ်တို့ရှေ့၌ ရပ်တန့်သွား၏။

ဝုန်း… ဝုန်း…

တိုက်ခိုက်မှုများကား ရပ်တန့်သွားခြင်းမရှိပေ။ သို့သော် ထိုတိုက်ခိုက်မှုများမှာ ဓားအလင်းများအနီးသို့ ရောက်သည်နှင့် ပျက်ပြယ်သွားရ၏။ ထိုအဖြစ်က အမျိုးသမီးနှစ်ဦးအား ဘေးကင်းစေသည်။

ကောင်းကင်ထက်တွင် ရန်ဟောင်တချို့က ဟယ်လျန်ယိုနှင့် ပေ့ကုန်းရွမ်တို့အား ထပ်မံတိုက်ခိုက်ကြ၏။ တဖန် ဓားအလင်းသည် လေထုကို ဖြတ်သန်းသွားလျှင် တိုက်ခိုက်ရန် ကြိုးပမ်းသော ရန်ဟောင်များ၏အသက်ကို နှုတ်ယူသွား၏။

“ဒါ…”

အခြေအနေက မြန်ဆန်လွန်းကာ ကြည့်နေသူများအားလုံးကို ထိတ်လန့်စေသည်။

ဟယ်လျန်ယိုနှင့် ပေ့ကုန်းရွမ်တို့သည်ပင် ဘာဖြစ်သွားမှန်းမသိပေ။ ဓားအလင်းသုံးခုက သူတို့အား ကာကွယ်ပေးနေသည်ကိုတော့ နားလည်ကြ၏။

ထိုစဉ် လူရိပ်သုံးခု သူမတို့ရှေ့ကို ကျဆင်းလာသည်။ သူတို့ကား ရီဖူရှင်းတို့ဖြစ်ကြ၏။ အမှန်တကယ်အားဖြင့် သူတို့က သိပ်မဝေးသောနေရာတွင်ရှိကာ ဟယ်လျန်ယိုနှင့် ပေ့ကုန်းရွမ်တို့က သူတို့၏နတ်အာရုံထဲမှ ပျောက်ဆုံးသွားသည်နှင့် တစ်စုံတစ်ခု လွဲမှားနေကြောင်း သိလိုက်ကာ မြန်ဆန်စွာ ရောက်လာခြင်းဖြစ်သည်။ ပို၍ သေချာစေရန် ရီဖူရှင်းက ဓားစွမ်းအားကိုပင် ကြိုတင်ထုတ်လွှတ်ခဲ့၏။ ထို့ကြောင့်ပင် ပေ့ကုန်းရွှမ်နှင့် ဟယ်လျန်ယိုတို့အား ကယ်တင်နိုင်ခြင်းဖြစ်သည်။

ရီဖူရှင်းက ဟယ်လျန်ယိုနှင့် ပေ့ကုန်းရွမ်တို့အား ကြည့်ကာ မေးလိုက်သည် “ဘာမှ မဖြစ်ဘူးမလား”

“ကျွန်မ အဆင်ပြေတယ်” ဟယ်လျန်ယိုက ခေါင်းယမ်းသည်။ သို့သော်လည်း သူမ၏မျက်လုံးများက အနည်းငယ် အေးစက်နေ၏။

ပေ့ကုန်းရွမ်က ခေါင်းယမ်းသည်။ အမှန်တကယ်အားဖြင့် သူမသည် ဟယ်လျန်ယိုထက် ပိုတည်ငြိမ်၏။ သူမက ခေါင်းမော့ကာ တစ်ဘက်မှ လူများကို ကြည့်လျှက်ပြောသည် “ကျွန်မက သူတို့ကို ပစ္စည်းပေးလိုက်တယ်”

“ငါ သိတယ်…” ရီဖူရှင်းက ခေါင်းညိတ်သည်။ သူက နောက်လှည့်ကာ သတ်လတ်ပိုင်းလူကြီးအား ကြည်သည်။ ထိုလူက ပြင်းထန်သောအရှိန်အဝါကို ထုတ်ကာ ပြောသည် “မင်းက သူတို့ကို ကာကွယ်မှာလား”

ရီဖူရှင်းက သူ့အား အေးစက်စွာကြည့်ကာ တိတ်ဆိတ်နေသည်။

သူက လက်ဝှေ့ယမ်းလိုက်သည်တွင် ဓားအလင်းသုံးခုသည် တစ်နေရာသို့ မြန်ဆန်စွာ ပျံသန်းသွားသည်။ ပေ့ကုန်းရွမ်နှင့် အရောင်းအဝယ်ပြုလုပ်သော ဆိုင်ရှင်က မြန်ဆန်စွာ နောက်ဆုတ်၏။

သို့သော်လည်း ဓားအလင်းသုံးခုသည် တစ်ဘက်လူရှေ့ကို တိုက်ရိုက်ရောက်လာသည်။ ထိုလူက ချက်ချင်းပင် အာကာသစွမ်းအားများကိုသုံးကာ သူ့အား အာကာသတံခါးများဖြင့် တားဆီးသည်။ သို့သော်လည်း ဓားသည် အားလုံးကို ဖြတ်တောက်ထိုးခွင်းသွားပြီး ဓားအလင်းနှစ်ခုက သူ၏လက်တစ်ဘက်စီကို ဖြတ်သန်းသွားကာ နောက်ဆုံးဓားသည် သူ၏ခေါင်းရှေ့၌ ရပ်တန့်သွားသည်။

သူ၏လက်နှစ်ဘက်မှ သွေးစိမ်းများထွက်ပေါ်လာခဲ့ကာ နာကျင်စွာ အော်ဟစ်လိုက်သည်။ သူ၏လက်များ ဒဏ်ရာရသွားလျှင် သူက ရီဖူရှင်းအား ဒေါသတကြီးကြည့်သော်လည်း သူ့ခေါင်းရှေ့မှ ထက်ရှသောဓားသွားအား ခံစားမိသည်တွင် သူသည် အမှန်တကယ် ကြောက်ရွံ့မှုအား ခံစားရသည်။

“မင်းမှာ အချိန်သုံးစက္ကန့်ရမယ်။ သူမပေးတဲ့ ဝိညာဉ်လက်နက်ကို ပြန်ပေး။ မဟုတ်ရင် ငါ မင်းကို သတ်မယ်” ရီဖူရှင်းက ပြောသည်။

တချိန်တည်းတွင် ရီဖူရှင်းက အေးစက်စွာ ပြောသည် “တစ်…”

ဆိုင်ရှင်၏မျက်နှာက ပျက်ယွင်းသွားသည်။ သူ၏နှလုံးသားက အကြောက်တရားကြောင့် အေးခဲသွားသည်။

အနီးအနားမှ လူများမှာ နားမလည်ကြသေးပေ။ သူတို့အားလုံးက အခြေအနေကို နားလည်အောင် ကြိုးစားနေကြ၏။ တစ်ဘက်လူများက အဘယ်ကြောင့် အမျိုးသမီးနှစ်ဦးကို သတ်ဖြတ်ရန် ကြိုးစားခဲ့ကြသနည်း။

ယခု အခြေအနေက ပြောင်းပြန်ဖြစ်သွားသည်။ သည်လူငယ်က ဆိုင်ရှင်အား သတ်ဖြတ်ရန် ပြင်နေ၏။

“နှစ်…”

ဆိုင်ရှင် ဆတ်ခနဲ တုန်သွားသည်။ ဓားအရှိန်အဝါက အနည်းငယ်အားကောင်းလာသည်ကို သူခံစားမိ၏။

“သုံး…”

ရီဖူရှင်းက နောက်ဆုံးနံပါတ်ကို ရေတွက်လိုက်သည်နှင့် ဆိုင်ရှင်ထံမှ ဝိညာဉ်လက်နက်တစ်ခု ထွက်ပေါ်လာသည်။ ထိုအရာကား ပေ့ကုန်းရွမ်ပေးခဲ့သော ရတနာဖြစ်သည်။

“ဒါက သူမ ရောင်းဝယ်ခဲ့တဲ့ ရတနာပါ” သူက ကြောက်လန့်တကြား ပြောသည်။ အခြေအနေက ဤသို့ဖြစ်လာမည်မှန်းသိလျှင် သူသည် ဤအရှုပ်အထွေးထဲသို့ ဝင်မပါပေ။

ထိုအဖြစ်က ကြည့်နေသူများအားလုံးကို ရုတ်ရုတ်သဲသဲဖြစ်စေသည်။ အားလုံးက သဘောပေါက်သွားကြ၏။ ဆိုင်ရှင်က တစ်ဘက်လူ၏ပစ္စည်းကို ကွယ်ဝှက်ကာ အပြစ်တင်ရန် ကြိုးစားခဲ့သည်။

ဤသည်က သာမန်လိမ်လည်မှုဆိုပါက ထိုအမျိုးသမီးနှစ်ဦးကို အဘယ်ကြောင့် သတ်ဖြတ်ရန် ကြိုးစားရသနည်း။ သူတို့က စုံစမ်းစစ်ဆေးမှုပင် မလုပ်ခဲ့ကြပေ။ အမှန်တရားက စိတ်ဝင်စားဖွယ်ကောင်းလှသည်။

ဓားသည် ရုတ်တရက် လှုပ်ရှားသွားကာ သွေးစများ လေထဲလွင့်သွားသည်။ အတန်ကြာလျှင် ဆိုင်ရှင်သည် အားပျော့စွာ မြေပေါ်သို့ ပြိုလဲကျ၏။ သူ၏ဆံပင်များ ဖြူဆွတ်သွားသည်။ သူကား ကျင့်ကြံခြင်း ဖျက်ဆီးခံရခြင်းဖြစ်သည်။

ထိုမြင်ကွင်းကိုကြည်ကာ လူတိုင်းက ရီဖူရှင်း၏ဆုံးဖြတ်ချက် ပြတ်သားမှုအပေါ် အံ့အားသင့်ရသည်။

အားလုံးက သူ၏အပြုအမူမှ သူ့ဒေါသများကို ခံစားမိကြသည်။ သူသည် တည်ငြိမ်နေသော်လည်း သူ့နည်းလမ်းများမှာ ရက်စက်ကာ ပြတ်သား၏။

ဆိုင်ရှင်သည်ကား အလွန်ကံဆိုး၏။ သူသည် အမျိုးသမီးနှစ်ဦးကို အကောက်ကြံရန် ကြိုးစားခဲ့သော်လည်း အဆုံးသတ်တွင် သူသည်သာ ကျင့်ကြံခြင်းပျက်စီးရသည်။

ရီဖူရှင်းက ဆိုင်ရှင်အား တံရားခံအစစ်အမှန်ကို မမေးပေ။ သူက အဖြေကို သိပြီးဖြစ်သည်။

သူ၏အကြည့်က အဆင့်မြင့်ရန်ဟောင်ထံသို့ ရောက်လာသည်။ ထိုအခိုက်တွင် ပေ့ကုန်းအော့ထံမှ သတ်ဖြတ်လိုသော အငွေ့အသက်များ ထွက်ပေါ်လာ၏။ သူ့သမီးကား အသက်သေလုနီးပါးဖြစ်ခဲ့၏။

တခဏအတွင်း၌ အခြေအနေက တင်းမာလာသည်။

“ကြည့်ရတာ ဒါက နားလည်မှုလွဲတာပဲ” အဆင့်မြင့်ရန်ဟောင်က ရီဖူရှင်းကို ကြည့်ကာ ပြောသည်။ သူက မြေပြင်ပေါ်တွင် လဲလျောင်းနေသော ဆိုင်ရှင်အား အေးစက်စွာ ပြောသည် “မင်းက ဖန်းလိုင်နတ်ဘုရားဒေသမှာ ဘယ်လိုအတင့်ရဲမှုနဲ့ အကောက်ကြံရဲတာလဲ။ မင်းက သေချင်နေတာပဲ”

သူက ထိုသို့ပြောပြီးသည်နှင့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုသည် သူ့ထံသို့ ပျံ့လွင့်သွားခဲ့၏။ ဆိုင်ရှင်ကား ကျင့်ကြံဆင့် ဖျက်ဆီးခံရပြီးဖြစ်သည်။ မည်သို့ ခုခံမည်နည်း။ မကြာခင် သူသည် ထိုစွမ်းအားအောက်တွင် တကိုယ်လုံး ဝါးမျိုခံရကာ သူ၏အလောင်းပင် မကျန်ရစ်တော့ပေ။

ထိုမြင်ကွင်းကိုကြည့်ကာ လူတိုင်း ကျောချမ်းသွားကြသည်။ သည်နည်းလမ်းကား ရက်စက်လွန်းလှသည်။

“ဒီလူက သူ့အပြစ်အတွက် အပြစ်ပေးသတ်ဖြတ်ခံရပြီးပြီ။ ကြည့်ရတာ ဒါက နားလည်မှု လွဲသွားတာပါပဲ” တစ်ဘက်လူက ရီဖူရှင်းကို ပြောသည်။ သူက တည်ငြိမ်စွာပြောကာ စကားတစ်ခွန်းတည်းဖြင့် ပြဿတနာတစ်ခုလုံးအား ဖြေရှင်းလိုဟန်ရသည်။

သူတို့ကား ဖန်းလိုင်နတ်ဘုရားဒေသ၏စည်းကမ်းထိမ်းသိမ်းရေးမှူးများဖြစ်ကြသည်။ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့သည် ဖန်းလိုင်နတ်ဘုရားကုန်းမြေမှ အဖွဲ့အစည်းများအားလုံး ပေါင်းစပ်ကာ ဖွဲ့စည်းထားခြင်းလည်းဖြစ်သည်။

“ဒါပဲလား…” ရီဖူရှင်းက မေးသည်။

ရီဖူရှင်း၏စကားကိုကြားသည်တွင် တစ်ဘက်လူက မျက်မှောင်ကျုံ့ကာ ပြောသည် “ဒါဆို မင်းက ဘာကို မျှော်လင့်တာလဲ”

“ကျုပ် နည်းနည်းနောက်ကျရင် သူတို့ အသတ်ခံရပြီးလောက်ပြီ” ရီဖူရှင်းက ဟယ်လျန်ယိုနှင့် ပေ့ကုန်းရွမ်တို့အား ကြည့်ကာ ပြောသည်။

တစ်ဘက်လူက သူ့အား အေးစက်စွာ ကြည့်ကာ ပြောသည် “မင်းက ကျုပ်လူတချို့ကိုလည်း သတ်ဖြတ်ခဲ့တယ်။ ကျုပ်က အဲဒါကို ထည့်မတွက်ဘဲ နေပေးမယ်။ ဒီကိစ္စ ဒီမှာ ပြီးပြီ”

“ဟ…” ရီဖူရှင်းက မခိုးမခန့် ရေရွက်လိုက်သည်။ တချိန်တည်းမှာပင် ကြောက်မက်ဖွယ် ဓားအသိသည် ထိုနေရာတစ်ခုလုံးအား ဖိအားပေးလာခဲ့၏။ ထိုနေရာတစ်ခုလုံးသည် ဓားနယ်မြေတစ်ခုအလား…။

ဓားသုံးလက်အား ကြောက်မက်ဖွယ် စွမ်းအားများ ရစ်ပတ်လာကြ၏။

“မင်း ဘာလုပ်နေတာလဲ” အဆင့်မြင့်ရန်ဟောင်က အေးစက်စွာ မေးသည်။ ရီဖူရှင်းက လက်ဝှေ့ယမ်းကာ အေးစက်စွာ ပြောသည် “သူ့ကို သတ်…”

သူက ထိုသို့ပြောလိုက်သည်နှင့် ဓားသုံးလက်က ပျံသန်းထွက်ခွာသွားသည်။

“နောက်ဆုတ်…” အဆင့်မြင့်ရန်ဟောင်က အမြန်ပြောသည်။ သို့သော်လည်း ဓားအလင်းသုံးခုသည် ပတ်ပတ်လည်မှ စည်းကမ်းထိမ်းသိမ်းရေးမှူးများထံသို့ ပျံသန်းသွားကာ သူတို့၏ခန္ဓာကိုယ်သို့ ဖြတ်သန်းသွား၏။ တခဏအတွင်း ရန်ဟောင်များ၏ခန္ဓာကိုယ်သည် အသက်မဲ့စွာဖြင့် မြေပြင်ပေါ်သို့ ကျသည်။ မည်သူမှ ထိုဓားများကို မတားဆီးနိုင်ပေ။

အဆင့်မြင့်ရန်ဟောင်က ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခုကို ထုတ်လွှတ်၏။ သို့သော်လည်း သူ့ရှေ့ကို မိုးကြိုးမုန်တိုင်းတစ်ခု ဆင်းသက်လာသည်။ ပေ့ကုန်းအော့၏မျက်လုံးများက အားကောင်းသော လျှပ်စီးများ ထုတ်လွှတ်နေသည်။

မကြာခင် အချိန်အတွင်းတွင် ရန်ဟောင်များအားလုံး သေဆုံးသွားခဲ့ကာ အဆင့်မြင့်ရန်ဟောင်တစ်ဦးတည်း မျက်နှာများ ပျက်ယွင်းစွာဖြင့် ကျန်နေရစ်၏။ ထိုအဖြစ်က ပတ်ဝန်းကျင်မှ လူများအားလုံးကို ထိတ်လန့်စေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset