Switch Mode

အပိုင်း(၁၈၈၆)

ယွမ်ယန်အမေနှင့် သားကြေးမုံ

ဖန်းလိုင်နတ်ဘုရားဘုံသည် ပင်မကုန်းမြေ၏အလယ်ပိုင်းတွင်ရှိသည်။ ၎င်းသည် အနှိုင်းမဲ့သိပ်သည်းသောသဘာဝစွမ်းအားဖြင့် ဖုံးကွယ်ထားသည်။ နတ်ဘုံ၌ရှိသကဲ့သို့ခံစားရစေသည်။ ဒဏ္ဍာရီ‌များကဆိုကြသည်မှာ ဖန်းလိုင်နတ်ဘုရားဘုံတွင် ကောင်းကင်နှင့်မြေကြီးမှ သဘာဝစွမ်းအားကိုဆွဲယူပေးနိုင်သည့် သဘာဝအစီအရင်တစ်ခုရှိပြီး ထိုအစီအရင်ကို ယခင်က တုံ့လိုင်နတ်ဘုရားအကြီးအကဲကခင်းပေးခဲ့သည်ဟူ၍ ဖြစ်သည်။ ၎င်းသည် မူလကအရှေ့နတ်ဘုရားကျွန်းစုပတ်လည်ရှိ ပြင်ပဘုံမှဖြစ်ပြီး အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏အစိတ်အပိုင်းတစ်ခုဖြစ်သည်။

ယခုအချိန်၌ ဖန်းလိုင်နတ်ဘုရားဘုံသည် မယုံကြည်နိုင်လောင်အောင် စည်ကားလာပြီဖြစ်သည်။ အဓိကနယ်မြေတစ်ထောင်ကျော်မှလူများ ဤနေရာတွင်စုဝေးနေကြပြီး ကျင့်ကြံသူဦးရေမှာ မထင်မှတ်လောက်အောင်များပြားလာသည်။

အာကာသဟင်းလင်းပြင်၌ ရီဖူရှင်းနှင့် သူ၏အဖွဲ့သည် ဖန်းလိုင်နတ်ဘုရားဘုံအထက်လေပိုင်နက်ကို ဖြတ်သန်းသွားကြသည်။ သူတို့ပတ်ဝန်းကျင်တွင် လူများသည် လေထဲတွင်လမ်းလျှောက်နေကြသည့် နတ်ဘုရားများကဲ့သို့ လှုပ်ရှားသွားလာနေကြပြီး ဤဖန်းလိုင်နတ်ဘုရားဘုံအား နတ်ဘုရားများ၏ဘုံနှင့်တူအောင် ပြုလုပ်ပေးနေသကဲ့သိုပင်။

ရီဖူရှင်းသည် ဘုံတစ်ခုလုံးကိုလေ့လာခဲ့ပြီး လာရောက်သောကျင့်ကြံသူများနှင့် ပြန်သွားသောကျင့်ကြံသူများကို သေချာစွာစောင့်ကြည့်ခဲ့သည်။ အချို့မှာ နတ်ဘုရားနှင့်တူသောအရှိန်အဝါ‌ကိုပေးသည့် အသက်ကြီးသူများဖြစ်ကြပြီး အချို့မှာ မည်သူ့ကိုမဆို အသွင်အပြင်ဖြင့်ဆွဲဆောင်နိုင်သော လှပသည့်အမျိုးသမီးများဖြစ်ကြသည်။ အရှိန်အဝါဖြင့်လူတိုင်းကိုခြိမ်းခြောက်တတ်သည့် အင်အားကြီးပုဂ္ဂိုလ်များရှိကြပြီး လောကဝတ်စည်းမျဉ်းများကိုမလိုက်နာ မရိုသေတတ်သော ငယ်ရွယ်သူအင်အားကြီးပုဂ္ဂိုလ်များလည်းရှိသည်။ ဘုန်းတော်ကြီးများနှင့်သီလရှင်များပင်ရှိခဲ့သည်။

“အရှေ့နတ်ဘုရားကျွန်းစုဖွင့်တဲ့အချိန်တိုင်း ဖန်းလိုင်နတ်ဘုရားဘုံမှာ လူအများအပြားရှိလိမ့်မယ်။ မင်းအနေနဲ့ ကောင်းတဲ့အဖွဲ့ကကျင့်ကြံသူ၊ မိစ္ဆာအဖွဲ့ကကျင့်ကြံသူစတဲ့ လူအမျိုးမျိုးကို ဒီနေရာမှာ တွေ့နိုင်တယ်။ ပုံမှန်အားဖြင့် ကျင့်ကြံသူအမျိုးအစားအများအပြားရှိကြတယ်” အင်ပါယာဟယ်လျန်က‌ ငြင်သာစွာပြောလိုက်သည်။ သူသည် သူ၏နောက်ရှိလူများကို အသိပေးလိုက်သည် “ဒီမှာရှိနေတုန်းမှာ ဒုက္ခတွင်းထဲမရောက်အောင် ကိုယ့်ကိုယ်ကိုသတိထားပြီး ရှောင်ပါ။”

“ဟုတ်ကဲ့” အင်ပါယာဟယ်လျန်၏နောက်လိုက်များသည် ခေါင်းငြိမ့်လိုက်သည်။ အကြီးဆုံးမင်းသမီးဟယ်လျန်ယိုအပြင် တော်ဝင်မိသားစုမှ ဆင်းသက်လာသော အခြားတော်ဝင်မျိုးနွယ်များနှင့် ဂီတပညာရှင်များလည်းပါဝင်သည်။ အရှေ့နတ်ဘုရားကျွန်းစုမဖွင့်မီ ရက်အနည်းငယ်ရှိသေးသဖြင့် အင်ပါယာဟယ်လျန်သည် သူတို့အားသတိပေးရန်ဆုံးဖြတ်ခဲ့သည်။

ဤသည်က သူတို့၏မိခင်ကုန်းမြေမဟုတ်ပေ။ ထိုနယ်မြေ၌ သူတို့သည် အင်အားအကြီးဆုံးလူများဖြစ်ကြသည်။ သို့သော် ဤနယ်မြေတွင်မူ သူတို့သည် သူတို့တိုက်ခိုက်သင့်သည့် မည်သူတစ်ဦးတစ်ယောက်၏နောက်ခံကိုမျှမသိပေ။ ထို့အပြင် တစ်ခုခုဖြစ်ပွားခဲ့လျှင် မည်သူ့အားလက်စားချေရမည်ကိုပင်မသိပေ။

ကောင်းကင်ဒေသသည် အလွန်‌ကျယ်ပြန့်လှသည်။ သူတို့၏ပြိုင်ဘက်သည် ထွက်သွားခဲ့လျှင် မည်သည့်နေရာမှစ၍ ရှာရမည်နည်း။

ရီဖူရှင်းသည် အောက်သို့ကြည့်လိုက်ရာ ရှုပ်ထွေးစွာတည်ဆောက်ထားသောမျှော်စင်များ၊ အိမ်များ၊ ခြံဝင်းများနှင့် အိမ်တော်များကိုတွေ့လိုက်ရသည်။ ထိုသည်မှာ ချမ်းချမ်းသာသာနေထိုင်ခြင်းနှင့် သာယာဝပြောမှု၏မြင်ကွင်းတစ်ခုဖြစ်သည်။ ထို့အပြင် လူအများသည် အိမ်တော်များ၌ ရောင်းဝယ်ဖောက်ကားရန်အတွက် ၎င်းတို့ချမ်းသာကြွယ်ဝမှုများကို ခင်းကျင်းပြသထားသည်ကို သတိပြုမိသည်။ ထိုကုန်သည်များကို အထင်သေး၍မရပေ။ ရီဖူရှင်းသည် ဘေးပတ်လည်ကို တစ်ချက်ကြည့်လိုက်ပြီး ထိုကုန်သည်များသည် အမှန်တကယ်အားဖြင့် ရန်ဟောင်အဆင့်ကျင့်ကြံသူများဖြစ်သည်ကိုနားလည်လိုက်သည်။ အမှန်တကယ်တော့ ရန်ဟောင်အဆင့်အောက် တစ်စုံတစ်ယောက်ကို ရှာတွေ့ရန်မှာ အလွန်ခက်ခဲပေသည်။

ထိုအတွက် အကြောင်းပြချက်မှာ ရိုးရှင်းလှသည်။ အားနည်းသော မည်သည့်ကျင့်ကြံသူမဆို ရောင်းရန် သို့မဟုတ် လဲလှယ်ရန် မည်သည့် ရတနာကိုမျှ ထုတ်ယူဝံ့မည်မဟုတ်ပေ။ သူတို့လုပ်ခဲ့၍ပစ်မှတ်ထားခံရလျှင် သူတို့ ကိုယ်ကိုယ်တိုင် သို့မဟုတ် သူတို့၏ပိုင်ဆိုင်မှုများကို ကာကွယ်ရန်နည်းလမ်းမရှိပေ။

“ဒီနေရာမှာ အရောင်းအဝယ်က ဒီလိုမျိုးလုပ်တာလား” ရီဖူရှင်းကကျယ်လောင်စွာမေးလိုက်သည်။

“မဟုတ်ဘူး ဒါက ရောင်းဝယ်တဲ့ပုံစံတွေထဲက တစ်ခုပဲ။ ဖန်းလိုင်နတ်ဘုရားဘုံမှာ အခြား‌လူသိများတဲ့ ရောင်းဝယ်ဖောက်ကားရေးနေရာတွေရှိတယ်” အင်ပါယာဟယ်လျန်က ရှင်းပြလိုက်သည်။ “တကယ်လို့ တစ်ယောက်ယောက်က အလွန်အဖိုးတန်တဲ့ပစ္စည်းတစ်ခုခုရောင်းမယ် ဒါမှမဟုတ်လဲလှယ်မယ်ဆိုရင် အဲ့ဒီနေရာတွေမှာပဲရောင်းဝယ်ရတယ်။ ဒါပေမယ့် သူတို့အနေနဲ့ စိတ်ဝင်စားတဲ့အဝယ်တော်နဲ့ရောင်းဝယ်သူတွေ ရောင်းဝယ်တဲ့နေရာကို လာရောက်ဖို့အချိန်ရအောင် သတင်းတွေကို ကြိုတင်ပြီးဖြန့်ထားရတယ်။ ဖန်းလိုင်နတ်ဘုရားဘုံမှာ အထင်ရှားဆုံးရောင်းဝယ်ရေးနေရာက ဖန်းလိုင်နတ်ဘုရားရေကန်ဖြစ်ပြီး အရှေ့နတ်ဘုရားကျွန်းစုက အခြားကမ္ဘာကိုတံခါးဖွင့်ပေးတဲ့အချိန်၊ ဆယ်နှစ်တစ်ကြိမ်မှသာပေါ်လာတယ်။ သာမန်ရတနာတွေက အဲ့ဒီနေရာမှာ ရောင်းဝယ်ဖို့အရည်အချင်းမပြည့်မှီဘူး။ အဲဒီနေရာမှာ ရောင်းဝယ်လိုသူတိုင်းက ပထမဆုံး သူတို့ရဲ့ရတနာတွေကို အကဲဖြတ်ခံရမယ်။ ပြီးရင် အဲ့ဒီနေရာမှာရတနာတွေကို ရောင်းဝယ်ဖို့မခွင့်ပြုခင် သူတို့ရဲ့ရတနာတွေက အရည်အသွေးပြည့်မှီသလားဆိုတာကိုလည်း စစ်ဆေးအကဲဖြတ်ခံရမယ်”

ရီဖူရှင်းက ခေါင်းငြိမ့်လိုက်သည်။ ထိုသည်ကိုကြားပြီးနောက် သူသည်အလွန်စိတ်ဝင်စားသွားပြီး အနီးတစ်ဝိုက်ကို လျှောက်ကြည့်ချင်သွားသည်။ မည်သို့ပင်ဆိုစေ သူ့တွင် ကိုယ်ပိုင်ရတနာအနည်းငယ်ပိုင်ဆိုင်ထားသည်မဟုတ်ပါလော။

“ကောင်းပြီ ဆင်းကြရအောင်” ရီဖူရှင်းက ပြောလိုက်သည်။ ဖန်းလိုင်နတ်ဘုရားဘုံ အထက်ကောင်းကင်တွင် လူများသည် အလောတကြီးဖြစ်နေချိန်တွင် မြေပြင်၌ ပို၍ပင် လှုပ်ရှားစည်ကားနေသည်။

အဖွဲ့သည် မြေပြင်ပေါ်သို့ဆင်းသက်ကာ ဤနတ်ဘုရားဘုံကဲ့သို့ မြေပြင်ပေါ်တွင် လျှောက်လှမ်းလာခဲ့သည်။ ဘေးပတ်ဝန်းကျင်တွင် တည်းခိုခန်းများမရှိဘဲ လူအနည်းငယ်သာ တည်းခိုနိုင်သည့် တည်းခိုခန်းအနည်းငယ်သာရှိသည်။ လူသွားလမ်းတစ်ဖက်မှ လေနှင့်ပါလာသည့်အရက်နံ့များသည် လမ်းတစ်ခုလုံးပျံ့နှံ့သွားသည်။

ထို့အပြင် နတ်ဘုရားဘုံ၌ သာမန်လူပင် အလှအပအင်္ဂါရပ်များရှိသည်။ ကျင့်ကြံသူတစ်ဦးသည် လုံလောက်သည့်အဆင့်တစ်ခုသို့ ကျင့်ကြံပြီးသည့်အခါ သူတို့၏ခန္ဓာကိုယ်နှင့်အရှိန်အဝါများသည် အကြီးအကျယ်ပြောင်းလဲသွားသည်ကို ခံစားသိရှိရသည်။ အမျိုးသမီးများသည် ထင်ရှားသည့်အင်္ဂါရပ်များဖွံ့ဖြိုးလာပြီး အထူးသဖြင့် လှပစွာမွေးဖွားလာသော အမျိုးသမီးများသည် အလွန်နှစ်သက်ရှုမောဖွယ်ကောင်းသည်ဟု ဆိုနိုင်သည်။

သို့သော်သူတို့သည် ဤမျှမြင့်မားလှသောအဆင့်ကိုကျင့်ကြံပြီးသည်နှင့် ရုပ်ပိုင်းဆိုင်ရာစွဲဆောင်မှုသည် ထိုမျှလောက်ကြီးကျယ်မည်မဟုတ်တော့ပေ။

“ခင်ဗျား ဝိဉာဉ်ဆေးဖက်ဝင်အပင်တွေရောင်းချနေတာလား” ရီဖူရှင်းသည် ဘေးနားရှ်ိ ဆိုင်ခန်းဆီသို့ ကြည့်လိုက်သည်။ ဟောင်းနွမ်းစုတ်ပြတ်နေသည့် အဝတ်အစားများဝတ်ဆင်ထားသည့် အဘိုးအိုသည် သူ၏ဆိုင်ခန်းငယ်နောက်တွင် ရပ်နေသည်။ ဝိဉာဉ်ဆေးဖက်ဝင်အပင် တစ်ခုတည်းသာရှိနေသည်။ ထိုသည်မှာ လုံးဝကြက်သွေးရောင်ဖြစ်ပြီး ဘေးပတ်ဝန်းကျင်ရှိလေထုကို အ‌တော်အသင့် ပူနွေးသွားစေသည်။ ရီဖူရှင်းသည် ဆေးဖက်ဝင်အပင်အတွင်းပါဝင်သည့် မီးအသိကို ဝိုးတိုးဝါးတားခံစားမိနိုင်သည်။

“အင်း ဒါက မဟာလမ်းစဉ်ရဲ့အသိနဲ့ စွမ်းအားဖြည့်ပေးပြီးတဲ့နောက် ဖြစ်ပေါ်လာခဲ့တာ” ပေ့ကုန်းအော့က ခေါင်းငြိမ့်ပြီးပြောလိုက်သည်။ “ဒီဝိဉာဉ်ဆေးဖက်ဝင်အပင်က သိပ်ပြီးအရည်အသွေးမြင့်တာမဟုတ်ဘူး ဒါကြောင့်သိပ်ပြီးဈေးမများသင့်ဘူး။ ဒါပေမယ့် ရှီအဆင့်မှာရှိတဲ့ ကျင့်ကြံသူတစ်ဦးအနေနဲ့တော့ ဒါက အလွန်အသုံးတည့်လိမ့်မယ်”

ရီဖူရှင်းသည် ခေါင်းငြိမ့်လိုက်သည်။အတိတ်မှာ သူမူလဘုံ၌ရှိနေခဲ့စဉ်က သူသည် ရှန့်ရှောင်းနတ်နန်းတော်မှ လျှို့ဝှက်နယ်မြေရှိ လမ်းစဉ်ပင်လယ်သို့ နောက်ထပ်ကျင့်ကြံရန်တစ်ကြိမ်သွားရောက်ခဲ့ခြင်းကြောင့် သူနားလည်သည်။

အဖွဲ့သည် ရှေ့ဆက်သွားလိုက်သည်။ သူတို့သည် အဖိုးတန်ရတနာများကိုမြင်တွေ့ရပြီး ရီဖူရှင်းကမူ မည်သည့်အရာကိုမျှ စိတ်မဝင်စားပေ။ အဆုံးတွင် သူသည် ကြီးကျယ်ခမ်းနားသည့်ပစ္စည်းများစွာကို မြင်တွေ့ခဲ့ဖူးသောကြောင့် ထိုပစ္စည်းများက သူ့အား အလွယ်တကူစိတ်ဝင်စားအောင် မလုပ်နိုင်ချေ။

“ကျွန်တော်တို့ဘာလို့ ဖန်းလိုင်နတ်ဘုရားရေကန်ကို သွားမကြည့်ကြတာလဲ” ရီဖူရှင်းကပြောလိုက်သည်။ အဖွဲ့သည် သူတို့လမ်းကြောင်းကိုဆက်သွားနေပြီး အလွန်လှပသည့်တောင်ကို ရှာတွေ့သွားသည်။ တောင်၏ဘေးပတ်လည်၌ အစီအရင်များစွာပြင်ဆင်ထားပြီး အလွန်စွမ်းအားမြင့်သော ကျင့်ကြံသူများပင် စောင့်ကြပ်ထားသည်။

“ခင်ဗျားတို့အားလုံး ကျွန်တော်နဲ့အတူဝင်ချင်ကြလား ဒါမှမဟုတ်…” ရီဖူရှင်းသည် အင်ပါယာဟယ်လျန်နှင့် ကျန်လူများကိုကြည့်ပြီး မေးလိုက်သည်။

“ငါပါလိုက်ဝင်ပြီး ကြည့်ဦးမယ်” အင်ပါယာဟယ်လျန်သည် ပြုံးပြီးပြောလိုက်သည်။ သူ၏နောက်မှလူများကို ညွှန်ကြားချက်ပေးပြီးနောက် လူနှစ်ယောက်သာခေါ်ခဲ့သည်။‌ ပေ့ကုန်းအော့နှင့်ယန်တုံ့ချင်းသည်လည်း ထိုသို့လုပ်ခဲ့သည်။ လူဆယ့်တစ်ယောက်တို့သည် ရှေ့သို့ဆက်လက်ချီတက်ကြပြီး ထိုဆယ့်တစ်ယောက်သည် အခြားသူများအပြင်၌စောင့်ဆိုင်းနေစဉ် အရှေ့နတ်ဘုရားကျွန်းစုသို့ဝင်ရောက်သွားသည့် ဆယ့်တစ်ယောက်နှင့်အတူတူပင်ဖြစ်သည်။

နတ်ဘုရားရေကန်သို့ သွားရာလှေကားထစ်၌ တစ်စုံတစ်ယောက်သည် ညင်သာစွာဦးညွတ်ပြီး‌ ပြုံးကာပြောလိုက်သည် “ဧည့်သည်တော်များခင်ဗျား…”

ရီဖူရှင်းနှင့် ကျန်လူများသည် ထိုသူဘာဆိုလိုသည်ကို အလိုအလျောက်နားလည်သည်။ ဤနေရာသို့လာရောက်သူတိုင်း စည်းမျဉ်းကိုနားလည်ကြသည်။

ရီဖူရှင်းသည် ဝင်ခွင့်လက်မှတ်ထုတ်ပြီးမေးလိုက်သည်။ “‌ဒါအဆင်ပြေပါ့မလား”

“ဒါပေါ့ ပြေပါတယ်” ထိုလူကပြုံးလိုက်သည်။ “ကျေးဇူးပြုပြီး ဆက်လုပ်ပါ”

ရီဖူရှင်းရရှိခဲ့သည့် ဝင်ခွင့်လက်မှတ်သည် အရှေ့နတ်ဘုရားကျွန်းစုဝင်ခွင့်လက်မှတ်ဖြစ်ပြီး ဤလက်မှတ်သည် ပစ္စည်းများကိုလဲလှယ်ရာတွင် အသုံးပြုနိုင်၍ ၎င်းသည် အလွန်မြင့်မားသောဈေးကိုလည်း ရရှိနိုင်သည်။ ရီဖူရှင်းနှင့်သူ၏အဖွဲ့သည် ဖိတ်ကြားချက်ကို သက်တမ်းတိုးထားပြီး ဝင်ရောက်ခွင့်ပြုကြောင်း လက်မှတ်က သက်သေပြုနိုင်ပေသည်။

သူတို့သည် အပေါ်သို့ဆက်တက်ခဲ့ရာ ဘုံသည် ကောင်းကင်နှင့်မြေကြီး၏အနှစ်သာရများကို စုစည်းထားပြီး သဘာဝစွမ်းအားသည် မယုံကြည်နိုင်လောက်သည့်ပမာဏကို စုစည်းထားကြောင်းခံစားမိနိုင်သည်။ အပန်းဖြေအိမ်တော်၌ နတ်ဘုရားရေကန်တစ်ခုရှိပြီး ထိုအထဲတွင် နတ်ဘုရားများ၏အရှိန်အဝါများပျံ့နှံ့နေသည်။ နတ်ဘုရားရေကန်ပတ်လည်တွင် ထူးခြားသည့်ပုဂ္ဂိုလ်များသည် ရတနာများကို ရောင်းဝယ်နေကြသည်။

ဤနေရာတွင် လူအများအပြားမရှိသော်လည်း ဤနေရာ၌ ရောက်ရှိနေသူများ၏ကျင့်ကြံခြင်းအဆင့်နှင့် အရှိန်အဝါများသည် ဤ‌နေရာ၏အပြင်ဘက်ရှိလူများထက် များစွာသာလွန်ပေသည်။

ဖန်းလိုင်နတ်ဘုရားရေကန်သည် ငါးကီလိုမီတာရှည်လျားသည်။ ဤအိမ်တော်အတွင်းပိုင်းသည် မယုံကြည်နိုင်လောက်အောင် ခမ်းနားသည်။ ထိုနေရာသည် မီတာတစ်ရာမြင့်ပြီး လုံးဝအခြားကမ္ဘာတစ်ခုကဲ့ပင်ဖြစ်သည်။

နတ်ဘုရားရေကန်၏ဘေးနှစ်ဖက်တွင် ဈေးဆိုင်ခန်းနှစ်ခန်းရှိသည်။ မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော လူအနည်းငယ်ရှိပြီး သူတို့‌၏ရှေ့တွင်ရတနာအချို့ကို ခင်းကျင်းပြသထားကာ အများစုမှာ အဖိုးတန်လှသည်။

“ဒါကဘာလဲ” ရီဖူရှင်းသည် ဈေးဆိုင်တစ်ခုတွင် ရပ်လိုက်သည်။ မြေပြင်ပေါ်တွင် ခင်းကျင်းပြထားသည့် မှန်နှစ်ချပ်ရှိပြီး ရီဖူရှင်းသည် ထိုမှန်များမှ မဟာလမ်းစဉ်၏အနည်းငယ်သောလှိုင်းဂယက်ကို  အမှတ်မထင်ခံစားလိုက်ရပြီး ထူးထူးခြားခြား မဟာလမ်းစဉ်၏အာကာသအသိကိုပင် ခံစားလိုက်ရသည်။

“ဒါတွေက တစ်ချပ်နှင့်တစ်ချပ်ချည်နှောင်ထားတဲ့ ယွမ်ယန်အမေနဲ့သားကြေးမုံပဲ။ လူနှစ်ယောက်က တစ်ပြိုင်နက်တည်း မှန်တွေကိုသန့်စင်လိုက်တဲ့အခါ သူတို့အနေနဲ့ နယ်မြေဘီလီယံပေါင်းများစွာဝေးကွာနေခဲ့ရင်တောင် ‌မှန်တွေကတစ်ဆင့် သူတို့တစ်ယောက်နဲ့တစ်ယောက်မြင်နိုင်ပြီးဆက်သွယ်နိုင်တယ်” ဆိုင်ခန်းပိုင်ရှင်သည် နတ်ဘုရားကဲ့သို့ အရှိန်အဝါထုတ်လွှတ်နေပြီး သူ၏အငွေ့အသက်သည်ပုံမှန်မဟုတ်သလိုပင်။ သူသည် ရီဖူရှင်းဘေးမှာရပ်နေသည့် ရှားချင်းယွမ်ကိုကြည့်ပြီးပြောလိုက်သည်။ “မိတ်ဆွေကဒီမှာရှိ‌နေပြီး ဇနီးက ဒီမှာရှိမနေတဲ့အခါမျိုးမှာ ဒါတွေက မင်းအတွက်တော်တော်အသုံးဝင်လိမ့်မယ်”

ရီဖူရှင်း၏အမူအရာသည် အနည်းငယ်ပြောင်းလဲသွားသည်။ သူသည် ဤကဲ့သို့ရတနာမျိုးရှိကြောင်းပင်မသိခဲ့ပေ။ နောက်ဆုံးတွင် သူသည် မူလဘုံ၌ ထိုအကြောင်းကိုလုံးဝမကြားဖူးခဲ့ပေ။

ကောင်းကင်ဒေသမှ ပန်းပဲဆရာကြီးများကို မူလဘုံရှိမည်သူကမျှမယှဉ်နိုင်ပေ။ အမှန်မှာ သူတို့ကိုမူလဘုံတွင် တွေ့ပင်မတွေ့နိုင်တော့ဘဲ ထုလုပ်သည့်နည်းလမ်းများသည်လည်း ပျောက်ကွယ်သွားပြီးဖြစ်သည်။

သူတို့တွင် ဤရတနာရှိထားပါက သူတို့အတွက်အလွန်အဆင်ပြေစေနိုင်သည်။

သို့သော် ရှားချင်းယွမ်၏အာရုံကိုဖမ်းစားနိုင်သည်မှာ ဆိုင်ရှင်သည်သူမကို မည်သို့ရှင်းပြသလဲ ဆိုသည်ပင်ဖြစ်သည်။ သူမသည် လှပသောမျက်လုံးများဖြင့် ဘေးရှိ ရီဖူရှင်းကိုကြည့်လိုက်ရာ သူသည် အမှန်တကယ်မငြင်းပယ်ကြောင်း သတိပြုမိလိုက်သည်။

“ဈေးက ဘယ်လောက်လဲ” ရီဖူရှင်းကမေးလိုက်သည်။

“နဝမတန်းစား ရန်ဟောင်သိဒ္ဓိဝင်လက်နက်တစ်ခု” ဆိုင်ခန်းပိုင်ရှင်က ဈေးပြောလိုက်သည်။ ကောင်းကင်ဒေသရှိ ကျင့်ကြံသူများသည် သိဒ္ဓိဝင်လက်နက်အဆင့်များကို ကျင့်ကြံခြင်းအဆင့်များနှင့် ညှိယူသောကြောင့် အတန်းအစားကိုးခုရှိခြင်းဖြစ်သည်။

ထို့ကြောင့် မည်သည့်နဝမတန်းစားရန်ဟောင်သိဒ္ဓိဝင်လက်နက်မဆို ထိပ်တန်းအဆင့်သိဒ္ဓိဝင်လက်နက်ဖြစ်သည်။

“ဒါကဆက်သွယ်ရေးပစ္စည်းတစ်ခုပဲ။ ဒီလောက်တန်မယ်လို့သေချာလို့လား” ရီဖူရှင်းကပြောလိုက်သည်။

“ယွမ်ယန်အမေနဲ့သားကြေးမုံက မှန်နှစ်ချပ်ပဲဆိုပေမယ့် သူတို့ကိုပြုလုပ်ဖို့အရမ်းခက်ခဲပြီး တကယ့်ထိပ်သီးအဆင့် ပန်းပဲဆရာ‌ကြီးတွေသာဖန်တီးနိုင်တာ။ အဲ့ဒါတောင်မှ သူတို့အနေနဲ့ မဟာလမ်းစဉ်ရဲ့ဒြပ်စင်အမျိုးမျိုးကို တစ်ခုချင်းနားလည်သဘောပေါက်ဖို့လိုအပ်ပြီး သူတို့ကို ထုလုပ်ဖို့အတွက် အလွန်ရှားပါးတဲ့ပစ္စည်းတွေကိုအသုံးပြုရတယ်။ ဒါကြောင့် ဒီရတနာက အလွန်အဖိုးတန်ပြီး ထိပ်တန်းအဖွဲ့အစည်း​တွေက အားကောင်းတဲ့ပုဂ္ဂိုလ်တွေသာလျှင် ဒါကိုအသုံးပြုဖို့တတ်နိုင်လို့ သူတို့ရဲ့အဆင့်အတန်းကို ကိုယ်စားပြုတဲ့သင်္ကေတပဲ။ မိတ်ဆွေကိုတစ်ချက်ကြည့်ရုံနဲ့ လုပ်ပိုင်ခွင့်အာဏာရဲ့အထွတ်အထိပ်မှာရပ်နေပြီး အလွန်ထူးကဲတဲ့အရှိန်အဝါရှိတယ်။ ဒီနေရာမှာရှိတဲ့ မင်းရဲ့ဇနီးကလည်း သာမန်မဟုတ်ဘူး။ သူမရုပ်ရည်က တကယ်ကိုထူးကဲတယ်။ မင်းတို့လိုလူတွေသာ ဒီရတနာနဲ့လိုက်ဖက်တယ်။ ထပ်ပြောရရင် အနာဂတ်မှာ မင်းရဲ့ဇနီးနဲ့ ​ခွဲခွာရတဲ့အခြေအနေတွေကို ရှောင်ရှားဖို့ကလဲခက်ခဲလိမ့်မယ်။ မင်းမှာအခက်အခဲတစ်ခုခုရှိရင် ဒီရတနာကမင်းတို့အချင်းအချင်းဆက်သွယ်ဖို့ အရမ်းလွယ်ကူစေလိမ့်မယ်”

ဆိုင်ပိုင်ရှင်အိုသည် အလွန်သွက်လက်စွာပြောလိုက်သည်။ ရီဖူရှင်းသည် အနည်းငယ် နောင်တရမိသည်။ ဤကဲ့သို့သောရတနာမျိုးကို သူစောစီးစွာရရှိခဲ့လျှင် ဂျီယူအတွက်တစ်ခုထားပေးခဲ့နိုင်မည်ဖြစ်သည်။

“သူပြောသလိုပဲ ရတနာက အထူးတလည်အသုံးမဝင်ပေမယ့် ထုလုပ်ဖို့ အလွန်ခက်ခဲတယ်။ ဒီလိုရတနာမျိုးက တော်တော်ရှားပါးတယ်။ ဒါကသိပ်အသုံးမဝင်လို့ အများကြီးလုပ်ထားတာလည်း ရှိမှာမဟုတ်ဘူး။ ထိပ်တန်းအဖွဲ့တွေက အဓိကတပည့်တွေသာ ဒါတွေကိုအသုံးပြုဖို့လိုလိမ့်မယ်” အင်ပါယာဟယ်လျန်က ရီဖူချင်းကို စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။ ရီဖူရှင်းသည်လည်း ထိုသဘောတရားကိုနားလည်သည်။

“ဒါပေမယ့် မင်းဈေးညှိုနှိုင်းနိုင်တယ်” အင်ပါယာဟယ်လျန်ကပြောလိုက်သည်။

ရီဖူရှင်းသည် ရှားချင်းယွမ်ကိုကြည့်လိုက်သည်။ သူမသည်လည်း သူ့ကို ခိုးကြည့်နေသည်ကိုသူမြင်လိုက်သည်။ သူမသည်ဤရတနာကိုလိုချင်နေပုံရသည်။

“ငါတို့တစ်လျှောက်လုံးအတူရှိခဲ့တာမို့ ငါတို့ဒါကိုတကယ်မလိုအပ်ဘူး” ရီဖူရှင်းသည် ကျယ်လောင်စွာပြောလိုက်သည်။ ဤသည်ကိုကြားပြီးနောက် အင်ပါယာဟယ်လျန်၊ပေ့ကုန်းအော့နှင့် ကျန်လူများသည် ရီဖူရှင်းစကားများကိုတွေးတောမိကြသည်။ သူတို့အတူရှိခဲ့​စဉ်တစ်လျှောက်လုံးတွင် ရီဖူရှင်းသည် သူတို့ဆက်ဆံရေးကို အတိအလင်းမရှင်းပြခဲ့ဖူးပေ။

ဤသည်ကပထမဆုံးအကြိမ် သူပြောဆိုခဲ့ခြင်းဖြစ်သည်။ သူတို့သည်အမှန်တကယ်ကျင့်ကြံခြင်း လက်တွဲဖော်တွေလား။

ရှားချင်းယွမ်၏မျက်လုံးများတွင် အံ့ဩသည့်အရိပ်အယောင် ဖြတ်သန်းသွားသည်။ သူမသည် ခေါင်းငုံ့လိုက်ပြီး အသာအယာခေါင်းငြိမ့်ကာ အလွန်နူးညံ့သာယာသည့် အသံတစ်သံထွက်ပေါ်လာသည်။

“သွားကြရအောင်” ရီဖူရှင်းသည် ထွက်သွားလိုက်သည်။ ဆိုင်ခန်းပိုင်ရှင်အိုသည် ပြုံးပြီးပြောလိုက်သည်။ “မင်းတို့ကြိုက်သလိုလုပ်ပါ။ ဒါပေမယ့် ဒီတစ်ကြိမ် နတ်ဘုရားရေကန်ကို လာရောက်တဲ့သူတွေအများအပြားရှိပြီး သူတို့အားလုံးက အလွန်မြင့်တဲ့အဆင့်မှာရှိတဲ့ပုဂ္ဂိုလ်တွေပဲ။ ယွမ်ယန်အမေနှင့်သားကြေးမုံက တစ်စုံထဲပဲရှိတယ်။ အခြားသူကသာဝယ်သွားရင် ဒုတိယအစုံကျန်တော့မှာမဟုတ်ဘူး”

ကူးသန်းရောင်းဝယ်ရေးသည် အခြေခံအားဖြင့် စိတ်ပိုင်းဆိုင်ရာကစားပွဲတစ်ခုဖြစ်သည်။ ရီဖူရှင်းသည် ထိုအရာကိုမလိုအပ်ကြောင်းဖော်ပြခြင်းက သူသည် အမှန်တကယ်တွင် ဈေးလျှော့ပေးစေရန် လုပ်ခြင်းဖြစ်သည်။ ကျင့်ကြံခြင်းကမ္ဘာတွင် နှစ်ပေါင်းများစွာရှိလာခဲ့ရာ ဆိုင်ခန်းပိုင်ရှင်အိုသည် ရီဖူရှင်း၏လှည့်ကွက်များကို မည်သို့မမြင်ပဲနေမည်နည်း။

မိန်းမပျိုသည် ဝယ်ဖို့ရည်ရွယ်ထားသော်လည်း သူမသည် အမျိုးသားကပြောသည်ကို ပိုပြီးအလေးထားခဲ့သည်။ ရီဖူရှင်း၏စကားတစ်ခွန်းနှင့် သူမသည် သူမစိတ်ကူးကိုလက်လွှတ်ခဲ့သည်။ ဤသည်က ရီဖူရှင်းနှလုံးသားထဲမှာ သူမ၏အရေးပါပုံနှင့်သက်ဆိုင်သည်။

ဘယ်လောက်ယုတ်မာတဲ့မြေခွေးအိုကြီးလဲ…။ အဘိုးအိုကြီး၏စကားကိုကြားပီးနောက် ရီဖူရှင်းသည် သူ့ဘာသာတွေးလိုက်သည်။ အမှန်တော့ ဤနေရာမှာရှိသည့်လူအားလုံးသည် အလွန်လိမ္မာပါးနပ်ကြသည်။

“ဒါအတွက် ကျင့်ကြံခြင်းပညာရပ်နဲ့လဲလှယ်မယ်ဆိုရင်ကောဘယ်လိုလဲ” ရီဖူရှင်းကမေးလိုက်သည်။

အဘိုးအိုကြီးသည်ခေါင်းခါလိုက်သည်။သူ၏ကျင့်ကြံခြင်းအဆင့်နှင့် သူသည် တုံ့ယွမ်အိမ်တော်ကဲ့သို့သောနေရာများကိုအလွယ်တကူဝင်ရောက်နိုင်သဖြင့် သူ့အနေနဲ့ ကျင့်ကြံခြင်းပညာရပ်များအား မလိုအပ်ပေ။

အမှန်တကယ် စွမ်းအားကြီးသောလျှို့ဝှက်လမ်းစဉ်များအတွက် ယွမ်ယန်အမေနှင့်သားကြေးမုံသည် မတန်ကြောင်းသူကောင်းကောင်းသိသည်။

“အဌမတန်းစားသိဒ္ဓိဝင်လက်နက်ဆိုရင်ရောဘယ်လိုလဲ” ရီဖူရှင်းက ထပ်မေးလိုက်သည်။ အဘိုးအိုသည် ခေါင်းခါလိုက်ပြီးမျက်လုံးမှိတ်ကာ ပြောလိုက်သည်။ “ဒီမှာ မိတ်ဆွေကဝယ်ဖို့မသေချာဘူးဆိုရင် ကျေးဇူးပြုပြီးထားခဲ့လိုက်ပါ”

“အဘိုးအိုကြီး ခင်ဗျားနိုင်ပါတယ်” ရီဖူရှင်းသည် ပြန်လှည့်လိုက်ပြီး အဘိုးအိုထံလျှောက်သွားသည်။ အဘိုအိုသည် ပြုံးပြီးပြောလိုက်သည်။ “ဒီအဘိုးအိုက လူတွေကို သေသေချာချာဖတ်နိုင်သေးတယ်။ မိတ်ဆွေငယ်လေးကြည့်ရတာ အလွန်ထူးခြားတဲ့သူပဲ။ နဝမတန်းစားရန်ဟောင်သိဒ္ဓိဝင်လက်နက်နဲ့ ရောင်းဝယ်နိုင်မယ်ဆိုတာ သေသေချာချာသိပါတယ်။ ပြီးတော့ ဒါကမင်းရဲ့ဇနီးအကျိုးအတွက်ပဲလေ”

ရီဖူရှင်းသည် ဘာတစ်ခွန်းမှမပြောဘဲ သိမ်းဆည်းထားသည့်လက်စွပ်ကို ပေးလိုက်သည်။အဘိုးအိုသည် လက်စွပ်ထဲမှ ရတနာအား သူ၏နတ်အာရုံဖြင့် ကြည့်လိုက်သည်။  ထို့နောက် ပြုံးကာပြောလိုက်သည် “ပြ‌ဿနာမရှိဘူး သဘောတူတယ်”

ရီဖူရှင်းသည် ယွမ်ယန်အမေနှင့်သားကြေးမုံကို လက်ခံရရှိပြီးနောက် တစ်ခုကို ရှားချင်းယွမ်အားပေးလိုက်သည်။ သိမ်းငှက်နက်မှလွဲ၍ သူနှင့်ရှားချင်းယွမ်သာလျှင် ကောင်းကင်ဒေသကိုလာခဲ့ခြင်းဖြစ်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset